မသာပါးစပ္ထဲက နွိဳက္စားသူမ်ား။ မသာပါးစပ်ထဲကတောင်နိုက်ယူတဲ့ အဆင့်ရောက်နေပါပြီလား
ပြည်ပနိုင်ငံများတွင် မိသားစုနှင့်ခွဲခွါ၍၀မ်းရေးအတွက် ပင်ပန်းဆင်းရဲခံကာရှာဖွေစားသောက်ပြီးပြည်တွင်းရှိမိသားစုများထံသို့ထောက်ပံ့ငွေပို့ပေးနေရရှာသောမြန် မာနိုင်ငံသားများ ပြည်ပနိုင်ငံတွင်ဆုံးပါးသွားသည့်အခါ ကျန်ရစ်ခဲ့သောမိသားစုများ၏ဆန္ဒအရမြန်မာပြည်တွင်းသို့သေဆုံးသွားရရှာသည့်မြန်မာနိုင်ငံသားများ၏ရုပ်ခန္ဓာအား လေယာဉ်ဖြင့်သယ်ဆောင်ခဲ့ရာတွင် လူမျိုးခြား၊ဘာသာခြားပြည်ပနိုင်ငံမှဝန်ထမ်းများသည် လိုလေသေးမရှိကူညီပေးခဲ့၍ ထိုသေဆုံးသူ မြန်မာနိုင်ငံသား၏ရုပ်ခန္ဓာမှာမြန်မာပြည်ရန်ကုန်လေဆိပ်သို့လျောလျူစွာရောက်ခဲ့သော်လည်း သူ၏ရုပ်ခန္ဓာအားမြန်မာပြည်လေဆိပ်တွင် လွယ်ကူစွာထုတ်ခွင့်မရသည်မှာ အဘယ့်ကြောင့်နည်း ဟုကျွန်တော်စဉ်းစားမိတော့သည်။
(…..) နိုင်ငံ မှ မြန်မာနိုင်ငံသို့ နာရေးများပြန်ပို့ ရာတွင် မြန်မာနိုင်ငံရှိ (…..) လေကြောင်းလိုင်းကာဂိုဌာနတွင် တာဝန်ထမ်းဆောင်သော ( – ) ဌာနမှ (……) ဆိုသူသည် နာရေးတစ်လောင်း (၇) သောင်းမှ (၈) သောင်းကျော် တရားဝင်မိသားစုများထံတောင်းခံပါသည်။
မိဘများမပေးပါက သေဆုံးသူ အလုပ်လုပ်ကိုင်သည့် (…..) နိုင်ငံလေဆိပ်သို့ နာရေးသယ်ဆောင်ခွင့် မပြုနိုင်ကြောင်း မသိနားမလည်သည့် အပူသည်ကာယကံရှင်မိသားစုများအားခြိမ်းခြောက်သည့်ပုံစံဖြင့်ပြောဆိုမှုများပြုလုပ်နေပါသည်။
မည်ကဲ့သို့ အရေးယူလျင်ရနိုင်ပါမည်လဲဟု တင်ပြပါသည် ။
နာရေးကူညီမူ(ရန်ကုန်) မှ ကာယကံရှင်၏နေရပ်ဒေသသို့ ကူညီပို့ဆောင်ရမည့်နာရေးများဖြစ်သဖြင့်တင်ပြအပ်ပါသည်။
အော်… ကျွန်တော်တို့နိုင်ငံ လာဒ်ပေးလာဒ်ယူကိစ္စက မသာပါးစပ်ထဲကတောင်နိုက်ယူတဲ့အဆင့်ရောက်နေပါပြီလားဟုတွေးတောရင်းဖြင့်…
(ကျော်သူ)
============
မသာပါးစပ်ထဲက နှိုက်စားသူများ။
မပြောမပြီး မတီးမမြည်ပါ။
ဒါ့ကြောင့် ပြောပါတော့မည် သမ္မတကြီးခင်ဗျား။
ပြည်ပနိုင်ငံများတွင် မိသားစုနှင့်ခွဲခွါ၍ဝမ်းရေးအတွက် ပင်ပန်းဆင်းရဲခံကာရှာဖွေစားသောက်ပြီးပြည်တွင်းရှိမိသားစုများထံသို့ထောက်ပ့ံငွေပို့ပေးနေရရှာသောမြန် မာနိုင်ငံသားများ ပြည်ပနိုင်ငံတွင်ဆုံးပါးသွားသည့်အခါ ကျန်ရစ်ခဲ့သောမိသားစုများ၏ဆန္ဒအရမြန်မာပြည်တွင်းသို့သေဆုံးသွားရရှာသည့်မြန်မာနိုင်ငံသားများ၏ရုပ်ခန္ဓာအား လေယာဉ်ဖြင့်သယ်ဆောင်ခဲ့ရာတွင် လူမျိုးခြား၊ဘာသာခြားပြည်ပနိုင်ငံမှဝန်ထမ်းများသည် လိုလေသေးမရှိကူညီပေးခဲ့၍ ထိုသေဆုံးသူ မြန်မာနိုင်ငံသား၏ရုပ်ခန္ဓာမှာမြန်မာပြည်ရန်ကုန်လေဆိပ်သို့လျောလျူစွာရောက်ခဲ့သော်လည်း သူ၏ရုပ်ခန္ဓာအားမြန်မာပြည်လေဆိပ်တွင် လွယ်ကူစွာထုတ်ခွင့်မရသည်မှာ အဘယ့်ကြောင့်နည်း ဟုကျွန်တော်စဉ်းစားမိတော့သည်။
မြန်မာလူမျိုးဖြစ်ပါလျက် အမိမြန်မာနိုင်ငံသို့အသက်မပါသည့်ခန္ဓာအားပြန်လည်ဝင်ခွင့်ပြုရန်အတွက်ချို့တဲ့သည့် မိသားစုများအနေဖြင့်အလွန်ခက်ခဲလှပေတော့သည်။
ဤအကြောင်းအရာနှင့်ပါတ်သက်၍ ကျွန်တော့ထံသို့စာတစ်စောင်ဝင်လာသည်ကို ဖတ်ရှုစေခြင်သည်။
(…..) နိုင်ငံ မှ မြန်မာနိူင်ငံသို ့နာရေးများပြန်ပို ့ရာတွင် မြန်မာနိူင်ငံရှိ (…..) လေကြောင်းလိုင်းကာဂိုဌာနတွင် တာဝန်ထမ်းဆောင်သော ( – ) ဌာနမှ (……) ဆိုသူသည် နာရေးတစ်လောင်း (၇) သောင်းမှ (၈) သောင်းကျော် တရားဝင်မိသားစုများထံတောင်းခံပါသည်။
မိဘများမပေးပါက သေဆုံးသူ အလုပ်လုပ်ကိုင်သည့် (…..) နိူင်ငံလေဆိပ်သို့ နာရေးသယ်ဆောင်ခွင် ့မပြုနိုင်ကြောင်း မသိနားမလည်သည့် အပူသည်ကာယကံရှင်မိသားစုများအားခြိမ်းခြောက်သည့်ပုံစံဖြင့်ပြောဆိုမှုများပြုလုပ်နေပါသည်။
ပြည်တွင်း ပြည်ပ လူမူကူညီရေးအသင်းများက(အခမဲ့) ကူညီနေသော်လည်း ယင်းရန်ကုန်ရှိငွေကြေးအဓမ္မတောင်းခံနေသော ထိုသူအတွက်ပိုက်ဆံလာပေးခိုင်းသလိုဖြစ်နေပါသည်။
ထိုသူသည် ရန်ကုန်လေဆိပ်ရှိ (….) နိုင်ငံလေကြောင်းလိုင်းကာဂိုဌာနတွင်နေ့စဉ်တောင်းရမ်းနေပါသည်။
မည်ကဲ့သို ့အရေးယူလျင်ရနိူင်ပါမည်လဲဟု တင်ပြပါသည် ။
နာရေးကူညီမူ(ရန်ကုန်) မှ ကာယကံရှင်၏နေရပ်ဒေသသို့ ကူညီပို့့ဆောင်ရမည့်နာရေးများဖြစ်သဖြင့်တင်ပြအပ်ပါသည်။
မှ/ ( …..နိုင်ငံ မှမြန်မာပရဟိတအသင်း)
အော်… ကျွန်တော်တို့နိုင်ငံ လာဒ်ပေးလာဒ်ယူကိစ္စက မသာပါးစပ်ထဲကတောင်နိူက်ယူတဲ့အဆင့်ရောက်နေပါပြီလားဟုတွေးတောရင်းဖြင့်…
“သေသောသူသည်သုဿန်သို့ သက်သက်သာသာသွားသင့်သည်။”
(ကျော်သူ)