မိန်းမသားတို့ ရင်ဖွင့်ရာ Group မှာ လာရောက်ရင်ဖွင့်ထားတဲ့ ရင္ဖြင့္စာ (၃)

Group ထဲမှာ မေးခွန်းတွေ ရင်ဖွင့်စာတွေ အများကြီးမှာ မိန်းမသားတွေ အိမ်ထောင်ကျသွားပြီးရင် အလုပ်ဆက်လုပ်သင့်လားဆိုတာ ထိပ်ဆုံးကပါလာတယ် ။

မိန်းမသားတွေအိမ် ထောင်ကျသွားရင် အလုပ်ဆက်ပြီး လုပ်သင့်လား မလုပ်သင့်ဘူးလား။ ဒီမေးခွန်းနဲ့ ပတ်သက်ပြီး အထင်အမြင် အမျိုးမျိုးရှိကြပေမယ့် ကျွန်မအမြင်ကတော့ လုပ်သင့်တယ်လို့ထင်ပါတယ်။

ဒီနေ့ခေတ်မှာ ပိုပြီးတောင်လုပ်သင့်ပါသေးတယ် ။ ကိုယ့်မှာကိုယ်ပိုင်ဝင်ငွေမရှိတဲ့အခါ ကိုယ်က အလုပ်မလုပ်တဲ့အခါ အိမ်ထောင်ဖက်ယောကျာ်းရဲ့ ပြောသမျှခံ လိမ်သမျှ ခံနေရပါလိမ့်မယ်။

ပြီးရင် သူတို့ဖောက်ပြန်နေတာသိသိနဲ့လည်း ကိုယ့်မှာဝင်ငွေမရှိအလုပ်မရှိတော့ သူ့ပဲမှီခိုအားထားနေရတော့ သိသိကြီးနဲ့ ရင်ကွဲခံ စိတ်ညစ်ခံနေရပါလိမ့်မယ် ။

နောက်တစ်ခုက အလုပ်မရှိတဲ့အခါ အရည်အသွေးတွေ ကျသွားတတ်ပါတယ်။ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေ အားနည်းလာတတ်ပါတယ်။

အစိုးမရတဲ့ သခါၤရလောကကြီးမှာ ကိုယ့်အိမ်ထောင်ဖက်ကို အားကိုးပြီး အလုပ်ထွက်ပြီး အလုပ်မလုပ်ဘဲ နေပါပြီတဲ့ တစ်သက်လုံး သူကကိုယ့်ကို တာဝန်ယူနိုင်မှာလား?

သူနဲ့ကိုယ်ကရော တစ်သက်လုံး ပေါင်းရမယ်လို့ပြောနိုင်လား? သူကရောအသက်ရှည်ကျန်းမာစွာနဲ့ ကိုယ့်ကိုတစ်သက်လုံး လုပ်ကျွေးမှာလား? စဉ်းစားစရာတွေအများကြီးဘဲနော်။

မိန်းမသားတို့ရေ တကယ်လို့ အရမ်းချမ်းသာတဲ့ သူဌေးကိုရထားလို့ဆိုရင်တောင် သူ့စီးပွားရေးမှာဝင်လုပ်ပါ။ အလုပ်အကြောင်းနားလည်အောင် လေ့လာထားပါ သင်ယူထားပါ ။

အကယ်၍ သူသေသွားရင်တောင် ကိုယ်ဒုက္ခမရောက်ဘူးပေါ့ . . .မဟုတ်ရင် သူများလိမ်သမျှ ခံရပေဦးမည် ။

အိမ်ထဲမှာနေပြီး အိမ်ရှင်မပဲ လုပ်မနေပါနဲ့။ လောကကြီးနဲ့ အဆက်အသွယ်ပြတ်ပြီး လူညွှန့်တုံးသွားပါလိမ့်မယ်။

အရင်ခေတ်က မိန်းမသားတွေက အိမ်ထောင်ရှင်မကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားကြပေမယ့်

အခုခေတ် မိန်းမသားတွေအနေနဲ့ကတော့ခေတ်နဲ့အညီထက်မြက်နေဖို့လိုပါတယ်။ကိုယ့်မှာအရည်အချင်းမရှိ ဝင်ငွေမရှိလို့ကတော့အနှိမ်ခံအထင်သေးခံဘဝကိုရောက်မှာဘဲ။

အဲဒါကြောင့် မိန်းမသားတွေအမျိုးသားတွေနဲ့ တန်းတူအလုပ်လုပ်သင့်ပါတယ်။

ဒါပေမယ့် ခက်တာကျွန်မတို့ မြန်မာနိုင်ငံမှာက အိမ်မှုကိစ္စဆို မိန်းမသားတွေအလုပ်လို့ သတ်မှတ်ထားကြတယ်။

အဲဒါကြောင့် ယောကျာ်းတွေ စီးပွားရှာရင် မိန်းမသားတွေက အိမ်မှုကိစ္စလုပ်ကြတယ်။

အဲလိုဆိုရင် မိန်းမသားတွေ အပြင်ထွက်လုပ်ရ အိမ်တွင်းလုပ်ရနဲ့ကြာရှည်မှာ အဆင်ပြေမှာမဟုတ်ဘူး။

အဲဒါကြောင့် ယောကျာ်းအလုပ် မိန်းမအလုပ်မခွဲခြားဘဲ လုပ်ဆောင်ခြင်းက အကောင်းဆုံးလို့ထင်ပါတယ်။

မိန်းမသားတို့ရေ အဲဒီကိစ္စကို မယူခင်တည်းက ညှိကြပါနော်။ တစ်ယောက်အားနဲ့ ရုန်းကန်ခြင်းထက် နှစ်ယောက်အားနဲ့ ရုန်းကန်ခြင်းကပို၍ ခရီးရောက်စေပါတယ်။

မိန်းမသားတို့ရင်ဖွင့်ရာ

Julia

မိန်းမသားတို့ရင်ဖွင့်ရာ Group ကို Join ချင်တဲ့ မိန်းမသားတွေ Comment မှာ Group လို့ ရေးခဲ့ပေးပါ

Group ထဲမွာ ေမးခြန္းေတြ ရင္ဖြင့္စာေတြ အမ်ားၾကီးမွာ မိန္းမသားေတြ အိမ္ေထာင္က်သြားျပီးရင္ အလုပ္ဆက္လုပ္သင့္လားဆိုတာ ထိပ္ဆံုးကပါလာတယ္ ။

မိန္းမသားေတြအိမ္ ေထာင္က်သြားရင္ အလုပ္ဆက္ၿပီး လုပ္သင့္လား မလုပ္သင့္ဘူးလား။ ဒီေမးခြန္းနဲ႔ ပတ္သက္ၿပီး အထင္အျမင္ အမ်ိဳးမ်ိဳးရွိၾကေပမယ့္ ကၽြန္မအျမင္ကေတာ့ လုပ္သင့္တယ္လို႔ထင္ပါတယ္။

ဒီေန႔ေခတ္မွာ ပိုျပီးေတာင္လုပ္သင့္ပါေသးတယ္ ။ ကိုယ့္မွာကိုယ္ပိုင္၀င္ေငြမရွိတဲ့အခါ ကိုယ္က အလုပ္မလုပ္တဲ့အခါ အိမ္ေထာင္ဖက္ေယာက်ာ္းရဲ႕ ေျပာသမွ်ခံ လိမ္သမွ် ခံေနရပါလိမ့္မယ္။

ျပီးရင္ သူတို႔ေဖာက္ျပန္ေနတာသိသိနဲ႔လည္း ကိုယ့္မွာ၀င္ေငြမရွိအလုပ္မရွိေတာ့ သူ႔ပဲမွီခိုအားထားေနရေတာ့ သိသိၾကီးနဲ႔ ရင္ကြဲခံ စိတ္ညစ္ခံေနရပါလိမ့္မယ္ ။

ေနာက္တစ္ခုက အလုပ္မရွိတဲ့အခါ အရည္အေသြးေတြ က်သြားတတ္ပါတယ္။ကိုယ့္ကိုကိုယ္ ယံုၾကည္မႈေတြ အားနည္းလာတတ္ပါတယ္။

အစိုးမရတဲ့ သခါၤရေလာကႀကီးမွာ ကိုယ့္အိမ္ေထာင္ဖက္ကို အားကိုးၿပီး အလုပ္ထြက္ၿပီး အလုပ္မလုပ္ဘဲ ေနပါၿပီတဲ့ တစ္သက္လံုး သူကကိုယ့္ကို တာ၀န္ယူႏိုင္မွာလား?

သူနဲ႔ကိုယ္ကေရာ တစ္သက္လံုး ေပါင္းရမယ္လို႔ေျပာႏိုင္လား? သူကေရာအသက္ရွည္က်န္းမာစြာနဲ႔ ကိုယ့္ကိုတစ္သက္လံုး လုပ္ေကၽြးမွာလား? စဥ္းစားစရာေတြအမ်ားႀကီးဘဲေနာ္။

မိန္းမသားတို႔ေရ တကယ္လို႔ အရမ္းခ်မ္းသာတဲ့ သူေဌးကိုရထားလို႔ဆိုရင္ေတာင္ သူ႔စီးပြားေရးမွာ၀င္လုပ္ပါ။ အလုပ္အေၾကာင္းနားလည္ေအာင္ ေလ့လာထားပါ သင္ယူထားပါ ။

အကယ္၍ သူေသသြားရင္ေတာင္ ကိုယ္ဒုကၡမေရာက္ဘူးေပါ့ . . .မဟုတ္ရင္ သူမ်ားလိမ္သမွ် ခံရေပဦးမည္ ။

အိမ္ထဲမွာေနၿပီး အိမ္ရွင္မပဲ လုပ္မေနပါနဲ႔။ ေလာကႀကီးနဲ႔ အဆက္အသြယ္ျပတ္ၿပီး လူညႊန္႔တံုးသြားပါလိမ့္မယ္။

အရင္ေခတ္က မိန္းမသားေတြက အိမ္ေထာင္ရွင္မေကာင္းတစ္ေယာက္ျဖစ္ေအာင္ ႀကိဳးစားၾကေပမယ့္

အခုေခတ္ မိန္းမသားေတြအေနနဲ႔ကေတာ့ေခတ္နဲ႔အညီထက္ျမက္ေနဖို႔လိုပါတယ္။ကိုယ့္မွာအရည္အခ်င္းမရွိ ၀င္ေငြမရွိလို႔ကေတာ့အႏွိမ္ခံအထင္ေသးခံဘ၀ကိုေရာက္မွာဘဲ။

အဲဒါေၾကာင့္ မိန္းမသားေတြအမ်ိဳးသားေတြနဲ႔ တန္းတူအလုပ္လုပ္သင့္ပါတယ္။

ဒါေပမယ့္ ခက္တာကၽြန္မတို႔ ျမန္မာႏိုင္ငံမွာက အိမ္မႈကိစၥဆို မိန္းမသားေတြအလုပ္လို႔ သတ္မွတ္ထားၾကတယ္။

အဲဒါေၾကာင့္ ေယာက်ာ္းေတြ စီးပြားရွာရင္ မိန္းမသားေတြက အိမ္မႈကိစၥလုပ္ၾကတယ္။

အဲလိုဆိုရင္ မိန္းမသားေတြ အျပင္ထြက္လုပ္ရ အိမ္တြင္းလုပ္ရနဲ႔ၾကာရွည္မွာ အဆင္ေျပမွာမဟုတ္ဘူး။

အဲဒါေၾကာင့္ ေယာက်ာ္းအလုပ္ မိန္းမအလုပ္မခြဲျခားဘဲ လုပ္ေဆာင္ျခင္းက အေကာင္းဆံုးလို႔ထင္ပါတယ္။

မိန္းမသားတို႔ေရ အဲဒီကိစၥကို မယူခင္တည္းက ညွိၾကပါေနာ္။ တစ္ေယာက္အားနဲ႔ ရုန္းကန္ျခင္းထက္ ႏွစ္ေယာက္အားနဲ႔ ရုန္းကန္ျခင္းကပို၍ ခရီးေရာက္ေစပါတယ္။

မိန္းမသားတို႔ရင္ဖြင့္ရာ

Julia

မိန္းမသားတို႔ရင္ဖြင့္ရာ Group ကို Join ခ်င္တဲ့ မိန္းမသားေတြ Comment မွာ Group လို႔ ေရးခဲ့ေပးပါ