ယောက္ခမသို့ပေးစာ

ယောက္ခမသို့ပေးစာ

အန်တီရေ အန်တီ့သားကို အန်တီ့ဘဝထဲက ကျွန်မဆွဲမထုတ်ခဲ့ပါဘူး

သူ့ဆန္ဒနဲ့ သူသာ ထွက်လာခဲ့တာပါ

ဒါကြောင့် ငါ့သားကို ငါ့ဆီက လုယူသွားတဲ့မိန်းမလို့ မစွပ်စွဲပါနဲ့ အန်တီ

အန်တီသာ အဲ့လိုတွေးခဲ့ရင် အန်တီ့ခင်ပွန်းလည်း သူ့မိခင်ဘဝထဲက အန်တီလုယူခဲ့တာကို သတိရပေးပါ

ထမီဝတ်မှ ဆံပင်ရှည်ထားမှ မိန်းမကောင်းမိန်းမမြတ်တဲ့လားအန်တီ ခေတ်ကာလကို သတိရပါဦး

ကျွန်မဘုရားကျောင်းကန် သွားတဲ့အခါ ဘောင်းဘီစကပ်မဝတ်ဖူးပါဘူး

Shopping ထွက်တဲ့အခါ သူငယ်ချင်းတွေနဲ့တွေ့တဲ့အခါတော့လွတ်လပ်ပေါ့ပါးစွာပဲ ဝတ်ဆင်ပါရစေ

ထမီဝတ်မှသာ မိန်းမကောင်းဆို ထမီဝတ်ပြီး အိမ်ထောင်ရေးဖောက်ပြန် မယားဝတ္တရား မကျေပွန်တဲ့မိန်းမမျိုး မိန်းမကောင်းလို့ သတ်မှတ်နိုင်မလားပဲ မေးပါရစေ

ကျွန်မထမင်းဟင်းကောင်းကောင်းမချက်တတ်ပေမယ့် ချက်နိုင်သလောက် ချက်တတ်သလောက်နဲ့ ကျွန်မခင်ပွန်း စားဝင်အောင် ကြိုးစားချက်ပြုတ်ပေးနေပါတယ်

စားဖိုမှူးနီးပါးကျွမ်းကျင်ပါလျက် မချက်ကျွေးတဲ့ မိန်းမမျိုးထက်တော့ ကျွန်မသာပါတယ်

အိမ်မှုကိစ္စ လစ်ဟင်းတာများရှိတဲ့အခါ အန်တီမပြစ်မမြင်ပါနဲ့

အန်တီတို့ခေတ်ကလို အိမ်ထောင်ဦးစီးဝင်ငွေ တစ်ခုနဲ့တင်မလုံလောက်တဲ့အခါ

စားဝတ်နေရေးအတွက် ကျွန်မလည်းမောင်တစ်ထမ်း မယ်တစ်ရွက် ကြိုးစားနေရလို့

အိမ်မှုကိစ္စကူညီပေးဖို့သာ အန်တီ့သားကို နားချလိုက်ပါ

ညည်း ဝဋ်လည်မယ်လို့ပြောလိုက်တာလားအန်တီ

အန်တီ့လို တစ်ဖက်ပိတ်အမြင်နဲ့မကြည့်တဲ့အတွက် ကျွန်မချွေးမရလာတဲ့အခါ မျှတစွာနဲ့ သွန်သင်ဆုံးမပေးမှာမို့ အဲ့အချိန်ထိလေး အန်တီအသက်ရှည်ရှည်နေပြီး စောင့်ကြည့်သွားပါနော်

မိန်းမသားများ၏ အချစ်နှင့်ဘဝ

ေယာကၡမသို႔ေပးစာ

အန္တီေရ အန္တီ့သားကို အန္တီ့ဘဝထဲက ကြ်န္မဆြဲမထုတ္ခဲ့ပါဘူး

သူ႔ဆႏၵနဲ႔ သူသာ ထြက္လာခဲ့တာပါ

ဒါေၾကာင့္ ငါ့သားကို ငါ့ဆီက လုယူသြားတဲ့မိန္းမလို႔ မစြပ္စြဲပါနဲ႔ အန္တီ

အန္တီသာ အဲ့လိုေတြးခဲ့ရင္ အန္တီ့ခင္ပြန္းလည္း သူ႔မိခင္ဘဝထဲက အန္တီလုယူခဲ့တာကို သတိရေပးပါ

ထမီဝတ္မွ ဆံပင္႐ွည္ထားမွ မိန္းမေကာင္းမိန္းမျမတ္တဲ့လားအန္တီ ေခတ္ကာလကို သတိရပါဦး

ကြ်န္မဘုရားေက်ာင္းကန္ သြားတဲ့အခါ ေဘာင္းဘီစကပ္မဝတ္ဖူးပါဘူး

Shopping ထြက္တဲ့အခါ သူငယ္ခ်င္းေတြနဲ႔ေတြ႕တဲ့အခါေတာ့လြတ္လပ္ေပါ့ပါးစြာပဲ ဝတ္ဆင္ပါရေစ

ထမီဝတ္မွသာ မိန္းမေကာင္းဆို ထမီဝတ္ၿပီး အိမ္ေထာင္ေရးေဖာက္ျပန္ မယားဝတၱရား မေက်ပြန္တဲ့မိန္းမမ်ိဳး မိန္းမေကာင္းလို႔ သတ္မွတ္ႏိုင္မလားပဲ ေမးပါရေစ

ကြ်န္မထမင္းဟင္းေကာင္းေကာင္းမခ်က္တတ္ေပမယ့္ ခ်က္ႏိုင္သေလာက္ ခ်က္တတ္သေလာက္နဲ႔ ကြ်န္မခင္ပြန္း စားဝင္ေအာင္ ႀကိဳးစားခ်က္ျပဳတ္ေပးေနပါတယ္

စားဖိုမွဴးနီးပါးကြ်မ္းက်င္ပါလ်က္ မခ်က္ေကြ်းတဲ့ မိန္းမမ်ိဳးထက္ေတာ့ ကြ်န္မသာပါတယ္

အိမ္မႈကိစၥ လစ္ဟင္းတာမ်ား႐ွိတဲ့အခါ အန္တီမျပစ္မျမင္ပါနဲ႔

အန္တီတို႔ေခတ္ကလို အိမ္ေထာင္ဦးစီးဝင္ေငြ တစ္ခုနဲ႔တင္မလံုေလာက္တဲ့အခါ

စားဝတ္ေနေရးအတြက္ ကြ်န္မလည္းေမာင္တစ္ထမ္း မယ္တစ္ရြက္ ႀကိဳးစားေနရလို႔

အိမ္မႈကိစၥကူညီေပးဖို႔သာ အန္တီ့သားကို နားခ်လိုက္ပါ

ညည္း ဝဋ္လည္မယ္လို႔ေျပာလိုက္တာလားအန္တီ

အန္တီ့လို တစ္ဖက္ပိတ္အျမင္နဲ႔မၾကည့္တဲ့အတြက္ ကြ်န္မေခြ်းမရလာတဲ့အခါ မွ်တစြာနဲ႔ သြန္သင္ဆံုးမေပးမွာမို႔ အဲ့အခ်ိန္ထိေလး အန္တီအသက္႐ွည္႐ွည္ေနၿပီး ေစာင့္ၾကည့္သြားပါေနာ္

မိန္းမသားမ်ား၏ အခ်စ္ႏွင့္ဘဝ