Advertisement

အနေဝေးလို့ဆိုတာ … စကားမပြောရင်း မပြောရင်းကနေပဲ မပြောချင် ကြတော့ဘူး …။

အနေဝေးလို့ဆိုတာ ...  စကားမပြောရင်း မပြောရင်းကနေပဲ  မပြောချင် ကြတော့ဘူး ...။ 2

ရှင်းနေတာပဲ …

ခွဲထွက်သွားတယ် ဆိုကတည်းက

တွဲဖက်မထားချင်လို့ပေါ့

ဘာလို့ ဆွဲဖက်ထားချင်သေးတာလဲ

လိုမှ မလိုတော့တာ …

ရှင်းနေတာပဲ

စွန့်ခွာသွားတယ် ဆိုကတည်းက

မလိုအပ်တော့လို့ပေါ့

ဘာလို့ အကြင်နာတွေထားချင်သေးတာလဲ

လိုမှ မလိုတော့တာ

ရှင်းနေတာပဲ

ဂရုမစိုက်ဘူး ဆိုကတည်းက

အသုံးမ၀င်တော့လို့ပေါ့

ဘာလို့ မေတ္တာတွေထားချင်သေးတာလဲ

လိုမှ မလိုတော့တာ

ရှင်းနေတာပဲ

ခေါက်ထားတယ် ဆိုကတည်းက

နောက်ဇယားရှာချင်လို့ပေါ့

ဘာလို့ မှောက်မှားချင်သေးတာလဲ

လိုမှ မလိုတော့တာ …

ရှင်းနေတာပဲ

မခေါ်တော့ဘူး ဆိုကတည်းက

အပျော်တွဲချင်လို့ပေါ့

ဘာလို့ မျှော်ချင်သေးတာလဲ

လိုမှ မလိုတော့တာ …

ရှင်းနေတာပဲ

မလာတော့ဘူး ဆိုကတည်းက

မသာယာနိုင်တော့လို့ပေါ့

ဘာလို့ ပြန်လာစေချင်သေးတာလဲ

လိုမှ မလိုတော့တာ …

အနေဝေးလို့ဆိုတာ …

စကားမပြောရင်း မပြောရင်းကနေပဲ

မပြောချင် ကြတော့ဘူး …။

မဆက်သွယ်ရင်း မဆက်သွယ်ရင်းကနေပဲ

မဆက်သွယ်ချင်ကြတော့ဘူး …။

မ​တွေ့ရင်း မ​တွေ့ ရင်း က​နေပဲ

မ​တွေ့ ချင်​ ကြ​တော့ဘူး …။

မခေါ်ရင်း မခေါ်ရင်းကနေပဲ

မခေါ်ဖြစ် ကြတော့ဘူး …။

မ​ပြော ရင်း မ​ပြောရင်းက​နေပဲ

မ​ပြောဖြစ်​ကြ​တော့ဘူး …။

မသွားရင်းမသွားရင်း က​နေပဲ

မ​ရောက်​ဖြစ်​ကြ​တော့ဘူး​ …။

မေ့ထားရင်း ​မေ့ထား ရင်းက​နေပဲ

သတိမရကြ​တော့ဘူး …။

ဒီလိုနဲ့ပဲ ..

ဝေးကွာခြင်း အစ ​သွေး​အေးရာက​နေပြီး

အစ မသိခင်​သူစိမ်းတစ်​​ယောက်​လိုဘဲ ဖြစ်​လာ ကြတယ်​ …။

တန်​ဖိုးမထားလို့

အ​လေးနက်​မထားတာပါ

သက်​မဲ့ ပစ္စည်း ​တောင်​ ကိုယ်​ ကြိုက်​လို့

နှစ်​သက်​မိတာဆို အလုပ်​မအား ရင်​​တောင်

တစ်​ခါ​လောက်​​တော့ ကိုင်​တွယ်​လို့ ကြည်​မိ အမှတ်​ထားမိမှာပါ …။

အ​နေ​ဝေးလို့သွေး​အေးတယ်​ဆိုတာ

တကယ်​ချစ်​ကြတဲ့ သူ​တွေ

တကယ်​ခင်​ကြတဲ့ သူ​တွေကြားမှာ​တော့

ရယ်​စရာဟာသ ပျက်​လုံး တစ်​ခု ပါ

သွေး​အေးလို့ သူစိမ်းဆန်​သွားတယ်​ဆိုတာ

အစကထဲကကို ကိုယ်​က သူ့တွက်​​နေရာ မရှိ ခဲ့ လို့ပါ …။ ဒါပါပဲ

နေစမ်းပါ

ကိုယ့်မာနနဲ့ ကိုယ် …

ပျော်စမ်းပါ

ကိုယ့်သာယာမှုနဲ့ ကိုယ် …

ရောလွန်းရင် ပေါသွားလိမ့်မယ်

လွယ်လွန်းရင် တွယ်သွားလိမ့်မယ်

ပေးလွန်းရင် အေးသွားလိမ့်မယ် …

မိန်းကလေးတွေရဲ့သဘာဝက

ခြေဖမိုးပေါ်ကို ကြွေကျတဲ့ပန်းတစ်ခက်ထက်

အပင်ပေါ်မှာ ရှိနေတဲ့ပန်းတစ်ပွင့်ကိုပဲ

ပိုစိတ်ဝင်စားကြတယ် …

ယောက်ျားလေးတွေရဲ့သဘာဝက

အဖုံးပွင့်ပြီးသား ရေသန့်တစ်ဗူးထက်

အလုံပိတ်ထားတဲ့ ရေသန့်တစ်ဗူးကိုပဲ

ပိုစိတ်ဝင်စားကြတယ် …

ကိုယ့်တန်ဖိုးနဲ့ ကိုယ်နေ

ကိုယ်နေတဲ့ အဆင့်အတန်းဆိုတာ

ကိုယ့်ဘာသာမြှင့်မှပဲ မြင့်မှာမို့ပါ …

စာဖတ်သူအားလုံးကျေးဇူးပါ။

Kurneair Zion