facebook သုံးသူတိုင်း သတိပြုစရာလေးတွေကို မျှဝေပေးမယ်နော် . . အထူးသဖြင့် ကိုယ်တွေ့လေးတွေပေါ့ ။
facebook သုံးသူတိုင်း သတိပြုစရာလေးတွေကို မျှဝေပေးမယ်နော် . . အထူးသဖြင့် ကိုယ်တွေ့လေးတွေပေါ့ ။
facebook အကောင့်ထဲမှာ ကိုယ်နဲ့တဲ့သူဆို လုံး၀ လက်မခံပါနဲ့ ။ သူတို့ဟာကိုယ်ဘာလုပ်လဲ ကိုယ်ဘာစားလဲ ကိုယ်ဘယ်သွားလဲဆိုတာတွေ လေ့လာနေပြီး တစ်ချိန်ချိန်မှာ ကိုယ့်ကိုယ်ဒုက္ခပေးနိုင်ပါတယ် . . . ကျွန်မကတော့ မသိတဲ့သူစိမ်းကို လက်ခံမိလို့ အကောင့်ဟက်ခံရဖူးပါတယ် ။ ပိုက်ဆံနဲ့ ပြန်ရွေးလိုက်ရပါတယ် ။
နောက်တစ်ခုက Group တွေမှာ ကျွန်မ အရင်းအနှီးဘယ်လောက်ရှိတယ် ။ ဘာလုပ်လို့ရမလဲဆိုပြီး သွားမမေးမိစေနဲ့ ။ လူလိမ်တွေ တပြုံလိုက်ကြီး message ပို့လာလိမ့်မယ် ။ ကိုယ်တွေ့နော် . . နည်းနည်းတော့ကြာပါပြီ ။ လက်ထဲ သိန်း ၂၀၀ လောက်ရှိတာ အပိုဝင်ငွေလေးရအောင် ဘာလုပ်လို့ရမလဲ အကြံပေးပါဦးလို့ မေးလိုက်တာ ။
Comment မှာ မဖြေကြဘဲ message ပို့လာပြီး ကျွန်မတော့ ရှယ်ယာခေါ်နေပါတယ် . . ပါမလားတွေ ဘာတွေ နဲ့ လာပြောကြတယ် ။ သေချာစုံစမ်းကြည့်တော့ ဘာအလုပ်မှမယ်မယ်ရရမရှိတဲ့ဟာတွေဖြစ်နေတယ် ။ ဒါကြောင့် သတိထားကြပါ ။
နောက်တစ်ခုက ပုံအရမ်းတင်တဲ့သူတွေ သတိထားပါ ။ ပုံတွေတင်ပြီး Like များရင်ပြီးရော လာအပ်သမျှလက်ခံတဲ့သူတွေ အထူးသတိထားပါ ။ ကိုယ့်ပုံတွေနဲ့ အကောင့်တုတွေဖွင့် ကိုယ်တင်သမျှပုံတွေတင် ပြီးရင် ပိုက်ဆံတွေလိမ် . . .တကယ့်အဖြစ်အပျက်တွေတေနာ် . . .နောက်ရဲစခန်းမှာ အမှုဖွင့်မှ သိရတာ . . .
ဒါကြောင့် ပုံအရမ်းတင်တဲ့သူတွေ အထူးသတိပြုပါ . . တင်မယ်ဆိုရင်တောင် Friend Only နဲ့ပဲတင်တာ အကောင်းဆုံးပါ ။ Like တွေ Comment တွေက ဘာလုပ်လို့မရဘူးနော် . . . တစ်ခုခုဖြစ်သွားရင် မလွယ်ဘူး . . .မဖြစ်ခင်က သတိပြုကြတာ အကောင်းဆုံးပါ ။
နောက်တစ်ခုက မသိတဲ့လူနဲ့ လုံးဝစကားမပြောပါနဲ့ ။ မိတ်ဆွေဆိုတာ ဘဝအတွက်အရေးပါတယ်ဆိုပေမယ့် ကိုယ်သေချာမသိတဲ့လူကို ဘယ်လိုယုံကြည်မှုမျိုးနဲ့ ပြောဆိုဆက်ဆံမလဲ ။ အထူးသဖြင့် လိုင်းပေါ်မှာပေါ့ ။ အထူး သတိပြုကြပါလို့
Nay Lin (tameelay)
Nay Lin (tameelay)