“စိတ်သန့်ရှင်းရေးလုပ်ကြရအောင်”

နံနက်ခင်း မိုးလင်းလာတာနဲ့အမျှ ကျွန်မတို့တွေဟာ အိမ်တွင်းအိမ်ပြင် သန့်ရှင်းအောင် အမှိုက်တွေ သိမ်းကြတယ်။

ညမှာ ဘယ်လိုပဲ ရှုပ်ပွနေပါစေ မနက်မိုးလင်းလာရင်တော့ ပြောင်အောင်သန့်ရှင်းကြတယ်။

အဲ့လို သန့်ရှင်းရေးလုပ်တာ တစ်နေ့တည်းမဟုတ်။နေ့တိုင်းနေ့တိုင်း ပြုလုပ်ကြရတယ်။

ကျွန်မတို့တွေ အဲ့ဒီလိုသန့်ရှင်းရေးလုပ်ပြီးတဲ့အခါ ရှင်းလင်းသပ်ရပ်သွားတာလေးကိုကြည့်ပြီး စိတ်ကြည်လင်ရွှင်လန်းလာကြတယ်။

ဒါဆိုရင် စာဖတ်သူတို့ စိတ်တွေကိုရော သန့်ရှင်းရေးလုပ်ဖူးလား မေးစရာရှိလာတယ်။

ညတုန်းက ရှုပ်နေတဲ့စိတ်တွေ၊စိတ်ဓာတ်ကျမှုတွေ၊အဆင်မပြေမှုတွေ၊မုန်းတီးတဲ့စိတ်၊နာကျည်းတဲ့စိတ်၊ခံပြင်းတဲ့စိတ်တွေ၊ရန်ငြိုးတွေ၊အာဃာတတွေစတဲ့ စိတ်မှာဖြစ်နေတဲ့ အမှိုက်တွေကိုရော ရှင်းလင်းပစ်ခဲ့ဖူးလား။

ဘာလို့ရှင်းလင်းဖို့သတိမရကြတာလဲ။နောက်နေ့တွေထိ ဘာလိုသယ်လာကြတာလဲ။

ဒီလိုမရှင်းလင်းပဲ သယ်လာကြတာ ယနေ့ထိဆိုရင် ဘယ်လောက်တောင်များနေလိုက်ပီလဲ။စိတ်ထဲမှာ လေးလံမနေဘူးလား။

ဘာမဟုတ်တာလေးနဲ့ ဘာလို့ဒေါသထွက် စိတ်တိုနေလဲ စဉ်းစားမိဖူးလား။

တစ်နေ့အမှိုက်တစ်နေ့မရှင်းတဲ့အခါ နေကြာစေ့ခွံ တစ်ခွံလေးကစ အမှိုက်ရှုပ်နေသလိုမျိုး‌ ကျွန်မတို့စိတ်မှာလည်း ရန်ငြိုးတွေ၊အာဃာတတွေ ၊မနာလိုဝန်တိုမှုတွေ ၊စိတ်ဖိစီးမှုတွေပြည့်နှက်နေတဲ့အခါ ခလုပ်တိုက်မိတာလေးကစ ၊မီးပွိုင့်မိနေတာအဆုံး စိတ်တိုဒေါသထွက်နေကြရတယ်။

ဒါတွေဘာလို့ဖြစ်တာလဲဆိုရင် အနှစ်နှစ်အလလက စုဆောင်းလာတဲ့ အမှိုက်တွေကြောင့်ပဲဖြစ်တယ်။

ဒီလိုအမှိုက်တွေ မရှိဖို့ဆိုရင် ကျွန်မတို့ဟာ နံနက်မိုးလင်းလာတာနဲ့အမျှ အိမ်တွင်းအိမ်ပြင် သန့်ရှင်းးသလိုမျိုး ကျွန်မတို့စိတ်တွေကို သန့်ရှင်းပေးဖို့လိုအပ်လာတယ်။

‌မနေ့ကအမုန်းတွေ၊အငြိုးတွေ ၊အာဃာတတွေကို ဒီနေ့ပါမလာအောင် မိုးမလင်းခင်ကတည်းက သန့်ရှင်းပြစ်လိုက်ဖို့လိုအပ်တယ်။

ဒါမှ ဒီနေ့မှာ စိတ်ကြည်လင်လန်းဆန်းစွာ အရာရာကို အကောင်းမြင်ပြီး ဖြတ်သန်းနိုင်မှာဖြစ်တယ်။

အကောင်းမြင်စိတ်ရှိဖို့ ကိုယ့်စိတ်ကလေး သန့်ရှင်းနေမှရမယ်။

စိတ်ကလေးသန့်ရှင်းနေဖို့ဆိုရင် မနေ့ကအမှိုက်တွေ ဒီနေ့ထိသယ်မလာဖို့ လိုအပ်ပါတယ်။

ဒါ့ကြောင့် အမြဲတမ်းလန်းဆန်းတက်ကြွပြီး အရာရာကို အကောင်းမြင်တဲ့သူ ဖြစ်ချင်တဲ့အခါ မကောင်းတဲ့စိတ်တွေကိုရှင်းပြစ်ရပါမယ်။နေ့တိုင်းရှင်းပေးဖို့ လိုအပ်ပါတယ်။

ကိုယ့်ကိုပူလောင်စေမယ့်အတွေးတွေအားလုံးကို ဒီနေ့ထိ သယ်မလာဖို့လိုအပ်ပါတယ်။

ဒါမှ အနှောင်အဖွဲ့ကင်းပြီး စိတ်တည်ကြည်လန်းဆန်းစွာ ဘဝကို အကောင်းမြင်စိတ်နဲ့ ဖြတ်သန်းနိုင်မှာ ဖြစ်တယ်။

ခုချိန်ကစပြီး နံနက်မိုးလင်းလာတဲ့အခါ အိမ်သန့်ရှင်းရေးတင်မဟုတ်ဘဲ စိတ်သန့်ရှင်းရေးပါ ပြုလုပ်ကြရအောင်လားနော်…….

မေတ္တာများစွာဖြင့်…….

ရှင်မင်း(မြန်မာစာ)

“စိတ္သန႔္ရွင္းေရးလုပ္ၾကရေအာင္”

နံနက္ခင္း မိုးလင္းလာတာနဲ႔အမွ် ကြၽန္မတို႔ေတြဟာ အိမ္တြင္းအိမ္ျပင္ သန႔္ရွင္းေအာင္ အမႈိက္ေတြ သိမ္းၾကတယ္။

ညမွာ ဘယ္လိုပဲ ရႈပ္ပြေနပါေစ မနက္မိုးလင္းလာရင္ေတာ့ ေျပာင္ေအာင္သန႔္ရွင္းၾကတယ္။

အဲ့လို သန႔္ရွင္းေရးလုပ္တာ တစ္ေန႔တည္းမဟုတ္။ေန႔တိုင္းေန႔တိုင္း ျပဳလုပ္ၾကရတယ္။

ကြၽန္မတို႔ေတြ အဲ့ဒီလိုသန႔္ရွင္းေရးလုပ္ၿပီးတဲ့အခါ ရွင္းလင္းသပ္ရပ္သြားတာေလးကိုၾကည့္ၿပီး စိတ္ၾကည္လင္႐ႊင္လန္းလာၾကတယ္။

ဒါဆိုရင္ စာဖတ္သူတို႔ စိတ္ေတြကိုေရာ သန႔္ရွင္းေရးလုပ္ဖူးလား ေမးစရာရွိလာတယ္။

ညတုန္းက ရႈပ္ေနတဲ့စိတ္ေတြ၊စိတ္ဓာတ္က်မႈေတြ၊အဆင္မေျပမႈေတြ၊မုန္းတီးတဲ့စိတ္၊နာက်ည္းတဲ့စိတ္၊ခံျပင္းတဲ့စိတ္ေတြ၊ရန္ၿငိဳးေတြ၊အာဃာတေတြစတဲ့ စိတ္မွာျဖစ္ေနတဲ့ အမႈိက္ေတြကိုေရာ ရွင္းလင္းပစ္ခဲ့ဖူးလား။

ဘာလို႔ရွင္းလင္းဖို႔သတိမရၾကတာလဲ။ေနာက္ေန႔ေတြထိ ဘာလိုသယ္လာၾကတာလဲ။

ဒီလိုမရွင္းလင္းပဲ သယ္လာၾကတာ ယေန႔ထိဆိုရင္ ဘယ္ေလာက္ေတာင္မ်ားေနလိုက္ပီလဲ။စိတ္ထဲမွာ ေလးလံမေနဘူးလား။

ဘာမဟုတ္တာေလးနဲ႔ ဘာလို႔ေဒါသထြက္ စိတ္တိုေနလဲ စဥ္းစားမိဖူးလား။

တစ္ေန႔အမႈိက္တစ္ေန႔မရွင္းတဲ့အခါ ေနၾကာေစ့ခြံ တစ္ခြံေလးကစ အမႈိက္ရႈပ္ေနသလိုမ်ိဳး‌ ကြၽန္မတို႔စိတ္မွာလည္း ရန္ၿငိဳးေတြ၊အာဃာတေတြ ၊မနာလို၀န္တိုမႈေတြ ၊စိတ္ဖိစီးမႈေတြျပည့္ႏွက္ေနတဲ့အခါ ခလုပ္တိုက္မိတာေလးကစ ၊မီးပြိဳင့္မိေနတာအဆုံး စိတ္တိုေဒါသထြက္ေနၾကရတယ္။

ဒါေတြဘာလို႔ျဖစ္တာလဲဆိုရင္ အႏွစ္ႏွစ္အလလက စုေဆာင္းလာတဲ့ အမႈိက္ေတြေၾကာင့္ပဲျဖစ္တယ္။

ဒီလိုအမႈိက္ေတြ မရွိဖို႔ဆိုရင္ ကြၽန္မတို႔ဟာ နံနက္မိုးလင္းလာတာနဲ႔အမွ် အိမ္တြင္းအိမ္ျပင္ သန႔္ရွင္းးသလိုမ်ိဳး ကြၽန္မတို႔စိတ္ေတြကို သန႔္ရွင္းေပးဖို႔လိုအပ္လာတယ္။

‌မေန႔ကအမုန္းေတြ၊အၿငိဳးေတြ ၊အာဃာတေတြကို ဒီေန႔ပါမလာေအာင္ မိုးမလင္းခင္ကတည္းက သန႔္ရွင္းျပစ္လိုက္ဖို႔လိုအပ္တယ္။

ဒါမွ ဒီေန႔မွာ စိတ္ၾကည္လင္လန္းဆန္းစြာ အရာရာကို အေကာင္းျမင္ၿပီး ျဖတ္သန္းႏိုင္မွာျဖစ္တယ္။

အေကာင္းျမင္စိတ္ရွိဖို႔ ကိုယ့္စိတ္ကေလး သန႔္ရွင္းေနမွရမယ္။

စိတ္ကေလးသန႔္ရွင္းေနဖို႔ဆိုရင္ မေန႔ကအမႈိက္ေတြ ဒီေန႔ထိသယ္မလာဖို႔ လိုအပ္ပါတယ္။

ဒါ့ေၾကာင့္ အၿမဲတမ္းလန္းဆန္းတက္ႂကြၿပီး အရာရာကို အေကာင္းျမင္တဲ့သူ ျဖစ္ခ်င္တဲ့အခါ မေကာင္းတဲ့စိတ္ေတြကိုရွင္းျပစ္ရပါမယ္။ေန႔တိုင္းရွင္းေပးဖို႔ လိုအပ္ပါတယ္။

ကိုယ့္ကိုပူေလာင္ေစမယ့္အေတြးေတြအားလုံးကို ဒီေန႔ထိ သယ္မလာဖို႔လိုအပ္ပါတယ္။

ဒါမွ အေႏွာင္အဖြဲ႕ကင္းၿပီး စိတ္တည္ၾကည္လန္းဆန္းစြာ ဘ၀ကို အေကာင္းျမင္စိတ္နဲ႔ ျဖတ္သန္းႏိုင္မွာ ျဖစ္တယ္။

ခုခ်ိန္ကစၿပီး နံနက္မိုးလင္းလာတဲ့အခါ အိမ္သန႔္ရွင္းေရးတင္မဟုတ္ဘဲ စိတ္သန႔္ရွင္းေရးပါ ျပဳလုပ္ၾကရေအာင္လားေနာ္…….

ေမတၱာမ်ားစြာျဖင့္…….

ရွင္မင္း(ျမန္မာစာ)