သင်္ကြင်္န် လက်ဆောင် ရွှေရင်ကိုအေးစေမယ့် ရွှေရင်အေး

ရွှေရင်အေးမှာက သာကူ၊ မုန့်လက်ဆောင်း၊ ကျောက်ကျော အပြင် ကောက်ညှင်းပေါင်း၊ ပေါင်မုန့်တို့ စုံလင်စွာ ပါဝင်ပါတယ်။ အုန်းနို့လေးနဲ့လေးမို့ ချိုစိမ့်တဲ့ အရသာလေးကို ရရှိမှာပါ။ လုပ်နည်းလေးကို ကြည့်ရအောင်…

– ရွှေရင်အေး မလုပ်ခင် ကျောက်ကျော အရင်လုပ်ကြရအောင်

ကျောက်ကျောတွင် ပါဝင်သော ပစ္စည်းများ

၁။ ဂါးဂါး ကျောက်ကျော – ၁ထုပ် (အထုပ်သေး)

၂။ သကြား – ၂၅ကျပ်သား

၃။ အုန်းနို့(Coconut Cream) – ဘူးကြီး တဝက်

ကျောက်ကျော ပြုလုပ်နည်း

၁။ ဒယ်အိုး အကြီး တစ်အိုးထဲသို့ ရေသန့်ဘူး တစ်ဘူး မျှ ရေများကို ထည့်ပေးပြီး ပွက်ပွက်ဆူအောင် တည်ထားပါ။

၂။ ပြီးမှ သကြား အားလုံးကို ဒယ်အိုးထဲထည့်ပြီး ပျောအောင် တည်ထားပါ။

၃။ ထို့နောက် ကျောက်ကျော ထုပ်ကို ရေအနည်းငယ် ရောမွှေပြီး ဒယ်အိုးထဲထည့်၍ ညောင်းစေးသည်အထိ မကြာမကြာရောမွှေပေးပါ။

၄။ ညောင်းစေးလာလျှင် အုန်းနို့များကို ထည့်ပြီး ရောမွှေလိုက်ပါ။

၅။ ပြီးလျှင် ကျောက်ကျောရည်များကို ဗန်းထဲသို့ လောင်းချပြီး အအေးခံထားပေးပါ။

မှတ်ချက်။ ။ ကျောက်ကျော ၂ထပ်လုပ်ချင်ပါက အုန်းနို့အထည့်ခင် ကျောက်ကျောရည် တဝက်ကို ဗန်းထဲ အရင် လောင်းချလိုက်ပါ။ ပြီးမှ အုန်းနို့ထည့်ပြီး ကျန်ကျောက်ကျောရည် တဝက်နဲ့ရောမွှေ၍ အပေါ်မှ ထပ်လောင်းချပေးလိုက်ရင် ရပါပြီး။

ရွှေရင်အေး တွင်ပါဝင်သောပစ္စည်းများ

၁။ မုန့်လက်ဆောင်းဖတ် – ၁ပြည်

၂။ သာကူစေ့ (လုံးသေး) – ၂၀၀ဂရမ်

၃။ ကောက်ညှင်းပေါင်း – ၁၀ကျပ်သား

၄။ ကျောက်ကျော

၅။ အုန်းသီး – ၁လုံး (အရည်ညှစ်ပြီသား)

၆။ သကြား – ၃၀ကျပ်သား

ရွေရင်အေး ပြုလုပ်နည်း

၁။ အုန်းရည်များကို သကြားများဖြင့် သကြားအရည်ပျော်သည်အထိ ဇွန်းဖြင့် ခပ်နာနာလေး မွှေပေးထားပါ။

၂။ ပြီမှ သာကူကျိုပါမည်။ သာကူကျိုရန်အတွက် ဒယ်အိုး ၁အိုးထဲသို့ ရေပွက်ပွက်ဆူလာမှ သာကူများကို ထည့်ပြီး အဆက်မပြတ်မွှေပေးနေပါ။ သာကူစေ့များကို မပြဲစေပါနှင့်။ မမွှေပေးပါက သာကူစေ့များကပ်သွားပါလိမ့်မည်။

၃။ သာကူထဲမှ အဆံလေးများ မရှိတော့လျှင် ရပါပြီ။ ရပြီဆိုလျှင် ဇကာဖြင့် ပြန်ဆယ်ထားပေးပါ။

၄။ ထို့နောက် ပန်းကန်တစ်ခုထဲ သာကူ၊ ကျောက်ကျော၊ မုန့်လက်ဆောင်းဖတ်၊ ကောက်ညှင်းပေါင်း၊ ပေါင်မုန့်တို့ကို တပွဲစာစီပြင်လိုက်ပါ။

၅။ ပြီမှ အုန်းနို့ရည် ယောက်ချိုဇွန်းနှင့် ၁ဇွန်းခန့်ထည့်ပြီ ရွှေရင်အေးကို ရေခဲတုံးလေးများ ထည့်ကာ သုံးဆောင်နိုင်ပါပြီ…

May Thazin

ေရႊရင္ေအးမွာက သာကူ၊ မုန္႔လက္ေဆာင္း၊ ေက်ာက္ေက်ာ အျပင္ ေကာက္ညွင္းေပါင္္း၊ ေပါင္မုန္႔တုိ႔ စံုလင္စြာ ပါ၀င္ပါတယ္။ အုန္းနုိ႔ေလးနဲ႔ေလးမို႔ ခ်ဳိစိမ္႔တဲ႔ အရသာေလးကို ရရွိမွာပါ။ လုပ္နည္းေလးကို ၾကည္႔ရေအာင္…

– ေရႊရင္ေအး မလုပ္ခင္ ေက်ာက္ေက်ာ အရင္လုပ္ၾကရေအာင္

ေက်ာက္ေက်ာတြင္ ပါ၀င္ေသာ ပစၥည္းမ်ား

၁။ ဂါးဂါး ေက်ာက္ေက်ာ – ၁ထုပ္ (အထုပ္ေသး)

၂။ သၾကား – ၂၅က်ပ္သား

၃။ အုန္းနုိ႔(Coconut Cream) – ဘူးၾကီး တ၀က္

ေက်ာက္ေက်ာ ျပဳလုပ္နည္း

၁။ ဒယ္အိုး အၾကီး တစ္အုိးထဲသုိ႔ ေရသန္႔ဘူး တစ္ဘူး မွ် ေရမ်ားကို ထည္႔ေပးျပီး ပြက္ပြက္ဆူေအာင္ တည္ထားပါ။

၂။ ျပီးမွ သၾကား အားလံုးကို ဒယ္အိုးထဲထည္႔ျပီး ေပ်ာေအာင္ တည္ထားပါ။

၃။ ထုိ႔ေနာက္ ေက်ာက္ေက်ာ ထုပ္ကို ေရအနည္းငယ္ ေရာေမြွျပီး ဒယ္အိုးထဲထည္႔၍ ေညာင္းေစးသည္အထိ မၾကာမၾကာေရာေမြွေပးပါ။

၄။ ေညာင္းေစးလာလွ်င္ အုန္းနုိ႔မ်ားကို ထည္႔ျပီး ေရာေမြွလိုက္ပါ။

၅။ ျပီးလွ်င္ ေက်ာက္ေက်ာရည္မ်ားကို ဗန္းထဲသို႔ ေလာင္းခ်ျပီး အေအးခံထားေပးပါ။

မွတ္ခ်က္။ ။ ေက်ာက္ေက်ာ ၂ထပ္လုပ္ခ်င္ပါက အုန္းနုိ႔အထည္႔ခင္ ေက်ာက္ေက်ာရည္ တ၀က္ကို ဗန္းထဲ အရင္ ေလာင္းခ်လိုက္ပါ။ ျပီးမွ အုန္းနုိ႔ထည္႔ျပီး က်န္ေက်ာက္ေက်ာရည္ တ၀က္နဲ႔ေရာေမြွ၍ အေပၚမွ ထပ္ေလာင္းခ်ေပးလိုက္ရင္ ရပါျပီး။

ေရြွရင္ေအး တြင္ပါ၀င္ေသာပစၥည္းမ်ား

၁။ မုန္႔လက္ေဆာင္းဖတ္ – ၁ျပည္

၂။ သာကူေစ႔ (လံုးေသး) – ၂၀၀ဂရမ္

၃။ ေကာက္ညွင္းေပါင္း – ၁၀က်ပ္သား

၄။ ေက်ာက္ေက်ာ

၅။ အုန္းသီး – ၁လံုး (အရည္ညွစ္ျပီသား)

၆။ သၾကား – ၃၀က်ပ္သား

ေရြရင္ေအး ျပဳလုပ္နည္း

၁။ အုန္းရည္မ်ားကို သၾကားမ်ားျဖင္႔ သၾကားအရည္ေပ်ာ္သည္အထိ ဇြန္းျဖင္႔ ခပ္နာနာေလး ေမႊေပးထားပါ။

၂။ ျပီမွ သာကူက်ဳိပါမည္။ သာကူက်ဳိရန္အတြက္ ဒယ္အုိး ၁အိုးထဲသုိ႔ ေရပြက္ပြက္ဆူလာမွ သာကူမ်ားကို ထည္႔ျပီး အဆက္မျပတ္ေမႊေပးေနပါ။ သာကူေစ႔မ်ားကို မျပဲေစပါနွင္႔။ မေမႊေပးပါက သာကူေစ႔မ်ားကပ္သြားပါလိမ္႔မည္။

၃။ သာကူထဲမွ အဆံေလးမ်ား မရွိေတာ႔လွ်င္ ရပါျပီ။ ရျပီဆုိလွ်င္ ဇကာျဖင္႔ ျပန္ဆယ္ထားေပးပါ။

၄။ ထုိ႔ေနာက္ ပန္းကန္တစ္ခုထဲ သာကူ၊ ေက်ာက္ေက်ာ၊ မုန္႔လက္ေဆာင္းဖတ္၊ ေကာက္ညွင္းေပါင္း၊ ေပါင္မုန္႔တုိ႔ကို တပြဲစာစီျပင္လိုက္ပါ။

၅။ ျပီမွ အုန္းနုိ႔ရည္ ေယာက္ခ်ဳိဇြန္းနွင္႔ ၁ဇြန္းခန္႔ထည္႔ျပီ ေရႊရင္ေအးကို ေရခဲတုံးေလးမ်ား ထည္႔ကာ သံုးေဆာင္နုိင္ပါျပီ…

May Thazin