Advertisement

စိတ္ခ်မ္းသာေအာင္ ေနထိုင္သည့္နည္းလမ္းမ်ား..

စိတ္ခ်မ္းသာေအာင္ ေနထိုင္သည့္နည္းလမ္းမ်ား.. 2

ခ်စ္နုိင္သမွ် ခ်စ္သည္…

မခ်စ္နိုင္သည္မ်ားကိုလည္း အလြယ္တစ္ကူေက်ာခိုင္းထားတတ္သည္..

သည္းခံနိုင္သမွ် သည္းခံသည္

သည္းမခံနိုင္သည့္လူမ်ားကို အလြယ္တစ္ကူ စြန္႔လြတ္တတ္သည္..

မွန္းနုိင္သေလာက္မွန္းသည္..

မွန္းထားတာမရတဲ့အခါ မရတာၾကီးကိုတသသမျဖစ္ေတာ့ေအာင္ ေနတတ္သည္..

ကိုယ္က အရင္ျပံဳးျပသည္..

ကိုယ့္အျပံဳးကိုရင္ေအးတယ္မထင္ေသာသူမ်ားနဲ႔ မ်က္နွာခ်င္းမဆုိင္ျဖစ္ေအာင္ ေနသည္..

အခ်ိန္အၾကာၾကီးသံေယာဇဥ္ထားတတ္သည္..

ဘယ္ေလာက္ၾကာၾကာမဆက္သြယ္ပဲေနပါေစ ကိုယ့္ကိုျပန္နႈတ္ဆက္လာတဲ့ေန႔ေႏြးေထြးစြာ လက္ကမ္းသည္..

စိတ္သေဘာထားမတုိက္ဆ္ိုင္သူျဖစ္ေနပါေစ..

ကိုယ့္ကိုေမတၱာေပးခဲ့တဲ့စကၠန္႔အတြင္းမွာ ထိုသူကိုခ်စ္ဖို႔ၾကိဳးစားနုိင္သည္…

ဘယ္ေလာက္ပဲ ခင္မင္ခဲ့ပါေစ..

ကိုယ့္ကိုလုပ္ၾကံတဲ့စကၠန္႔အတြင္းမွာ ထိုသူကိုအလြယ္တစ္ကူစြန္႔ပစ္ရဲသည္..

အတိုခ်ဳပ္ဆိုရင္ေတာ့…

ကိုယ္ကို မလိုလားသူေတြအနားမွာ

ေနဖို႔စိတ္ကူးမရွိသလို..

တာ၀န္အရ ေနရလွ်င္လည္း… စိတ္ထဲမွာေတာ့ မရွိေအာင္ ထုတ္ထားလိုက္သည္…

ေငြတာရီ

Unicode >>>

စိတ်ချမ်းသာအောင် နေထိုင်သည့်နည်းလမ်းများ..

ချစ်နိုင်သမျှ ချစ်သည်…

မချစ်နိုင်သည်များကိုလည်း အလွယ်တစ်ကူကျောခိုင်းထားတတ်သည်..

သည်းခံနိုင်သမျှ သည်းခံသည်

သည်းမခံနိုင်သည့်လူများကို အလွယ်တစ်ကူ စွန့်လွတ်တတ်သည်..

မှန်းနိုင်သလောက်မှန်းသည်..

မှန်းထားတာမရတဲ့အခါ မရတာကြီးကိုတသသမဖြစ်တော့အောင် နေတတ်သည်..

ကိုယ်က အရင်ပြုံးပြသည်..

ကိုယ့်အပြုံးကိုရင်အေးတယ်မထင်သောသူများနဲ့ မျက်နှာချင်းမဆိုင်ဖြစ်အောင် နေသည်..

အချိန်အကြာကြီးသံယောဇဉ်ထားတတ်သည်..

ဘယ်လောက်ကြာကြာမဆက်သွယ်ပဲနေပါစေ ကိုယ့်ကိုပြန်နှုတ်ဆက်လာတဲ့နေ့နွေးထွေးစွာ လက်ကမ်းသည်..

စိတ်သဘောထားမတိုက်ဆိုင်သူဖြစ်နေပါစေ..

ကိုယ့်ကိုမေတ္တာပေးခဲ့တဲ့စက္ကန့်အတွင်းမှာ ထိုသူကိုချစ်ဖို့ကြိုးစားနိုင်သည်…

ဘယ်လောက်ပဲ ခင်မင်ခဲ့ပါစေ..

ကိုယ့်ကိုလုပ်ကြံတဲ့စက္ကန့်အတွင်းမှာ ထိုသူကိုအလွယ်တစ်ကူစွန့်ပစ်ရဲသည်..

အတိုချုပ်ဆိုရင်တော့…

ကိုယ်ကို မလိုလားသူတွေအနားမှာ

နေဖို့စိတ်ကူးမရှိသလို..

တာဝန်အရ နေရလျှင်လည်း… စိတ်ထဲမှာတော့ မရှိအောင် ထုတ်ထားလိုက်သည်…

ငွေတာရီ