Advertisement

ထီေပါက္တဲ့ထီလက္မွတ္ကို လွဴဒါန္းတဲ့ ထူးျခားတဲ့ အလွဴရွင္

ထီေပါက္တဲ့ထီလက္မွတ္ကို လွဴဒါန္းတဲ့ ထူးျခားတဲ့ အလွဴရွင္ 2

ထီထိုးၾကတဲ့အခါ တိုက္ေဆာက္ဖို႔ ကား၀ယ္ဖို႔ ဇိမ္နဲ႔ေနဖို႔ စတဲ့ အေတြးမ်ိဳးနဲ႔ေလာကီအက်ိဳးကို ေမွ်ာ္ကိုးၿပီး ထီးထိုးၾကတဲ့သူေတြမ်ားပါတယ္။

ေလာကုတၱရာအက်ိဳး သာသနာအတြက္ဆိုၿပီး ေကာင္းျမတ္တဲ့ စိတ္ကူးနဲ႕ထိုးတဲ့သူမ်ိဳးဟာ အင္မတန္ရွားပါးလွပါတယ္။

ထီမေပါက္ခင္ ထီးထိုးစဥ္က ေပါက္ရင္လွဴမယ္လို႔ ေတြးေတာ ေႂကြးေၾကာ္ထားေပမယ့္ အမွန္တကယ္လက္ေတြ႕ဒိ႒ ထီတကယ္ေပါက္ၿပီဆိုရင္

စိတ္ကူးယဥ္မဟုတ္ေတာ့တဲ့ လက္ေတြ႕ကိုယ္ပိုင္ေငြျဖစ္သြားလို႔ အမွန္တကယ္ မလွဴႏိုင္ေတာ့ဘဲ

မစၧရိယစိတ္ေအာက္မွာ သဒၶါစိတ္ဟာ လက္ေျမႇာက္ေပးရတတ္ပါတယ္။

ရွားတာဟာ မရွိတာမဟုတ္ပါဘူး တန္ဖိုးရွိလို႔ နည္းပါးတာပါ။ အခုဒီလို ရွားပါး တန္ဖိုးရွိသူ ဒကာတဦးကို ေျပာျပခ်င္ပါတယ္။

သူကေတာ့ ရန္ကုန္ၿမိဳ႕ မရမ္းကုန္းၿမိဳ႕နယ္က “ေရႊမဟာ လကၻက္ရည္ဆိုင္” ပိုင္ရွင္ ဦး၀င္းေဆြ ေခၚ ကိုအညာသားပါ။

ဦး၀င္းေဆြဟာ သာသနာအတြက္စိတ္ကူးစိတ္သန္း အာရံုမွန္းၿပီး လစဥ္ ေအာင္ဘာေလ ထီကိုထိုးေနတာပါ။

အခုလမွာေတာ့ က်ပ္သိန္း ၃၀ ထီေပါက္ပါတယ္။

ဦး၀င္းေဆြဟာ ထီေပါက္ေငြကို လံုးဝထုတ္မသံုးဘဲ ထီလက္မွတ္ေကာ

ထီေပါက္စဥ္ပါ အင္းစိန္ ရြာမပရိယတၱိစာသင္တိုက္ႀကီးရဲ႕ ပဓာနမဟာနာယကဆရာေတာ္ထံကို သာသနာအတြက္ သဒၶါျပတ္စြာ လွဴဒါန္းသြားခဲ့ပါတယ္။

ရြာမစာသင္တိုက္ႀကီးမွာ တိပိဋကစာသင္သားမ်ား၊ နိကာယ္စာသင္သံဃာေတာ္မ်ား၊ အဘိ၀ံသတန္မ်ား၊

သာမေဏေက်ာ္စာသင္သားသံဃာေတာ္မ်ားအျပင္ ငယ္၊လတ္၊ၾကီး၊ ဓမၼာစရိယတန္း သံဃာေတာ္မ်ားကို

ေန႔ညအျပတ္ ပရိယတ္လုပ္ငန္းစဥ္မ်ား ျပဳလုပ္အားထုတ္ သာသနာ့အလုပ္မ်ား ႀကိဳးစားလုပ္ေဆာင္ေနတဲ့စာသင္တိုက္ႀကီးပါ။

ဒီလို ပရိယတၱိ၀န္ေဆာင္ သာသနာ့ဂုဏ္ေဆာင္စာသင္တိုက္ႀကီးကို လွဴဒါန္းတာျဖစ္လို႔

အံ့ဖြယ္အလွဴရွင္ ဦး၀င္ေဆြရဲ႕ ထူးျမတ္တဲ့ ထီအလွဴေတာ္ဟာ “သာသနာအတြက္လည္းအက်ိဳးမ်ားသလို အလွဴရွင္အတြက္လည္း

ေအာင္ဘာေလ ကုသိုလ္ထူးေတြလည္း အစဥ္အျမဲ တိုးပြားေနေတာ့မွာျဖစ္ပါတယ္။

“ဓမၼဝီရ ေဒါက္တာေတဇနိယ”

Unicode >>>

ထီပေါက်တဲ့ထီလက်မှတ်ကို လှူဒါန်းတဲ့ ထူးခြားတဲ့ အလှူရှင်

ထီထိုးကြတဲ့အခါ တိုက်ဆောက်ဖို့ ကားဝယ်ဖို့ ဇိမ်နဲ့နေဖို့ စတဲ့ အတွေးမျိုးနဲ့လောကီအကျိုးကို မျှော်ကိုးပြီး ထီးထိုးကြတဲ့သူတွေများပါတယ်။

လောကုတ္တရာအကျိုး သာသနာအတွက်ဆိုပြီး ကောင်းမြတ်တဲ့ စိတ်ကူးနဲ့ထိုးတဲ့သူမျိုးဟာ အင်မတန်ရှားပါးလှပါတယ်။

ထီမပေါက်ခင် ထီးထိုးစဉ်က ပေါက်ရင်လှူမယ်လို့ တွေးတော ကြွေးကြော်ထားပေမယ့် အမှန်တကယ်လက်တွေ့ဒိဋ္ဌ ထီတကယ်ပေါက်ပြီဆိုရင်

စိတ်ကူးယဉ်မဟုတ်တော့တဲ့ လက်တွေ့ကိုယ်ပိုင်ငွေဖြစ်သွားလို့ အမှန်တကယ် မလှူနိုင်တော့ဘဲ

မစ္ဆရိယစိတ်အောက်မှာ သဒ္ဓါစိတ်ဟာ လက်မြှောက်ပေးရတတ်ပါတယ်။

ရှားတာဟာ မရှိတာမဟုတ်ပါဘူး တန်ဖိုးရှိလို့ နည်းပါးတာပါ။ အခုဒီလို ရှားပါး တန်ဖိုးရှိသူ ဒကာတဦးကို ပြောပြချင်ပါတယ်။

သူကတော့ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်က “ရွှေမဟာ လက္ဘက်ရည်ဆိုင်” ပိုင်ရှင် ဦးဝင်းဆွေ ခေါ် ကိုအညာသားပါ။

ဦးဝင်းဆွေဟာ သာသနာအတွက်စိတ်ကူးစိတ်သန်း အာရုံမှန်းပြီး လစဉ် အောင်ဘာလေ ထီကိုထိုးနေတာပါ။

အခုလမှာတော့ ကျပ်သိန်း ၃၀ ထီပေါက်ပါတယ်။

ဦးဝင်းဆွေဟာ ထီပေါက်ငွေကို လုံးဝထုတ်မသုံးဘဲ ထီလက်မှတ်ကော

ထီပေါက်စဉ်ပါ အင်းစိန် ရွာမပရိယတ္တိစာသင်တိုက်ကြီးရဲ့ ပဓာနမဟာနာယကဆရာတော်ထံကို သာသနာအတွက် သဒ္ဓါပြတ်စွာ လှူဒါန်းသွားခဲ့ပါတယ်။

ရွာမစာသင်တိုက်ကြီးမှာ တိပိဋကစာသင်သားများ၊ နိကာယ်စာသင်သံဃာတော်များ၊ အဘိ၀ံသတန်များ၊

သာမဏေကျော်စာသင်သားသံဃာတော်များအပြင် ငယ်၊လတ်၊ကြီး၊ ဓမ္မာစရိယတန်း သံဃာတော်များကို

နေ့ညအပြတ် ပရိယတ်လုပ်ငန်းစဉ်များ ပြုလုပ်အားထုတ် သာသနာ့အလုပ်များ ကြိုးစားလုပ်ဆောင်နေတဲ့စာသင်တိုက်ကြီးပါ။

ဒီလို ပရိယတ္တိ၀န်ဆောင် သာသနာ့ဂုဏ်ဆောင်စာသင်တိုက်ကြီးကို လှူဒါန်းတာဖြစ်လို့

အံ့ဖွယ်အလှူရှင် ဦးဝင်ဆွေရဲ့ ထူးမြတ်တဲ့ ထီအလှူတော်ဟာ “သာသနာအတွက်လည်းအကျိုးများသလို အလှူရှင်အတွက်လည်း

အောင်ဘာလေ ကုသိုလ်ထူးတွေလည်း အစဉ်အမြဲ တိုးပွားနေတော့မှာဖြစ်ပါတယ်။

“ဓမ္မဝီရ ဒေါက်တာတေဇနိယ”