မုန်းစေလို ပါးစပ်လက်လေးသစ် ချစ်စေလို ပါးစပ် လက်လေးသစ်တဲ့

မုန်းစေလို ပါးစပ်လက်လေးသစ် ချစ်စေလို ပါးစပ် လက်လေးသစ်တဲ့

ငယ်ငယ်က မေမေဆုံးမနေကျ စကားလေးပါ

လူရယ်လို့ ဖြစ်လာရင် စကားတွေက အများကြီး ပြောနေရမှာပါ

ကိုယ်ပြောတဲ့စကားကြောင့် ကိုယ့်ကို လူတွေက ချစ်လာနိုင်သလို

ကိုယ်ပြောတဲ့ စကားကြောင့်ပဲ လူတွေက မုန်းသွားနိုင်ပါတယ်

ဒါ့ကြောင့် ကိုယ့်စကားနဲ့ကိုယ် လူမုန်းမခံရအောင် နေသင့်ပါတယ်

ဒါဆို လူမုန်းမခံရအောင် ဘယ်လိုနေရမလဲ

ဘယ်လိုပြောရမလဲဆိုတာ အရေးကြီးလာပါတယ်

အလိုက်သိတတ်မှုပါ စကားပြောဆိုရာမှာ အလိုက်သိတတ်မှုက အင်မတန်အရေးကြီးပါတယ်

လူ့ပတ်ဝန်းကျင်မှာ နေပြီဆိုတာနဲ့ လူတွေ အများကြီးနဲ့

ဆက်ဆံရတော့မှာပါ လူတွေနဲ့ စကားပြောဆိုဆက်ဆံရမှာလည်း

တစ်ယောက်နဲ့ တစ်ယောက် အမုန်းမဖက်အောင် ပြောဆိုဆက်ဆံရပါတော့မယ်

သူတို့ မုန်းရင် ဘာဖြစ်မလဲဆိုတော့ ဘာမှမဖြစ်ပါဘူး

ဒါပေမယ့် ကိုယ့်ရဲ့ ပတ်ဝန်းကျင်က ကျဉ်းမြောင်းသွားမှာပါ

ဒါဆို တို့ ဘယ်လို ပြောဆိုကြည့်ကြမလဲ

စကားပြောဆိုရာမှာ တာဝန်ယူမှု တာဝန်ခံမှု ရှိသင့်ပါတယ်

ကိုယ်ပြောလိုက်တဲ့စကားဟာ တစ်ဖက်သားကို တိုက်ရိုက်ဖြစ်စေ

သွယ်ဝိုက်၍ ဖြစ်စေ ထိခိုက်မယ်ဆို ရှောင်ကြဉ်သင့်ပါတယ်

မလိုအပ်ပဲ မြှောက်ပင့်ပြောဆိုခြင်းကို လူတိုင်း မကြိုက်ပါဘူး

တစ်ဖက်က ပြောတဲ့စကားကို အလေးပေးပြီး နားထောင်သင့်ပါတယ်

စကားပြောဆိုရာမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိပါစေ

ကိုယ်ဆန္ဒ မရှိတာ ကိုယ့်အတွက် အကျိုးယုတ်စေတာမျိုးတောင်းဆိုလာရင် ယဉ်ကျေးစွာ ငြင်းဆိုကြည့်ပါ

သူတပါးအတိတ်ကို နိုင်ကွက် တစ်ခုလို အသုံးချတာဟာရိုင်းဆိုင်းလွန်းတဲ့ အပြုအမူပါ

ကိုယ်က မနှစ်သက်တဲ့သူကို ယဉ်ကျေးစွာ ရှောင်ကြဉ်ပါ

ကိုယ့်ရဲ့ အပြုအမူကြောင့် သူတစ်ပါး မထိခိုက်စေပါနှင့်

မိန်းမသားများ


























မိန်းမသားများ