Advertisement

“ရင္နင့္ေအာင္ခံစားရေသာ အျဖစ္အပ်က္ကေလးတစ္ခု”

"ရင္နင့္ေအာင္ခံစားရေသာ အျဖစ္အပ်က္ကေလးတစ္ခု" 2

တစ္ေန႔မွာ က်ေနာ္လမ္းေလွ်ာက္ေနတုန္း ဖုန္းသံျမည္လာတယ္…

ဖုန္းေကာက္ကိုင္လိုက္ေတာ့ ဖုန္းသံထဲက ၾကားရတဲ့အသံက ႏုနယ္တဲ့ မိန္းကေလးေလးရဲ႕အသံေလးပါ…

“ေဖေဖ ျမန္ျမန္ ျပန္လာေတာ့ေလ… မီးမီး ေဖ့ေဖ့ကို အရမ္းသတိရေနတယ္…”

အာရံုမွာ ခ်က္ခ်င္းသိလိုက္တယ္… ဒါဟာ ဖုန္းမွားေနတယ္ဆိုတာ…

ဒီေခတ္ဒီခါမွာ ဒါမ်ိဳးဟာ မထူးဆန္းေတာ့ပါဘူး…

က်ေနာ္လဲ စိတ္မရွည္စြာနဲ႔ဘဲ ေျပာလိုက္တယ္… “ဖုန္းမွားေနၿပီ” ဆိုၿပီး ဖုန္းကိုခ်လိုက္တယ္…

ေနာက္ရက္ေတြမွာလဲ ဒီဖုန္းနံပါတ္နဲ႔ ခဏခဏ မွား၀င္လာတယ္…

စိတ္အေႏွာင့္အယွက္ ျဖစ္လာတယ္… တခါတေလ စိတ္တိုၿပီး ေအာ္ေျပာလိုက္တယ္… တခါတေလ ဖုန္းမကိုင္ဘဲ ဒီတိုင္းထားလိုက္တယ္…

တေန႕မွာ အဲဒီဖုန္းနံပါတ္နဲ႕ ခဏခဏ ဖုန္း၀င္လာတယ္… ခါတိုင္းနဲ႔မတူတာက ဖုန္းမကိုင္မခ်င္းကို ေခၚေနေတာ့တာဘဲ…

ေနာက္ဆံုးေတာ့လဲ က်ေနာ္ ဖုန္းကို လက္ခံၿပီးနားေထာင္လိုက္တယ္…

ဟိုးဘက္က ၾကားရတဲ့အသံေလးက ေတာ္ေတာ္ေလးကို အားေပ်ာ့ေနတဲ့ မိန္းကေလးေလးရဲ႕အသံေလးပါ…

“ေဖေဖ ျမန္ျမန္ျပန္လာေတာ့ေလ… မီးမီး ေဖေဖ့ကို သတိရတယ္… ေမေမက ေျပာတယ္… ဒီဖုန္းနံပါတ္မမွားဘူးတဲ့… ေဖေဖ ရဲ႕ဖုန္းနံပါတ္ဘဲတဲ့…

မီးမီး အရမ္းနာေနတယ္… ေမေမကေျပာတယ္… ေဖေဖက အလုပ္အရမ္းမ်ားေနတယ္တဲ့… သမီးကို ေမေမ တစ္ေယာက္တည္းဘဲ ျပဳစုေနတာ …

ေမေမလဲ ေတာ္ေတာ္ေလး ပင္ပန္းေနၿပီ… သမီးသိတယ္… ေဖေဖ အလုပ္အရမ္းရႈပ္ေနတယ္ဆိုတာ…

ေဖေဖ မလာႏိုင္ရင္လဲ မီးကို ဖုန္းကေနဘဲ ေမြးေမြး တစ္ခ်က္ေပးပါေနာ္…”

ကေလးေလးရဲ႕ ရိုးသားလွတဲ့ေတာင္းဆိုမႈေလးကို က်ေနာ္ မျငင္းဆန္ႏိုင္ခဲ့ဘူး… ဖုန္းနားကို ကပ္ၿပီး မြက္မြက္ ဆိုၿပီး ေမြးေမြးေပးလိုက္တယ္…

ဟုိဘက္က ကေလးေလးရဲ႕ ေျပာေနသံေလးကိုၾကားလိုက္ရတယ္…

“ေက်းဇူးဘဲ ေဖေဖ… မီး အရမ္းေပ်ာ္သြားၿပီ… မီး ေဖေဖ့ကို အရမ္းခ်စ္တယ္”

က်ေနာ္ဒီဖုန္းကို စိတ္၀င္စားလာတယ္…

ဖုန္းေကာက္ဆက္လိုက္ေတာ့ ဖုန္းကိုင္လိုက္တာက မိန္းကေလးမဟုတ္ဘဲ အသံေလးေနတဲ့ အမ်ိဳးသမီးတစ္ေယာက္ရဲ႕ အသံ…

“အစ္ကို႔ကို ေတာင္းပန္းပါတယ္… ဒီရက္ပိုင္းမွာ အစ္ကိုလဲေတာ္ေတာ္ေလး စိတ္ရႈပ္သြားမိလိမ့္မယ္…

က်မ လုပ္စရာေလးေတြ ၿပီးလို႔ရွိရင္ အစ္ကိုဆီ ဖုန္းဆက္ၿပီး ေတာင္းပန္ဖို႔ စီစဥ္းထားတယ္…

ဒီ ကေလးေလးရဲ႕ ကံၾကမၼာ မေကာင္းရွာဘူး… ေမြကတည္းက ေမြးရာပါ အရိုးကင္ဆာ ပါလာတယ္…

သူ႔ေဖေဖကလဲ ၿပီးခဲ့တဲ့ ရက္ပိုင္းကမွ ကားတိုက္မိလို႔ ဆံုးသြားတာ မၾကာေသးဘူး… ဒီကိစၥ သူ႕ကို ေျပာျပဖို႔ က်မမွာ အင္အားမရွိဘူး…

ေန႔တိုင္း ေဆးေတြထိုးရတာ အျမဲတမ္းလိုလို နာက်င္ေနၿပီ… ကေလးေလးလဲ ဒီဒဏ္ကို ေတာ္ေတာ္ေလးခံေနရၿပီ…

နာက်င္မႈေ၀ဒနာ အဆိုးဆံုး အခ်ိန္ေတြမွာ သူ႔ပါးစပ္ကေန တတြတ္တြတ္ ေအာ္ေနတာကေတာ့ အရင္က သူ႔အနားမွာ သူ႔ကို သတၱိ ရွိဖို႔ အျမဲတမ္း အားေပးေနတဲ့

သူ႔ေဖေဖ ပါဘဲ… က်မလဲ မၾကည့္ရက္ေတာ့လို႔ ဖုန္းနံပါတ္ တစ္ခုေပးလိုက္တာ အစ္ကိုရဲ႕ဖုန္းနံပါတ္ျဖစ္ေနတာပါ”

“အဲ့ ကေလး အခု အေျခအေနဘယ္လိုေနေသးလဲ” က်ေနာ္သိခ်င္ေစာနဲ႔ေကာက္ေမးလိုက္တယ္…

“မီးမီးေလး လူ႕ဘ၀ကေန ထြက္သြားပါၿပီ… အစ္ကို အဲဒီ အခ်ိန္တုန္းက သူ႕ကို ဖုန္းထဲကေန အနမ္းေလးေပးလိုက္ပံုရတယ္…

ဟုတ္တယ္မဟုတ္လား… ဘာလို႔လဲဆိုေတာ့ သူက ၿပံဳၿပီး ထြက္သြားတာပါ… ထြက္သြားခါနီး

သူ႕ရဲ႕လက္ေသးေသးေလးထဲမွာ “ေဖေဖ့” အသံကို ၾကားႏိုင္တဲ့ ဖုန္းကို ျမဲျမဲ ဆုပ္ကိုင္ထားရွာတယ္…”

Zane

မွ်ေ၀ေပးျခင္းဟာလည္း ေမတၱာတစ္ခုပါပဲ။

Unicode >>>>

“ရင်နင့်အောင်ခံစားရသော အဖြစ်အပျက်ကလေးတစ်ခု”

တစ်နေ့မှာ ကျနော်လမ်းလျှောက်နေတုန်း ဖုန်းသံမြည်လာတယ်…

ဖုန်းကောက်ကိုင်လိုက်တော့ ဖုန်းသံထဲက ကြားရတဲ့အသံက နုနယ်တဲ့ မိန်းကလေးလေးရဲ့အသံလေးပါ…

“ဖေဖေ မြန်မြန် ပြန်လာတော့လေ… မီးမီး ဖေ့ဖေ့ကို အရမ်းသတိရနေတယ်…”

အာရုံမှာ ချက်ချင်းသိလိုက်တယ်… ဒါဟာ ဖုန်းမှားနေတယ်ဆိုတာ…

ဒီခေတ်ဒီခါမှာ ဒါမျိုးဟာ မထူးဆန်းတော့ပါဘူး…

ကျနော်လဲ စိတ်မရှည်စွာနဲ့ဘဲ ပြောလိုက်တယ်… “ဖုန်းမှားနေပြီ” ဆိုပြီး ဖုန်းကိုချလိုက်တယ်…

နောက်ရက်တွေမှာလဲ ဒီဖုန်းနံပါတ်နဲ့ ခဏခဏ မှားဝင်လာတယ်…

စိတ်အနှောင့်အယှက် ဖြစ်လာတယ်… တခါတလေ စိတ်တိုပြီး အော်ပြောလိုက်တယ်… တခါတလေ ဖုန်းမကိုင်ဘဲ ဒီတိုင်းထားလိုက်တယ်…

တနေ့မှာ အဲဒီဖုန်းနံပါတ်နဲ့ ခဏခဏ ဖုန်းဝင်လာတယ်… ခါတိုင်းနဲ့မတူတာက ဖုန်းမကိုင်မချင်းကို ခေါ်နေတော့တာဘဲ…

နောက်ဆုံးတော့လဲ ကျနော် ဖုန်းကို လက်ခံပြီးနားထောင်လိုက်တယ်…

ဟိုးဘက်က ကြားရတဲ့အသံလေးက တော်တော်လေးကို အားပျော့နေတဲ့ မိန်းကလေးလေးရဲ့အသံလေးပါ…

“ဖေဖေ မြန်မြန်ပြန်လာတော့လေ… မီးမီး ဖေဖေ့ကို သတိရတယ်… မေမေက ပြောတယ်… ဒီဖုန်းနံပါတ်မမှားဘူးတဲ့… ဖေဖေ ရဲ့ဖုန်းနံပါတ်ဘဲတဲ့…

မီးမီး အရမ်းနာနေတယ်… မေမေကပြောတယ်… ဖေဖေက အလုပ်အရမ်းများနေတယ်တဲ့… သမီးကို မေမေ တစ်ယောက်တည်းဘဲ ပြုစုနေတာ …

မေမေလဲ တော်တော်လေး ပင်ပန်းနေပြီ… သမီးသိတယ်… ဖေဖေ အလုပ်အရမ်းရှုပ်နေတယ်ဆိုတာ…

ဖေဖေ မလာနိုင်ရင်လဲ မီးကို ဖုန်းကနေဘဲ မွေးမွေး တစ်ချက်ပေးပါနော်…”

ကလေးလေးရဲ့ ရိုးသားလှတဲ့တောင်းဆိုမှုလေးကို ကျနော် မငြင်းဆန်နိုင်ခဲ့ဘူး… ဖုန်းနားကို ကပ်ပြီး မွက်မွက် ဆိုပြီး မွေးမွေးပေးလိုက်တယ်…

ဟိုဘက်က ကလေးလေးရဲ့ ပြောနေသံလေးကိုကြားလိုက်ရတယ်…

“ကျေးဇူးဘဲ ဖေဖေ… မီး အရမ်းပျော်သွားပြီ… မီး ဖေဖေ့ကို အရမ်းချစ်တယ်”

ကျနော်ဒီဖုန်းကို စိတ်ဝင်စားလာတယ်…

ဖုန်းကောက်ဆက်လိုက်တော့ ဖုန်းကိုင်လိုက်တာက မိန်းကလေးမဟုတ်ဘဲ အသံလေးနေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အသံ…

“အစ်ကို့ကို တောင်းပန်းပါတယ်… ဒီရက်ပိုင်းမှာ အစ်ကိုလဲတော်တော်လေး စိတ်ရှုပ်သွားမိလိမ့်မယ်…

ကျမ လုပ်စရာလေးတွေ ပြီးလို့ရှိရင် အစ်ကိုဆီ ဖုန်းဆက်ပြီး တောင်းပန်ဖို့ စီစဉ်းထားတယ်…

ဒီ ကလေးလေးရဲ့ ကံကြမ္မာ မကောင်းရှာဘူး… မွေကတည်းက မွေးရာပါ အရိုးကင်ဆာ ပါလာတယ်…

သူ့ဖေဖေကလဲ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ကားတိုက်မိလို့ ဆုံးသွားတာ မကြာသေးဘူး… ဒီကိစ္စ သူ့ကို ပြောပြဖို့ ကျမမှာ အင်အားမရှိဘူး…

နေ့တိုင်း ဆေးတွေထိုးရတာ အမြဲတမ်းလိုလို နာကျင်နေပြီ… ကလေးလေးလဲ ဒီဒဏ်ကို တော်တော်လေးခံနေရပြီ…

နာကျင်မှုဝေဒနာ အဆိုးဆုံး အချိန်တွေမှာ သူ့ပါးစပ်ကနေ တတွတ်တွတ် အော်နေတာကတော့ အရင်က သူ့အနားမှာ သူ့ကို သတ္တိ ရှိဖို့ အမြဲတမ်း အားပေးနေတဲ့

သူ့ဖေဖေ ပါဘဲ… ကျမလဲ မကြည့်ရက်တော့လို့ ဖုန်းနံပါတ် တစ်ခုပေးလိုက်တာ အစ်ကိုရဲ့ဖုန်းနံပါတ်ဖြစ်နေတာပါ”

“အဲ့ ကလေး အခု အခြေအနေဘယ်လိုနေသေးလဲ” ကျနော်သိချင်စောနဲ့ကောက်မေးလိုက်တယ်…

“မီးမီးလေး လူ့ဘဝကနေ ထွက်သွားပါပြီ… အစ်ကို အဲဒီ အချိန်တုန်းက သူ့ကို ဖုန်းထဲကနေ အနမ်းလေးပေးလိုက်ပုံရတယ်…

ဟုတ်တယ်မဟုတ်လား… ဘာလို့လဲဆိုတော့ သူက ပြုံပြီး ထွက်သွားတာပါ… ထွက်သွားခါနီး

သူ့ရဲ့လက်သေးသေးလေးထဲမှာ “ဖေဖေ့” အသံကို ကြားနိုင်တဲ့ ဖုန်းကို မြဲမြဲ ဆုပ်ကိုင်ထားရှာတယ်…”

Zane

မျှဝေပေးခြင်းဟာလည်း မေတ္တာတစ်ခုပါပဲ။