ပုံပြင်ကြိုက်တဲ့ သမီးလေးတို့အတွက် သစ်ခုတ်သမားပုံပြင်

ငယ်ငယ်က ဖတ်ခဲ့ဖူးတဲ့ပုံပြင်လေး သမီးလေးတို့ကို ပြန်လည်မျှဝေပေးမယ်နော် . . . ပုံပြင်လေးနာမည်က သစ်ခုတ်သမားပုံပြင်တဲ့ ။

အလွန် သန်မာ ပါ တယ် လို့နာမည်ကြီးတဲ့ သစ်ခုတ်သမား တစ်ယောက် ဟာ သူဋ္ဌေး တ ယောက် ဆီ မှာ အလုပ် ဝင်ခဲ့ တယ် ။

သူ့ရဲ့နာမည်ကျော်ကြားမှုကြောင့်ရော ခွန်အားကြောင့်ရော လစာက တော့ တော်တော် ကောင်းတာပေါ့။ ဒီ အတွက် ကြောင့် လည်း သစ်ခုတ်သမားက သူလုပ်ရမဲ့ အလုပ်ကို အ ကောင်းဆုံး လုပ်ပေးဖို့ဆုံးဖြတ်လိုက်တယ်။

သူ့ရဲ့ သူဋ္ဌေးက သူ အလုပ်ဝင်တဲ့နေ့မှာ ပုဆိန်တစ်လက်ပေးပီးတော့ သူ ခုတ်ရမဲ့ ဧရိယာကို ပြပါတယ်။

ပထမ နေ့..

သူ သစ်ပင် (၁၈)ပင် ပြီးအောင် ခုတ်နိုင်ခဲ့တယ်။

“ဂုဏ်ယူပါတယ်”လို့သူဋ္ဌေးက သူ့ကို ချီးမွမ်းတယ်။ “’ဒီအတိုင်းပဲ ဆက်လုပ်သွားပါ”

သူဋ္ဌေးရဲ့ အားပေးစကားက သူ့ကို အလွန်အားတက်သွားစေခဲ့တယ်။

ဒုတိယ နေ့..

သူ ပိုကြိုးစားပီး ခုတ်တယ်။ဒါပေမဲ့ သူ ဒီနေ့မှာတော့ သစ်ပင် (၁၅) ပင်သာ ရအောင် ခုတ်နိုင်ခဲ့ပါတယ်။

တတိယ နေ့…

သူ ပိုပြီး ကြိုးစားခဲ့တယ်။ အားကြိုးမာန်တက်နဲ့ သစ်ပင်တွေကို ခုတ်လှဲခဲ့တယ်။ နေဝင်ချိန်မှာ ခုတ်ပီးတဲ့အပင်တွေကို ရေ ကြည့်လိုက်တော့ (၁၀) ပင်သာ ရှိကြောင်း ထူးဆန်းစွာ တွေ့လိုက်ရတယ်။

တစ်ရက်ပီးတစ်ရက် သူ့ရဲ့စွမ်းဆောင်ရည်တွေ ကျ ကျလာနေတယ်လို့သူ သိနေခဲ့တယ်။

“ငါ့ရဲ့ အင်အားတွေ ကုန်နေပီနဲ့တူပါတယ်” လို့ သူ့ကိုယ်သူ တွေးခဲ့တယ်။

သူဟာ သူဋ္ဌေးဆီကို သွားပီး သူ့ရဲ့ ကျဆင်းလာတဲ့စွမ်းဆောင်ရည်အတွက် တောင်းပန်ပါကြောင်းနဲ့သူ ကြိုးစားပမ်းစား လုပ်နေပါရက်နဲ့ဘာလို့ ဒီလို ဖြစ်နေတာလဲ့ဆိုတာကို သူကိုယ်တိုင်နားမလည် ကြောင်းကို ဖွင့်ပြောခဲ့တယ်။

သူဋ္ဌေးက သူ့ကို စူးစိုက်စွာ ကြည့်ရင်း…

“မင်း သစ်တစ်ပင်ခုတ်ပီးတိုင်း နောက်ဆုံးအချိန်တွေမှာ ပုဆိန်ကို ပြန်သွေးသေးလား”

“ဗျာ….ပုဆိန်ကိုလား….ပြန်သွေးရမယ်ဟုတ်လား…အဲဒါ အဲဒါတော့ ကျွန်တော်မလုပ်ဖြစ်ဘူးဗျ..

ဘာကြောင့်လဲဆိုတော့ ကျွန်တော် သစ်ပင်တွေကို ခုတ်ဖို့အလုပ်အရမ်းရှုပ်နေတယ်လေ”

ကျွန်တော်တို့ရဲ့ဘဝတွေလည်း ဒီလိုပါပဲ။ အချိန်တော်တော်များများမှာ အလုပ်တွေ ရှုပ်နေပါတယ်ဆိုပြီး ပုဆိန်ရဲ့အသွားကို ပြန်သွေးဖို့ မေ့နေကြတယ်။

အခုအချိန်တွေမှာ ကျွန်တော် အပါအဝင်လူတော်တော်များ အလုပ် အလုပ် အလုပ်နဲ့အလုပ်တွေကို ဖိပီး အ မြဲ တမ်း ကြိုးစားလုပ်ကိုင်ရင်းနဲ့ ပျော်ရွှင်မှု ဆိုတဲ့ ပုဆိန်သွေးတဲ့အချိန်လေးတွေကို အမြဲတမ်းပျောက်ဆုံးနေရတယ်။

ပုဆိန်သွေးဖို့ဘာကြောင့်လိုအပ်တာပါလဲ?

ဘာကြောင့် ပုဆိန်ကို သွေးဖို့မမေ့သင့်တာပါလဲ?

အလုပ်အရမ်းကြိုးစားတယ်ဆိုတာက မှားတဲ့ အချက်မဟုတ်ပါဘူး။

ဒါပေမဲ့ အလုပ်တွေကို ဖိလုပ်ရင်းနဲ့ ဘဝရဲ့ တကယ့်အရေးကြီးတဲ့ လုပ်ရမဲ့အရာတွေကို မေ့နေတာက လျှစ်လျူရူထားတာက မှားတာပါ။

ကျွန်တော်တို့မိသားစု အတွက် ပေးရမဲ့ အချိန်လေးတွေ သူငယ်ချင်းတွေနဲ့ ပျော်ရွှင်စွာ စကားပြောရမဲ့အချိန်လေး တွေ ချစ်ရသူတွေအတွက် ပေးရမဲ့အချိန်လေး…….စတဲ့ တကယ့်တန်ဖိုး မဖြတ်နိုင်တဲ့ အစားပြန်မရတော့မဲ့ အချိန် လေးတွေ (ပုဆိန်ကို ပြန်သွေးရမဲ့ အချိန်လေး)တွေကို မေ့လျော့နေခြင်းပါပဲ။

ကျွန်တော်တို့အားလုံး အနားယူဖို့ မိသားစုအတွက် အချိန်ပေးဖို့သင်ယူဖို့ နဲ့ရှင်သန်ဖို့အတွက် အချိန်လေးတွေ ရှိရပါမယ်။

တကယ်လို့ အဲလို အချိန်လေးတွေကို တန်ဖိုးမထား အလေးမထားခဲ့ဘူးဆိုရင်တော့ တချိန်မှာ ဝမ်းနည်းကြေကွဲ ရပါလိမ့်မယ်။

မ သွေးဘဲနဲ့ ဆက်ခုတ်နေတဲ့ပုဆိန်လို အချိန်ကြာလာတဲ့အမျှ တုံးလာပြီး စွမ်းဆောင်ရည်တွေပါ ကျဆင်းလာပါလိမ့်မယ်။မိသားစုအတွက် သူငယ်ချင်းအတွက် ချစ်ခင်ရသူတွေအတွက် အချိန်ပေးပါ။ကြင်နာပါ။နွေးထွေးပါ။ဂရုစိုက်ပါ။

အစားထိုးလို့မရတဲ့အရာတွေ အတွက် နောင်တတွေ မလိုချင်ပါနဲ့။ဝမ်းနည်း ကြေကွဲမှုတွေ ပါ အပိုပါလာတတ်လို့ပါ။

ပုံပြင်လေးဖတ်ပြီး သမီးလေးတို့ဘဝအတွက် အသိအမြင်တစ်ခုခုရသွားတယ်ဆို Comment မှာ ဘာတွေသိလိုက်ရတယ်ဆိုတာ ရေးခဲ့ပေးပါဦး ။

Julia