
ကိုထွဋ်ထိပ် တင်ထားတဲ့ Post လေးကိုသဘောကျလို့ သမီးလေးတို့အတွက် ပြန်လည်မျှဝေလိုက်ပါတယ်
“Rice ATM” တဲ့ …အတုယူဖို့ပါ …
ဗီယက်နမ်မှာ ဆန် ဝေတဲ့ ပုံစံပါ …
– ခလုတ်လေး နှိပ်လိုက်ရင် ပိုက်ထဲက သူ့အလိုလို ဆန် ထွက်ကျလာတယ်
– တခါ ထွက်ရင် 1.5kg ထွက်တယ်
– ၂၄ နာရီ လာယူလို့ရတယ်၊ ရက်အကန့်အသတ်မရှိ ဝေမျှပေးမယ်၊ လူမတိုးစေချင်လို့၊ လူစုလူဝေး မဖြစ်စေချင်လို့ ဒီလို စီစဉ်ရတာ တဲ့
– ဘယ်သူဖြစ်ဖြစ် လာယူလို့ရပေမဲ့
ဆင်းရဲတဲ့သူတွေသာ ယူကြပါ၊ ငွေးကြေးတတ်နိုင်သူတွေက ဆင်းရဲတဲ့သူတွေအတွက် ချန်ထားပေးပါ တဲ့
– အခုကျင့်သုံးတဲ့ စနစ်ဟာ trust system လူထုအပေါ် ယုံကြည်ထားတဲ့ စနစ်ပါ။ မှတ်ပုံတင်ပြစရာမလို ဘယ်သူဘယ်ဝါ ဘာဖြစ်မှ ယူခွင့်ရှိမယ်လို့ ကန့်သတ်မထားဘဲ တကယ် လိုတဲသူ လာယူလို့ရပါတယ်
– တယောက်တည်း အများကြီး မယူသွားဖို့အတွက်တော့ CCTV တပ်ထားရပါတယ် တဲ့
– ဆန်ယူဖို့ လူများနေလို့ တန်းစီရမယ်ဆိုလည်း တယောက်နဲ့ တယောက် (၂)မီတာ ခွာရမယ်၊ တန်းစီသူတွေ မတ်တပ်ရပ်ဖို့အတွက် ကြမ်းပြင်မှာ အကွက်လေးတွေ စနစ်တကျ ရေးဆွဲထားပေးတယ်
ဒါဝေးဝေးလံလံ မဟုတ်ဘူးနော်၊ ဗီယက်နမ်မှာ ကျင့်သုံးနေတဲ့ စနစ်ပါ …
စီမံချက်အနေနဲ့ အသွားအလာ ကန့်သတ်နေချိန်မှာတောင် စနစ်တကျ တန်းမစီနိုင်ဘဲ လူစုလူဝေးလုပ်ပြီး ဆန်ဝေပေးနေရရှာတဲ့ ကျွန်တော်တို့ ဝန်ကြီးချုပ် … ဒီပို့စ်လေး တွေ့စေချင်ပါတယ်…
ကိုထွဋ်ထိပ်
ကိုထွဋ်ထိပ်