Advertisement

“”သံေယာဇဥ္မကင္းၾကသူအားလုံးသို႔””

""သံေယာဇဥ္မကင္းၾကသူအားလုံးသို႔"" 2

ဝမ္းမနည္းပါနဲ႔”ေတြ႕ခြင့္ရွိလို႔ ဆံုဆည္းခဲ့ၾကတာပါ ‘ လမ္းခြဲခ်ိန္တန္လို႔ လမ္းခြဲၾကရတာပါ။

ျဖစ္သင့္လို႔ ျဖစ္လာခဲ့တာပါ

ျဖစ္ခ်ိန္တန္လို႔ျဖစ္သြားတာပါ။

“စိတ္မေကာင္းမျဖစ္ပါနဲ႔”

ပိုင္ဆိုင္ခြင့္ရွိလာၿပီးရင္ စြန္႔လႊတ္ရျခင္းဆိုတာ ဒြန္တြဲပါလာတတ္တာ သဘာဝပါပဲ။

စြဲလမ္းမေနပါနဲ႔”

စြဲလမ္းမႈဆိုတာ တကယ္ေတာ့ ကိုယ့္စိတ္ကို မသိမသာ အလိုလိုက္မိတဲ့သေဘာပါပဲ။

မခ်စ္ပါနဲ႔ေတာ့”

ကိုယ့္ကိုမခ်စ္လို႔ပဲ ကိုယ့္အနားကထြက္သြားခဲ့ၿပီပဲေလ’ ကိုယ္ကဆက္ခ်စ္ေနရင္ ကိုယ္စိတ္ကို ကိုယ္ကိုတိုင္ျပန္သတ္ေနတာနဲ႔ အတူတူပါပဲ။

ဘယ္ေလာက္ပဲ ခံစားေနရပါေစ’ ေမ့ႏိုင္ေအာင္ ေမ့ပစ္လိုက္ပါ” ဒဏ္ရာေတြဘယ္ေလာက္အထိ

နက္နက္နဲနဲ စူးရွနာက်င္ေနပါေစ” တစ္ေန႔မွာ သက္သာေပ်ာက္ကင္းသြားစၿမဲပါပဲ။

အဲ့ဒီအခ်ိန္ ကာလ အခိုက္အတန္႔ေတြၾကားမွာ ကိုယ့္စိတ္ကို မထိန္းခ်ဳပ္ပဲ လႊင့္ေမ်ာထားမယ္ဆိုရင္ တစ္ေန႔ ေနာင္တေတြနဲ႔ ပိုၿပီးၿပိဳ႐ိုင္သြားလိမ့္မယ္။

ခံစားမႈနဲ႔ ဒဏ္ရာေတြက တစ္ေန႔သက္သာေပ်ာက္ကင္းသြားႏိုင္ေပမယ့္

ေနာင္တဆိုတာကေတာ့ ကိုယ့္ဘဝတစ္ေလွ်ာက္လံုး ကိုယ့္အရိပ္လို လိုက္ပါေနတတ္တယ္ဆိုတာ ဘယ္ေတာ့မွ မေမ့ပါနဲ႔။

ျဖစ္ႏိုင္ရင္ ေမြးထုပ္ထားတဲ့အေမ့ကိုေတာင္ သံေယာဇဥ္ျဖတ္ခ်င္တာ..

ဒါေပမယ့္ အေမ့ေက်းဇူးမဆပ္ရေသးလို႔ အေက်မဆပ္ႏိုင္ေသးလို႔ ေနေနရတယ္၊၊

သံေယာဇဥ္ေၾကာင့္ ပူေလာင္ရတာ သိၾကတဲ့အတိုင္းပဲေလ.. သံေယာဇဥ္ေၾကာင့္

ေအးခ်မ္းရတာက တရားအရသာနဲ႔ မိဘေမတၱာ ဒီႏွစ္ခုပဲ ရွိမယ္ထင္တယ္၊၊

အရိပ္လိုကပ္ပါေနမယ့္ ေနာင္တတရားရွိေနလို႔သာ

သံေယာဇဥ္မျဖတ္ေသးတာပါ၊

ေက်းဇူးေတြဆပ္ခြင့္ရလို႔ ေက်းဆပ္အေတာ္တန္ဆပ္ခြင့္ရၿပီးရင္ အားလုံးဟာ

ခြဲခြာၾကရမွာပါ၊၊

ငါ့ကိုမေခၚဘူး ငါ့ကိုသံေယာဇဥ္မရွိဘူးဆိုၿပီး

စြဲလမ္းၿပီး ဝမ္းနည္းမေနနဲ႔ တစ္ခ်ိန္မွာ အကုန္ခြဲရမွာ

ေသကြဲမခြဲရရင္ ရွင္ကြဲခြဲရမယ္ဆိုတာ နားလည္ၿပီး

သံေယာဇဥ္အပူေတြ ေလ်ာ့ပါ၊ ခြဲသင့္သူကို

ခြဲႏိုင္ခ်ိန္တည္းက ခြဲထားၾကပါ၊၊

သံေယာဇဥ္နည္းသြားေလ ခ်မ္းသာမ်ားေလပါပဲ။။

ေမတၲာျဖင့္…

အရွင္နႏၵိယ(သာကီႏြယ္)

Unicode >>>

“”သံယောဇဉ်မကင်းကြသူအားလုံးသို့””

ဝမ်းမနည်းပါနဲ့”တွေ့ခွင့်ရှိလို့ ဆုံဆည်းခဲ့ကြတာပါ ‘ လမ်းခွဲချိန်တန်လို့ လမ်းခွဲကြရတာပါ။

ဖြစ်သင့်လို့ ဖြစ်လာခဲ့တာပါ

ဖြစ်ချိန်တန်လို့ဖြစ်သွားတာပါ။

“စိတ်မကောင်းမဖြစ်ပါနဲ့”

ပိုင်ဆိုင်ခွင့်ရှိလာပြီးရင် စွန့်လွှတ်ရခြင်းဆိုတာ ဒွန်တွဲပါလာတတ်တာ သဘာဝပါပဲ။

စွဲလမ်းမနေပါနဲ့”

စွဲလမ်းမှုဆိုတာ တကယ်တော့ ကိုယ့်စိတ်ကို မသိမသာ အလိုလိုက်မိတဲ့သဘောပါပဲ။

မချစ်ပါနဲ့တော့”

ကိုယ့်ကိုမချစ်လို့ပဲ ကိုယ့်အနားကထွက်သွားခဲ့ပြီပဲလေ’ ကိုယ်ကဆက်ချစ်နေရင် ကိုယ်စိတ်ကို ကိုယ်ကိုတိုင်ပြန်သတ်နေတာနဲ့ အတူတူပါပဲ။

ဘယ်လောက်ပဲ ခံစားနေရပါစေ’ မေ့နိုင်အောင် မေ့ပစ်လိုက်ပါ” ဒဏ်ရာတွေဘယ်လောက်အထိ

နက်နက်နဲနဲ စူးရှနာကျင်နေပါစေ” တစ်နေ့မှာ သက်သာပျောက်ကင်းသွားစမြဲပါပဲ။

အဲ့ဒီအချိန် ကာလ အခိုက်အတန့်တွေကြားမှာ ကိုယ့်စိတ်ကို မထိန်းချုပ်ပဲ လွှင့်မျောထားမယ်ဆိုရင် တစ်နေ့ နောင်တတွေနဲ့ ပိုပြီးပြိုရိုင်သွားလိမ့်မယ်။

ခံစားမှုနဲ့ ဒဏ်ရာတွေက တစ်နေ့သက်သာပျောက်ကင်းသွားနိုင်ပေမယ့်

နောင်တဆိုတာကတော့ ကိုယ့်ဘဝတစ်လျှောက်လုံး ကိုယ့်အရိပ်လို လိုက်ပါနေတတ်တယ်ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။

ဖြစ်နိုင်ရင် မွေးထုပ်ထားတဲ့အမေ့ကိုတောင် သံယောဇဉ်ဖြတ်ချင်တာ..

ဒါပေမယ့် အမေ့ကျေးဇူးမဆပ်ရသေးလို့ အကျေမဆပ်နိုင်သေးလို့ နေနေရတယ်၊၊

သံယောဇဉ်ကြောင့် ပူလောင်ရတာ သိကြတဲ့အတိုင်းပဲလေ.. သံယောဇဉ်ကြောင့်

အေးချမ်းရတာက တရားအရသာနဲ့ မိဘမေတ္တာ ဒီနှစ်ခုပဲ ရှိမယ်ထင်တယ်၊၊

အရိပ်လိုကပ်ပါနေမယ့် နောင်တတရားရှိနေလို့သာ

သံယောဇဉ်မဖြတ်သေးတာပါ၊

ကျေးဇူးတွေဆပ်ခွင့်ရလို့ ကျေးဆပ်အတော်တန်ဆပ်ခွင့်ရပြီးရင် အားလုံးဟာ

ခွဲခွာကြရမှာပါ၊၊

ငါ့ကိုမခေါ်ဘူး ငါ့ကိုသံယောဇဉ်မရှိဘူးဆိုပြီး

စွဲလမ်းပြီး ဝမ်းနည်းမနေနဲ့ တစ်ချိန်မှာ အကုန်ခွဲရမှာ

သေကွဲမခွဲရရင် ရှင်ကွဲခွဲရမယ်ဆိုတာ နားလည်ပြီး

သံယောဇဉ်အပူတွေ လျော့ပါ၊ ခွဲသင့်သူကို

ခွဲနိုင်ချိန်တည်းက ခွဲထားကြပါ၊၊

သံယောဇဉ်နည်းသွားလေ ချမ်းသာများလေပါပဲ။။

မေတ္တာဖြင့်…

အရှင်နန္ဒိယ(သာကီနွယ်)