၁ နေ့စဉ် မနက်စောစော (သို့ )ပုံမှန် အချိန်တစ်ချိန် ဘုရားရှိခိုးဦးချခြင်း၊ သီလ သမာဓိ ပညာ အားကြီးသောပုဂ္ဂိုလ်များကို ရိုသေမြတ်နိုး တန်ဖိုးထားခြင်းဖြင့်
ဘုရား တရား သံဃာကို ဦးထိပ်ထားသူများနှင့်ပတ်သက်လာမည့်အပြင် မိမိထက် သီလသမာဓိပညာ နည်းပါးသူများ၏ ရိုသေမြတ်နိုး တန်ဖိုးထားမှုကိုပြန်ရမည်ဖြစ်၏။
၂ မိမိဘဝကို ဒါန သီလ ဘာဝနာအလုပ်ပြုလုပ်သည့် ယောဂီအဖြစ်သာအသုံးချခြင်းဖြင့် မိမိကိုယ်တိုင် ပြုလုပ်လာနိုင်သလောက် မိမိနှင့်တန်းတူ ပြုလုပ်တတ်များနှင့်ပတ်သက်ရင်းနှီးလာမည်ဖြစ်၏။
အများကိုလည်းမိမိပြုလုပ်သကဲ့သို့ပြုလုပ်တတ်အောင်ကူညီခြင်းဖြင့် အများကို ရေရှည် ကူညီနိုင်သလောက် အများ၏အကူအညီကို ရေရှည်ပြန်ရလာမည်ဖြစ်၏။
မိမိနှင့်ပတ်သက်သမျှ၏
စားဝတ်နေရေး ပညာရေး ကျန်းမာရေး ကုသိုလ်ပြုလုပ်ရေး လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သလောက် မိမိ၏ အလားတူ လိုအပ်ချက်များလည်း ပြည့်ဝလာမည်ဖြစ်၏။
ပြဿနာအခက်အခဲပေါင်းစုံကို ဖြေရှင်းပေးနိုင်သလောက် မိမိ၏ အလားတူပြဿနာများလည်း ပြေလည်လာမည်ဖြစ်၏။
၃ အများကို စိတ်ထဲမှာထားသလောက် မိမိကဲ့သို့ အများအကျိုးလိုလားသူများနှင့် ပတ်သက်လာမည့်အပြင် အကူအညီလိုအပ်သူများ၏
စိတ်ထဲတွင်လည်း မိမိဘဝသည် အားကိုးစရာအဖြစ်ရှိလာမည်သာဖြစ်၏။
ဓမ္မအမြင်ဖြင့်ကြည့်လျှင် ငါ သူမဟုတ် ရုပ်နာမ်အကြောင်းအကျိုးမျှသာလျှင်ဟုတ်သဖြင့် ကုသိုလ် ဖြစ်စေ အကုသိုလ်ဖြစ်စေ လုပ်လျှင် ဖြစ်သည်သာဖြစ်သကဲ့သို့
ကုသိုလ်က ဆိုင်ရာ ပစ္စုပ္ပန်ကောင်းကျိုး အကုသိုလ်ကဆိုင်ရာ ပစ္စုပ္ပန်မကောင်းကျိုးပေးသည့်အပြင် အနာဂတ်အကျိုးဆက်များကိုလည်း အချိန်တန်လျှင် မယွင်းဧကန်ပေးအပ်စမြဲသာဖြစ်၏။
ဆရာတော်အရှင်ဥတ္တမသာရ
၁ ေန႔စဥ္ မနက္ေစာေစာ (သို႔ )ပံုမွန္ အခ်ိန္တစ္ခ်ိန္ ဘုရားရွိခိုးဦးခ်ျခင္း၊ သီလ သမာဓိ ပညာ အားႀကီးေသာပုဂၢိဳလ္မ်ားကို ႐ိုေသျမတ္ႏိုး တန္ဖိုးထားျခင္းျဖင့္
ဘုရား တရား သံဃာကို ဦးထိပ္ထားသူမ်ားႏွင့္ပတ္သက္လာမည့္အျပင္ မိမိထက္ သီလသမာဓိပညာ နည္းပါးသူမ်ား၏ ႐ိုေသျမတ္ႏိုး တန္ဖိုးထားမႈကိုျပန္႐မည္ျဖစ္၏။
၂ မိမိဘဝကို ဒါန သီလ ဘာဝနာအလုပ္ျပဳလုပ္သည့္ ေယာဂီအျဖစ္သာအသံုးခ်ျခင္းျဖင့္ မိမိကိုယ္တိုင္ ျပဳလုပ္လာႏိုင္သေလာက္ မိမိႏွင့္တန္းတူ ျပဳလုပ္တတ္မ်ားႏွင့္ပတ္သက္ရင္းႏွီးလာမည္ျဖစ္၏။
အမ်ားကိုလည္းမိမိျပဳလုပ္သကဲ့သို႔ျပဳလုပ္တတ္ေအာင္ကူညီျခင္းျဖင့္ အမ်ားကို ေရရွည္ ကူညီႏိုင္သေလာက္ အမ်ား၏အကူအညီကို ေရရွည္ျပန္ရလာမည္ျဖစ္၏။
မိမိႏွင့္ပတ္သက္သမွ်၏
စားဝတ္ေနေရး ပညာေရး က်န္းမာေရး ကုသိုလ္ျပဳလုပ္ေရး လိုအပ္ခ်က္မ်ားကို ျဖည့္ဆည္းေပးႏိုင္သေလာက္ မိမိ၏ အလားတူ လိုအပ္ခ်က္မ်ားလည္း ျပည့္ဝလာမည္ျဖစ္၏။
ျပႆနာအခက္အခဲေပါင္းစံုကို ေျဖရွင္းေပးႏိုင္သေလာက္ မိမိ၏ အလားတူျပႆနာမ်ားလည္း ေျပလည္လာမည္ျဖစ္၏။
၃ အမ်ားကို စိတ္ထဲမွာထားသေလာက္ မိမိကဲ့သို႔ အမ်ားအက်ိဳးလိုလားသူမ်ားႏွင့္ ပတ္သက္လာမည့္အျပင္ အကူအညီလိုအပ္သူမ်ား၏
စိတ္ထဲတြင္လည္း မိမိဘဝသည္ အားကိုးစရာအျဖစ္ရွိလာမည္သာျဖစ္၏။
ဓမၼအျမင္ျဖင့္ၾကည့္လွ်င္ ငါ သူမဟုတ္ ႐ုပ္နာမ္အေၾကာင္းအက်ိဳးမွ်သာလွ်င္ဟုတ္သျဖင့္ ကုသိုလ္ ျဖစ္ေစ အကုသိုလ္ျဖစ္ေစ လုပ္လွ်င္ ျဖစ္သည္သာျဖစ္သကဲ့သို႔
ကုသိုလ္က ဆိုင္ရာ ပစၥဳပၸန္ေကာင္းက်ိဳး အကုသိုလ္ကဆိုင္ရာ ပစၥဳပၸန္မေကာင္းက်ိဳးေပးသည့္အျပင္ အနာဂတ္အက်ိဳးဆက္မ်ားကိုလည္း အခ်ိန္တန္လွ်င္ မယြင္းဧကန္ေပးအပ္စၿမဲသာျဖစ္၏။
ဆရာေတာ္အရွင္ဥတၱမသာရ