ကားကီးရီမုတ်ကို လေးကြိမ်ဆက်တိုက် နှိပ်လိုက်ရင် ဘာဖြစ်မလဲ
Credit -kumudranews
==========
ကားကီးရီမုတ်ကို လေးကြိမ်ဆက်တိုက် နှိပ်ရင် ဘာဖြစ်မလဲ
အယ်လ်ဖတ်၊ ဆယ်လ်စီယာ၊ ဟာရီယာ၊ ပါဂျဲရိုး (ဖားပြုတ်)စတဲ့ ကားတွေရဲ့အသုံးဝင် ကီးရီမုတ်ဖန်ရှင် (key rem-ote function)တစ်ခုကို ဖော်ပြပါတယ်။
‘အဲဒီနည်းလေးက သိပြီးသားသူတွေအတွက် အထူးအဆန်းမဟုတ် ပေမဲ့ မသိသေးတဲ့ သူတွေအတွက် အသုံးပြုနိုင်အောင်ပြောပြတာဖြစ် တယ်လို့ ကားနည်းပညာတွေ လေ့လာနေတဲ့ ကိုထွန်းထွန်းက ပြောပါတယ်။
ကားအပြင်ကိုရောက်ပြီးခါမှ လော့ခ်(lock)ချမယ်ဆိုပြီး ကားကို ပြန်ကြည့်လိုက်တဲ့အခါ နောက်တံခါးမှန်တွေမပိတ်ရသေးတာကြုံဖူးကြ မှာပါ။ အဲသည်အခါမှာ ကားထဲပြန်ဝင်၊ သော့ဖွင့်၊ မှန်တွေပြန်တင်၊ တံခါးပြန်ပိတ်၊ လော့ခ်ချအလုပ်တွေမရှုပ်ရအောင် ကီးရီမုတ်နဲ့ ဖြေရှင်းနိုုင်ပါတယ်။
အဲသည်ကီးရီမုတ်ရဲ့ခလုတ် (lock button)ကို ဆက်တိုက်လေးကြိမ် နှိပ်လိုက်ပြီး ဖိထားလိုက်ပါ။ မတင်ရသေးတဲ့တံခါးမှန်တွေ သူ့အလို လိုတက်လာမှာဖြစ်ပြီး တံခါးလော့ခ်တွေချပေးပါလိမ့်မယ်။ ဘက်ကြည့်မှန် ခေါက်မသိမ်းမိခဲ့ရင်တောင်မှ ခေါက်သိမ်းသွားပေးပါ လိမ့်မယ်။
ကားကိုနေပူထဲမှာ ရပ်ထားခဲ့မိရင်ပြန်လာတဲ့အခါမျိုးမှာ အဝေးကနေ key remote လေးနဲ့ unlock button ကို လေးကြိမ်ဆက်တိုက်နှိပ်ပြီး ဖိထားလိုက်ပါ။ တံခါးလေးပေါက်စလုံးက မှန်တွေကို သူ့အလိုလိုချပေးပါလိမ့်မယ်။ ခေါက်သိမ်းထားတဲ့ဘက် ကြည့်မှန်လေးကိုပါ ပြန်ဖွင့်ပေးသွားမှာပါ။ လေပူတွေကုန်လောက် တဲ့အခါမှ ကားထဲဝင်တော့အဆင်ပြေစေပါတယ်။
Credit -kumudranews