မိန်းမသားတို့ ရင်ဖွင့်ရာ Group မှာ လာရောက်ရင်ဖွင့်ထားတဲ့ ရင္ဖြင့္စာ (၂)

မိန်းမသားတို့ ရင်ဖွင့်ရာ Group မှာ လာရောက်ရင်ဖွင့်ထားတဲ့ သမီးလေးတစ်ယောက်ရဲ့ ရင်ဖွင့်စာလေးနဲ့ အဖွဲ့ဝင်သမီးလေးတို့ရဲ့ အဖြေတစ်ချို့ကို မျှဝေပေးလိုက်ပါတယ်

မိန်းမသားတို့ရင်ဖွင့်ရာ Group ကို Join ချင်တဲ့ မိန်းမသားတွေ Comment မှာ Group လို့ မန့်ခဲ့ပေးပါ . Group Link ပို့ပေးပါမည်

မွန်းကျပ်လွန်းလို့ရင်ဖွင့်ပါရစေနော်

ကျွန်မကကျောင်းဆရာမအလုပ်ကထွက်ပြီး ခုကိုယ်ပိုင်ကျောင်းမှာလုပ်နေပါတယ်

အမျိုးသားက စာရင်းကိုင်အလုပ်လုပ်ပါတယ်

ကလေးနှစ်ယောက်မေမေပါ ခုအငယ်လေးက2လပဲရှိပါသေးတယ်

အရင်တုံးကတော့မွေးခါနီးထိပိုက်ဆံရှာတုန်းပေါ့

ခုကလေးငယ်နဲ့ကပ်ဆိုးကလည်းဖြစ်နေတော့ဘာမှမလုပ်နိုင်တော့ သူ့ဝင်ငွေပဲမှီနေရတာပေါ့

ကြာတော့အားငယ်ရတယ် သူကတော့အလုပ်အကြောင်းပြပြန်လာချိန်နောက်ကျ

တစ်ခါတစ်လေအပေါင်းသင်‌းတွေနဲ့သောက်မူးလာ မူးလာရင်သွေးဆိုးတယ်

ကျွန်မ မကောင်းကြောင်းတွေထိုင်ပြောပြီးရစ်တယ် ပြီးတော့ ပြသနာရှာတယ်လက်ပါပါတယ် ခဏဏပဲ

သူလက်ပါရင်သူ့ကိုသေလောက်အောင်သတ်ပစ်ချင်တယ်

ဒါပေမယ့်ပတ်ဝန်းကျင်နဲ့ရန်မဖြစ်ချင်လို့ညိမ်ခံနေရတယ်

သူကအိမ်မှာနေတဲ့သူမဟုတ်ဘူးလေ

တအားစိတ်နာလာလို့သူဖောက်ပြန်လည်းစိတ်ထဲမမှုဘူး ဘာလုပ်လုပ်မမှုတော့ဘူး

ခုဟာကကပ်ကြီးဖြစ်နေတာ အိမ်မှာကကလေးငယ်နဲ့သူနားမလည်တာကိုပါ တွေးထားပါတယ်

ကလေးတွေတစ်ခုခုဖြစ်ရင်သူ့ကိုအရင်သတ်မှာ ကျောင်းတွေပြန်ဖွင့်ရင်မလုပ်ဖို့တားတယ်

ဒါပေမယ့်ကျွန်မပြန်လုပ်မှာပါ ကလေးတစ်ဖက်နဲ့ပဲဖြစ်ဖြစ်

ရေရှည်သူ့ကိုမယုံတော့ဘူးလေ

မိသားစုခင်တွယ်မှုမရှိ အပေါင်းသင်းမက်တဲ့လူတစ်ယောက်ကို ရင်ဖွင့်ခွင့်ရတာကျေးဇူးပါနော်

ကျွန်မမှာရင်ဖွင့်စရာလူမရှိဘူးလေအိမ်ကိုလည်းမပြောရဲဘူး

အားလုံးကိုကျေးဇူးပါနော်

မိန်းမသားတို့၏ အဖြေများ

အဖြေ A : အလုပ်ပြန်လုပ်ပီး ကိုယ်ပိုင်ဝင်ငွေရှာ ညီမရေ အဲ့ဒါမှ သူကိုယ့်ကို အနိုင်ကျင့်လို့မရမှာ အားတင်းထား ညီမ

အဖြေ B : အလုပ်ကတော့လုပ်ပါချစ်မ ကလေးကြီးမှပြန်လုပ်ရင်အသက်အရွယ်ကြောင့်ဆိုပြီးသိပ်မခန့်ကြပါဘူး အသိအမကြုံရတာကိုပြောပြတာပါ သူမလုပ်ခိုင်းလည်းလုပ်ပါ မဟုတ်ရင်မျက်နှာငယ်ရတယ် 5tin

အဖြေ C : အလုပ်ကိုပြန်လုပ်ပါညီမလေးအားပေးပါတယ်စိတ်ဓါတ်မကျပါနဲ့ညီမလေးတို့မိသားစုစစရာရာဆင်ပြေပါစေ

အဖြေ D : လက်ပါတဲ့ယောက်ကျားနဲ့ရရင် တစ်သက်လုံး လက်ပါတယ်အမ ကိုယ်တွေ့ပါအမရယ် ကိုယ် ချင်းစာတယ်

အဖြေ E : ကိုယ်ယူထားတဲ့မိန်းမကိုလက်ပါတဲ့သူတွေသိပ်မုန်းတာပဲ fighting ပါ နော်

Comment ပေါင်း ၃၈ ခုရှိပြီး အဲ့ထဲကမှ အနည်းစုကိုသာ ဖော်ပြလိုက်ရခြင်းဖြစ်ပါတယ် . . .မိန်းမသားများ ရင်ဖွင့်ရာ Group မှာ မိန်းမသားအချင်းချင်းကူညီကြရင်း ရှေ့ဆက်ကြပါစို့



























