Advertisement

ကားစီးပြီး ခါးပတ်မပတ်မိတဲ့ ဆရာတော်ကို ဦးရဲကြီးက (၂၅၀၀၀) လှူလိုက်တဲ့ အလှူ

ကားစီးပြီး ခါးပတ်မပတ်မိတဲ့ ဆရာတော်ကို ဦးရဲကြီးက (၂၅၀၀၀) လှူလိုက်တဲ့ အလှူ 2








ဟေ


ဆရာ​တော်​​မေး​တော့ ဦးရဲက





ဟေ






မုဆိုး လက်


==========

ဦးရဲကြီးက ဆရာတော်ကိုလှူတာလား ဆရာတော်က ဦးရဲကြီးကို လှူတာလား ဖတ်သာကြည့်တော့ဗျာ

ဒီ​နေ့ ဆရာ​တော်​ကသူ့ကား​မောင်​းတဲ့ဒရိုင်​ဘာမလာတာနဲ့ သာသနာ​ရေးရုံးကို သွားဖို့ဖုန်​းဆက်​​ခေါ်ကား​မောင်​းခိုင်​းတာနဲ့ လိုက်​​မောင်​းပို့လိုက်​တယ်​

ဆရာ​တော်​က ကမ္ဘာ​အေးရုံးမှာ လုပ်​စရာရှိတာ လုပ်​တယ်​ ကိုယ်​လဲ ရုံး​ရှေ့အပင်​​အောက်​မှာ ထိုင်​​စောင်​့​နေလိုက်​တယ်​

ဆရာ​တော်​လဲသူကိစ္စပြီး​တော့ ပြန်​ထွက်​လာတယ်​ ကား​မောင်​းပြီး ဆရာ​တော်​့​ကျောင်​းပြန်​ အလာ တံတားဖြူနား​ရောက်​​တော့ ကို​မော်​​တော်​ပီကယ်​ကတားပါ​လေ​ရော

​တော်​​သေးတယ်​ ကိုယ်​ကခါးပတ်​ပတ်​ထားလို့ ဦးရဲကြီးက

လိုင်​စင်​ပြ ဝိတက်​​ပေး ကိုယ်​လဲ​တောင်​းတာအကုန်​ထုတ်​​ပေးလိုက်​တယ်​ အကုန်​​သေချာစစ်​ပြီးပြန်​​ပေးတယ်​ကားထဲလဲ ဂရုတစိုက်​​သေချာလိုက်​ကြည်​့တယ်​

ဟာ ဆရာ​တော်​ ခါးပတ်​မပတ်​ဘူး

​ဟေ

ဘာမှဝင်​မမိန်​့ပဲ​နေတဲ့ဆရာ​တော်​ ​ဟေ ခနဲဖြစ်​သွားတယ်​ ငါကဘုန်​းကြီး​လေ ခါးပတ်​ပတ်​စရာလိုလို့လား

ဆရာ​တော်​​မေး​တော့ ဦးရဲက

ခါးပတ်​ကပတ်​ရပါမယ်​ဘုရား ခါးပတ်​မပတ်​ ရင်​ ဘယ်​လိုဆိုတာ

ဦးရဲကြီး​ပြော​တော့ ဆရာ​တော်​က သ​ဘော​ပေါက်​စွာနဲ့​ခေါင်​းညိတ်​ပြီး အိတ်​ထဲက ငါး​ထောင်​တန်​တစ်​ရွက်​ထုတ်​ ​ပေးတယ်​

ဆရာ​တော်​စွန်​့တဲ့ ငါး​ထောင်​တန်​ကို ဦးရဲကြီး ကတရိုတ​သေယူပြီး

တပြည်​့​တော်​ ကျန်​တာလှူလိုက်​ပါတယ်​ဘုရား

​ဟေ

ငါကမင်​းကို လှူတာမဟုတ်​ဘူးလား

ဆရာ​တော်​​မေးတာကို ဦးရဲကြီးကလက်​အုပ်​​လေးချီပြီး ခါးပတ်​မပတ်​ရင်​ ၃​သောင်​း​လေဆရာ​တော်​ရဲ့

​သြော်​ ​အေး ​အေး ၂​သောင်​းခွဲဒကာကလှူတဲ့ သ​ဘော​ပေါ့ သာဓုပါဗျာ သာဓုပါ

ဆရာ​တော်​လဲ သာဓု​ခေါ်အပြီး ကိုယ်​လဲကား ​မောင်​းလာခဲ့​တော့တယ်​

ဘာပဲဖြစ်​ဖြစ်​ ဦးရဲကြီးရဲ့အလှူကိုခင်​ဗျားတို့ အတုယူနိုင်​​အောင်​​ရေးလိုက်​ပါတယ်​ဗျာ

မုဆိုး လက်​

Credit-Zaw Aung Facebook မှကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။