သူများဆီက အကူညီတောင်းတဲ့ အခါ ဘယ်လိုစိတ်မျိုးလေး ထားရမယ်လို့ ပြောကြတာများတယ်
သူများကို ကူညီရင်ကော ဘယ်လိုစိတ်မျိုးလေး ထားသင့်သလဲ
မနေ့က မုန့်ဆိုင်ထိုင်ရင်း နောက်က ဦးလေးတစ်ယောက်ပြောနေတာကြားမိတယ်
သူတို့ ဒုက္ခရောက်တုန်းက ငါက ကူညီပေးခဲ့တာ ဘယ်နှစ်ခါလဲ
ခုကျ တစ်ခုလေးပဲ ခက်ခဲတာလေးလည်းမဟုတ်တာကိုပြန်မသိတတ်ဘူးတဲ့
သူတို့က ကိုယ့်ထက် ပြည့်စုံနေတော့ ကိုယ့်ကို ပြန်သိတတ်ဖို့မေ့နေတယ်တဲ့
ကိုယ်စဉ်းစားမိတာပါ
သူတို့က သတိမရဘူး ဆိုတာမျိုးထက်ကိုယ်က မေ့ဖျောက်မရနိုင်တာကော မဖြစ်နိုင်ဘူးလား
က်ုယ့်ဘက်က အခက်အခဲရှိတိုင်း ကိုယ်ကူညီဖူးခဲ့တာတွေကိုပဲပြန်သတိရနေတာကော မဖြစ်နိုင်ဘူးလား
အသိတစ်ယောက်ရှိတယ် ကိုယ်မလိုအပ်တဲ့အချိန်မျိုးမှာတောင်
သူက အတင်းလိုက်ကူညီတယ် သူအကူညီ လိုအပ်တဲ့ အခါတိုင်းလည်း
အစ်မ ဘယ်တုန်းက ကူညီထားတာလေ ပြန်ကူညီပေးဆိုတာမျိုးပြောတတ်တယ်
တစ်ကယ်တော့ သူမကူညီလည်း ဖြစ်တဲ့ကိစ္စမျိုး တော်တော် စိတ်အနှောင့်ယှက် ဖြစ်ရတဲ့ ကိစ္စမျိုးပါ
လူဆိုတာကလည်း ခက်သားလားလေ
သူတို့ အကူညီလိုလို့ ကိုယ်က ကူညီလိုက်ရရင်တောင် သူတို့က မှတ်ထားချင်ကြတာလည်းမဟုတ်
အလိုက်တသိ ပြန်ကူညီပေးတတ်သူဟာ လူနည်းစုပါ
ဒီတော့ကျွန်မတို့တွေ ဒီလိုလုပ်ရင် မကောင်းဘူးလား
ဘယ်သူ့ကိုမှ မကူညီပဲ နေလိုက်ကြရအောင်
အဲ့တော့ ကိုယ် အဆင်မပြေဖြစ်တိုင်းလည်း ကိုယ့်ဟာကိုယ်ပဲ ဖြေရှင်းကြတာပေါ့
အကူညီ ဆိုတဲ့ ဝေါဟာရနဲ့ ကင်းကင်းရှင်းရှင်း နေကြရအောင်
မနေနိုင်လို့ ကူညီမိလည်း မှတ်မထားနဲ့ပေါ့နော့်
သူ့ဘက်က သိတတ်မှု ပိုလို့တောင် မမျှော်နဲ့တော့ပေါ့
ဒီလိုဆို ကိုယ့်ကျေးဇူးရှိလို့ သူ့ကျေးဇူးရှိလို့ ဆိုတဲ့ ပြဿနာတွေ လျော့သွားမလားလို့ပါ တွေးမိတာလေး
မိန်းမသားများ
သူမ်ားဆီက အကူညီေတာင္းတဲ့ အခါ ဘယ္လိုစိတ္မ်ိဳးေလး ထားရမယ္လို႔ ေျပာၾကတာမ်ားတယ္
သူမ်ားကို ကူညီရင္ေကာ ဘယ္လိုစိတ္မ်ိဳးေလး ထားသင့္သလဲ
မေန႔က မုန္႔ဆိုင္ထိုင္ရင္း ေနာက္က ဦးေလးတစ္ေယာက္ေျပာေနတာၾကားမိတယ္
သူတို႔ ဒုကၡေရာက္တုန္းက ငါက ကူညီေပးခဲ့တာ ဘယ္ႏွစ္ခါလဲ
ခုက် တစ္ခုေလးပဲ ခက္ခဲတာေလးလည္းမဟုတ္တာကိုျပန္မသိတတ္ဘူးတဲ့
သူတို႔က ကိုယ့္ထက္ ျပည့္စံုေနေတာ့ ကိုယ့္ကို ျပန္သိတတ္ဖို႔ေမ့ေနတယ္တဲ့
ကိုယ္စဥ္းစားမိတာပါ
သူတို႔က သတိမရဘူး ဆိုတာမ်ိဳးထက္ကိုယ္က ေမ့ေဖ်ာက္မရႏိုင္တာေကာ မျဖစ္ႏိုင္ဘူးလား
က္ုယ့္ဘက္က အခက္အခဲရွိတိုင္း ကိုယ္ကူညီဖူးခဲ့တာေတြကိုပဲျပန္သတိရေနတာေကာ မျဖစ္ႏိုင္ဘူးလား
အသိတစ္ေယာက္ရွိတယ္ ကိုယ္မလိုအပ္တဲ့အခ်ိန္မ်ိဳးမွာေတာင္
သူက အတင္းလိုက္ကူညီတယ္ သူအကူညီ လိုအပ္တဲ့ အခါတိုင္းလည္း
အစ္မ ဘယ္တုန္းက ကူညီထားတာေလ ျပန္ကူညီေပးဆိုတာမ်ိဳးေျပာတတ္တယ္
တစ္ကယ္ေတာ့ သူမကူညီလည္း ျဖစ္တဲ့ကိစၥမ်ိဳး ေတာ္ေတာ္ စိတ္အေႏွာင့္ယွက္ ျဖစ္ရတဲ့ ကိစၥမ်ိဳးပါ
လူဆိုတာကလည္း ခက္သားလားေလ
သူတို႔ အကူညီလိုလို႔ ကိုယ္က ကူညီလိုက္ရရင္ေတာင္ သူတို႔က မွတ္ထားခ်င္ၾကတာလည္းမဟုတ္
အလိုက္တသိ ျပန္ကူညီေပးတတ္သူဟာ လူနည္းစုပါ
ဒီေတာ့ကြ်န္မတို႔ေတြ ဒီလိုလုပ္ရင္ မေကာင္းဘူးလား
ဘယ္သူ႔ကိုမွ မကူညီပဲ ေနလိုက္ၾကရေအာင္
အဲ့ေတာ့ ကိုယ္ အဆင္မေျပျဖစ္တိုင္းလည္း ကိုယ့္ဟာကိုယ္ပဲ ေျဖရွင္းၾကတာေပါ့
အကူညီ ဆိုတဲ့ ေဝါဟာရနဲ႔ ကင္းကင္းရွင္းရွင္း ေနၾကရေအာင္
မေနႏိုင္လို႔ ကူညီမိလည္း မွတ္မထားနဲ႔ေပါ့ေနာ့္
သူ႔ဘက္က သိတတ္မႈ ပိုလို႔ေတာင္ မေမွ်ာ္နဲ႔ေတာ့ေပါ့
ဒီလိုဆို ကိုုယ့္ေက်းဇူးရွိလို႔ သူ႔ေက်းဇူးရွိလို႔ ဆိုတဲ့ ျပႆနာေတြ ေလ်ာ့သြားမလားလို႔ပါ ေတြးမိတာေလး
မိန္းမသားမ်ား