Advertisement

အမွားဆိုတာေတြက ယူတတ္ရင္ သင္ခန္းစာေတြပါ

အမွားဆိုတာေတြက ယူတတ္ရင္ သင္ခန္းစာေတြပါ 2

မေဝးေသးတဲ့ ဟိုတစ္ခ်ိန္ဆယ္ေက်ာ္သက္အရြယ္ကေပါ့့……

မလုပ္နဲ ့လို ့ တားဆီးတဲ့သူဟာ ကိုယ္အမုန္းဆံုးလူဘဲ

လုပ္ခ်င္တာကို မရရေအာင္ခိုးလုပ္ရမွ ေက်နပ္တဲ့သူပါ …

မေျပာနဲ ့လို ့ တားျမစ္တဲ့သူဟာ ကိုယ့္စိတ္ထဲ အခ်ဥ္ေပါက္

ဆံုးလူပဲ ကိုယ္မွန္တယ္ထင္ရင္ အထိန္းကြပ္မဲ့ေျပာလိုက္တယ္…

မသြားနဲ ့လို ့ တားတဲ့သူဟာ ကိုယ့္ရန္သူဘဲ သြားခ်င္တဲ့

ေနရာကို ရေအာင္ခိုးျပီးသြားခဲ့တယ္ …

မလုပ္ပါနဲ ့ဆိုတာ လုပ္မိခဲ့လို ့အမွားမ်ားစြာေတြ ့ခဲ့ရတယ္။

ဆံုးရႈံးမႈေတြမ်ားစြာကိုလည္း ၾကံဳခဲ့ရတယ္ ။

ဒီလိုအခ်ိန္တိုင္း ကိုယ့္ကိုယ္ကိုထိန္းသိမ္းဖို ့ အသိေတြဝင္လာခဲ့တယ္ ။

မသြားပါနဲ ့တားဆီးတာကို ဆန္ ့က်င္ခဲ့ရလို ့လည္း

အႏၱရာယ္ေတြနဲ ့ ရင္ဆိုင္ခဲ့ရတယ္ ။

မ်က္ရည္ေတြလည္းအၾကိမ္ၾကိမ္ က်ခဲ့ရတယ္ ။

ဒီလို အခ်ိန္တိုင္း အေျခအေနအခ်ိန္အခါနဲ ့လိုက္ျပီး

အေနအထိုင္ဆင္ခ်င္ဖို ့ရယ္ မိမိကိုယ္မိမိကာကြယ္တတ္ဖို ့မိမိကိုယ္မိမိတန္ဖိုးထားတတ္ဖို ့ ဆိုတဲ့အသိတရားေတြဦးေနွာက္ထဲစြဲျမဲေနေအာင္ မွတ္သားထားခဲ့တယ္ ။

မေျပာပါနဲ ့ဆိုတဲ့ စကားေတြေျပာမိလို ့ လည္းျပႆနာေတြမ်ားစြာရွင္းခဲ့ရတယ္ ။

ကိုယ့္စကားေၾကာင့္စိတ္ဒုကၡေရာက္ရသူေတြေၾကာင့္လည္း ကိုယ္ပါစိတ္ဆင္းရဲခဲ့ရတယ္ ။

ဒီလိုအခ်ိန္တိုင္း ကိုယ့္တန္ဖိုးကိုယ္ဘဲထိန္းသိမ္းရမွာပါလား။

ကိုယ့္သိကၡာ ကိုယ္ဘဲျမွင့္တင္ရမွာပါလား ဆိုတဲ့အသိတရားေတြကို ရယူပိုင္ဆိုင္ခြင့္ရခဲ့ပါတယ္ ။

တကယ္ေတာ့……

ေလာကၾကီးမွာ အမွားနဲ ့ကင္းတဲ့သူ ဘယ္သူမွမရွိပါဘူး ။

တစ္ခုဘဲေပါ့ ကိုယ္မွားေနျပီလို ့ စသိတာနဲ ့

အဲ့ ဒီအမွားကို ကိုင္ဆြဲမထားသင့္ေတာ့ဘူး လႊင့္ပစ္

နိုင္ဖို ့သာအဓ္ိကပါ ။

အခ်ိန္မွီအမွန္ျပင္နိုင္ေအာင္ၾကိဳးစားဖို ့သာအေရးၾကီးပါတယ္။

အမွားလုပ္တိုင္းလည္း အျပစ္မဟုတ္သလို ၊

အမွားေတြ ့တိုင္း အမွန္ျပင္နိုင္ရင္ ဘယ္ေတာ့မွ

ေနာင္တဆိုတဲ့ အရာကို မပိုင္ဆိုင္ရေတာ့ပါဘူး ။

အမွားမ်ားစြာၾကံဳခဲ့ရတယ္ “‘ အဆိုးမ်ားစြာရင္ဆိုင္ခဲ့ရတယ္ “‘

အခက္ခဲမ်ားစြာေက်ာ္လႊားခဲ့ရတယ္ ။

အဲ့ဒီေက်းဇူးေတြက ခုခ်ိန္မွာ ကိုယ္ဟာ တည္ျငိမ္ရင့္က်က္သူအျဖစ္နဲ ့ ေလာကၾကီးထဲ မွာ အရာရာကို ရင္ဆိုင္နိုင္ပါျပီ ။

MayNoe

Unicode >>>

အမှားဆိုတာတွေက ယူတတ်ရင် သင်ခန်းစာတွေပါ

မဝေးသေးတဲ့ ဟိုတစ်ချိန်ဆယ်ကျော်သက်အရွယ်ကပေါ့……

မလုပ်နဲ့လို့ တားဆီးတဲ့သူဟာ ကိုယ်အမုန်းဆုံးလူဘဲ

လုပ်ချင်တာကို မရရအောင်ခိုးလုပ်ရမှ ကျေနပ်တဲ့သူပါ …

မပြောနဲ့လို့ တားမြစ်တဲ့သူဟာ ကိုယ့်စိတ်ထဲ အချဉ်ပေါက်

ဆုံးလူပဲ ကိုယ်မှန်တယ်ထင်ရင် အထိန်းကွပ်မဲ့ပြောလိုက်တယ်…

မသွားနဲ့လို့ တားတဲ့သူဟာ ကိုယ့်ရန်သူဘဲ သွားချင်တဲ့

နေရာကို ရအောင်ခိုးပြီးသွားခဲ့တယ် …

မလုပ်ပါနဲ့ဆိုတာ လုပ်မိခဲ့လို့အမှားများစွာတွေ့ခဲ့ရတယ်။

ဆုံးရှုံးမှုတွေများစွာကိုလည်း ကြုံခဲ့ရတယ် ။

ဒီလိုအချိန်တိုင်း ကိုယ့်ကိုယ်ကိုထိန်းသိမ်းဖို့ အသိတွေဝင်လာခဲ့တယ် ။

မသွားပါနဲ့တားဆီးတာကို ဆန့်ကျင်ခဲ့ရလို့လည်း

အန္တရာယ်တွေနဲ့ ရင်ဆိုင်ခဲ့ရတယ် ။

မျက်ရည်တွေလည်းအကြိမ်ကြိမ် ကျခဲ့ရတယ် ။

ဒီလို အချိန်တိုင်း အခြေအနေအချိန်အခါနဲ့လိုက်ပြီး

အနေအထိုင်ဆင်ချင်ဖို့ရယ် မိမိကိုယ်မိမိကာကွယ်တတ်ဖို့မိမိကိုယ်မိမိတန်ဖိုးထားတတ်ဖို့ ဆိုတဲ့အသိတရားတွေဦးနှောက်ထဲစွဲမြဲနေအောင် မှတ်သားထားခဲ့တယ် ။

မပြောပါနဲ့ဆိုတဲ့ စကားတွေပြောမိလို့ လည်းပြဿနာတွေများစွာရှင်းခဲ့ရတယ် ။

ကိုယ့်စကားကြောင့်စိတ်ဒုက္ခရောက်ရသူတွေကြောင့်လည်း ကိုယ်ပါစိတ်ဆင်းရဲခဲ့ရတယ် ။

ဒီလိုအချိန်တိုင်း ကိုယ့်တန်ဖိုးကိုယ်ဘဲထိန်းသိမ်းရမှာပါလား။

ကိုယ့်သိက္ခာ ကိုယ်ဘဲမြှင့်တင်ရမှာပါလား ဆိုတဲ့အသိတရားတွေကို ရယူပိုင်ဆိုင်ခွင့်ရခဲ့ပါတယ် ။

တကယ်တော့……

လောကကြီးမှာ အမှားနဲ့ကင်းတဲ့သူ ဘယ်သူမှမရှိပါဘူး ။

တစ်ခုဘဲပေါ့ ကိုယ်မှားနေပြီလို့ စသိတာနဲ့

အဲ့ ဒီအမှားကို ကိုင်ဆွဲမထားသင့်တော့ဘူး လွှင့်ပစ်

နိုင်ဖို့သာအဓိကပါ ။

အချိန်မှီအမှန်ပြင်နိုင်အောင်ကြိုးစားဖို့သာအရေးကြီးပါတယ်။

အမှားလုပ်တိုင်းလည်း အပြစ်မဟုတ်သလို ၊

အမှားတွေ့တိုင်း အမှန်ပြင်နိုင်ရင် ဘယ်တော့မှ

နောင်တဆိုတဲ့ အရာကို မပိုင်ဆိုင်ရတော့ပါဘူး ။

အမှားများစွာကြုံခဲ့ရတယ် “‘ အဆိုးများစွာရင်ဆိုင်ခဲ့ရတယ် “‘

အခက်ခဲများစွာကျော်လွှားခဲ့ရတယ် ။

အဲ့ဒီကျေးဇူးတွေက ခုချိန်မှာ ကိုယ်ဟာ တည်ငြိမ်ရင့်ကျက်သူအဖြစ်နဲ့ လောကကြီးထဲ မှာ အရာရာကို ရင်ဆိုင်နိုင်ပါပြီ ။

MayNoe