မိန်းမသားတို့ ရင်ဖွင့်ရာ Group မှာ လာရောက်ရင်ဖွင့်ထားတဲ့ ရင္ဖြင့္စာ (၄)

မိန်းမသားတို့ ရင်ဖွင့်ရာ Group မှာ လာရောက်ရင်ဖွင့်ထားတဲ့ သမီးလေးတစ်ယောက်ရဲ့ ရင်ဖွင့်စာလေးနဲ့ အဖွဲ့ဝင်သမီးလေးတို့ရဲ့ အဖြေတစ်ချို့ကို မျှဝေပေးလိုက်ပါတယ်

Group ထဲကအစ်မတွေညီမလေးတွေ နည်းနည်းလောက်ရင်ဖွင့်ပါရစေနော်

အခုယောကျ်ားကနိုင်ငံခြားမှာ အလုပ်လုပ်နေတာပါ ။

လေးနှစ်အရွယ်သားတစ်ယောက်ရှိပါတယ် သားကိုယ်ဝန်ရှိကတည်းကမွေးပြီးသည်ထိ ယောကျ်ားကပိုက်ဆံတစ်ပြားမှမပေးဘူး..

ကိုယ်ကဝန်ထမ်းဆိုတော့တော်သေးတယ် ကိုယ်လစာနဲ့ကိုယ်ဆိုတော့ဟန်မပျက်နေနိုင်တာ သားကိုမွေးတော့လည်း အမေ့အိမ်ပြန်မွေးတယ်

၆ လပြည့်ပြန်လာတော့ သူတို့အိမ်နဲ့အဆင်မပြေတော့ အိမ်ငှားနေတယ် အိမ်ခွဲမယ့်နေ့မှာသူအမေနဲ့ရန်ဖြစ်စကားများတယ်

အိမ်ခွဲနေတာတော့လိုက်နေပါတယ် သူကအလုပ်သွားရင် ညီမချက်ပေးတဲ့ ထမင်းဟင်းကိုမယူဘူးသူ့အမေချက်ပေးတဲ့ထမင်းဟင်းကိုယူတယ်

အစကတော့ကိုယ်က ကလေးငယ်သေးလို့မိန်းမကိုစာနာလို့စောစောမထစေဘဲ အမေကိုချက်ပေးခိုင်းတာလို့ဘဲထင်လိုက်တာ

နောက်ပိုင်းမှာတစ်ဖြေးဖြေးနဲ့သူ့အမေကအိမ်တွင်းရေးကအစအကုန်ပါတော့တာ

အဲ့သလိုပါအောင်လည်း ယောကျ်ားဖြစ်တဲ့သူကအကုန်လုံးကို သူ့အမေကိုပြန်ပြောတာ သူ့အိမ်ဘက်ကဖြစ်တာကြကိုယ်ကဘာမှမသိဘူး

နောက်ဆုံးငွေကြေးတွေအထိပါလာတယ် အခုလည်းသူ့သားငွေလွဲတာကအစ သူတို့နာမည်နဲ့လွဲခိုင်းတယ်

သူ့သားကလည်းသူ့အဖေနာမည်နဲ့လွဲတယ် ညီမကိုကလေးစရိတ် တစ်လငါးသောင်းပေးတယ် ညီမကပိုတောင်းမိတဲ့လများဆို စကားများရတယ် လိုင်းပေါ်ကနေရန်ဖြစ်ရတယ်

အခုလည်းသားကိုအမေတို့ဆီပို့လို့ဆိုပြီးမပေါင်းနိုင်ဘူးကွာမယ်တဲ့ အလုပ်ပါတစ်ခါတည်းပြောင်းတဲ့

သြော် တစ်ခုပြောဖို့ကျန်နေတာညီမအလုပ်ကသူတို့မြို့မှာလေ အဲ့ဒါနဲ့ညီမလည်းသူတို့အဖေအမေကိုဖုန်းဆက်ပြီးပြောတာပေါ့

သူ့တို့ကတော့သူ့သားကစိတ်တိုရင်အဲ့သလိုဘဲ မင်းလည်းသိတာဘဲတဲ့ နောက်ကျပြေလည်သွားလိမ့်မယ်တဲ့

ညီမလေ အရမ်းစိတ်ညစ်တာဘဲ ကိုယ့်ဘက်မကြည့်တဲ့ယောကျ်ားကိုဆက်ပြီးပေါင်းသင့်မပေါင်းသင့် ဆုံးဖြတ်ပေးကြပါအုန်းနော်..

စာရှည်သွားရင်လည်းခွင့်လွှတ်ပါ…

မိန်းမသားတို့၏ Comment အဖြေများ

A : အလုပ်တော့လုံးဝမထွက်ပါနဲ့ညီမလေးမိန်းမတွေအလုပ်ရှိမှသူတို့မစော်ကားရဲမှာ

B : ကိုယ့်ရဲ့လက်ရှိအလုပ်လေးကိုပဲမပစ်ပယ်ပဲဆက်လုပ်ပါဘာတေဖြစ်ဖြစ်ကိုယ်ရှာတဲ့ငွေကသာကိုယ့်ငွေပါနော်ကျန်တာတေအတွက်တော့ fightingပါ

C : ခလေးစရိတ်၁လ၅သောင်းထောက်ပံ့ပေးတာနဲ့ လောက်ဌတယ်ထင်တဲ့ ယောင်္ကျားမျိုးဘဲ အဲ့လောက်ထောက်ပံ့ပေးတာနဲ့ ဖခင်ကောင်းဖြစ်နေပီလို့ သူ့ကိုယ်သူထင်နေတာနေမှာပေါ့ အမလဲဝန်ထမ်းဘဲ အမလစာနဲ့အမရပ်တည်နိုင်တာဘဲ အလျော့ပေးမနေနဲ့ အမ

D : ကလေးမျက်နှာလေးကြည့်ပေးပါ ခံစားနေရတာခဏတာမျိုသိပ်ပြီး ကလေးလက်လွှတ်လို့ရတဲ့အရွယ်မှာဆုံးဖြတ်ပါလို့ ခုချိန်လမ်းခွဲလိုက်ရင်ကလေးတစ်ဖက်နဲ့ကိုယ်ပဲရုန်းကန်ရမှာ အားတင်းထားပါ မစာနာလို့ပြောတာမဟုတ်ပါ တကယ့်လက်တွေ့ကမလွယ်တာမို့ပါ

E : ဘဝတူတွေပါညီမ မိန်းမနဲ့သားမျက်နှာမထောက် သူ့အမေစကားတခွန်းပဲအလေးထားတာ တကယ်ရင်နာလို့

Comment အားပေးစကားပေါင်း ၈၀ ခုရှိတဲ့ထဲက အချို့ကိုပဲ ဖော်ပြပေးလိုက်ရခြင်းဖြစ်ပါတယ်

မိန်းမသားတို့ ရင်ဖွင့်ရာ Group ကို Join လိုပါက Comment မှာ Group လို့ရေးခဲ့ပေးပါ ။



အခုယောက်ျားကနိုင်ငံခြားမှာ အလုပ်လုပ်နေတာပါ ။

လေးနှစ်အရွယ်သားတစ်ယောက်ရှိပါတယ် သားကိုယ်ဝန်ရှိကတည်းကမွေးပြီးသည်ထိ ယောက်ျားကပိုက်ဆံတစ်ပြားမှမပေးဘူး..






အဲ့သလိုပါအောင်လည်း ယောက်ျားဖြစ်တဲ့သူကအကုန်လုံးကို သူ့အမေကိုပြန်ပြောတာ သူ့အိမ်ဘက်ကဖြစ်တာကြကိုယ်ကဘာမှမသိဘူး






ညီမလေ အရမ်းစိတ်ညစ်တာဘဲ ကိုယ့်ဘက်မကြည့်တဲ့ယောက်ျားကိုဆက်ပြီးပေါင်းသင့်မပေါင်းသင့် ဆုံးဖြတ်ပေးကြပါအုန်းနော်..








