ကုိယ့္ကိုယ္ကို တန္ဖိုးမထားတာကို ေလ်ာ႔ၿပီး ကိုယ့္ကိုယ္ကို တန္ဖိုးထားစိတ္ကို တိုးျမႇင့္ဖို႔ “

၁။ မႏွစ္သက္တာကို အားနာၿပီး ေခါင္းညိတ္တာက ကိုယ့္ကိုယ္ကို တန္ဖုိးထားမႈအားနည္းတာပါ။

မႏွစ္သက္တာကို အားနာမေနဘဲ ေခါင္းခါရဲတာက ကိုယ့္ကိုယ္ကို တန္ဖိုးထားတာပါ။

၂။ လူတိုင္းသေဘာက်တာကို လိုခ်င္တာက ကိုယ့္ကုိယ္ကို တန္ဖိုးထားမႈအားနည္းတာပါ။

သူမ်ားသေဘာက်ဖို႔ထက္ ကိုယ္လိုခ်င္တာကိုေကာင္းစြာသိတာက ကုိယ့္ကိုယ္ကို တန္ဖိုးထားတာပါ။ ဤေဆာင္းပါးကို ဂႏၳဝင္ မဂၢဇင္းမွ ေရးသားတင္ဆက္ျခင္း ျဖစ္သည္။

၃။ အားလံုးက ကုိယ့္ထက္ကံေကာင္းတယ္ထင္တာက ကိုယ့္ကိုယ္ကိုတန္ဖိုးထားမႈအားနည္းတာပါ။

သူမ်ားကိုအားက်ဖို႔ထက္ ကိုယ့္လမ္းေၾကာင္းကိုယ္ယံုၾကည္မႈရွိတာက ကိုယ့္ကိုယ္ကိုတန္ဖိုးထားတာ ပါ။

၄။ ႏုပ်ိဳၾကည့္ေကာင္းတာခ်ည္းပဲ လိုခ်င္တာက ကိုယ့္ကိုယ္ကို တန္ဖိုးထားမႈအားနည္းတာပါ။

ကိုယ့္အသက္အရြယ္ကို ကိုယ္ခ်စ္တာက ကိုယ့္ကိုယ္ကို တန္ဖိုးထားတာပါ။

၅။ ကုိယ္ပုိင္ဆံုးျဖတ္ခ်က္ခ်ရမွာေၾကာက္တာက ကိုယ့္ကိုယ္ကို တန္ဖိုးထားမႈအားနည္းတာပါ။

ကုိယ့္တာဝန္ကိုယ္ယူဖို႔ မေၾကာက္တတ္တာက ကိုယ့္ကိုယ္ကို တန္ဖိုးထားတာပါ။

၆။ အႏိုင္ယူသမွ်ကို သည္းခံခြင့္ျပဳဖို႔အဆင္သင့္ရွိတာက ကိုယ့္ကိုယ္ကိုတန္ဖိုးထားမႈအားနည္းတာပါ။

မမွ်တတဲ့ဆက္ဆံေရးေတြကို ရဲရဲျငင္းပယ္ဝံ့တာက ကိုယ့္ကိုယ္ကို တန္ဖိုးထားတာပါ။

၇။ အခက္အခဲေတြကို လြယ္လြယ္အရံႈးေပးတတ္တာက ကိုယ့္ကိုယ္ကို တန္ဖိုးထားမႈအားနည္းတာပါ။

ႀကံဳလာသမွ်ကို တိုးတက္ဖို႔စိတ္နဲ႔ရင္ဆိုင္တာက ကိုယ့္ကိုယ္ကို တန္ဖိုးထားတာပါ။

၈။ အရာရာကို ေၾကာက္ရြံ႕စရာလို႔ေတြးေနတာ ကုိယ့္ကိုယ္ကို တန္ဖိုးထားမႈအားနည္းတာပါ။

ကမာၻႀကီးကုိ အေကာင္းဘက္ကျမင္ၿပီး ၾကင္နာမႈနဲ႔တုံ႔ျပန္တတ္တာက ကုိယ့္ကိုယ္ကို တန္ဖိုးထား တာပါ။ စာခ်စ္သူတို႔ေရ…

ဘဝမွာ လြတ္လပ္ေပ်ာ္ရႊင္စြာနဲ႔ ေအာင္ျမင္ခ်င္တယ္ဆိုရင္ အထက္ပါအခ်က္ေလးေတြၾကည့္ၿပီး ကိုယ့္ကိုယ္ကို

တန္ဖိုးမထားရာက်တဲ့ အက်င့္ေလးေတြကို ဖယ္ရွားရင္းကိုယ့္ကိုယ္ကို တန္ဖိုးထားမႈ ေတြနဲ႔ တည္ေဆာက္သြားလိုက္ပါေနာ္။

< Unicode Version >

၁။ မနှစ်သက်တာကို အားနာပြီး ခေါင်းညိတ်တာက ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုအားနည်းတာပါ။

မနှစ်သက်တာကို အားနာမနေဘဲ ခေါင်းခါရဲတာက ကိုယ့်ကိုယ်ကို တန်ဖိုးထားတာပါ။

၂။ လူတိုင်းသဘောကျတာကို လိုချင်တာက ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုအားနည်းတာပါ။

သူများသဘောကျဖို့ထက် ကိုယ်လိုချင်တာကိုကောင်းစွာသိတာက ကိုယ့်ကိုယ်ကို တန်ဖိုးထားတာပါ။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ အားလုံးက ကိုယ့်ထက်ကံကောင်းတယ်ထင်တာက ကိုယ့်ကိုယ်ကိုတန်ဖိုးထားမှုအားနည်းတာပါ။

သူများကိုအားကျဖို့ထက် ကိုယ့်လမ်းကြောင်းကိုယ်ယုံကြည်မှုရှိတာက ကိုယ့်ကိုယ်ကိုတန်ဖိုးထားတာ ပါ။

၄။ နုပျိုကြည့်ကောင်းတာချည်းပဲ လိုချင်တာက ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုအားနည်းတာပါ။

ကိုယ့်အသက်အရွယ်ကို ကိုယ်ချစ်တာက ကိုယ့်ကိုယ်ကို တန်ဖိုးထားတာပါ။

၅။ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချရမှာကြောက်တာက ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုအားနည်းတာပါ။

ကိုယ့်တာဝန်ကိုယ်ယူဖို့ မကြောက်တတ်တာက ကိုယ့်ကိုယ်ကို တန်ဖိုးထားတာပါ။

၆။ အနိုင်ယူသမျှကို သည်းခံခွင့်ပြုဖို့အဆင်သင့်ရှိတာက ကိုယ့်ကိုယ်ကိုတန်ဖိုးထားမှုအားနည်းတာပါ။

မမျှတတဲ့ဆက်ဆံရေးတွေကို ရဲရဲငြင်းပယ်ဝံ့တာက ကိုယ့်ကိုယ်ကို တန်ဖိုးထားတာပါ။

၇။ အခက်အခဲတွေကို လွယ်လွယ်အရှုံးပေးတတ်တာက ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုအားနည်းတာပါ။

ကြုံလာသမျှကို တိုးတက်ဖို့စိတ်နဲ့ရင်ဆိုင်တာက ကိုယ့်ကိုယ်ကို တန်ဖိုးထားတာပါ။

၈။ အရာရာကို ကြောက်ရွံ့စရာလို့တွေးနေတာ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုအားနည်းတာပါ။

ကမ္ဘာကြီးကို အကောင်းဘက်ကမြင်ပြီး ကြင်နာမှုနဲ့တုံ့ပြန်တတ်တာက ကိုယ့်ကိုယ်ကို တန်ဖိုးထား တာပါ။ စာချစ်သူတို့ရေ…

ဘဝမှာ လွတ်လပ်ပျော်ရွှင်စွာနဲ့ အောင်မြင်ချင်တယ်ဆိုရင် အထက်ပါအချက်လေးတွေကြည့်ပြီး ကိုယ့်ကိုယ်ကို

တန်ဖိုးမထားရာကျတဲ့ အကျင့်လေးတွေကို ဖယ်ရှားရင်းကိုယ့်ကိုယ်ကို တန်ဖိုးထားမှု တွေနဲ့ တည်ဆောက်သွားလိုက်ပါနော်။