Advertisement

ၿမိတ္ၿမိဳ႕တြင္သစၥာေရစင္ျဖင့္ကုသေပးေနသည့္ဆရာ ေလးတစ္ပါးထံေန႕စဥ္လာေရာက္ကုသသူလူနာ ေထာင္ခ်ီရွိ

ၿမိတ္ၿမိဳ႕တြင္သစၥာေရစင္ျဖင့္ကုသေပးေနသည့္ဆရာ ေလးတစ္ပါးထံေန႕စဥ္လာေရာက္ကုသသူလူနာ ေထာင္ခ်ီရွိ 2

23.5.2018

ၿမိတ္ၿမိဳ႕တြင္သစၥာေရစင္ျဖင့္ကုသေပးေနသည့္ဆရာေလးတစ္ပါးထံေန႕စဥ္လာေရာက္ကုသခံသည့္လူနာ ေထာင္ခ်ီရွိေနတယ္လုိ႕အက်ဳိးေတာ္ေဆာင္ေကာ္မတီ ထံမွသိရပါတယ္။

ၿမိတ္ၿမိဳ႕ွကို ေမလ ၁၇ ရက္ေန႕မွစတင္ကာေရာက္ရွိလာၿပီးေမလ ၂၇ ရက္ေန႕အထိအခမဲ့ကုသေပးမည္

ဟုဆိုကာေၾကျငာကုသေပးေနသည့္မေကြးတိုင္း၊ နတ္ေမာက္ၿမိဳ႕နယ္မွ ဆရာေလး ေဒၚသုနႏၵာထံသို႕

ေဒသခံမ်ားတစ္ေန႕လွ်င္ ၃၀၀၀ ေက်ာ္လာေရာက္ကု သမွုခံယူေနတယ္လို႕သိရပါတယ္။

” ကၽြန္ေတာ္တို႕တစ္ေန႕ကို လူနာ ၃ ေထာင္ေက်ာ္ ကုသေပးရပါတယ္ ေမလ ၁၇ ရက္ေန႕ကေန ၂၇ ရက္ေန႕အထိကုသေပးမွာပါေရတစ္ဗူးကို

၁၀၀၀ ႏွင့္ ေရာင္းတာဆိုတာကလည္းဆရာေလးက ျပန္လည္လွဴဒါန္းေပးတဲ့ေနရာေတြအမ်ားႀကီးရွိပါတယ္။

ကုသမွဳခံယူတဲ့သူေတြကတစ္ကယ္တန္း မွာသူတို႕ယူသြားတာပါ သူတို႕အလွဴေတြပါသြားလို႕ပါ။

ဆရာေလးက အဓိဌာန္၀င္ရင္းသစၥာျပဳခဲ့တယ္အဲဒီကေန သစၥာ ေရစင္ႏွင့္ေဆးကုသေပးျဖစ္တာပါ”” လို႕ အက်ဳိး ေတာ္ေဆာင္ဦးစိုး၀င္းမွေျပာၾကားခဲ့ပါတယ္။

အနယ္နယ္အရပ္အရပ္မွလာေရာက္ကုသမွုခံယူသူ အလြန္မ်ားျပားေနၿပီးဆရာေလးတြင္သက္ဆိုင္ရာ

သံဃာနာယကဆရာေတာ္ႏွင့္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရး မွဴးတို႕၏ေထာက္ခံခ်က္ျဖင့္ကုသေပးေနေၾကာင္း ဦးစိုး၀င္းမွေျပာၾကားခဲ့ပါတယ္။

ဆြံအနားမၾကားသူမ်ား၊ေျခေထာက္ထံုထိုင္းေနသူ မ်ား၊အရိုးက်ီးေပါင္းေဝဒနာရွင္မ်ားကသက္သာမွဳရွိေၾကာင္းလာေရာက္ကုသခံယူသူမ်ားကေျပာၾကားပါတယ္။

ဆရာေလးႏွင့္ပတ္သက္ၿပီးထြက္ေပၚေနသည့္သတင္း မ်ားမွာေကာလဟာလမ်ားျဖစ္ၿပီးသစၥာေရစင္ျဖင့္ဆက္လက္ကုသေပးေနမည္ျဖစ္ကာ

ၿမိတ္ၿမိဳ႕တြင္ကုသေပး ၿပီးပါက ရန္ကုန္တိုင္းေဒသႀကီး၊လွိုင္သာယာတြင္ ဆက္လက္ကုသေပးမည္ဟုသိရပါတယ္။

ျမတ္ထြဋ္ (ၿမိတ္)

Unicode >>>>

မြိတ်မြို့တွင်သစ္စာရေစင်ဖြင့်ကုသပေးနေသည့်ဆရာ လေးတစ်ပါးထံနေ့စဉ်လာရောက်ကုသသူလူနာ ထောင်ချီရှိ

23.5.2018

မြိတ်မြို့တွင်သစ္စာရေစင်ဖြင့်ကုသပေးနေသည့်ဆရာလေးတစ်ပါးထံနေ့စဉ်လာရောက်ကုသခံသည့်လူနာ ထောင်ချီရှိနေတယ်လို့အကျိုးတော်ဆောင်ကော်မတီ ထံမှသိရပါတယ်။

မြိတ်မြို့ှကို မေလ ၁၇ ရက်နေ့မှစတင်ကာရောက်ရှိလာပြီးမေလ ၂၇ ရက်နေ့အထိအခမဲ့ကုသပေးမည်

ဟုဆိုကာကြေငြာကုသပေးနေသည့်မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှ ဆရာလေး ဒေါ်သုနန္ဒာထံသို့

ဒေသခံများတစ်နေ့လျှင် ၃၀၀၀ ကျော်လာရောက်ကု သမှုခံယူနေတယ်လို့သိရပါတယ်။

” ကျွန်တော်တို့တစ်နေ့ကို လူနာ ၃ ထောင်ကျော် ကုသပေးရပါတယ် မေလ ၁၇ ရက်နေ့ကနေ ၂၇ ရက်နေ့အထိကုသပေးမှာပါရေတစ်ဗူးကို

၁၀၀၀ နှင့် ရောင်းတာဆိုတာကလည်းဆရာလေးက ပြန်လည်လှူဒါန်းပေးတဲ့နေရာတွေအများကြီးရှိပါတယ်။

ကုသမှုခံယူတဲ့သူတွေကတစ်ကယ်တန်း မှာသူတို့ယူသွားတာပါ သူတို့အလှူတွေပါသွားလို့ပါ။

ဆရာလေးက အဓိဌာန်ဝင်ရင်းသစ္စာပြုခဲ့တယ်အဲဒီကနေ သစ္စာ ရေစင်နှင့်ဆေးကုသပေးဖြစ်တာပါ”” လို့ အကျိုး တော်ဆောင်ဦးစိုးဝင်းမှပြောကြားခဲ့ပါတယ်။

အနယ်နယ်အရပ်အရပ်မှလာရောက်ကုသမှုခံယူသူ အလွန်များပြားနေပြီးဆရာလေးတွင်သက်ဆိုင်ရာ

သံဃာနာယကဆရာတော်နှင့်မြို့နယ်အုပ်ချုပ်ရေး မှူးတို့၏ထောက်ခံချက်ဖြင့်ကုသပေးနေကြောင်း ဦးစိုးဝင်းမှပြောကြားခဲ့ပါတယ်။

ဆွံအနားမကြားသူများ၊ခြေထောက်ထုံထိုင်းနေသူ များ၊အရိုးကျီးပေါင်းဝေဒနာရှင်များကသက်သာမှုရှိကြောင်းလာရောက်ကုသခံယူသူများကပြောကြားပါတယ်။

ဆရာလေးနှင့်ပတ်သက်ပြီးထွက်ပေါ်နေသည့်သတင်း များမှာကောလဟာလများဖြစ်ပြီးသစ္စာရေစင်ဖြင့်ဆက်လက်ကုသပေးနေမည်ဖြစ်ကာ

မြိတ်မြို့တွင်ကုသပေး ပြီးပါက ရန်ကုန်တိုင်းဒေသကြီး၊လှိုင်သာယာတွင် ဆက်လက်ကုသပေးမည်ဟုသိရပါတယ်။

မြတ်ထွဋ် (မြိတ်)