စီးပြါးေရးမွာ သိပ္အားက်ရတဲ႕သူတစ္ေယာက္ရွိတယ္။ သူ ေျပာဖူးတဲ႕ စကား ျပန္ share မယ္

စီးပြါးေရးမွာ သိပ္အားက်ရတဲ႕သူတစ္ေယာက္ရွိတယ္။

သူ ေျပာဖူးတဲ႕ စကား ျပန္ share မယ္

လူတစ္ေယာက္က တစ္လ ဝင္ေငြ ၁ သိန္းရတယ္ဆိုပါေတာ့

တစ္လ ကို ၅ ေသာင္းသံုးတယ္

သူ တစ္လ ဝင္ေငြ ၅ ေသာင္းပဲ

ရေတာ့တဲ႕အခါ ဘာလုပ္မလဲ တဲ႕

ကိုယ္ ခ်က္ျခင္းေျဖခဲ႕တယ္

အသံုးစားရိတ္ကို တဝက္ေလ်ွာ့သံုးမွာေပါ့လို႕

သူ ရီတယ္

အာ့လိုေတြးရင္ သူေဌးမျဖစ္ေတာ့ဘူးတဲ႕

ဟင္ ဒါဆို ဘယ္လိုေတြးရမလဲ ဆိုေတာ့

တစ္လကို ၅ ေသာင္း အသံုးစားရိတ္ရွိေနရင္

ငါ အျမဲ ဒီလို သံုးနိုင္ေအာင္ ဘယ္လိုရွာရမလဲ ေတြးေပါ့တဲ႕

ေလ်ွာ့သံုးဖို႕ထက္

တိုးရွာနိုင္ေအာင္ လုပ္ေလ တဲ႕

ဟင္ ေစာေစာကေျပာေတာ့

ဝင္ေငြက တစ္ဝက္က်သြားတာဆို

ဆိုေတာ့

သူ ထပ္ရီတယ္

အင္းေလ ဒီစီးပြါးက ေငြဝင္နဲရင္ အျခားတစ္ခုနဲ႕ ခုဖို႕ႀကံေပါ့

အခ်ိန္တိုင္း ႀကံစည္ေန ရမွာပဲေလ

လူဆိုတာ ေမြးစကေန ေသသည္အထိ

ေျပးလမ္းေပၚမွာေျပးေနသလိုပဲ

ပူေလာင္လိုက္တာ မေျပာနဲ႕ေနာ္

ေအးခ်မ္းခ်င္ တရားရိပ္ခိုလိုက္ေပါ့ တဲ႕

အဲ႕ဒိလူဟာ အသက္ ၂၃ ႏွစ္မွာ စက္ေလွအစီး ၈၀ ပိုင္တဲ႕

Company ရဲ႕ Director ျဖစ္ေနျပီ

သူငယ္စဥ္က သူ႕မိသားစုဟာ စက္ေလွ ၁ စီးထဲနဲ႕ငါးဖမ္းလုပ္ငန္းလုပ္ခဲ႕သူေတြပါ

သူ႕ဘဝမွာ ရုပ္ရွင္ရံုလဲ မသိဘူး

ပန္းျခံလဲမသိဘူး

အခ်စ္ကိုလဲဦးစားမေပးခဲ႕ဘူး

အလုပ္ခ်ိန္ ခ်စ္သူကို သတိရမိရင္ေတာင္

မင္းေႀကာင့္ ငါ အာရံုစိုက္မရျဖစ္တယ္ကြ

ဆိုျပီး လွမ္းဆဲတတ္တဲ႕သူမ်ိဳးး

သူ႕မွာ

လူငယ္ဘဝလဲဆံုးရံႈးတယ္

ဒီေတာ့ ေပ်ာ္စရာဆိုတာ မရွိသေလာက္ပဲ

ဒီေတာ့ ကိုယ္ေမးတယ္

ဒီလို ေနရတာ ေပ်ာ္ရဲ႕လားး

ဘဝက ဘာအဓိပၸါယ္ရွိမလဲ

ဆိုေတာ့

အနည္းဆံုးေတာ့ ကိုယ့္ညီေတြကို

နိုင္ငံျခားမွာေက်ာင္းထားနိုင္တယ္

ဆင္းရဲသူေတြ ကို ေပးနိုင္လႈႏိုင္တယ္

မက်န္းမာတဲ႕အခါ ကုနိုင္တယ္

ေဆြေတြမ်ိဳးေတြကို ေထာက္ပံ႔ႏိုင္တယ္

တေန႕ သားသမီးရွိလာရင္

ျပည့္စံုမႈေပးနိုင္တယ္ ေလ

ေငြမရွိပဲ ငယ္ဘဝကိုေပါ့ေပါ့ပါးပါး

ေပ်ာ္ေနခဲ႕မယ္ဆို

အတၲႀကီးရာ က်တာေပါ့တဲ႕

ဘဝမွာ တခုပဲရမယ္ ေအာင္ျမင္မႈလားး

ေအးခ်မ္းမႈလားး

ႏွစ္ခုလံုးမလိုခ်င္နဲ႕ေလ တဲ႕

ဒီလူ႕ႏွယ္ အူေႀကာင္ေႀကာင္ေတြးလိုက္တာ လို႕

ကိုယ္ေတြးဘူးတယ္

ဒါေပမယ့္ ႀကာလာေလ

သေဘာေပါက္လာေလပဲ

ထမင္းႀကမ္းကို ယပ္ခပ္စားရတာ

ျပသနာမဟုတ္ေပမယ့္

ကိုယ္ခ်စ္တဲ႕သူေတြ မျပည့္မစံုျဖစ္တာ

ထိုင္ႀကည့္ရတဲ႕အခါေတာ့

အေတာ့ကို နာက်င္ရတယ္

သူမ်ားစားရင္ ေက်ြးခ်င္တယ္

သူမ်ားဝတ္ရင္ ဆင္ခ်င္တယ္

သူမ်ားေပးရင္ ကိုယ္လဲေပးခ်င္တယ္

ဒါ ေလာဘ ဆို

ဟုတ္တယ္ က်မ သိပ္ေလာဘႀကီးတာပဲ

Credit ShwePaing

Unicode >>>

စီးပွါးရေးမှာ သိပ်အားကျရတဲ့သူတစ်ယောက်ရှိတယ်။

သူ ပြောဖူးတဲ့ စကား ပြန် share မယ်

လူတစ်ယောက်က တစ်လ ဝင်ငွေ ၁ သိန်းရတယ်ဆိုပါတော့

တစ်လ ကို ၅ သောင်းသုံးတယ်

သူ တစ်လ ဝင်ငွေ ၅ သောင်းပဲ

ရတော့တဲ့အခါ ဘာလုပ်မလဲ တဲ့

ကိုယ် ချက်ခြင်းဖြေခဲ့တယ်

အသုံးစားရိတ်ကို တဝက်လျှော့သုံးမှာပေါ့လို့

သူ ရီတယ်

အာ့လိုတွေးရင် သူဌေးမဖြစ်တော့ဘူးတဲ့

ဟင် ဒါဆို ဘယ်လိုတွေးရမလဲ ဆိုတော့

တစ်လကို ၅ သောင်း အသုံးစားရိတ်ရှိနေရင်

ငါ အမြဲ ဒီလို သုံးနိုင်အောင် ဘယ်လိုရှာရမလဲ တွေးပေါ့တဲ့

လျှော့သုံးဖို့ထက်

တိုးရှာနိုင်အောင် လုပ်လေ တဲ့

ဟင် စောစောကပြောတော့

ဝင်ငွေက တစ်ဝက်ကျသွားတာဆို

ဆိုတော့

သူ ထပ်ရီတယ်

အင်းလေ ဒီစီးပွါးက ငွေဝင်နဲရင် အခြားတစ်ခုနဲ့ ခုဖို့ကြံပေါ့

အချိန်တိုင်း ကြံစည်နေ ရမှာပဲလေ

လူဆိုတာ မွေးစကနေ သေသည်အထိ

ပြေးလမ်းပေါ်မှာပြေးနေသလိုပဲ

ပူလောင်လိုက်တာ မပြောနဲ့နော်

အေးချမ်းချင် တရားရိပ်ခိုလိုက်ပေါ့ တဲ့

အဲ့ဒိလူဟာ အသက် ၂၃ နှစ်မှာ စက်လှေအစီး ၈၀ ပိုင်တဲ့

Company ရဲ့ Director ဖြစ်နေပြီ

သူငယ်စဉ်က သူ့မိသားစုဟာ စက်လှေ ၁ စီးထဲနဲ့ငါးဖမ်းလုပ်ငန်းလုပ်ခဲ့သူတွေပါ

သူ့ဘဝမှာ ရုပ်ရှင်ရုံလဲ မသိဘူး

ပန်းခြံလဲမသိဘူး

အချစ်ကိုလဲဦးစားမပေးခဲ့ဘူး

အလုပ်ချိန် ချစ်သူကို သတိရမိရင်တောင်

မင်းကြောင့် ငါ အာရုံစိုက်မရဖြစ်တယ်ကွ

ဆိုပြီး လှမ်းဆဲတတ်တဲ့သူမျိုးး

သူ့မှာ

လူငယ်ဘဝလဲဆုံးရှုံးတယ်

ဒီတော့ ပျော်စရာဆိုတာ မရှိသလောက်ပဲ

ဒီတော့ ကိုယ်မေးတယ်

ဒီလို နေရတာ ပျော်ရဲ့လားး

ဘဝက ဘာအဓိပ္ပါယ်ရှိမလဲ

ဆိုတော့

အနည်းဆုံးတော့ ကိုယ့်ညီတွေကို

နိုင်ငံခြားမှာကျောင်းထားနိုင်တယ်

ဆင်းရဲသူတွေ ကို ပေးနိုင်လှုနိုင်တယ်

မကျန်းမာတဲ့အခါ ကုနိုင်တယ်

ဆွေတွေမျိုးတွေကို ထောက်ပံ့နိုင်တယ်

တနေ့ သားသမီးရှိလာရင်

ပြည့်စုံမှုပေးနိုင်တယ် လေ

ငွေမရှိပဲ ငယ်ဘဝကိုပေါ့ပေါ့ပါးပါး

ပျော်နေခဲ့မယ်ဆို

အတ္တကြီးရာ ကျတာပေါ့တဲ့

ဘဝမှာ တခုပဲရမယ် အောင်မြင်မှုလားး

အေးချမ်းမှုလားး

နှစ်ခုလုံးမလိုချင်နဲ့လေ တဲ့

ဒီလူ့နှယ် အူကြောင်ကြောင်တွေးလိုက်တာ လို့

ကိုယ်တွေးဘူးတယ်

ဒါပေမယ့် ကြာလာလေ

သဘောပေါက်လာလေပဲ

ထမင်းကြမ်းကို ယပ်ခပ်စားရတာ

ပြသနာမဟုတ်ပေမယ့်

ကိုယ်ချစ်တဲ့သူတွေ မပြည့်မစုံဖြစ်တာ

ထိုင်ကြည့်ရတဲ့အခါတော့

အတော့ကို နာကျင်ရတယ်

သူများစားရင် ကျွေးချင်တယ်

သူများဝတ်ရင် ဆင်ချင်တယ်

သူများပေးရင် ကိုယ်လဲပေးချင်တယ်

ဒါ လောဘ ဆို

ဟုတ်တယ် ကျမ သိပ်လောဘကြီးတာပဲ

Credit ShwePaing