Advertisement


ဆီးချိုပမာဏကို ထိန်းပေးတဲ့အပြင် မက်မန်းသီးစားခြင်းရဲ့ အကျိုးကျေးဇူးများ 2



ကယ်လိုရီ




ဆီးချို



အစာချေစနစ်










MyFood Myanmar

Unicode >>>>

ဆီးချိုပမာဏကို ထိန်းပေးတဲ့အပြင် မက်မန်းသီးစားခြင်းရဲ့ အကျိုးကျေးဇူးများ

မက်မန်းသီးကို စူပါမားကတ်ကြီးတွေ စားသောက်ဆိုင်တွေမှာ ၀ယ်ယူစားသုံးလို့ရပါတယ်။

အသီးက အရည်ရွှမ်းပေမဲ့ အသီးကို အခြောက်ခံပြီး ကြည်ရှည်ခံစားသုံးနိုင်တဲ့ ဓါတ်ဆာအဖြစ် စတိုးဆိုင်တွေမှာ ရောင်းချကြပါတယ်။

ကယ်လိုရီ

ဒါ့အပြင် ဗီတာမင် B1, B2, B3, B6 နဲ့ ဗီတာမင် E စတဲ့ဓါတ်တွေပါ၀င်ပါတယ်။

ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ သံဓါတ်၊ ကယ်လ်ဆီယမ်၊ ဇင့်ဂ် စတဲ့ဓါတ်တွေပါ၀င်ပါတယ်။

ဒါ့အပြင် အမျှင်ဓါတ်တွေ ကြွယ်ဝစွာပါ၀င်လို့ ကယ်လိုရီကိုကျစပြေီး အဆီချချင်သူတွေအတွက် အထူးသင့်တော်တဲ့အသီးပါ။

ဆီးချို

လေ့လာတွေ့ရှိမှုအရ မက်မန်းသီးဟာ သွေးတွင်း ဂလူးဂိုစ်ပါ၀င်မှုကို လျှော့နည်းစေပြီးဆီးချိုဖြစ်ပွားမှု အန္တာရာယ်ကို လျှော့ချပေးနိုင်ပါတယ်။

ဒါ့အပြင် အင်ဆူလင်ရဲ့ လုပ်ဆောင်မှုကို အားပေးတာကြောင့် ဆီးချိုပမာဏကို ထိန်းထားနိုင်ပါတယ်။

အစာချေစနစ်

မက်မန်းသီးမှာ အစာချေစနစ်ကိုကောင်းမွန်စေတဲ့ အမျှက်ဓါတ်တွေ ကြွယ်ဝစွာပါ၀င်လို့ အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။

အခြောက်ခံထားတဲ့ မက်မန်းသီးကိုစားတာဟာ ၀မ်းချုပ်တာကို ပျောက်ကင်းစေနိုင်ပါတယ်။

မက်မန်းသီးမှာ ဗီတာမင်နဲ့ သတ္တုဓါတ်တွေကြွယ်ဝစွာပါ၀င်ပြီး Antioxidant တွေလည်းပါ၀င်ပါတယ်။

ပတ်ဝန်းကျင်နဲ့ စားသုံးလိုက်တဲ့အစားအစာတွေကြောင့် ခန္တာကိုယ်အတွင်း ဘက်တီးရီးယားပိုးတွေဝင်ရောက်လာပြီး ကိုယ်ခံအားစနစ်ကို လျှော့နည်းလာစေပါတယ်။

ဒီတော့ ရောဂါပိုးမွှားတွေ အလွယ်တကူဝင်ရောက်နိုင်ပါတယ်။

မက်မန်းသီးမှာ ခန္တာကိုယ်အတွင်း ၀င်ရောက်လာတဲ့ အဆိပ်အတောက်ကို ဖယ်ရှားပေးနိုင်တဲ့ Antioxidant ပါ၀င်တာကြောင့်

ကျန်းမာရေးအတွက် အထူးသင့်တော်တဲ့ အသီးဖြစ်ပါတယ်။

ဒါ့အပြင် တခြားကျန်းမာရေးအကျိုးကျေးဇူးတွေလည်းရှိတာမို့ မက်မန်းသီးအစိုကိုဖြစ်ဖြစ် အခြာက်ကိုဖြစ်ဖြစ်

တစ်နေ့ ၁၂ လုံးလောက် ပုံမှန်စားပေးသင့်ပါတယ်။

MyFood Myanmar