မွေးနေ့မှာ မိခင်ကြီးနဲ့အတူ အလှူရေစက်ချ ကုသိုလ်ယူခဲ့တဲ့ မို့မို့မြင့်အောင်

ချစ်ခင်လေးစားတန်ဖိုးထားရပါသောပရိသတ်ကြီးနှင့်We love mmma ချစ်သူအပေါင်းတို့ရှင့်။

မနေ့က နယုန်လဆန်း၁၂ ရက် ကမို့ရဲ့မြန်မာ မွေးရက် ပါ။ မေ၂၅ ကတော့we Love mmma တွေကို ဦးစားပေးရတယ်လေ။

ဒီနေ့မို့ရဲ့မြန်မာမွေး ရက်ကလေးရဲ့လှုပ်ရှားမှုလေးတွေ တင်ပေးပါမယ်နော်” ဆိုတဲ့ စကားလေးနဲ့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာထက်မှာ စတင်ရေးသားခဲ့ပါတယ်။

အမှတ်တရ မွေးနေ့အလှူလေးမှာလည်း ပရိသတ်တွေနဲ့အတူ ဘုန်းကြီးကျောင်းမှာ သန့်ရှင်းရေးတွေအတူတူလုပ်ဖြစ်ခဲ့တဲ့အကြောင်းနဲ့ သူ့ရဲ့ တစ်နေ့တာအစီအစဉ်လေးတွေကို Academy Moht Moht Myint Aung ဆိုတဲ့ Facebook Page မှာ ရေးသားခဲ့ပါတယ်။

”မနက်(၁၀)နာရီသံဃာတော်တွေကိုပင့်ဖိတ်ပြီး ဆွမ်းကပ်တယ်။

မိခင်ကြီးနဲ့အတူရေစက်ချတယ်။We love အချစ်တော်လေးတွေပါ ရောက် လာတယ်။

မို့ဘဝအကြောင်းစုံသိတဲ့ ပြည်မြန်မာဦးအောင်ထွန်းနိုင်နဲ့သူတို့ကိုစကားတွေပြောခိုင်းတယ်။ ပြီးတော့မွေးနေ့ကိတ်ခွဲတယ်။

(သူတို့ကျေနပ်အောင် လှီးရုံဘဲလှီးတာ။ မို့အနုပညာပုံလေးတွေပါလို့ ကိတ်မုန့်ကိုမခွဲဘူး) မို့အစီအစဉ်အရ မို့ဖာသာ မို့ဘုန်ကြီးကျောင်း ကုဠီအိမ်ဆေးကြောသန့်စင်သွားဖို့ ကို We love အချစ်တော်တွေကလဲမရဘူး။

ဇွတ်လိုက်မယ်ဆိုတာကြီးဘဲ ပြီးတော့ သန့်ရှင်းရေးကိုအတင်း ဝင်လုပ်ကြတော့တာပဲ တက်ညီ လက်ညီ ပျော်စရာကြီးပဲ။

သန့်စင်ပြီးတော့မို့ကမိုးကုတ်ပေါက်ပေါက်ရဲ့Shangrila မှာလုပ်တဲ့ Show ပွဲကို ပြေးရသေးတယ်။

အပြန်မိခင်ကြီးကိုဝင်တွေ့ရတယ်။ ပုံလေးတွေတင်ပေးလိုက်တယ်နော်” ဆိုပြီးတော့ ရေးသားခဲ့ပါတယ်။

အကယ်ဒမီများရှင် မို့မို့မြင့်အောင်ဟာ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု ၃ ဆုကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။

သူဟာပေးအပ်လာတဲ့ဇာတ်ရုပ်တိုင်းကိုပီပြင်စွာသရုပ်ဆောင်နိုင်သူတစ်ဦးဖြစ်တာကြောင့်လက်ရှိအောင်မြင်နေတဲ့သရုပ်ဆောင်တိုင်းတက်သစ်စသရုပ်ဆောင်တိုင်းရဲ့အားကျလေးစားမှုတွေနဲ့အတူ စံပြအနုပညာရှင်တစ်ယောက်အဖြစ်ပါ သတ်မှတ်ခြင်းခံရပါတယ်။

မို့မို့မြင့်အောင် ဟာ အခုလက်ရှိ သရုပ်ဆောင်ရွေးချယ်မှု ပြိုင်ပွဲတွေမှာ အကဲဖြတ်ဒိုင်လူကြီးတစ်ယောက်အဖြစ် ပါဝင်ဆောင်ရွက် နေတာတွေလည်း ရှိပါတယ်။

Photo: Academy Moht Moht Myint Aung Fb Page

Credit – myanmarnewsmarket