အင်္ဂါတွေဟာအပြင်ပန်းသဏ္ဍန်တည်ငြိမ်အေးဆေးစွာနဲ့နေတတ်ကြပေမဲ့အင်မတန်မှာ ဒေါသကြီးတဲ့နေ့နာမ်တွေဖြစ်ကြတယ်
မဟုတ်ရင်မခံချင်ကြဘူးဒေါသဖြစ်ရင်အပြင်မှာပေါက်ကွဲကြတာထက်ပါးစပ်ကပူညံပူညံနဲ့ရေရွတ်နေတတ်ကြတယ်
လူတွေအပေါ် ဖော်ရွေစွာနဲ့ခင်မင်တတ်ပါတယ်ဝတ္တရားပျက်ကွက်မိရင်လည်းအပြန်ပြန်အလှန်လှန်တွေးပူနေတတ်ကြတယ်
မိသားစုတွေအပေါ်မှာ ပျော်ရွှင်မှုတွေပေးချင်တဲ့စိတ်တွေရှိကြတယ်တည်ငြိမ်အေးချမ်းတဲ့ ပုံစံမျိုးပေမဲ့တခါတလေ မိသားစုထဲမှာ ပေါကြောင်ကြောင်နိုင်တတ်ကြတယ်
အလုပ်လုပ်တဲ့နေရာမှာသူများအပေါ်ဦးဆောင်လိုတဲ့စိတ်ရှိတယ်ကိုယ်လုပ်ရင်ကိုယ်အကောင်းလို့ထင်မြင်တတ်ကြတာအင်္ဂါ
အကောင်းဆုံးဖြစ်အောင်လည်း ကြိုးစားတတ်ကြတယ်
အင်္ဂါတွေဟာ ကိုယ့်ကိုယုံကြည်မှုအပြည့်အဝရှိတယ်
တခါတရံ ကိုယ့်ကိုယ်ပင်ချီးမွန်းတတ်တယ် သူများတွေမြှောက်ပေးရင်တော့သိပ်မကြိုက်ဘူး
အပေါင်းအသင်း သူငယ်ချင်းတွေကြားမှာအေးအေးဆေးဆေးနေတတ်ကြတာ အင်္ဂါပါ
တည်ငြိမ်အေးချမ်းတဲ့ အပြုံးတွေကိုလည်းပိုင်ဆိုင်ထားကြတယ်
ကိုယ့်အပေါ်ကောင်းတဲ့လူဆိုရင် လွယ်လွယ်နဲ့မမေ့တတ်သလောက်
ကို့အပေါ်မကောင်းတဲ့လူဆိုရင်တော့ တသက်လုံးပြန်လှည့်မကြည့်တတ်ကြဘူး
အင်္ဂါတွေဟာတိရိစ္ဆာန်လေးတွေကို အသည်းယားစွာနဲ့ ချစ်တတ်ကြတယ်
အိမ်မက်ထူးထူးဆန်းဆန်းတွေမက်ရင်သူငယ်ချင်းတွေကို သို့မဟုတ်မိသားစုထဲကလူတစ်ယောက်ယောက်ကိုပြန်လည်ပီးပြောပြချင်တတ်ကြတယ်
ဝမ်းနည်းစရာ တစ်ခုခုနဲ့ကြုံရင်မျက်ရည်လွယ်တတ်ကြတာအင်္ဂါပါ
တော်ရုံနဲ့မမေ့တတ်ကြဘူး သို့ပေမဲ့မေ့ပီးသွားရင်လည်း သူမဟုတ်သလိုပဲ အသစ်တဖန်ပြန်စတတ်ကြတယ်
သူများအပေါ်မှာ ကူညီပေးချင်တဲ့စိတ်အပြည့်အဝရှိတယ်အားနာတတ်တယ်စကားပြောရင်လည်း သူများနားလည်အောင်ရှင်းလင်းစွာနဲ့ ပြောပြတတ်ကြတယ်
အမှတ်တရတွေကိုတော့ တခုမကျန်မမေ့တတ်တာအင်္ဂါပါပဲ
သီချင်းအေးအေးလေးတွေဆို တည်ငြိမ်အေးချမ်းတဲ့နေရာမှာ
တိုးတိုးတိတ်တိတ် နားကျပ်နဲ့နားထောင်နေရတာတွေကိုနှစ်သက်ကြတာအင်္ဂါပါ
အင်္ဂါတွေဟာ အချစ်ရေးမှာတော့ တွေဝေနေတတ်ကြပါတယ်ရှေ့တိုးရမလိုလို နောက်ဆုတ်ရမလိုလိုနဲ့သံယောဇဉ်လည်း မပြတ်နိုင်ကြဘူး
Julia
Julia