ညီေလး ညီမေလး ဖတ္ဖို႔

ညီေလး၊ညီမေလးေရ

တကယ္ခ်စ္မွ လက္ထပ္ပါ။

မခ်စ္ရင္ လက္ျဖားနဲ႔ေတာင္ မထိပါနဲ႔။

အေပ်ာ္တြဲခ်င္လို႔ ခ်စ္သူမရွာပါနဲ႔။

ကိုယ္က ရည္းစားေတြအမ်ားႀကီးထားၿပီး

ကိုယ့္သားသမီးရလာမွ ဆုံးမရ

ခက္ခဲသြားပါလိမ့္မယ္။

တကယ္မခ်စ္ရင္ အခ်ိန္မလြန္ခင္

လမ္းခြဲပါ။ စိတ္ညစ္စရာေကာင္းတဲ့

အခ်စ္ေရးကို ရပ္တန္႔ပါ။လက္လြတ္

လိုက္ပါ။ ေသေရးရွင္ေရးက လြဲရင္

ဘယ္အရာမွ သင္ထင္သလို အေရးမႀကီး

ပါဘူး။

ညီေလး၊ညီမေလးေရ

ကိုယ့္ေဘးမွာ ကိုယ့္ကိုခ်စ္ေနတဲ့သူေတြ

ကို အေလးထားပါ။ ေက်းဇူးတင္ပါ။

အခြင့္အေရးရရင္ ရသလို ကိုယ့္ခ်စ္သူကို

ခ်စ္ေၾကာင္းျပသေပးပါ။

ညီေလး၊ညီမေလးေရ

လက္တြဲေဖာ္ကို ေသခ်ာစြာေရြးခ်ယ္ပါ။

သင့္ဘဝရဲ႕ေပ်ာ္ရႊင္မႈဟာ သူနဲ႔လည္း

သက္ဆိုင္ပါတယ္။

ညီေလး၊ညီမေလးေရ

ဘဝမွာ ရိုးရိုးသားသားေလး

ဝတ္စားဆင္ယင္ပါ။ ရိုးသားျဖဴစင္တဲ့ စိတ္နဲ႔ေနထိုင္ပါ။ ဒါေပမယ့္ ရိုးအ မသြား

ပါနဲ႔။ ရိုးအ လြန္းတဲ့သူဟာ လူေတြရဲ႕

အသုံးခ်မႈကို ခံရႏိုင္ပါတယ္။

ညီေလး၊ညီမေလးေရ

လူေတြ မျမင္သာတဲ့ ကုသိုလ္ေကာင္းမႈ

ေလးေတြ ပုံမွန္လုပ္ေပးပါ။

ဘုရားေပၚတက္ selfie ဆြဲၿပီး

ဒီေန႔ ဘယ္ဘုရားမွာ ေကာင္းမႈကုသိုလ္

လုပ္ခဲ့တယ္ ဆိုတာမ်ိဳးေတြထက္

တကယ္အကူအညီလိုအပ္သူေတြကို

ကူညီတာမ်ိဳးေတြ လုပ္ပါ။

လူအထင္ႀကီးခံလို၍ ကူညီတာမ်ိဳးေတြက

ေပ်ာ္ရႊင္မႈကို မေပးပါဘူး။

ျဖဴစင္တဲ့ႏွလုံးသားနဲ႔ ကူညီလိုက္စမ္းပါ။

ေက်းဇူးျပဳ၍ ဆက္ဖတ္ေပးပါ…

ကၽြန္ေတာ္ေရးတဲ့ စာေတြက

အားလုံးကို စိတ္ခြန္အားေတြေပး

လိမ့္မယ္လို႔ ယုံၾကည္ပါတယ္။

အကယ္၍ ကၽြန္ေတာ့္ရဲ႕ အေရးအသား

ေတြဟာ အဆိပ္အေတာက္ ျဖစ္ေစတယ္

ဆိုရင္ လုံးဝမဖတ္ပါနဲ႔လို႔ အႀကံေပး

ပါရေစ။ ၿပီးေတာ့ စာေတြဟာ

ကၽြန္ေတာ့္ရဲ႕ အေတြးအျမင္ေတြကို

စာအုပ္ေတြ ဖတ္ရင္း ရလာတဲ့

အသိအဥာဏ္ေတြနဲ႔ ေပါင္းစပ္

ထားတာပါ။ တစ္ခါတစ္ေလမွာ

ကၽြန္ေတာ္ အေတြးသိမ္လို႔ မွားတဲ့အခါ

ေတြရွိေကာင္း ရွိႏိုင္ပါတယ္။

အဲ့အခါက်ရင္ ကၽြန္ေတာ့္ရဲ႕ အမွားကို

ေထာက္ျပေပးပါ။

ကၽြန္ေတာ့္ရဲ႕ စာေတြကို ဖတ္ၿပီး

အားေပးၾကလို႔ အရမ္းေက်းဇူးတင္ပါတယ္

စာေရးသူနဲ႔ စာဖတ္သူက အျပန္အလွန္

မွီခိုေနၾကတာပါ။ အားလုံးရဲ႕အားေပးမႈ

ေတြက စာေတြဆက္ေရးဖို႔ အားျဖစ္

ေစပါတယ္။ စာေတြေရးတင္ရင္း

သိလိုက္ရတာက လူငယ္ေတာ္ေတာ္မ်ား

ဟာ စာေတြဖတ္လာၾကျပီ ဆိုတာပါ။

addေပးတာတို႔ followတို႔

လုပ္ေပးပါအုံး

ဘာလို႔လည္းဆိုေတာ့ followerေတြ

လိုခ်င္လို႔ မဟုတ္ပါဘူး။

gpေတြမွာတင္ရင္ ျပႆနာ

အနည္းငယ္ ရွိေနလို႔ပါ။

ကၽြန္ေတာ္ဟာ အရင္က အရမ္းအား

ငယ္တတ္တဲ့သူပါ။

လူလည္းအရမ္းေၾကာက္တတ္ပါတယ္။

ဘာဆိုဘာမွမလုပ္ရဲပါဘူး။

စာအုပ္ေတြ ဖတ္ရင္းကေန

လူေတြအေၾကာင္းပိုသိလာပါတယ္။

ကၽြန္ေတာ္လိုပဲ စိတ္ဓာတ္က်ေနသူ

ေတြကို ကူညီေပးဖို႔ အၾကံရတာကေန

စၿပီး စာေရးျဖစ္ခဲ့ပါတယ္။

ကၽြန္ေတာ့္ရဲ႕ တစ္ခုတည္းေသာ

ရည္ရြယ္ခ်က္က လူေတြကို

တတ္ႏိုင္သေလာက္ ကူညီဖို႔ပါ။

ေလးစားစြာျဖင့္
ကိုရဲ

Unicode >>>>

ညီလေး၊ညီမလေးရေ

တကယ်ချစ်မှ လက်ထပ်ပါ။

မချစ်ရင် လက်ဖြားနဲ့တောင် မထိပါနဲ့။

အပျော်တွဲချင်လို့ ချစ်သူမရှာပါနဲ့။

ကိုယ်က ရည်းစားတွေအများကြီးထားပြီး

ကိုယ့်သားသမီးရလာမှ ဆုံးမရ

ခက်ခဲသွားပါလိမ့်မယ်။

တကယ်မချစ်ရင် အချိန်မလွန်ခင်

လမ်းခွဲပါ။ စိတ်ညစ်စရာကောင်းတဲ့

အချစ်ရေးကို ရပ်တန့်ပါ။လက်လွတ်

လိုက်ပါ။ သေရေးရှင်ရေးက လွဲရင်

ဘယ်အရာမှ သင်ထင်သလို အရေးမကြီး

ပါဘူး။

ညီလေး၊ညီမလေးရေ

ကိုယ့်ဘေးမှာ ကိုယ့်ကိုချစ်နေတဲ့သူတွေ

ကို အလေးထားပါ။ ကျေးဇူးတင်ပါ။

အခွင့်အရေးရရင် ရသလို ကိုယ့်ချစ်သူကို

ချစ်ကြောင်းပြသပေးပါ။

ညီလေး၊ညီမလေးရေ

လက်တွဲဖော်ကို သေချာစွာရွေးချယ်ပါ။

သင့်ဘဝရဲ့ပျော်ရွှင်မှုဟာ သူနဲ့လည်း

သက်ဆိုင်ပါတယ်။

ညီလေး၊ညီမလေးရေ

ဘဝမှာ ရိုးရိုးသားသားလေး

ဝတ်စားဆင်ယင်ပါ။ ရိုးသားဖြူစင်တဲ့ စိတ်နဲ့နေထိုင်ပါ။ ဒါပေမယ့် ရိုးအ မသွား

ပါနဲ့။ ရိုးအ လွန်းတဲ့သူဟာ လူတွေရဲ့

အသုံးချမှုကို ခံရနိုင်ပါတယ်။

ညီလေး၊ညီမလေးရေ

လူတွေ မမြင်သာတဲ့ ကုသိုလ်ကောင်းမှု

လေးတွေ ပုံမှန်လုပ်ပေးပါ။

ဘုရားပေါ်တက် selfie ဆွဲပြီး

ဒီနေ့ ဘယ်ဘုရားမှာ ကောင်းမှုကုသိုလ်

လုပ်ခဲ့တယ် ဆိုတာမျိုးတွေထက်

တကယ်အကူအညီလိုအပ်သူတွေကို

ကူညီတာမျိုးတွေ လုပ်ပါ။

လူအထင်ကြီးခံလို၍ ကူညီတာမျိုးတွေက

ပျော်ရွှင်မှုကို မပေးပါဘူး။

ဖြူစင်တဲ့နှလုံးသားနဲ့ ကူညီလိုက်စမ်းပါ။

ကျေးဇူးပြု၍ ဆက်ဖတ်ပေးပါ…

ကျွန်တော်ရေးတဲ့ စာတွေက

အားလုံးကို စိတ်ခွန်အားတွေပေး

လိမ့်မယ်လို့ ယုံကြည်ပါတယ်။

အကယ်၍ ကျွန်တော့်ရဲ့ အရေးအသား

တွေဟာ အဆိပ်အတောက် ဖြစ်စေတယ်

ဆိုရင် လုံးဝမဖတ်ပါနဲ့လို့ အကြံပေး

ပါရစေ။ ပြီးတော့ စာတွေဟာ

ကျွန်တော့်ရဲ့ အတွေးအမြင်တွေကို

စာအုပ်တွေ ဖတ်ရင်း ရလာတဲ့

အသိအဉာဏ်တွေနဲ့ ပေါင်းစပ်

ထားတာပါ။ တစ်ခါတစ်လေမှာ

ကျွန်တော် အတွေးသိမ်လို့ မှားတဲ့အခါ

တွေရှိကောင်း ရှိနိုင်ပါတယ်။

အဲ့အခါကျရင် ကျွန်တော့်ရဲ့ အမှားကို

ထောက်ပြပေးပါ။

ကျွန်တော့်ရဲ့ စာတွေကို ဖတ်ပြီး

အားပေးကြလို့ အရမ်းကျေးဇူးတင်ပါတယ်

စာရေးသူနဲ့ စာဖတ်သူက အပြန်အလှန်

မှီခိုနေကြတာပါ။ အားလုံးရဲ့အားပေးမှု

တွေက စာတွေဆက်ရေးဖို့ အားဖြစ်

စေပါတယ်။ စာတွေရေးတင်ရင်း

သိလိုက်ရတာက လူငယ်တော်တော်များ

ဟာ စာတွေဖတ်လာကြပြီ ဆိုတာပါ။

addပေးတာတို့ followတို့

လုပ်ပေးပါအုံး

ဘာလို့လည်းဆိုတော့ followerတွေ

လိုချင်လို့ မဟုတ်ပါဘူး။

gpတွေမှာတင်ရင် ပြဿနာ

အနည်းငယ် ရှိနေလို့ပါ။

ကျွန်တော်ဟာ အရင်က အရမ်းအား

ငယ်တတ်တဲ့သူပါ။

လူလည်းအရမ်းကြောက်တတ်ပါတယ်။

ဘာဆိုဘာမှမလုပ်ရဲပါဘူး။

စာအုပ်တွေ ဖတ်ရင်းကနေ

လူတွေအကြောင်းပိုသိလာပါတယ်။

ကျွန်တော်လိုပဲ စိတ်ဓာတ်ကျနေသူ

တွေကို ကူညီပေးဖို့ အကြံရတာကနေ

စပြီး စာရေးဖြစ်ခဲ့ပါတယ်။

ကျွန်တော့်ရဲ့ တစ်ခုတည်းသော

ရည်ရွယ်ချက်က လူတွေကို

တတ်နိုင်သလောက် ကူညီဖို့ပါ။

လေးစားစွာဖြင့်
ကိုရဲ