အလွန်ဝမ်းနည်းကြေကွဲဖွယ် ကောင်းတဲ့ ခွန်ဆန်လောနဲ့ နန်းဦးပြင် ပုံပြင်လေးပါ

အလွန်ဝမ်းနည်းကြေကွဲဖွယ် ကောင်းတဲ့ ခွန်ဆန်လောနဲ့ နန်းဦးပြင် ပုံပြင်လေးပါ ..

ဟိုးလွန်ခဲ့တဲ့ အတိတ် နှစ်များဆီက မိုင်းကိုင်ဆိုသော မြို့လေးမှာ အင်မတန်ချောမောလှပတဲ့ နန်းဦးပြင်ဆိုတဲ့ ကွမ်းတောင်ကိုင်ရွာမျက်နှာဖုံး သျှမ်းလှပျိုဖြူလေး တဦး နေထိုင်သတဲ့…

နန်းဦးပြင် နေထိုင်တဲ့ မိုင်းကိုင်မြို့ရဲ့ အရှေ့ဘက်မိုင်၁၀၀ကျော်ခန့် အကွာတွင်တော့ ကျိုင်းတောင်းဆိုတဲ့

မြို့လေးတမြို့ရှိတယ် အဲ့ဒီမြို့လေးမှာ အသားဖြူဖြူ အရပ်မောင်း ကောင်းကောင်းနဲ့ တည်ကြည်ခန့်ညားတဲ့ ဥပဓိရုပ်နဲ့ ခွန်ဆမ်လောဆိုသည့် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ကုန်သည်လူငယ်လေးတဦး နေထိုင်သတဲ့ သူတို့နှစ်ဦးဟာအမှတ်မထင်တွေ့ဆုံပြီး လူငယ်သဘာဝ ချစ်ကြိုက်သွားကြပါတော့တယ်…

နန်းဦးပြင်ကို ချစ်ကြိုက်မိတဲ့ ခွန်ဆမ်လောဟာမိုင်တစ်ရာကျော် ခရီးကို မြင်း စီးပြီး လူပျိုလှည့်ခဲ့ပါသတဲ့..

အချစ်ကြီးသူ နှစ်ဦးဖြစ်တော့ တဦးနဲ့တဦး မမြင်ရရင် မနေနိုင်အောင်ပဲတဲ့ကွယ်.. ခွန်ဆမ်လောလေးဟာမိုင်တစ်ရာကျော် ဝေးတဲ့ ချစ်သူရှိရာကို မမောနိုင်မပန်းနိုင် မြင်းစီးပြီး အမြဲလူပျိုလည့်ခဲ့ပါသတဲ့ ဒီလိုနဲ့ တနေ့နမ့်တိန်းချောင်းကလေးအနီးမှာ… ဆုံတွေ့ပြီး ချစ်စကားပြောနေချိန်မှာ..

နံဘေးက နမ့်တိန်းချောင်း ရေစီးသံက ဆူညံနေတဲ့အတွက်ချစ်သူ ခွန်ဆမ်လောပြောတဲ့ ချစ်စကားလေးတွေကို..နန်းဦးပြင်လေးဟာ ကောင်းကောင်း မကြားရဘူးဖြစ်နေပါတယ်။

ဒီအခါ နန်းဦးပြင်လေးဟာ နမ့်တိန်းချောင်းဘက် လှည့်ကာတိုးတိုးလေး ဆိုလိုက်တယ်တဲ့လေ..

“နမ့်တိန်းချောင်းရယ်.. ပီဆမ်လော ပြောလာမဲ့စကားကိုနားထောင်ပါအုံးမဆူပါနဲ့လားကွယ်”လို့ပြောလိုက်တော့နမ့်တိန်းချောင်းလေးဟာနန်းဦးပြင်အလိုကျတိတ်ဆိတ်ငြိမ်သက်သွားလိုက်တာ….. ခုချိန်အထိ တိုင်အောင်ရေစီးသံ မကြားရတော့ဘူးလို့ဆိုပြန်တယ်..။

ဒီလိုနဲ့ ခွန်ဆမ်လောကို… ခွန်ဆမ်လောမိခင်က သူ့တို့ရွာမှာ..သွက်သွက်လက်လက် ရှိတဲ့နန်းဦးပျဉ်း နဲ့တိတ်တဆိတ် သဘောတူထားတာပေါ့… ပြီးတော့

နန်းဦးပျဉ်းကိုလဲ ခွန်ဆမ်လောနဲ့ လက်ထပ်ပေးမယ်လို့ ကတိပေးထားသတဲ့.. ဒီအကြောင်းကို ခွန်ဆမ်လောသိတော့သူ့ချစ်သူ နန်းဦးပြင်ကလွဲ၍ အခြားမည်သူ့ကိုမျှလက်မထပ်နိုင်ဘူး လို့ပြောပြီး.. နန်းဦးပြင်ကိုပဲ… လက်ထပ်၍..သူနေတဲ့ ကျိုင်းတောင်းမြို့လေးကို ခေါ်ဆောင်လာခဲ့သတဲ့..။

နန်းဦးပြင်လေးခများ မောင့်တမျက်နှာ တရွာထင်၍လိုက်ခဲ့ရှာလေသည်။

ဒါကြောင့်ခွန်ဆမ်လောရဲ့ အမေက နန်းဦးပျဉ်းကို ပေးထားတဲ့ကတိ နန်းဦးပြင်ကြောင့် ပျက်ရတယ်ဆိုပြီးတော့ နန်းဦးပြင်လေးကို မနှစ်သက်၊ မကြည်ဖြူ တဲ့အပြင်

ငါ့သားနှင့် နှင်တူသလား တန်သလား ဟုဆိုကာ အညိုးကြီးထား၍ နှိပ်စက်လေတော့သည်၊ အိမ်မှာ မနေနိုင်အောင်..

အိမ်ပေါ်က ဆင်းသွားအောင် ခွန်ဆမ်လော ကုန်ရောင်းထွက်လို့အိမ်မှာမရှိတဲ့အခိုက် နန်းဦးပြင် စားမဲ့ထမင်းထဲမှာ.. ဆူးတွေ ထည့်ထားတာတို့ ကောက်ညင်းဆန်ကို အပ်တွေထည့်ပြီးပေါင်း..

ပြီးမှ နန်းဦးပြင်ကို ခူးခိုင်းတာ… စသဖြင့် နည်းပေါင်းစုံနဲ့နန်းဦးပြင်လေးကို အမျိုးမျိုး နှိပ်စက်ပါတော့တယ်..

နန်းဦးပြင်လေးကတော့…

ခွန်ဆမ်လောကိုချစ်လွန်းတာကြောင့်..ဘယ်လိုနည်းနဲ့နှိပ်စက်နှိပ်စက်ခင်ပွန်းသည်ခွန်ဆမ်လောစိတ်မကောင်းဖြစ်မှာစိုးလို့….ဖွင့်မပြောပဲနဲ့ကြိုတ်မှိတ်ပြီးနေရှာပါတယ်…။

သိပ်စိတ်ဆင်းရဲလာတဲ့ အခါမျိုးမှာဆို နန်းဦးပြင်လေးဟာ အိပ်ယာထဲမှာ တယောက်ထဲတိတ်တဆိတ် ခိုးခိုးငိုရရှာပါသတဲ့…။

ဒီလိုနဲ့ … နန်းဦးပြင်ဟာ.. ခွန်ဆမ်လောရဲ့ရင်သွေးကို လွယ်ဖို့ဖြစ်လာချိန်မှာတော့…. နှစ်ယောက်သား ကြည့်နူးနေကြရှာတာ ပြောမပြတတ်အောင်ပဲပေါ့… ဒီလိုနဲ့ ကိုယ်ဝန်အရင့်အမာဖြစ်နေတဲ့အချိန် တနေ့မှာတော့..

ခွန်ဆမ်လောဟာ မဖြစ်မနေကုန်ရောင်း ကုန်ဝယ်သွားရမဲ့အချိန်နဲ့ တိုက်ဆိုင် နေပါတော့တယ်.. ခွန်ဆမ်လောခမျာမသွားချင်ပေမဲ့ သွားရပြီမို့…. ကလေးမမွေးခင်မှာ. ကိုအချိန်မှီ ပြန်လာခဲ့ပါ့မယ်လို့.. နန်းဦးပြင်ကို ကတိတွေ ပေးပြီး.. ခရီးထွက်သွားရှာတယ်.။

ခွန်ဆမ်လော ခရီးထွက်သွားတာနဲ့တပြိုင်နက် ခွန်ဆမ်လောအမိခင်ဟာ အညိုးကြီးသူပီပီ နန်းဦးပြင်လေးကို ထုံးစံ အတိုင်း နှိပ်စက်ပြန်ပါတော့တယ်…။

ကိုယ်ဝန်အရင့်မာ ဖြစ်နေတဲ့… နန်းဦးပြင်ကို လှေကားက ပြုတ်ကျအောင်ဆိုပြီး.. လှေကားကို ပြုတ်ခံနီးအထိတမင်ဖြုတ်ထားသတဲ့..

ဒါကိုမသိတဲ့ နန်းဦးပြင်ကလှေကားကနေ ဆင်းတော့ ပြုတ်ကျတော့တာပေါ့..ကံကောင်း ထောက်မ၍ ကလေးရော မိခင်သေကံမရောက်ခဲ့ပေမဲ့ ဒီလောက် လူမဆန်စွာ ရက်စက်

ကြမ်းကြုတ်သော ယောက်ခမမျိုးနဲ့ မနေတော့ဟုစိတ်ဆုံးဖြတ်ခါ ချစ်လင်ပြန်အလာကို မစောင့်နိုင်ရှာပဲမိမိမွေးရပ်ဌာနေ မိခင်တွေဆီကို ပြန်သွားပါတော့တယ်…။

ကိုယ်ဝန်ကလဲ အရင့်အမာနဲ့ဆိုတော့.. လမ်းခရီး..တ၀က်မှာပဲ..ဗိုက်အရမ်းနာလာပြီး… ကလေးကိုပါလာတဲ့အဖော် အကူညီနဲ့ပဲမွေးဖွားခဲ့ပါတော့တယ်…။

သို့ပေမဲ့ ကံဆိုးချင်တော့.. ကလေးကအသက်မရှင်ခဲ့ပါဘူး..

ဒီတော့ နန်းဦးပြင်က စိတ်နှလုံး ထိခိုက်ကြေကွဲစွာနဲ့ “သြော်..ကံဆိုးလှတဲ့ သားလေးရယ်… နင့်အဖေမျက်နှာကိုတောင် မြင်ခွင့်မရှိပဲ…လူ့လောက ကနေပြန်လည်ထွက်ခွာသွားရပြီကောကွယ်… နင့်အဖေကိုသွားရှာပါတော့… ”ဆိုပြီး..၀ါးနှစ်ပင်ရဲ့ ခွကြားမှာ.. တင်ထားခဲ့လိုက်ပါတယ်..။

အဲဒီ ကလေးဟာ.. နောက်ဆုံး.. ဥသြ ဌက်လေး ဖြစ်လါပြီးသူ့အဖေကို အမြဲတမ်း အော်ခေါ်နေရှာသတဲ့ သူ့အသံလေးကို သျှမ်းတို့က..“ပေါ့ဝေ့” “ပေါ့ဝေ့” (အဖေရေ) လို့ကြားနေရတယ်….။

သူ့အဖေ ခွန်ဆမ်လောကိုခုချိန်ထိအဲဒီငှက်ကအော်ခေါ်နေတုန်း

စိတ်ဒဏ်ရာများစွာနဲ့ နန်းဦးပြင်ဟာ သူအိမ်ရောက်တာနဲ့ ချက်ချင်းသေဆုံးသွားခဲ့လိုက်ရတယ် အဲဒီချိန်ခွန်ဆန်လောခရီးထွက်လာရာကနေ အိမ်ရောက်လာတော့ သူအလွန်တရာမြတ်နိုးတဲ့ဇနီးလေးလဲမတွေ့ အကြောင်းစုံကိုချက်ချင်းရိပ်မိပြီ မိုင်းကိုင်ကို မြင်းနဲ့ချက်ချင်းလိုက်လာခဲ့တယ်လေ

အလာကောင်းပေမယ့် အခါကနှောင်းသွားပြီ.

နန်းဦးပြင်အလောင်းနားသူ့ကိုဘယ်သူမှအဝင်မခံဘူး နောက်ဆုံးသူ့မှာပါလာတဲ့ငွေဒဂါးအိတ်ကိုလွင့်ကျဲ လူတွေလိုက်ကောက်နေချိန် သူ့ဇနီးအလောင်းဆီကိုချက်ချင်းသွားပြီး ပြေးဖက်ငိုကြွေးတာပေါ့နောက်ဆုံးတော့ သူ့မှာပါလာတဲ့ဆောင်ဓါးနဲ့ သူ့ကိုယ်သူအဆုံးင်္စီရင်လိုက်တယ်

သူတို့နှစ်ဦးရဲ့အလောင်းကို ဘေးချဉ်ယဉ်တွဲးထားပြီ ခွန်ဆန်လော ရဲ့ အမေ ဖြစ်သူက သူတို့နှစ်ဦးကို နောင်ဘဝထိမဆုံစေချင်တဲ့သဘောနဲ သူတို့နှစ်ဦးကြားကို ဆစ်သုံးဆစ်ပါတဲ့ ဝါထမ်းပိုးတစ်ချောင်ကို ခြားထားပေးလိုက်တယ်။

အဲဒီညမှာဘဲ ခွန်ဆန်လော နဲ နန်းဦးပြင် ဟာထွန်းလင်းတောက်ပတဲ အမွာကြယ်လေးတွေအဖြစ်အဆစ်သုံးဆစ်ပါတဲ့ကြယ်လေးသုံးလုံးခြာလျက်ယနေ့ထက်တိုင်ကောင်းကင်မှာတွေနေရတာပေါ။

ကြယ်တွေတောက်ပတဲ့ ညဆို ကောင်းကင် ပေါ်ကိုမော့ကြည်လိုက်ပါ အဆစ်သုံးဆစ်ပါတဲ့ အမွာကြယ်လေတွေ တွေ့ရမှာပါ။

သုံးလုံးတန်းတဲ့ကြယ်ဖြစ်သွားရတဲ့အကြောင်းကဒီလိုပါ

ခွန်ဆမ်လောနဲ့ နန်းဦးပြင် သေသွားတော့အရင်ဘဝက အပင်ဖြစ်လည်း ၂ပင်ပူးအပင်…အသီးဖြစ်လည်း ၂ သီးပူးအသီး…

လိပ်ပြာဖြစ်ပြန်လည်းတစ်ပင်တည်းဝတ်ရည်စုပ်တဲ့လိပ်ပြာဖြစ်ကြတယ်ခွန်ဆန်လော အမေက အဲလိုထူးဆန်းတဲ့သတင်းကြားတိုင်း လိုက်လံဖျက်စီးခိုင်းပါတယ် သူတို့ကို အတူတူမရှိစေချင်လို့ပါ ။

ခွန်ဆန်လော အမေက နန်းဦးပြင်ကို အရမ်းမုန်းတာလဲဆိုတော့ ရှေးဘဝက နန်းဦးပြင်က ဆန်သူဌေးပါ ခွန်ဆန်လောအမေက နန်းဦးပြင်ဆီမှာဆန်လာဖွတ်တဲ့အလုပ်သမားပါ

နန်းဦးပြင်ကခွန်ဆမ်လောအမေကို လုပ်အားခ(ဆန်ချိန်)အပြည့်မပေးဘဲနှိမ်ပေးပါတယ် အဲအငြိုးနဲ့ ခွန်ဆန်လောအမေက နန်းဦးပြင်ကို ဘဝဇာတ်တိုင်းနိုင်ရပါစေလို့ ဆုပန်ပါတယ်။

အဲတာကြောင့် သူ့သားနဲ့ နန်းဦးပြင်ကို ဘဝဆက်တိုင်းလိုက်ခွဲတာပါ။

သူတို့နှစ်ဦးဘယ်တော့ပြန်ဆုံမလဲ

Credit: sao sai khun tai (စိုင်းဆိုင်မိုင်း)

ပြန်လည်မျှဝေလိုက်ပါ..