ႏိုင္ငံဝန္ထမ္းမ်ားအတြက္ သတင္းေကာင္း….

ႏိုင္ငံဝန္ထမ္းမ်ားအတြက္ သတင္းေကာင္း ….

လာဘ္မစားဖို႔ ေအာက္ဆိုဒ္မရွာၾကဖို႔ အစိုးရရဲ႕ အစီအစဥ္သစ္ ..

ႏိုင္ငံ့ဝန္ထမ္းမ်ားကို လစာ၏ ငါးဆႏႈန္း စက္တင္ဘာတြင္ စေခ်းမည္

အေသးစားႏွင့္အလတ္စား စက္မႈလုပ္ငန္းဖြံ႔ၿဖိဳးေရးဘဏ္ (SMID Bank) က ႏိုင္ငံ့ဝန္ထမ္းမ်ားကို ၂၀၁၈ ခုႏွစ္ စက္တင္ဘာလ ၁ ရက္ေန႔မွစတင္၍ လစာ၏ ငါးဆႏႈန္းျဖင့္ ထပ္မံထုတ္ေခ်းေပးသြားမည္ျဖစ္ေၾကာင္း SMID Bank ထံမွ သိရသည္။

ႏိုင္ငံ့ဝန္ထမ္းမ်ားကို ၂၀၁၇ ခုႏွစ္ ဇြန္လမွစတင္၍ SMID Bank က လစာ၏သံုးဆႏႈန္းကို ထုတ္ေခ်းေပးခဲ့ရာ လက္ရွိအခ်ိန္အထိ ပ်က္ကြက္မႈမရွိဘဲ ေအာင္ျမင္လ်က္ရွိၿပီး ၂၀၁၈ ခုႏွစ္ ဇူလိုင္လ ၃၁ ရက္ေန႔တြင္ ေခ်းေငြသက္တမ္းျပည့္သည့္ ဝန္ထမ္းမ်ားႏွင့္ သက္တမ္းျပည့္ရန္လိုအပ္သည့္ ဝန္ထမ္းမ်ားအားလံုးကို အရင္းအတိုး အေက်ဆပ္ၿပီးပါက စက္တင္ဘာလ ၁ ရက္ေန႔တြင္ လစာ၏ငါးဆကို ထပ္မံထုတ္ေခ်းေပးမည္ျဖစ္ေၾကာင္း ယင္းဘဏ္ထံမွသိရသည္။

ေခ်းေငြ ပံုမွန္ျပန္လည္မဆပ္ႏိုင္ပါက ဘဏ္စည္းမ်ဥ္း၊ စည္းကမ္းမ်ားအရ အေရးယူသြားမည္ျဖစ္ၿပီး ဝန္ထမ္းမ်ား အေက်ျပန္လည္မဆပ္ႏိုင္ပါက လစာငါးဆ ထုတ္ေပးမည့္အစီအစဥ္ကို အေကာင္အထည္ေဖာ္မည္မဟုတ္ေၾကာင္း SMID Bank အမႈေဆာင္အရာရွိခ်ဳပ္ ဦးေဇယ်ာၫြန္႔က ေျပာၾကားသည္။

“အျပင္ေတြမွာေခ်းရင္ တစ္ဆယ္တိုးေလ။ ဒီေခ်းေငြက သံုးဆလည္း ရတယ္။ တစ္က်ပ္တိုးဆိုေတာ့ အတိုးလည္းနည္းတယ္။ ဒါေပမဲ့ အဆင္မေျပဘူး။ ဘဏ္သြားတဲ့သံုးေခါက္မွာ ေဖာင္ကိုဝယ္လို႔ မရဘူး။ ရန္ကုန္မွာက ဝန္ထမ္းလည္းမ်ားေတာ့ လူလည္းတအားမ်ားတယ္”ဟု ဒဂံုၿမိဳ႕သစ္ (ေျမာက္ပိုင္း) ၿမိဳ႕နယ္မွ ေက်ာင္းဆရာမတစ္ဦးျဖစ္သူ ေဒၚသဇင္က ေျပာဆိုသည္။

ေခ်းေငြမ်ားကို တစ္လလွ်င္ အတိုးႏႈန္း ၁ ရာခိုင္ႏႈန္း၊ တစ္ႏွစ္လွ်င္ အတိုးႏႈန္း ၁၂ ရာခိုင္ႏႈန္းျဖင့္ ထုတ္ေခ်းေပးျခင္းျဖစ္ၿပီး တစ္ႏွစ္အတြင္း လစဥ္အရစ္က် အေက် ျပန္လည္ေပးဆပ္ရမည္ျဖစ္ကာ ွSMID ဘဏ္မ်ားက ၂၀၁၇ ခုႏွစ္ ဇြန္လမွစတင္၍ လက္ရွိကာလအထိ အစိုးရဝန္ထမ္းမ်ားကို က်ပ္ဘီလီယံ ၆၀ အထိ ထုတ္ေခ်းေပးခဲ့ၿပီးျဖစ္ေၾကာင္း SMID Bank ထံမွ သိရသည္။

“ကၽြန္မတို႔က လစဥ္လည္း မွန္မွန္ျပန္ဆပ္ပါတယ္။ ဒီေမလကုန္မွာ ေက်မွာပါ။ ဒီတစ္ခါ ငါးဆထပ္ေခ်းေပးမွာဆိုေတာ့ ဝမ္းသာစရာေပါ႔”ဟု ပညာေရးဝန္ႀကီးဌာနမွ ဝန္ထမ္းတစ္ဦးျဖစ္သူ ေဒၚေအးေအးသင္းက ဆိုသည္။

ေခ်းေငြေခ်းေပးသည့္ အခ်ိန္ကာလကို သတ္မွတ္ထားျခင္းမရွိဘဲ ယင္းေခ်းေငြအေၾကာင္း အေသးစိတ္ထပ္မံသိရွိလိုပါက SMID Bank ႐ံုးခ်ဳပ္ ဝ၁-၂၃၀ ၂၃၈၅၊ ဝ၁-၂၃၀ ၂၃၉၁ တို႔ထံ ဆက္သြယ္ေမးျမန္းႏိုင္ေၾကာင္း ယင္းဘဏ္ထံမွသိရသည္။

ေခ်းေငြေလွ်ာက္ထားရန္ လိုအပ္ခ်က္မ်ား

– ေခ်းေငြေလွ်ာက္လႊာ

– ဌာနမွအႀကီးအကဲႏွစ္ဦး၏ ေထာက္ခံစာ

– ေငြေခ်းမည့္ကာယကံရွင္၏ ဝန္ထမ္းကတ္မူရင္း

– ေငြေခ်းမည့္ကာယကံရွင္၏ ႏိုင္ငံသား စိစစ္ေရးကတ္

– ေငြေခ်းမည့္ကာယကံရွင္၏ ရပ္ကြက္ေထာက္ခံစာ

– ေငြေခ်းမည့္ကာယကံရွင္၏ အိမ္ေထာင္စုစာရင္း

– ေငြေခ်းသူကို အာမခံေပးမည့္သူ ႏွစ္ဦး၊ အာမခံေပးမည့္သူႏွစ္ဦး၏ ဝန္ထမ္းကတ္

Source: The Voice

============

နိုင်ငံဝန်ထမ်းများအတွက် သတင်းကောင်း ….

လာဘ်မစားဖို့ အောက်ဆိုဒ်မရှာကြဖို့ အစိုးရရဲ့ အစီအစဉ်သစ် ..

နိုင်ငံ့ဝန်ထမ်းများကို လစာ၏ ငါးဆနှုန်း စက်တင်ဘာတွင် စချေးမည်

အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ် (SMID Bank) က နိုင်ငံ့ဝန်ထမ်းများကို ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှစတင်၍ လစာ၏ ငါးဆနှုန်းဖြင့် ထပ်မံထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း SMID Bank ထံမှ သိရသည်။

နိုင်ငံ့ဝန်ထမ်းများကို ၂၀၁၇ ခုနှစ် ဇွန်လမှစတင်၍ SMID Bank က လစာ၏သုံးဆနှုန်းကို ထုတ်ချေးပေးခဲ့ရာ လက်ရှိအချိန်အထိ ပျက်ကွက်မှုမရှိဘဲ အောင်မြင်လျက်ရှိပြီး ၂၀၁၈ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့တွင် ချေးငွေသက်တမ်းပြည့်သည့် ဝန်ထမ်းများနှင့် သက်တမ်းပြည့်ရန်လိုအပ်သည့် ဝန်ထမ်းများအားလုံးကို အရင်းအတိုး အကျေဆပ်ပြီးပါက စက်တင်ဘာလ ၁ ရက်နေ့တွင် လစာ၏ငါးဆကို ထပ်မံထုတ်ချေးပေးမည်ဖြစ်ကြောင်း ယင်းဘဏ်ထံမှသိရသည်။

ချေးငွေ ပုံမှန်ပြန်လည်မဆပ်နိုင်ပါက ဘဏ်စည်းမျဉ်း၊ စည်းကမ်းများအရ အရေးယူသွားမည်ဖြစ်ပြီး ဝန်ထမ်းများ အကျေပြန်လည်မဆပ်နိုင်ပါက လစာငါးဆ ထုတ်ပေးမည့်အစီအစဉ်ကို အကောင်အထည်ဖော်မည်မဟုတ်ကြောင်း SMID Bank အမှုဆောင်အရာရှိချုပ် ဦးဇေယျာညွန့်က ပြောကြားသည်။

“အပြင်တွေမှာချေးရင် တစ်ဆယ်တိုးလေ။ ဒီချေးငွေက သုံးဆလည်း ရတယ်။ တစ်ကျပ်တိုးဆိုတော့ အတိုးလည်းနည်းတယ်။ ဒါပေမဲ့ အဆင်မပြေဘူး။ ဘဏ်သွားတဲ့သုံးခေါက်မှာ ဖောင်ကိုဝယ်လို့ မရဘူး။ ရန်ကုန်မှာက ဝန်ထမ်းလည်းများတော့ လူလည်းတအားများတယ်”ဟု ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်မှ ကျောင်းဆရာမတစ်ဦးဖြစ်သူ ဒေါ်သဇင်က ပြောဆိုသည်။

ချေးငွေများကို တစ်လလျှင် အတိုးနှုန်း ၁ ရာခိုင်နှုန်း၊ တစ်နှစ်လျှင် အတိုးနှုန်း ၁၂ ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးခြင်းဖြစ်ပြီး တစ်နှစ်အတွင်း လစဉ်အရစ်ကျ အကျေ ပြန်လည်ပေးဆပ်ရမည်ဖြစ်ကာ ှSMID ဘဏ်များက ၂၀၁၇ ခုနှစ် ဇွန်လမှစတင်၍ လက်ရှိကာလအထိ အစိုးရဝန်ထမ်းများကို ကျပ်ဘီလီယံ ၆၀ အထိ ထုတ်ချေးပေးခဲ့ပြီးဖြစ်ကြောင်း SMID Bank ထံမှ သိရသည်။

“ကျွန်မတို့က လစဉ်လည်း မှန်မှန်ပြန်ဆပ်ပါတယ်။ ဒီမေလကုန်မှာ ကျေမှာပါ။ ဒီတစ်ခါ ငါးဆထပ်ချေးပေးမှာဆိုတော့ ဝမ်းသာစရာပေါ့”ဟု ပညာရေးဝန်ကြီးဌာနမှ ဝန်ထမ်းတစ်ဦးဖြစ်သူ ဒေါ်အေးအေးသင်းက ဆိုသည်။

ချေးငွေချေးပေးသည့် အချိန်ကာလကို သတ်မှတ်ထားခြင်းမရှိဘဲ ယင်းချေးငွေအကြောင်း အသေးစိတ်ထပ်မံသိရှိလိုပါက SMID Bank ရုံးချုပ် ဝ၁-၂၃၀ ၂၃၈၅၊ ဝ၁-၂၃၀ ၂၃၉၁ တို့ထံ ဆက်သွယ်မေးမြန်းနိုင်ကြောင်း ယင်းဘဏ်ထံမှသိရသည်။

ချေးငွေလျှောက်ထားရန် လိုအပ်ချက်များ

– ချေးငွေလျှောက်လွှာ

– ဌာနမှအကြီးအကဲနှစ်ဦး၏ ထောက်ခံစာ

– ငွေချေးမည့်ကာယကံရှင်၏ ဝန်ထမ်းကတ်မူရင်း

– ငွေချေးမည့်ကာယကံရှင်၏ နိုင်ငံသား စိစစ်ရေးကတ်

– ငွေချေးမည့်ကာယကံရှင်၏ ရပ်ကွက်ထောက်ခံစာ

– ငွေချေးမည့်ကာယကံရှင်၏ အိမ်ထောင်စုစာရင်း

– ငွေချေးသူကို အာမခံပေးမည့်သူ နှစ်ဦး၊ အာမခံပေးမည့်သူနှစ်ဦး၏ ဝန်ထမ်းကတ်

Source: The Voice