မိန်းမသားတို့ ရင်ဖွင့်ရာ Group မှာ လာရောက်ရင်ဖွင့်ထားတဲ့ သမီးလေးတစ်ယောက်ရဲ့ ရင်ဖွင့်စာ
မိန်းမသားတို့ ရင်ဖွင့်ရာ Group မှာ လာရောက်ရင်ဖွင့်ထားတဲ့ သမီးလေးတစ်ယောက်ရဲ့ ရင်ဖွင့်စာလေးနဲ့ အဖွဲ့ဝင်သမီးလေးတို့ရဲ့ အဖြေတစ်ချို့ကို မျှဝေပေးလိုက်ပါတယ်
ညီမစာလေးကျော်မသွားပါနဲ့။
ညီမကောင်လေးနဲ့၆နှစ်လောက်တွဲခဲ့တာ။ သူက ညီမထက်အသက်၇နှစ်ကြီးပါတယ်။
သူ ကအစကအရမ်းကောင်းပါတယ်ညီမအပေါ် နောက်ပိုင်းကြ အချိန်မပေးနိုင်တာကစပြီး။
မသိတစ်မျိုးသိတစ်မျိူး ကောင်မလေးနဲ့ကြူ တယ်။ပြီးတော့အလုပ်ထဲကကောင်မနဲ့တွဲနေတယ်။
ကိုယ်နောက်ဆုတ်ပေးမယ်တွဲဆိုတော့မတွဲဘူး။ ဟိုဘက်က မိန်းမကမလုပ်ရက်ဘူး ဘာညာနဲ့နောက်ဆုတ်ပေးမယ်ဘာညာနဲ့။ဟိုကောင်ကရော။
ညီမကို..မပြတ်နိုင်ဘူးပြောတယ်။ သူစကားတွေကြောင့်တစ်ကယ်ချစ်တယ်ဘဲထင်ခဲ့တာ။
သူနဲ့ညီမကအနေဝေးနေတာများတာ။ ညီမမှာနေ့တိုင့်လိုလိုphမဆက်လို့ပူလောင်ရတာတစ်မျိုး။
နောက်ပိုင်းဖောက်ပြန်တော့ပိုပူလောင်ရပါတယ်။
နောက်ပိုင်း းသူက စကားတောင်ရင့်သီးတာတွေပြောလာတယ်။
ညီမမှာ သူ့ကို ဘယ်ချိန်phဆက်ဆက်မအားလို့ပင်ပန်းလို့နဲ့များတယ်။
ဘီယာလည်းသူသောက်တယ်။ ညီမ သည်းခံခဲ့ပါတယ်အချိန်တစ်ခုထိ။
၆နှစ်ကို၂နှစ်လောက်ထိ ဘဲပျော်ခဲ့ပါတယ်နောက်ပိုင်းနေ့တိုင်းလိုလိုငိုရတယ်။ktvကစော်ကိုမိန်းမလို့ခေါထားတာလည်းတွေ့ရတယ်။
ညီမသူ့ကို အဆုံးထိမပြတ်နိုင်လို့သည်းခံပြီးပါပြီ။
နောက်တော့ ညီမ သူ့ကို ဘယ်လိုမှ ယုံလို့မရတော့ဘူး။
အမြဲသူက လိမ်နေတာ။ ပြီးရင် ပြန်မေးမေ့နေပြီမသိဘူးဆိုတာနဲ့။အဲ့ကြောင့်ညီမ ဘဲ သူ့ကိုဖြတ်မယ် ကြိုးစားလည်းအရင်ကဆို၄ရက်လောက်ထိဘဲနေနိုင်ခဲ့တယ်။
ဒါမဲ့ နောက်ကွယ်ကနေသူ့အကြောင်း လိုက်စုံစမ်းတယ်။
ညီမဘယ်လိုမှ သည်းမခံနိုင်တဲ့အဆုံး။ ညီမကဒ်လည်းပြောင်းပြီး ခုသူ့ကိုဘယ်ကမှမဆက်သွယ်သလိုဘယ်ကနေသူ့အကြောင့်မစုံစမ်းတော့ဘဲနေတာ။
တစ်လနဲ့ ၂ရက်လောက်ဘဲရှိသေးတယ်။ အရမ်းပင်းပန်းတယ်စစရက်တွေနေမရ။
ပြတ်သွားပြီအသိနဲ့ခံစားရမစားနိုင်မသောက်နိုင်။ နောက်ပိုင်းနေရင်းနေရင်း ၇ရက်လောက်ကျော်တော့သက်သာသလိုဖြစ်ပြီး။
ခု တစ်လပြည့်ခါနီးမှ သူ့လုပ်ရက်တွေ ပြန်ပြန်းတွေးမိပြီး အတွေးတွေက ငါ့ကိုသူမချစ်ခဲ့တာလားနေနိုင်လိုက်တာ။
ငါ့ကိုသူ့သူငယ်ချင်းတွေစီကနေမေးဖော်တောင်မရဘူးပြီးရင်သူလိမ်ညာခဲ့တာတွေ အဲ့တုန်းအဲ့လိုကိုးဆိုပြီး အတွေးနဲ့နှိပ်ဆက်နေပါတယ်။ရန်တွေ လည်းတွေ့ချင်ပါတယ်။
ဘာလို့အဲ့လုပ်လုပ်ခဲ့တာလည်းဆိုပြီးး။ အဲ့အတွေးတွေကြောင့် ကိုယ်နေ့ခဲ့အချိန်ပင်ပန်းခဲ့တဲ့အချိန်တွေအလကားဖြစ်မှာစိုးတယ်။
သူ့စီပြန်လည်းမဆက်ချင်ဘူး။ သူကလည်းကိုယ့်ကိုမချစ်တော့တာအတင်းတွယ်ကပ်နေသလိုဖြစ်နေတာအဲ့ဒါတွေရှက်တာတွေရော။
အဲ့ကြောင့် ရှေ့ဆက်လည်းမဖြစ်တာလည်းသိတယ်။
ယူပြီးရင်လည်းမသိတစ်မျိူးသိတစ်မျိုးဖောက်ပြန်နေမှာသိတယ်။ဒါမဲ့ခုက သူ့ကိုမဆက်သွယ်ဘဲနေတာတစ်လနှစ်ရက်ရှိသေးတော့နေရတာ လုံးဝကြီးအဆင်မပြေသေးပါဘူး။
အမ တို့ရော အသဲကွဲ ပြီးချိန် အဲ့လိုတွေ တွေးမိလား။
စိတ်ကို ဘယ်လိုထိန်းချုပ်လည်း။ ဘယ်အချိန်လောက်မှအဆင်ပြေလည်း။အမတို့အသဲကွဲချိန် ဘာတွေ ဘယ်လိုလုပ်ပြီးနေလည်း။
အဲ့လိုညီမတွေးသလိုတွေးမိရင်။ ဘယ်လိုနေနိုင်အောင်ပြန်နေလည်း။ ညီမ ကိုအကြံလေးပေးခဲ့ပါရှင်
မိန်းမသားတို့အဖြေများ
ပထမတစ်ယောက် : ဖြစ်နိုင်ရင် သူ့အကြောင်းမတွေးပါနဲ့ တွေးမိရင်လဲ နာစရာတွေပြန်တွေး ဥပက္ခာပြုထားပါ ဘုရားတရားလေးလုပ် သူငယ်ချင်းတွေနဲ့စကားပြောရုပ်ရှင်တွေကြည့် ဖိုက်တင်း
ဒုတိယတစ်ယောက် : ပျော်ပျော်နေပါကိုယ်ကတော့မကောင်းသူဆိုလွမ်းမနေဘူးလွတ်ချထားခဲ့ဘူးတယ်အချိန်ကကုစားပါလိမ့်မယ်
တတိယတစ်ယောက် : မှန်ပါတယ်အမ ရှေ့လျှောက်ကောင်းတဲ့သူနဲ့တွေ့နိုင်မှာပါနော် အားတင်းထား အားမငယ်ပါနဲ့အမ
နောက်တစ်ယောက် : ကိုယ့်စိတ်ကိုအတတ်နိုင်ဆုံးပျော်အောင်ထားပါ သူနဲ့ပက်သက်ခဲ့တာတွေကို အတတ်နိုင်ဆုံးမတွေးနဲ့ တွေးမိခဲ့ရင်လည်း ချက်ချင်းဖျောက်ဖျက်ပစ် မေ့သင့်တာမေ့P ကိုယ့်ဘဝကိုရှေ့ဆက်ပါ Good luck
နောက်တစ်ယောက် : ဆုံးဖြတ်ချက်မှန်ပါတယ်မမရေ စာအုပ်ဖတ် သီချင်းနားထောင် လှလှလေးဖြစ်အောင်နေပါနော်
မေးခွန်းအောက်မှာ အဖြေပေါင်း အကြံပေးမှုပေါင်း ၁၀၀ လောက်ရှိပါတယ် . . .အဲ့ဒီအထဲကမှ အနည်းစုကို ရွေးချယ်ဖော်ပြလိုက်ရခြင်းဖြစ်ပါတယ် . . .
မိန်းမသားတို့အတွက် ခွန်အားတွေဖြစ်ကြပါစေ . . .