အိုစာသွားတဲ့အဖေ့ကိုကြည့်ပြီး မျက်ရည်တွေကျနေရတယ်ဆိုပြီး ရင်လာဖွင့်တဲ့သမီးလေး

ဟိုတစ်နေ့က သမီးလေးအစစအရာရာအဆင်ပြေလားလို့ Page မှာတင်တဲ့အခါ အဆင်မပြေပါဘူး အိုစာသွားတဲ့အဖေ့ကိုကြည့်ပြီး မျက်ရည်တွေကျနေရတယ်ဆိုပြီး ရင်လာဖွင့်တဲ့သမီးလေး

အို နာ သေ ဆိုတာ လူတိုင်းကြုံတွေ့ရမယ့်အရာပါ . . ပြုစုခွင့်ရသေးတာကိုက ကံကောင်းလွန်းလှပြီးလို့ ပြန်အားပေးခဲ့သေးတဲ့ သမီးလေး . . .

အဖေနဲ့ပက်သက်ပြီးရင်ဖွင့်ထားတာလေးတွေ့လို့ . . . အဖေကို ချစ်တဲ့သမီးလေး . . . အစစအရာရာ အဆင်ပြေမယ်ဆိုတာ ယုံကြည်ပါတယ် . . . သမီးရယ်

မိဘအရိပ်အောက်က ထွက်ပြီးရဲထဲ ဝင်မယ် လုပ်တော့ဘယ်သူမှ မငိုပေမယ့်..အဖေကတော့.အိပ်ယာလေးထဲ.ကြိတ်ကာငိုရှာတယ်..

သားသမီး၇ယောက်ကိုဝမ်းဝအောင်ကျွေး ခါးလှအောင်ဆင်ခဲ့ပေမယ့်အိမ်ပြန်ခရီးတိုင်းကို.ပင်ပန်းလိုက်တာဆိုပြီး မငြီးခဲ့သလိုဆင်းရဲလိုက်တာဟာဆိုပြီးလည်း အဖေ့မျက်ရည်.မြေမခခဲ့ပါဘူး.

အဖေ့လက်ကို ဆွဲ၍သွားလေရာ..မခွာတဲ့ဖေချစ်သမီလေး..

အငယ်ဆုံးလေးမို့ အချစ်ပို၍သာခွဲခွာမည့်အရေး တွေးပြီးရတက်မအေးပဲ ငိုရှာတဲ့အဖေသင်တန်းသွားကာနီးကို

”မသွားပါနဲ့ သမီးရယ်အဖေနဲ့ပဲ အတူနေပါ..”ဆိုပြီးတုန်ရီအက်ကွဲတဲ့ အသံကြီးနဲ့

”အဖေက နေဖို့နဲ့ သေဖို့ဆိုရင်သေဖို့ကနီးနေပါပြီ.အဖေမသေခင်လေးအဖေနဲ့ပဲအတူနေရအောင်ပါကွာ..မသွားနဲ့နော်သမီး”ဆိုပြီး ရှိုက်သံလေးနဲ့ ပြောရှာတယ်

သူ့ကြည့်တော့လည်း အရိုးပေါ်အရေတင်ခန္ဓာလေးနဲ့..အကျဘက်ကို ဦးတည်နေတဲ့အဖေ

သားသမီး ၇ယောက်မွေးထားပေမယ့်အဖေက အငယ်ဆုံးအထွေးဆုံးလေးဖြစ်တဲ့ကိုယ့်အချစ်ဆုံး

မထိရက် မဆူရက် မရိုက်ရက်အစားအစာဆိုလည်း..ဘယ်သဝေထိုးနေနေအဖေက ငါ့သမီးလေးစားဖို့ဆိုပြီးအမြဲချန်ထားတာ..

ကိုယ်ကလည်း.အပေါင်းအသင်းစုံလို့ အဖေအရက်သောက်ဖြစ်ရင်တောင် လိုက်ပြီးအိမ်ပြန်လာတဲ့အခါ..

အဖေမသောက်ပါဘူးဆိုပြီး အဖေ့ကို အရက်နံ့ပျောက်အောင်မာလကာရွက်ကျွေးပြီး အမေ့ကို ကူညာခဲ့တာ

ကိုယ်အရိုက်ခံရလည်း အဖေက ကာဆီးကာဆီးနဲ့အဖေ့ကြောင့် ဒီကလေးမလေးဆိုးနေတာလို့ဝိုင်းပြောတောင် အဖေကအပြုံးပျက်တာမဟုတ်ဘူး

တအိမ်လုံးမှာ မိသားစု ၉ယောက်ကို၇ယောက်နဲ့ ၂ယောက် ဖိုက်တဲ့ရဲဘော်ရဲဘက်..ကူဖော်ကူဖက်တွေမိသားစုများပေမယ့်

အဖေတစ်ခု သမီးတစ်ခုဘဝရဲ့မေတ္တာအသိုက်အမြုံလေးကနေအဖေ့အရိပ်အောက်က ထွက်မယ့်သမီးကိုအိပ်ယာထက်မှာ..ခွေခွေလေးနဲ့မသွားပါနဲ့သမီးရယ် ဆိုပြီးတားရင်းငိုချင်းချခဲ့တာတွေမမေ့ဘူး.

သားအဖ၂ယောက်လွမ်းခန်းလေးကိုကိုယ်ဖြစ်ချင်တာ ရအောင်လုပ်မယ်

”သင်တန်းဆင်းရင် အဖေ့ကိုပြန်လာခေါ်မယ်နော်

နေကောင်းအောင်နေပေးပါ”ဆိုပြီးဦးလေးချပြီး အဖေ့မျက်ရည်တွေကိုမိုက်မိုက်ကန်းကန်း ကျောခိုင်းပစ်ခဲ့တယ်

ကိုယ့်လစာလေးကိုယ်ရရင်.အဖေ့ဆန္ဒတွေဖြည့်ဆည်းပေးမယ် .အဖေ့လုပ်ချင်တာဖြည့်ဆည်းပေးမယ်..အဖေနဲ့အတူနေမယ်

ရဲဖြစ်သွားရင် စူပါမန်းလို..တန်ခိုးထွားမယ်ပဲထင်ခဲ့တာရဲထဲရောက်မှ ဘယ်ဘုရားက တန်ခိုးထွားမှန်းမသိဘူး

အဖေ့သမီးခမျာ အကုန်လုံးကို လက်အုပ်ချီနေရတယ်

ဝန်ထမ်းဖြစ်ပြီးမှ..ဝန်ထမ်းဆိုတာသူများဝန် ထမ်းရတဲ့ပုဂ္ဂိုလ်တွေမှန်းသိတယ်

ဒီလိုနဲ့..နေ့ကနေလ…လကနေ နှစ်တွေပြောင်းရင်း၆နှစ်တိုင်တိုင် ကြာခဲ့တယ်.

အဖေ့ရင်ခွင်က ထွက်ခဲ့တဲ့ အဖေ့သမီးလေးလည်းလောကကြီးထဲမှာ..တောင်ကမ်းကပ်လိုက်မြောက်ကမ်းကပ်လိုက်နဲ့ စုန်ချည်ဆန်ချည်ပြေးရင်းလွှားရင်း ရုန်းကန်လှူပ်ရှားခဲ့ရတာပေါ့

သစ်ပင်အိုကြီးလည်း ရွက်ဟောင်းတွေကြွေနေပြီ

အဖေလည်း..ခါးလေးကုန်းပြီးအားလည်း..ချိနေပြီသင်တန်းပြီးလည်း.ဖုန်းပဲဆက်ပြီးအတူနေခွင့်မရခဲ့ဘူး..

အခုမှသာအဖေ့ကို ခေါ်ထားပြီးအဖေနဲ့..အတူနေခွင့်ရတယ်

အဖေရောက်ကာစဆို..ပိန်လှီနေတဲ့ကိုယ်ခန္ဓာလေးကြည့်ပြီး..ကွယ်ရာမှာငိုခဲ့ရတာ

ဝေးကွာခဲ့တဲ့ ၆နှစ် ၇နှစ်အတွင်းအဖေရဲ့.အိုစာမှုလေးကို စိတ်မကောင်းလို့အဖေ့ကို မကြုံခိုင်းချင်သေးဘူး

”သူအို သူနာ သူသေ”ဆိုတဲ့လောကနိယာမရယ် ရှောင်လွှဲလို့မရတဲ့”သေခြင်းတရား” ဆိုတဲ့သဘာဝတရားကြီးရယ်နဲ့..မတွေ့စေချင်မဖြစ်စေချင်သေးပါဘူး..

ပစ်မှားမိတဲ့ကံမရှိပေမယ့် ပစ်ထားမိတဲ့ကံတွေပါအဖေရယ်.

အခုလိုလေး နေခွင့်ပြုစုခွင့် ရရင်ဘဝကြီးက နေပျော်ပါတယ်အသက်ရှည်ရှည်နေပေးနော်..

ဇရာတွေပြလို့ အိုစာပါစေခါးတွေကိုင်းလို့ ခြေလက်တွေချိနဲ့ပါစေ…

ကလေးလေးလို ရေချိုးပေးချင်တယ်အရိုးအဆစ်တွေနာရင် ကလေးလေးလိုဆေးလူးပေးချင်တယ်

ခေတ်မမှီလို့မသိတဲ့အကြောင်းတွေဆို ကလေးတစ်ယောက်လို ရှင်းပြချင်တယ်

ကိုယ့်ခြေကိုယ့်လက်နဲ့ စားရတာအဖေအဆင်မပြေရင်ကလေးလေးလိုပဲ ထမင်းဟင်း ခွံ့ကျွေးချင်တယ်

ကလေးလေးလိုပဲ လိုချင်တာမှန်သမျှဖြည့်ဆည်းပေးချင်တယ်.အဖေစိတ်ချမ်းသာမယ်ဆိုရင်အဖြေကိုက်တဲ့ ဘီယာလေးပါ အပါပေါ့

အားတော့ နာပါရဲ့ အဖေလခစား.ဝန်ထမ်းတစ်ယောက်ရဲ့ဘဝမှာတော့အဖေ့အိမ်လောက် မစိုပြေခဲ့မပြည့်စုံခဲ့လှပါဘူး..

မေတ္တာတရားနဲ့ ပြည့်နေတဲ့ ရင်ထဲမှာတော့အဖေက သမီးရဲ့ သူရဲကောင်း

အဖေက သမီးရဲ့ ဖခင်ကောင်း အဖေက သမီးရဲ့ သူငယ်ချင်းကောင်းအဖေက သမီးရဲ့ ရဲဘော်ရဲဘက်

အဖေက သမီးရဲ့ အချစ်ဦး အဖေက သမီးအတွက် ကမ္ဘာပေါ်မှာ နာကျင်ခံစားရအောင် မလုပ်တဲ့ တစ်ဦးတည်းသောယောကျာ်း

ပြောင်းပြန် အချိုးကျချင်တာက သမီးက အဖေ့ရဲ့ အိုတောင်ဝှေးလေး… သမီးငယ်ငယ်က အဖေသွားလေရာလက်ဆွဲခေါ်တယ်

အပေါင်းအဖော်တွေကြား မော်ကြွားပြီးပြောတာက ဒါလေးက ငါ့ရဲ့ ”အိုတောင်ဝှေးလေး”ဆိုပြီး ဂုဏ်ယူမဆုံး တပြုံးပြုံးနဲ့ ပြောခဲ့သလို

အဖေအိုတဲ့အခါ တောင်ဝှေးလေးလိုအားကိုးရစေချင်တာပေါ့..

သင်္ခါရသဘောတရားအတိုင်းဘဝတစ်ခုရဲ့..နေဝင်ချိန်ရောက်ခါနီးပြီမို့

အသက်တွေကြီးတဲ့အခါ ထမီမနိုင် ပုဆိုးမနိုင်ကျင်ကြီးမနိုင် ကျင်ငယ်မနိုင်ဘဝနဲ့”ငါအိုနေပြီ” ဆိုတဲ့အတွေးနဲ့ စိတ်မကောင်းဖြစ်နေမလား..အဖေ

အားအင်ချိနဲ့တဲ့အခါ ….ဒီသမီးလေးကိုမှီပါစိတ်သွားတိုင်းကိုယ်မပါနိုင်တဲ့အခါ..ဒီသမီးလေးကို..ခိုတွဲပါ

လဲကျချိန်ကြုံတဲ့အခါ..ဒီသမီးလေးကို အားပြုပါ.. ဘဝရဲ့ လက်ကျန်သက်တမ်းကိုလောဘ ဒေါသ မောဟတရားတွေနဲ့ကင်းဝေးအောင်နေပါ

ဒါလေးက အဖေပြောတဲ့ ”အဖေ့ရဲ့အိုတောင်ဝှေးလေး”လေတစ်နည်းပြောရရင် အဖေ့ရဲ့”အိုစာမင်းစာလေး”ပေါ့

ခြေဆုပ်လက်နယ်နှိပ်ပေးရင်သမီးနဲ့..နေရတာပျော်ရဲ့လားအဖေ ဆိုပြီးမျက်နှာလေး မော့မော့ပြီးမေးတော့ပျော်တာပေါ့သမီးရယ်ဆိုပြီး မျက်ရည်လေးဝေ့လို့….(တချိန်က..အဖေ့အိမ်မှာလည်းသမီး ထပ်တူပျော်ခဲ့ရပါတယ်…အဖေရာ )

အသက်ရာကျော် နေပေးပါနော် အိမ်မှာ..အဖေရှိတယ်ဆိုတဲ့အားကဘယ်စမ်းရေနဲ့မှ မလဲနိူင်အောင်အေးမျှတယ်

အိုတဲ့အခါ..တရားပဲရှာ ဘယ်သားသမီးအကြောင်းမှ မတွေးနဲ့ အဖေတွေးသလို သူတို့တွေးမယ်မထင်ဘူး

ကျင်လည်ရမယ့် သံသရာက ဝဋ်ကျွတ်အောင် နိဗ္ဗာန်ဆိုတဲ့တရားထူးပဲရှာပါ

နေ့စဉ်နေ့တိုင်း အဖေပြုတဲ့ကုသိုလ် ပွားများတဲ့ဘာဝနာကို ရုပ်တရား နာမ်တရားနဲ့ ရှူမှတ်ပွားများပြီးဝိပသာနာတရားကို အမြဲနှလုံးသွင်းပါ..

အဖေက အဖေ့ဘဝအတွက် နိဗ္ဗာန်သွားမယ့် ရိက္ခာရှာပါ….

သမီးက အဖေ့အတွက် အားဖြစ်စေမယ့်ဝမ်းစာရှာပေးပါ့မယ်

မမေ့ဘူး..တရားခွေလေး ဖွင့်ရင်းအဖေနဲ့အတူ ညအိပ်ယာဝင်တာတွေအဖေ ဖူးချင်တဲ့ဘုရား အတူဝတ်တက်ခဲ့တာတွေ…

တရားထူးလေး နားထောင်မိရင်အဖေ့အတွက် အင်တာနက်က downပေးခဲ့တာတွေ..ကိုမြကြီးရဲ့ ”မိုး”..ကိုမြသောင်းရဲ့.”တောင်တောသာယာ” စတဲ့သီချင်းကြီးတွေ ကြားရင် အဖေ့ကို လွမ်းမိဦးမှာပါ…

ဒီဘဝမှာတော့..ချစ်ခြင်းမေတ္တာတွေနဲ့သားအဖတွေပေါ့..ဒီဘဝတစ်ခုပြီးရင်သမီးတို့ ဘယ်ဘုံဘဝမှာ ဘယ်လိုတွေတွေ့ ဘယ်လိုတွေဆုံ ဘယ်လိုတွေကြုံပြီး ဘယ်လိုတရားသဘောမျိုးနဲ့ ထပ်ကွဲရမလဲမသိဘူးနော်..

သံသရာတစ်ကွေ့မှာ.ထပ်ပြီးဆုံတွေ့ခွင့်ရခဲ့ရင်..အဖေ့ကိုကျေးဇူးပြုဖူးသူနဲ့အဖေ့အခက်အခဲတွေကို ဖြေရှင်ပေးနိုင်သောသူပဲဖြစ်ရပါစေ..

ဒီဘဝမှာလည်း အဖေ့ကျေးဇူးဆပ်မယ်မကုန်နိုင်တဲ့ကျေးဇူးတွေကို သံသရာအဆက်ဆက်ထိထပ်ပြီး..ဆပ်ချင်သေးတယ်..

အဖေရေ.ဇရာဆိုတာ လူကို အရုပ်ဆိုးအကျည်းတန်စေတယ်တဲ့ပြရုပ်တဲ့.. ဘယ်လောက်ပဲအိုစာလို့ရုပ်ကျပါစေ..သမီးရင်ထဲအဖေကတော့ ခမ်းနားနေဆဲပါ

အဖေ့ဂုဏ်ထည်ဝါတွေ ကြီးမားနေတုန်းပါအဖေ့မျက်နှာလေးက.အေးချမ်းတယ်အဖေ့ရဲ့လက်မောင်းပျော့ပျော့အိအိလေးကိုလည်းချစ်တယ်.

ကျောမြောင်က အသားမဲ့နေတဲ့ကျောပြင်လေးကိုလည်း..ချစ်တယ်

ပါးရေတွေ တွန့်နေတဲ့ အဖေ့ရုပ်သွင်လေးလည်းချစ်တယ်..သွားမပါတော့တဲ့ ပါးချိုင့်ရာလေးလည်းချစ်တယ်..

တခါတခါ .ဇရာကိုညာလို့မရတဲ့အဖေ့ရုပ်သွင်လေး.စေ့စေ့ကြည့်ပြီး ရင်ထဲမှာ ဝမ်းနည်းခြင်း.စိတ်မကောင်းခြင်းနဲ့.ချစ်ခြင်းမေတ္တာတရားတွေ ရောယှက်လို့နေတယ်

ကြည့်ပါဦး..ဇနီးသားသမီးကိုခါးလေးချိအောင် လုပ်ကိုင်ကျွေးခဲ့တဲ့အာဂသူရဲကောင်းကြီး..

သန်မာလှပြီလို့ ထင်ခဲ့တာ သွက်လက်လှပြီလို့ ထင်ခဲ့တာကျန်းမာလှပြီလို့ ထင်ခဲ့တာဇရာတရားရဲ့. ထုထောင်းမှုတွေကြောင့် အဖေ့ခမျာ ဝေဒနာတွေ စိပ်လာပြီ

ခါးတွေကိုင်းလို့ မျက်လုံးတွေမှုန်နေပြီ Ensure တွေ များများသောက်နော် အဖေ

ဒါမှ..အဖေ့အသက် ဆက်လို့ရမှာအဖေ့အသက်ကို ဆက်လို့ရရင်နတ်ဒေဝါတွေ ခေါ်ပြီးဆက်ချင်သလိုဆေးပညာ ဆေးဆရာတွေနဲ့လည်းခေါ်ဆက်စေချင်တယ်..ဖြစ်နိုင်မယ်ဆိုရင်ပေါ့

ဘယ်လိုနည်းနဲ့ပဲဆက်ရဆက်ရပါမရှိ ရှိတဲ့အားနဲ့ ရအောင်ဆက်ချင်တယ်အဖေရေ အားရှိမှ..အသက်ဆက်လို့ရမယ်.

အသက်ဆက်မှ..ဒီသမီးလေးနဲ့အတူနေခွင့်ရမယ် ငါ့သမီးလေး လစာနဲ့ လောက်ငှပါ့မလားလို့မတွေးပါနဲ့. ရတဲ့လစာ ရှိတဲ့ခွန်အားကချစ်ရတဲ့ အဖေ့အတွက်ပါ

ဘာဖြစ်ဖြစ်သမီး မ မောပါဘူး..အဖေက သမီးရဲ့..…”ကုသိုလ်အိုးကြီး”လေ..

အိဖြူဇင်(၂၉.၄.၂၀၂၀)

ဟုိတစ္ေန႔က သမီးေလးအစစအရာရာအဆင္ေျပလားလို႔ Page မွာတင္တဲ့အခါ အဆင္မေျပပါဘူး အိုစာသြားတဲ့အေဖ့ကိုၾကည့္ျပီး မ်က္ရည္ေတြက်ေနရတယ္ဆိုျပီး ရင္လာဖြင့္တဲ့သမီးေလး

အို နာ ေသ ဆိုတာ လူတိုင္းၾကံဳေတြ႕ရမယ့္အရာပါ . . ျပဳစုခြင့္ရေသးတာကိုက ကံေကာင္းလြန္းလွျပီးလို႔ ျပန္အားေပးခဲ့ေသးတဲ့ သမီးေလး . . .

အေဖနဲ႔ပက္သက္ျပီးရင္ဖြင့္ထားတာေလးေတြ႔လို႔ . . . အေဖကို ခ်စ္တဲ့သမီးေလး . . . အစစအရာရာ အဆင္ေျပမယ္ဆိုတာ ယံုၾကည္ပါတယ္ . . . သမီးရယ္

မိဘအရိပ္ေအာက္က ထြက္ၿပီးရဲထဲ ဝင္မယ္ လုပ္ေတာ့ဘယ္သူမွ မငိုေပမယ့္..အေဖကေတာ့.အိပ္ယာေလးထဲ.ႀကိတ္ကာငို႐ွာတယ္..

သားသမီး၇ေယာက္ကိုဝမ္းဝေအာင္ေကြၽး ခါးလွေအာင္ဆင္ခဲ့ေပမယ့္အိမ္ျပန္ခရီးတိုင္းကို.ပင္ပန္းလိုက္တာဆိုၿပီး မၿငီးခဲ့သလိုဆင္းရဲလိုက္တာဟာဆိုၿပီးလည္း အေဖ့မ်က္ရည္.​ေျမမခခဲ့ပါဘူး.

အေဖ့လက္ကို ဆြဲ၍သြားေလရာ..မခြာတဲ့ေဖခ်စ္သမီေလး..

အငယ္ဆံုးေလးမို႔ အခ်စ္ပို၍သာခြဲခြာမည့္အေရး ေတြးၿပီးရတက္မေအးပဲ ငို႐ွာတဲ့အေဖသင္တန္းသြားကာနီးကို

”မသြားပါနဲ႔ သမီးရယ္အေဖနဲ႔ပဲ အတူေနပါ..”ဆိုၿပီးတုန္ရီအက္ကြဲတဲ့ အသံႀကီးနဲ႔

”အေဖက ေနဖို႔နဲ႔ ေသဖို႔ဆိုရင္ေသဖို႔ကနီးေနပါၿပီ.အေဖမေသခင္ေလးအေဖနဲ႔ပဲအတူေနရေအာင္ပါကြာ..မသြားနဲ႔ေနာ္သမီး”ဆိုၿပီး ႐ိႈက္သံေလးနဲ႔ ေျပာ႐ွာတယ္

သူ႔ၾကည့္ေတာ့လည္း အ႐ိုးေပၚအေရတင္ခႏၶာေလးနဲ႔..အက်ဘက္ကို ဦးတည္ေနတဲ့အေဖ

သားသမီး ၇ေယာက္ေမြးထားေပမယ့္အေဖက အငယ္ဆံုးအေထြးဆံုးေလးျဖစ္တဲ့ကိုယ့္အခ်စ္ဆံုး

မထိရက္ မဆူရက္ မ႐ိုက္ရက္အစားအစာဆိုလည္း..ဘယ္သေဝထိုးေနေနအေဖက ငါ့သမီးေလးစားဖို႔ဆိုၿပီးအျမဲခ်န္ထားတာ..

ကိုယ္ကလည္း.အေပါင္းအသင္းစံုလို့ အေဖအရက္ေသာက္ျဖစ္ရင္ေတာင္ လိုက္ၿပီးအိမ္ျပန္လာတဲ့အခါ..

အေဖမေသာက္ပါဘူးဆိုၿပီး အေဖ့ကို အရက္နံ႔ေပ်ာက္ေအာင္မာလကာရြက္ေကြၽးၿပီး အေမ့ကို ကူညာခဲ့တာ

ကိုယ္အ႐ိုက္ခံရလည္း အေဖက ကာဆီးကာဆီးနဲ႔အေဖ့ေၾကာင့္ ဒီကေလးမေလးဆိုးေနတာလို႔ဝိုင္းေျပာေတာင္ အေဖကအျပံဳးပ်က္တာမဟုတ္ဘူး

တအိမ္လံုးမွာ မိသားစု ၉ေယာက္ကို၇ေယာက္နဲ႔ ၂ေယာက္ ဖိုက္တဲ့ရဲေဘာ္ရဲဘက္..ကူေဖာ္ကူဖက္ေတြမိသားစုမ်ားေပမယ့္

အေဖတစ္ခု သမီးတစ္ခုဘဝရဲ႕ေမတၱာအသိုက္အျမံဳေလးကေနအေဖ့အရိပ္ေအာက္က ထြက္မယ့္သမီးကိုအိပ္ယာထက္မွာ..ေခြေခြေလးနဲ႔မသြားပါနဲ႔သမီးရယ္ ဆိုၿပီးတားရင္းငိုခ်င္းခ်ခဲ့တာေတြမေမ့ဘူး.

သားအဖ၂ေယာက္လြမ္းခန္းေလးကိုကိုယ္ျဖစ္ခ်င္တာ ရေအာင္လုပ္မယ္

”သင္တန္းဆင္းရင္ အေဖ့ကိုျပန္လာေခၚမယ္ေနာ္

ေနေကာင္းေအာင္ေနေပးပါ”ဆိုၿပီးဦးေလးခ်ၿပီး အေဖ့မ်က္ရည္ေတြကိုမိုက္မိုက္ကန္းကန္း ေက်ာခိုင္းပစ္ခဲ့တယ္

ကိုယ့္လစာေလးကိုယ္ရရင္.အေဖ့ဆႏၵေတြျဖည့္ဆည္းေပးမယ္ .အေဖ့လုပ္ခ်င္တာျဖည့္ဆည္းေပးမယ္..အေဖနဲ႔အတူေနမယ္

ရဲျဖစ္သြားရင္ စူပါမန္းလို..တန္ခိုးထြားမယ္ပဲထင္ခဲ့တာရဲထဲေရာက္မွ ဘယ္ဘုရားက တန္ခိုးထြားမွန္းမသ္ိဘူး

အေဖ့သမီးခမ်ာ အကုန္လံုးကို လက္အုပ္ခ်ီေနရတယ္

ဝန္ထမ္းျဖစ္ၿပီးမွ..ဝန္ထမ္းဆိုတာသူမ်ားဝန္ ထမ္းရတဲ့ပုဂၢိဳလ္ေတြမွန္းသ္ိတယ္

ဒီလိုနဲ႔..ေန႔ကေနလ…လကေန ႏွစ္ေတြေျပာင္းရင္း၆ႏွစ္တိုင္တိုင္ ၾကာခဲ့တယ္.

အေဖ့ရင္ခြင္က ထြက္ခဲ့တဲ့ အေဖ့သမီးေလးလည္းေလာကႀကီးထဲမွာ..ေတာင္ကမ္းကပ္လိုက္ေျမာက္ကမ္းကပ္လုိက္နဲ႔ စုန္ခ်ည္ဆန္ခ်ည္ေျပးရင္းလႊားရင္း ႐ုန္းကန္လႉပ္႐ွားခဲ့ရတာေပါ့

သစ္ပင္အိုႀကီးလည္း ရြက္ေဟာင္းေတြေႂကြေနၿပီ

အေဖလည္း..ခါးေလးကုန္းၿပီးအားလည္း..ခ်ိေနၿပီသင္တန္းၿပီးလည္း.ဖုန္းပဲဆက္ၿပီးအတူေနခြင့္မရခဲ့ဘူး..

အခုမွသာအေဖ့ကို ေခၚထားၿပီးအေဖနဲ႔..အတူေနခြင့္ရတယ္

အေဖေရာက္ကာစဆို..ပိန္လွီေနတဲ့ကိုယ္ခႏၶာေလးၾကည့္ၿပီး..ကြယ္ရာမွာငိုခဲ့ရတာ

ေဝးကြာခဲ့တဲ့ ၆ႏွစ္ ၇ႏွစ္အတြင္းအေဖရဲ႕.အိုစာမႈေလးကို စိတ္မေကာင္းလို႔အေဖ႔ကို မၾကံဳခိုင္းခ်င္ေသးဘူး

”သူအို သူနာ သူေသ”ဆိုတဲ့ေလာကနိယာမရယ္ ေ႐ွာင္လႊဲလို႔မရတဲ့”ေသျခင္းတရား” ဆိုတဲ့သဘာဝတရားႀကီးရယ္နဲ႔..မေတြ႔ေစခ်င္မျဖစ္ေစခ်င္ေသးပါဘူး..

ပစ္မွားမိတဲ့ကံမ႐ွိေပမယ့္ ပစ္ထားမိတဲ့ကံေတြပါအေဖရယ္.

အခုလိုေလး ေနခြင့္ျပဳစုခြင့္ ရရင္ဘဝႀကီးက ေနေပ်ာ္ပါတယ္အသက္႐ွည္႐ွည္ေနေပးေနာ္..

ဇရာေတြျပလို႔ အိုစာပါေစခါးေတြကိုင္းလို႔ ေျခလက္ေတြခ်ိနဲ႔ပါေစ…

ကေလးေလးလို ေရခ်ိဳးေပးခ်င္တယ္အ႐ိုးအဆစ္ေတြနာရင္ ကေလးေလးလိုေဆးလူးေပးခ်င္တယ္

ေခတ္မမွီလို႔မသိတဲ့အေၾကာင္းေတြဆို ကေလးတစ္ေယာက္လို ႐ွင္းျပခ်င္တယ္

ကိုယ့္ေျခကိုယ့္လက္နဲ႔ စားရတာအေဖအဆင္မေျပရင္ကေလးေလးလိုပဲ ထမင္းဟင္း ခြံ႔ေကြၽးခ်င္တယ္

ကေလးေလးလိုပဲ လိုခ်င္တာမွန္သမ်ွျဖည့္ဆည္းေပးခ်င္တယ္.အေဖစိတ္ခ်မ္းသာမယ္ဆိုရင္အေဖၾက္ိုက္တဲ့ ဘီယာေလးပါ အပါေပါ့

အားေတာ့ နာပါရဲ႕ အေဖလခစား.ဝန္ထမ္းတစ္ေယာက္ရဲ႕ဘဝမွာေတာ့အေဖ့အိမ္ေလာက္ မစိုေျပခဲ့မျပည့္စံုခဲ႔လွပါဘူး..

ေမတၱာတရားနဲ႔ ျပည့္ေနတဲ့ ရင္ထဲမွာေတာ့အေဖက သမီးရဲ႕ သူရဲေကာင္း

အေဖက သမီးရဲ႕ ဖခင္ေကာင္း အေဖက သမီးရဲ႕ သူငယ္ခ်င္းေကာင္းအေဖက သမီးရဲ႕ ရဲေဘာ္ရဲဘက္

အေဖက သမီးရဲ႕ အခ်စ္ဦး အေဖက သမီးအတြက္ ကမာၻေပၚမွာ နာက်င္ခံစားရေအာင္ မလုပ္တဲ့ တစ္ဦးတည္း​ေသာေယာက်ာ္း

ေျပာင္းျပန္ အခ်ိဳးက်ခ်င္တာက သမီးက အေဖ့ရဲ႕ အိုေတာင္ေဝွးေလး… သမီးငယ္ငယ္က အေဖသြားေလရာလက္ဆြဲေခၚတယ္

အေပါင္းအေဖာ္ေတြၾကား ေမာ္ႂကြားၿပီးေျပာတာက ဒါေလးက ငါ့ရဲ႕ ”အိုေတာင္ေဝွးေလး”ဆိုၿပီး ဂုဏ္ယူမဆံုး တျပံဳးျပံဳးနဲ႔ ေျပာခဲ့သလို

အေဖအိုတဲ့အခါ ေတာင္ေဝွးေလးလိုအားကိုးရေစခ်င္တာေပါ့..

သခၤါရသေဘာတရားအတိုင္းဘဝတစ္ခုရဲ႕..ေနဝင္ခ်ိန္ေရာက္ခါနီးၿပီမို႔

အသက္ေတြႀကီးတဲ့အခါ ထမီမႏိုင္ ပုဆိုးမႏိုင္က်င္ႀကီးမႏိုင္ က်င္ငယ္မႏိုင္ဘဝနဲ႔”ငါအိုေနၿပီ” ဆိုတဲ့အေတြးနဲ႔ စိတ္မေကာင္းျဖစ္ေနမလား..အေဖ

အားအင္ခ်ိနဲ႔တဲ့အခါ ….ဒီသမီးေလးကိုမွီပါစိတ္သြားတိုင္းကိုယ္မပါႏိုင္တဲ့အခါ..ဒီသမီးေလးကို..ခိုတြဲပါ

လဲက်ခ်ိန္ၾကံဳတဲ့အခါ..ဒီသမီးေလးကို အားျပဳပါ.. ဘဝရဲ႕ လက္က်န္သက္တမ္းကိုေလာဘ ေဒါသ ေမာဟတရားေတြနဲ႔ကင္းေဝးေအာင္ေနပါ

ဒါေလးက အေဖေျပာတဲ့ ”အေဖ့ရဲ႕အိုေတာင္ေဝွးေလး”​ေလတစ္နည္းေျပာရရင္ အေဖ့ရဲ့”အိုစာမင္းစာေလး”​ေပါ့

ေျခဆုပ္လက္နယ္ႏိွပ္ေပးရင္သမီးနဲ႔..ေနရတာေပ်ာ္ရဲ႕လားအေဖ ဆိုၿပီးမ်က္ႏွာေလး ေမာ့ေမာ့ၿပီးေမးေတာ့ေပ်ာ္တာေပါ့သမီးရယ္ဆိုၿပီး မ်က္ရည္ေလးေဝ့လို႔….(တခ်ိန္က..အေဖ့အိမ္မွာလည္းသမီး ထပ္တူေပ်ာ္ခဲ့ရပါတယ္…အေဖရာ )

အသက္ရာေက်ာ္ ေနေပးပါေနာ္ အိမ္မွာ..အေဖ႐ွိတယ္ဆိုတဲ့အားကဘယ္စမ္းေရနဲ႔မွ မလဲႏိူင္ေအာင္ေအးမွ်တယ္

အိုတဲ့အခါ..တရားပဲ႐ွာ ဘယ္သားသမီးအေၾကာင္းမွ မေတြးနဲ႔ အေဖေတြးသလို သူတို႔ေတြးမယ္မထင္ဘူး

က်င္လည္ရမယ့္ သံသရာက ဝဋ္ကြၽတ္ေအာင္ နိဗၺာန္ဆိုတဲ့တရားထူးပဲ႐ွာပါ

ေန့စဥ္ေန့တိုင္း အေဖျပဳတဲ့ကုသိုလ္ ပြားမ်ားတဲ့ဘာဝနာကို ႐ုပ္တရား နာမ္တရားနဲ႔ ႐ွဴမွတ္ပြားမ်ားၿပီးဝိပသာနာတရားကို အျမဲႏွလံုးသြင္းပါ..

အေဖက အေဖ့ဘဝအတြက္ နိဗၺာန္သြားမယ့္ ရိကၡာ႐ွာပါ….

သမီးက အေဖ့အတြက္ အားျဖစ္ေစမယ့္ဝမ္းစာ႐ွာေပးပါ့မယ္

မေမ့ဘူး..တရားေခြေလး ဖြင့္ရင္းအေဖနဲ႔အတူ ညအိပ္ယာဝင္တာေတြအေဖ ဖူးခ်င္တဲ့ဘုရား အတူဝတ္တက္ခဲ့တာေတြ…

တရားထူးေလး နားေထာင္မိရင္အေဖ့အတြက္ အင္တာနက္က downေပးခဲ့တာေတြ..ကိုျမႀကီးရဲ႕ ”မိုး”..ကိုျမ​ေသာင္းရဲ႕.”ေတာင္ေတာသာယာ” စတဲ့သီခ်င္းႀကီးေတြ ၾကားရင္ အေဖ့ကို လြမ္းမိဦးမွာပါ…

ဒီဘဝမွာေတာ့..ခ်စ္ျခင္းေမတၱာေတြနဲ႔သားအဖေတြေပါ့..ဒီဘဝတစ္ခုၿပီးရင္သမီးတို႔ ဘယ္ဘံုဘဝမွာ ဘယ္လိုေတြေတြ႔ ဘယ္လိုေတြဆံု ဘယ္လိုေတြၾကံဳၿပီး ဘယ္လိုတရားသေဘာမ်ိဳးနဲ႔ ထပ္ကြဲရမလဲမသိဘူးေနာ္..

သံသရာတစ္ေကြ႔မွာ.ထပ္ၿပီးဆံုေတြ႔ခြင့္ရခဲ့ရင္..အေဖ့ကိုေက်းဇူးျပဳဖူးသူနဲ႔အေဖ့အခက္အခဲေတြကို ေျဖ႐ွင္ေပးႏိုင္ေသာသူပဲျဖစ္ရပါေစ..

ဒီဘဝမွာလည္း အေဖ့ေက်းဇူးဆပ္မယ္မကုန္ႏိုင္တဲ့ေက်းဇူးေတြကို သံသရာအဆက္ဆက္ထိထပ္ၿပီး..ဆပ္ခ်င္ေသးတယ္..

အေဖေရ.ဇရာဆိုတာ လူကို အ႐ုပ္ဆိုးအက်ည္းတန္ေစတယ္တဲ့ျပရုပ္တဲ့.. ဘယ္ေလာက္ပဲအိုစာလို႔႐ုပ္က်ပါေစ..သမီးရင္ထဲအေဖကေတာ့ ခမ္းနားေနဆဲပါ

အေဖ့ဂုဏ္ထည္ဝါေတြ ႀကီးမားေနတုန္းပါအေဖ့မ်က္ႏွာေလးက.ေအးခ်မ္းတယ္အေဖ့ရဲ႕လက္​ေမာင္းေပ်ာ့ေပ်ာ့အိအိေလးကိုလည္းခ်စ္တယ္.

ေက်ာေျမာင္က အသားမဲ့ေနတဲ့ေက်ာျပင္ေလးကိုလည္း..ခ်စ္တယ္

ပါးေရေတြ တြန္႔ေနတဲ့ အေဖ့႐ုပ္သြင္ေလးလည္းခ်စ္တယ္..သြားမပါေတာ့တဲ့ ပါးခ်ိဳင့္ရာေလးလည္းခ်စ္တယ္..

တခါတခါ .ဇရာက္ုိညာလို့မရတဲ့အေဖ့႐ုပ္သြင္ေလး.ေစ့ေစ့ၾကည့္ၿပီး ရင္ထဲမွာ ဝမ္းနည္းျခင္း.စိတ္မေကာင္းျခင္းနဲ႔.ခ်စ္ျခင္းေမတၱာတရားေတြ ေရာယွက္လို႔ေနတယ္

ၾကည့္ပါဦး..ဇနီးသားသမီးကိုခါးေလးခ်ိေအာင္ လုပ္ကိုင္ေကြၽးခဲ့တဲ့အာဂသူရဲေကာင္းႀကီး..

သန္မာလွၿပီလို႔ ထင္ခဲ့တာ သြက္လက္လွၿပီလို႔ ထင္ခဲ့တာက်န္းမာလွၿပီလို႔ ထင္ခဲ့တာဇရာတရားရဲ႕. ထုေထာင္းမႈေတြေၾကာင့္ အေဖ့ခမ်ာ ေဝဒနာေတြ စိပ္လာၿပီ

ခါးေတြကိုင္းလို႔ မ်က္လံုးေတြမႈန္ေနၿပီ Ensure ေတြ မ်ားမ်ားေသာက္ေနာ္ အေဖ

ဒါမွ..အေဖ့အသက္ ဆက္လို႔ရမွာအေဖ့အသက္ကို ဆက္လို႔ရရင္နတ္ေဒဝါေတြ ေခၚျပီးဆက္ခ်င္သလိုေဆးပညာ ေဆးဆရာေတြနဲ႔လည္းေခၚဆက္ေစခ်င္္တယ္..ျဖစ္ႏိုင္မယ္ဆိုရင္ေပါ့

ဘယ္လိုနည္းနဲ႔ပဲဆက္ရဆက္ရပါမ႐ွိ ႐ွိတဲ့အားနဲ႔ ရေအာင္ဆက္ခ်င္တယ္အေဖေရ အား႐ွိမွ..အသက္ဆက္လို႔ရမယ္.

အသက္ဆက္မွ..ဒီသမီးေလးနဲ႔အတူေနခြင့္ရမယ္ ငါ့သမီးေလး လစာနဲ႔ ေလာက္ငွပါ့မလားလို႔မေတြးပါနဲ႔. ရတဲ့လစာ ႐ွိတဲ့ခြန္အားကခ်စ္ရတဲ့ အေဖ့အတြက္ပါ

ဘာျဖစ္ျဖစ္သမီး မ ​ေမာပါဘူး..အေဖက သမီးရဲ႕..…”ကုသိုလ္အိုးႀကီး”ေလ..

အိျဖဴဇင္(၂၉.၄.၂၀၂၀)