မူးယစ္ေဆးဝါးေရာင္းဝယ္မႈမွာ ပါခဲ့တာမွန္ရင္ သားျဖစ္သူကို ေသဒဏ္ေပးမယ္လို႔ ဖိလစ္ပိုင္သမၼတေျပာ

ဖိလစ္ပိုင္ သမၼတ ႐ိုဒရီဂို ဒူတာေတးက မူးယစ္ေဆးဝါး ေရာင္းဝယ္မႈမွာ စြပ္စြဲထားတဲ့ အတုိင္း သူ႔ရဲ႕သားျဖစ္သူ ပါဝင္ပတ္သက္ေနမယ္ ဆုိရင္ အသတ္ခံရမယ္လို႔ ေျပာဆုိလိုက္ပါတယ္။

သမၼတ ဒူတာေတးရဲ႕ သားျဖစ္သူ ပါအုိလို ဒူတာေတးနဲ႔ သားမက္ဟာ မႈးယစ္ေဆးဝါး ေရာင္းဝယ္မႈေတြမွာ ပါဝင္ပတ္သက္ခဲ့တယ္လုိ႔ စြပ္စြဲခံရၿပီးေနာက္ လက္ရွိအခ်ိန္မွာ စစ္ေဆးခံေနရပါတယ္။

ဖိလစ္ပိုင္ သမၼတရဲ႕သားဟာ တရုတ္ႏုိင္ငံကေန ဖိလစ္ပိုင္ႏုိ္င္ငံထဲ မူးယစ္ေဆးဝါး ေမွာင္ခုိတင္ေဆာင္တဲ့အဖြဲ႔မွာ ပါဝင္ခဲ့ဖူးတယ္လို႔ စြပ္စြဲခံထားရပါတယ္။

ဖိလစ္ပိုင္ သမၼတကေတာ့ သူရဲ႕သားဟာ မူးယစ္ေဆးဝါး ေရာင္းဝယ္မႈေတြမွာ ပါဝင္ခဲ့မယ္ဆုိရင္ ျပင္းထန္တဲ့ ျပစ္ဒဏ္ေပးခံရမယ္လို႔ ေျပာထားပါတယ္။ သမၼတ ဒူတာေတးက ဘယ္သူျဖစ္ျဖစ္ မူးယစ္ေဆးဝါး ေရာင္းဝယ္မႈေတြမွာ ပါဝင္ပတ္သက္ခဲ့မယ္ဆုိရင္ ျပင္းထန္တဲ့ ျပစ္ဒဏ္ေပးမယ္လို႔ ေျပာထားတဲ့အတုိင္း သူရဲ႕ သားကိုလည္း ျပစ္မႈထင္ရွားမယ္ဆုိရင္ ေသဒဏ္သာ ေပးမယ္လုိ႔ေျပာပါတယ္

ဖိုးသူေတာ္
Credit: MCNTV

#Unicode Version#
ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေးက မူးယစ်ဆေးဝါး ရောင်းဝယ်မှုမှာ စွပ်စွဲထားတဲ့ အတိုင်း သူ့ရဲ့သားဖြစ်သူ ပါဝင်ပတ်သက်နေမယ် ဆိုရင် အသတ်ခံရမယ်လို့ ပြောဆိုလိုက်ပါတယ်။

သမ္မတ ဒူတာတေးရဲ့ သားဖြစ်သူ ပါအိုလို ဒူတာတေးနဲ့ သားမက်ဟာ မှုးယစ်ဆေးဝါး ရောင်းဝယ်မှုတွေမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ စွပ်စွဲခံရပြီးနောက် လက်ရှိအချိန်မှာ စစ်ဆေးခံနေရပါတယ်။

ဖိလစ်ပိုင် သမ္မတရဲ့သားဟာ တရုတ်နိုင်ငံကနေ ဖိလစ်ပိုင်နိုင်ငံထဲ မူးယစ်ဆေးဝါး မှောင်ခိုတင်ဆောင်တဲ့အဖွဲ့မှာ ပါဝင်ခဲ့ဖူးတယ်လို့ စွပ်စွဲခံထားရပါတယ်။

ဖိလစ်ပိုင် သမ္မတကတော့ သူရဲ့သားဟာ မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေမှာ ပါဝင်ခဲ့မယ်ဆိုရင် ပြင်းထန်တဲ့ ပြစ်ဒဏ်ပေးခံရမယ်လို့ ပြောထားပါတယ်။ သမ္မတ ဒူတာတေးက ဘယ်သူဖြစ်ဖြစ် မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေမှာ ပါဝင်ပတ်သက်ခဲ့မယ်ဆိုရင် ပြင်းထန်တဲ့ ပြစ်ဒဏ်ပေးမယ်လို့ ပြောထားတဲ့အတိုင်း သူရဲ့ သားကိုလည်း ပြစ်မှုထင်ရှားမယ်ဆိုရင် သေဒဏ်သာ ပေးမယ်လို့ပြောပါတယ်

 

ဖိုးသူတော်
Credit: MCNTV