ပညာရိွနဲ႔ပညာတတ္ (အရမ္းေကာင္းတဲ့စာေလးမို႔ လူတိုင္းကို ဖတ္ေစခ်င္ပါတယ္)

တစ္ခါေသာအခါကသိပၸံပညာ႐ွင္ စာေရးဆရာတစ္ေယာက္ဟာ.သူ႔စီးေနတဲ့႕ကားစက္အေျခေန မေကာင္းလို႔ ျပင္ေနၾက ကားဝပ္ေ႐ွာ့ရံုကို သြားျပတာေပါ့……….

ကားဝပ္ေ႐ွာ့ဆရာကလည္း…ကားကိုေသေသခ်ာၾကည့္႐ႈစစ္ေဆးၿပီး…

မေကာင္းတဲ့လိုအပ္မယ့္ အစိတ္အပိုင္းပစၥည္းတစ္ခ်ိဳ႕ကို ျဖဳတ္ထုတ္ၿပီး အသစ္လဲဖို႔ေျပာတာေပါ့….

အခ်ိန္ေပးၿပီး ျဖဳတ္တပ္လဲလွယ္ ရမွာဆိုေတာ့…ဝပ္ေရွာ့စက္ဆရာက သူ႔တပည့္ေတြကိုခိုင္းထားတုန္း ဆရာႀကီးကို..

ေနရာထိုင္ခင္းေပးၿပီး စကားေျပာေနၾကတယ္ေပါ့……

“ဆရာေရ…လာပါဗ်ာ…ခဏနားရင္းေစာင့္ေပးပါအံုး….

ၿမိဳ႕ထဲပစၥည္းသြားဝယ္ေနတုန္း….ေအးေအးေဆးေဆး..

ေကာ္ဖီေလး ေရေႏြးေလးေသာက္ပါအံုးဗ်ာ”

“ဆရာက ကၽြန္ေတာ့္တို႔ၿမိဳ႕မွာရိွတဲ့ တကၠသိုလ္က ပါေမာကၡ..ဆိုပဲ….ဟုတ္ပါလားဆရာ…”

“ဟုတ္ပါတယ္…ေမာင္ရင္”

“ဒါဆိုရင္…ကၽြန္ေတာ္ဆရာ့ကို အခ်ိန္ရတုန္း ေမးစရာေလးတစ္ခု ေမးစမ္းပါရေစဗ်ာ….

ဥာဏ္ရည္ကြန္ျမဴးတဲ့ အေမးပါဆရာရယ္….ေစာင့္ေနရင္းအခ်ိန္ျဖဳန္းတဲ့..သေဘာပါ”

“ရပါတယ္…ေမးသာေမးစမ္းပါ…က်ဳပ္လည္း ေျဖေပးပါ့မယ္”

“ေကာင္းၿပီးဆရာ….ဒီလိုပါ…..တစ္ခါက…ဆြံ႕အနားမၾကားတဲ့ လူငယ္တစ္ေယာက္ဟာ….

သူအိမ္ျပင္ဖို႔ သံလိုအပ္ေနတဲ့အတြက္ ကုန္စံုဆိုင္မွာ သြားဝယ္တယ္ေပါ့….

ဆိုင္ထဲမွာ သူရွာေနတဲ့သံကမေတြ႕ သူကလည္းဆံြ႕အ ေနေတာ့…

ဆိုင္ရွင္ကို လက္တစ္ဖက္က လက္ညိဳးနဲ႔ လက္မကိုင္တဲ့ပံုစံ လုပ္ၿပီး…က်န္လက္တစ္ဖက္က လက္သီးဆုတ္ၿပီး ထုျပတဲ့ပံုစံမ်ိဳး လက္ဟန္နဲ႔လုပ္ျပတာေပါ့..”.

“ဆိုင္ရွင္ကလည္း..သူျပတာကို ေခါင္းညိတ္ျပၿပီး…တူတစ္လက္သြားယူ ထုတ္လာျပတယ္…

လာဝယ္တဲ့သူငယ္က..ေခါင္းခါျပၿပီး….လက္မနဲ႔လက္ညိဳးထိေနတဲ့ပံု လက္ဖက္ကိုျပလိုက္မွ….

ဆိုင္ရွင္ကျပံဳးၿပီး.သေဘာေပါက္ကာ

သံကိုထုတ္လာေပးတယ္…..”

“ဒီလူငယ္..သံကို ဝယ္ၿပီးျပန္သြားတယ္ေပါ့ဗ်ာ”

“..အဲဒီဆိုင္ကိုပဲ မ်က္မျမင္တစ္ေယာက္ေစ်းဝယ္ဖို႔ ေရာက္လာျပန္ပါတယ္….

သူက ကပ္ေၾကးတစ္လက္လိုခ်င္လို႔ေပါ့ဗ်ာ.”

“ေကာင္းၿပီး ဆရာ…သူကအဲ့ဒီ ကပ္ေၾကးကို ဆိုင္ရွင္နားလည္ေအာင္ ဘယ္လိုလုပ္ၿပီး ဝယ္မယ္ထင္သလဲ ဆရာေရ…”

“လြယ္ပါတယ္ကြာ….သူကေတာ့ လက္ညိဳးနဲ႔ လက္ခလယ္ေတြကို ကပ္ေၾကးညွပ္ျပသလိုမ်ိဳး ပံုစံလုပ္ျပမွာေပါ့ဗ်ာ”

“ဟား..ဟား….ဟား….အဲ့ဒါပဲ ဆရာေရ႕”

ဝပ္ေရွာ့ဆရာေလးရယ့္…ရယ္သြမ္းမႈမွာ…ပါေမာကၡဆရာႀကီးမွာလည္း.ေငးေၾကာင္ေၾကာင္ျဖစ္သြားတာေပါ့

“ဘာျဖစ္လို႔ပါလဲကြာ….”…လို႔ျပန္ေမးၾကည့္လိုက္တ့ဲအခါမွာ

ဝပ္ေရွာ့ဆရာေလးက….”ဆရာရယ္…ပညာရိွေတြ ပညာတတ္ေတြဟာ အျမဲ သူတို႔ကိုယ္သူတို႔….

အရာရာကို ေျဖရွင္းႏိုင္ေနၾကတယ္လို႔ စိတ္ႀကီးဝင္ေနတတ္ၾကတာကိုးဗ်ာ….”

“ေနရာတကာ အျမဲပံုေသယူဆတတ္ၾကတယ္ သင္ယူထားတဲ့ပညာဥာဏ္ေတြ သေဘာတရားေတြကိုပဲ

ေရွ႕တန္းထုတ္ၿပီးပံုေဖာ္တတ္ၾကတယ္ကိုးဗ်ာ….လက္ေတြ႕မွာ

အံမဝင္တဲ့ အတြက္အခ်က္ေတြနဲ႔ မရႏိုင္တာေတြ အမ်ားသားဘဲ….

တကယ္ေတာ့ တခ်ိဳ႕ကိစၥေနရာေတြမွာ ဆင္ျခင္မႈတရား common sense ေတြနဲ႔ မသံုးၾကတာမ်ားပါတယ္ဗ်ာ….”

“ဆရာရယ္….သူကမ်က္စိသာမျမင္တာေလး ဆံြ႕အေနတာမွမဟုတ္တာ….ကပ္ေၾကးတစ္လက္ေပးပါလို႔ဘဲ ေျပာမွာေပါ့.. ဆရာ….မဟုတ္ဘူးလား….”

“ဟား….ဟားးးးဟားး”

Crd : kkw….

Unicode >>>

ပညာရှိနဲ့ပညာတတ်

တစ်ခါသောအခါကသိပ္ပံပညာရှင် စာရေးဆရာတစ်ယောက်ဟာ.သူ့စီးနေတဲ့့ကားစက်အခြေနေ မကောင်းလို့ ပြင်နေကြ ကားဝပ်ရှော့ရုံကို သွားပြတာပေါ့……….

ကားဝပ်ရှော့ဆရာကလည်း…ကားကိုသေသေချာကြည့်ရှုစစ်ဆေးပြီး…

မကောင်းတဲ့လိုအပ်မယ့် အစိတ်အပိုင်းပစ္စည်းတစ်ချို့ကို ဖြုတ်ထုတ်ပြီး အသစ်လဲဖို့ပြောတာပေါ့….

အချိန်ပေးပြီး ဖြုတ်တပ်လဲလှယ် ရမှာဆိုတော့…ဝပ်ရှော့စက်ဆရာက သူ့တပည့်တွေကိုခိုင်းထားတုန်း ဆရာကြီးကို..

နေရာထိုင်ခင်းပေးပြီး စကားပြောနေကြတယ်ပေါ့……

“ဆရာရေ…လာပါဗျာ…ခဏနားရင်းစောင့်ပေးပါအုံး….

မြို့ထဲပစ္စည်းသွားဝယ်နေတုန်း….အေးအေးဆေးဆေး..

ကော်ဖီလေး ရေနွေးလေးသောက်ပါအုံးဗျာ”

“ဆရာက ကျွန်တော့်တို့မြို့မှာရှိတဲ့ တက္ကသိုလ်က ပါမောက္ခ..ဆိုပဲ….ဟုတ်ပါလားဆရာ…”

“ဟုတ်ပါတယ်…မောင်ရင်”

“ဒါဆိုရင်…ကျွန်တော်ဆရာ့ကို အချိန်ရတုန်း မေးစရာလေးတစ်ခု မေးစမ်းပါရစေဗျာ….

ဉာဏ်ရည်ကွန်မြူးတဲ့ အမေးပါဆရာရယ်….စောင့်နေရင်းအချိန်ဖြုန်းတဲ့..သဘောပါ”

“ရပါတယ်…မေးသာမေးစမ်းပါ…ကျုပ်လည်း ဖြေပေးပါ့မယ်”

“ကောင်းပြီးဆရာ….ဒီလိုပါ…..တစ်ခါက…ဆွံ့အနားမကြားတဲ့ လူငယ်တစ်ယောက်ဟာ….

သူအိမ်ပြင်ဖို့ သံလိုအပ်နေတဲ့အတွက် ကုန်စုံဆိုင်မှာ သွားဝယ်တယ်ပေါ့….

ဆိုင်ထဲမှာ သူရှာနေတဲ့သံကမတွေ့ သူကလည်းဆွံ့အ နေတော့…

ဆိုင်ရှင်ကို လက်တစ်ဖက်က လက်ညိုးနဲ့ လက်မကိုင်တဲ့ပုံစံ လုပ်ပြီး…ကျန်လက်တစ်ဖက်က လက်သီးဆုတ်ပြီး ထုပြတဲ့ပုံစံမျိုး လက်ဟန်နဲ့လုပ်ပြတာပေါ့..”.

“ဆိုင်ရှင်ကလည်း..သူပြတာကို ခေါင်းညိတ်ပြပြီး…တူတစ်လက်သွားယူ ထုတ်လာပြတယ်…

လာဝယ်တဲ့သူငယ်က..ခေါင်းခါပြပြီး….လက်မနဲ့လက်ညိုးထိနေတဲ့ပုံ လက်ဖက်ကိုပြလိုက်မှ….

ဆိုင်ရှင်ကပြုံးပြီး.သဘောပေါက်ကာ

သံကိုထုတ်လာပေးတယ်…..”

“ဒီလူငယ်..သံကို ဝယ်ပြီးပြန်သွားတယ်ပေါ့ဗျာ”

“..အဲဒီဆိုင်ကိုပဲ မျက်မမြင်တစ်ယောက်စျေးဝယ်ဖို့ ရောက်လာပြန်ပါတယ်….

သူက ကပ်ကြေးတစ်လက်လိုချင်လို့ပေါ့ဗျာ.”

“ကောင်းပြီး ဆရာ…သူကအဲ့ဒီ ကပ်ကြေးကို ဆိုင်ရှင်နားလည်အောင် ဘယ်လိုလုပ်ပြီး ဝယ်မယ်ထင်သလဲ ဆရာရေ…”

“လွယ်ပါတယ်ကွာ….သူကတော့ လက်ညိုးနဲ့ လက်ခလယ်တွေကို ကပ်ကြေးညှပ်ပြသလိုမျိုး ပုံစံလုပ်ပြမှာပေါ့ဗျာ”

“ဟား..ဟား….ဟား….အဲ့ဒါပဲ ဆရာရေ့”

ဝပ်ရှော့ဆရာလေးရယ့်…ရယ်သွမ်းမှုမှာ…ပါမောက္ခဆရာကြီးမှာလည်း.ငေးကြောင်ကြောင်ဖြစ်သွားတာပေါ့

“ဘာဖြစ်လို့ပါလဲကွာ….”…လို့ပြန်မေးကြည့်လိုက်တဲ့အခါမှာ

ဝပ်ရှော့ဆရာလေးက….”ဆရာရယ်…ပညာရှိတွေ ပညာတတ်တွေဟာ အမြဲ သူတို့ကိုယ်သူတို့….

အရာရာကို ဖြေရှင်းနိုင်နေကြတယ်လို့ စိတ်ကြီးဝင်နေတတ်ကြတာကိုးဗျာ….”

“နေရာတကာ အမြဲပုံသေယူဆတတ်ကြတယ် သင်ယူထားတဲ့ပညာဉာဏ်တွေ သဘောတရားတွေကိုပဲ

ရှေ့တန်းထုတ်ပြီးပုံဖော်တတ်ကြတယ်ကိုးဗျာ….လက်တွေ့မှာ

အံမဝင်တဲ့ အတွက်အချက်တွေနဲ့ မရနိုင်တာတွေ အများသားဘဲ….

တကယ်တော့ တချို့ကိစ္စနေရာတွေမှာ ဆင်ခြင်မှုတရား common sense တွေနဲ့ မသုံးကြတာများပါတယ်ဗျာ….”

“ဆရာရယ်….သူကမျက်စိသာမမြင်တာလေး ဆွံ့အနေတာမှမဟုတ်တာ….ကပ်ကြေးတစ်လက်ပေးပါလို့ဘဲ ပြောမှာပေါ့.. ဆရာ….မဟုတ်ဘူးလား….”

“ဟား….ဟားးးးဟားး”

Crd : kkw….