မိန်းမသားတို့ ရင်ဖွင့်ရာ Group မှာ လာရောက်ရင်ဖွင့်ထားတဲ့ သမီးလေးတစ်ယောက်ရဲ့ ရင်ဖွင့်စာလေးနဲ့ အဖွဲ့ဝင်သမီးလေးတို့ရဲ့ အဖြေတစ်ချို့ကို မျှဝေပေးလိုက်ပါတယ်
မင်္ဂလာပါရှင့်… ကျွန်မရင်ဖွင့်ပါရစေ . . .
အိမ်ထောင်သက်(၈)နှစ်ရှိပါပြီ။
မြို့ပေါ်မှာနေပြီး ကွန်ပျူတာ-မိတ္တူ ဆိုင်လေး ဖွင့်ထားပါတယ်။ နှစ်ဖက်မိဘတွေကတော့ နယ်ကပါ။
မင်္ဂလာလက်ထပ်စာချုပ်မှာ (၁)ခါပဲလက်မှတ်ထိုးဖူးပေမဲ့ ကွာရှင်းစာချုပ်မှာလက်မှတ်ထိုးတာ (၂)ခါရှိပါပြီ။
ရန်ဖြစ်တိုင် အိမ်ကဆင်းသွားပြီး ပြန်လာချင်တဲ့အချိန်ပြန်လာပါတယ်(အြကိမ်ကြိမ်)။ အဲ့တာကြောင့် ရပ်ကွက်ရုံးမှာကွာရှင်းလိုက်ပါတယ်။
သူက ပိုင်ဆိုင်မှု ဘာမှမယူပါပဲ အသုံးစရိတ် (၂)သိန်းပဲယူပါတယ်။ သူအဆင်မှပြေပါ့မလားဆိုပြီး မိန်းမသားဖြစ်တဲ့ကျွန်မ စိတ်မကောင်းဖြစ်မိပါတယ်။
ကျွန်မရဲ့သနားတတ်တဲ့အားနည်းချက်ကို အခွင့်ကောင်းယူပြီး ပြန်ရောက်လာပြန်ပါတယ်။ ကျွန်မတို့ ပြန်ပေါင်းကြပြန်ပါတယ်။
မနေ့ကတော့ ကျွန်မတို့ တရားရုံးမှာကွာရှင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူက ပိုင်ဆိုင်မှု တစ်ဝက်တိတိလိုချင်ပါတယ်တဲ့။
ဆိုင်ဖွင့်ထားတာ (၁)နှစ်ပဲရှိသေးပေမဲ့ ကျွန်မသံယောဇဉ်ဖြစ်နေပါတယ်။
နင်ကျွမ်းကျင်လို့ နင်ဖွင့်ထားတာ နင်ပါသာလုပ် ငါမှနားမလည်တာဆိုတဲ့ ဆင်ခြင်အောက်မှာ ကျွန်မအရမ်းပင်ပန်းခဲ့တာပါ။
မနက်(၈)နာရီကနေ ည(၈)နာရီထိဆိုင်ဖွင့်ပြီး အလုပ်မပြီးရင် အိမ်ကိုသယ်ပြီး ညသန်းခေါင်ထိ လုပ်ရပါတယ် သူကတော့ Game ဆော့နေပါတယ်။
သူခြေရှုပ်ခဲ့တာတွေ နာကျည်းစရာတွေကို စာရှည်သွားမှာစိုးလို့ ရင်မဖွင့်တော့ပါဘူး။ သဘောထားမတိုက်ဆိုင်လို့ လမ်းခွဲ ကြပါတယ်ပေါ့။
ဘဏ်မှာစုထားတဲ့ သူ့နာမည်နဲ့စာအုပ်ရယ် ကျွန်မလက်ဝတ်ရတနာတွေ ပေးပါမယ်ဆိုတော့ ဆိုင်က အဲ့လောက်ပဲ တန်တာလားတဲ့။
ဆိုင်ရဲ့တန်ဖိုးတစ်ဝက် မရှိပေမဲ့ ၅ပုံ ၂ပုံတော့ရှိပါတယ်။ သူက တစ်ဝက်တိတိလိုချင်တာပါတဲ့။ သူကဆိုင်ကိုပါ ဖျက်ဆီးချင်တာပါ။
သူသာ ခြေရှုပ်ချင်တာ ကျွန်မကိုတော့ အပြင်မှာမသိတဲ့ သူကို facebook မှာ friend ဖြစ်တာတောင် လက်မခံပါဘူး။
သူနဲ့ကွာရှင်းပြီး နောက်အိမ်ထောင်ပြုရဲရင်ပြု ကြည့်ဆိုပြီးလည်း ခြိမ်းခြောက်ထားပါတယ်။
ဘယ်လောက်ထပ်လိုချင်တာလဲ ဆိုင်ကို ကျွန်မယူပြီး ငွေအမ်းမယ်ဆိုတာ လက်မခံဘဲ ဆိုင်ကိုပဲရောင်းခိုင်းနေပါတယ်။
ဆိုင်လေးက အဆင်ပြေနေတော့ ကျွန်မအဆင်ပြေနေမှာ သူမလိုလားဘူးထင်ပါတယ်။
The World of Married ဇာတ်ကားထဲကယောကျ်ားအတိုင်း အပြင်မှာ တကယ်ရှိတာပါနော်။
အမေသိရင်စိတ်ဆင်းရဲမှာစိုးလို့ မျိုသိပ်ထားရတာ ခုမှရင်ထဲပေါ့သွာတယ်။ ဒီ Group ထဲမှာ ရင်ဖွင့်ခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။
အောက်ကပုံလေးက မနေ့ကညက ရန်ဖြစ်တာ ကျွန်မကို လည်ပင်းညှစ်လို့ ရုန်းလိုက်တဲ့ဒဏ်ရာလေးပါ။
အရင်တုန်းက ပါးစပ်ကို ဖိနပ်နဲ့ရိုက်လို့ သွေးတွေ တစက်စက်ကျနေတဲ့ပုံသာပြလိုက်ရင် group ထဲက fri တွေ ကျွန်မကို အထင်သေးမုန်းတီးသွားမယ်ထင်တယ်။
နင်ဒီလောက်မိုက်မဲတဲ့မိန်းမဆိုပြီးတော့လေ…..
စာရှည်သွားတာ ခွင့်လွှတ်ပါ
မိန်းမသားများ၏ အဖြေများ
A : ဘယ်လောက်တောင်နာကျင်နေလိုက်မလဲမမရယ် ကိုယ့်ဆုံးဖြတ်ချက်မှန်ကန်ဖို့လိုpမမ အားတင်းထားပါ အဆိုးတွေpရင်အကောင်းဆုံးတွေဖြစ်လာမှာပါမမ
B : ညီမရေလဒလောက်တော့ဌက်တိုင်းလှတယ်လက်ပါလာတဲ့လူဟာသူ့ရင်ထဲမှာညီမလုံးဝမရှိတော့ပါဘူးလွမ်းစရာရှိရင်နာစရာနဲ့ဖြေပါ
C : ကွာရှင်းလိုက်တာပိုကောင်းမယ်ထင်တယ်အကျင့်ဆိုတာမပြောင်းပါဘူးညမလေး
D : ကွာရှင်းဖို့အချိန်မဆွဲနဲ့ ဒင်းကိုတပြားမှပေးဖို့မတန်တဲ့ကောင်ကို အမျိုးသီးရေးရာတိုင်လိုက် မယားငယ်ရော ဒင်းကိုပါထောင်ထဲထည့်လိုက်
E : အစ်မရေ တစ်ခုတော့ပြောချင်ပါတယ် သူပြန်လာလဲလက်မခံပါတော့နဲ့ ကို့အပေါ်ကိုအဲ့လောက်နှိပ်စက်နေတာ စိတ်ကိုဖျက်ချပစ်လိုက်ပါတော့ ရေရှည်လဲ လက်ပါနေမှာပဲလေ အစ်မသည်းခံနိုင်လို့လား ဆရာလုပ်တာမဟုတ်ပင်မဲ့ ပြန်မပေါင်းတာအကောင်းဆုံးပါ
ဒီ Post လေးမှာ အားပေးစကား Comment ပေါင်း ၅၀၀ ကျော်ရှိပြီး အဲ့ထဲကမှ အနည်းငယ်ကို ဖော်ပြလိုက်ရခြင်းဖြစ်ပါတယ် . . .
မိန်းမသားများ မိန်းမသားများရင်ဖွင့်ရာ Group သို့ ဝင်ရောက်လိုပါက Comment မှာ Group လို့ ရေးခဲ့ပေးပါ
မိန္းမသားတို႔ ရင္ဖြင့္ရာ Group မွာ လာေရာက္ရင္ဖြင့္ထားတဲ့ သမီးေလးတစ္ေယာက္ရဲ႕ ရင္ဖြင့္စာေလးနဲ႔ အဖြဲ႕ဝင္သမီးေလးတို႔ရဲ႕ အေျဖတစ္ခ်ိဳ႕ကို မွ်ေဝေပးလိုက္ပါတယ္
မဂၤလာပါရွင့္… ကၽြန္မရင္ဖြင့္ပါရေစ . . .
အိမ္ေထာင္သက္(၈)ႏွစ္ရွိပါၿပီ။
ျမိဳ႔ေပၚမွာေနၿပီး ကြန္ပ်ဴတာ-မိတၱဴ ဆိုင္ေလး ဖြင့္ထားပါတယ္။ နွစ္ဖက္မိဘေတြကေတာ့ နယ္ကပါ။
မဂၤလာလက္ထပ္စာခ်ဳပ္မွာ (၁)ခါပဲလက္မွတ္ထိုးဖူးေပမဲ့ ကြာရွင္းစာခ်ဳပ္မွာလက္မွတ္ထိုးတာ (၂)ခါရွိပါၿပီ။
ရန္ျဖစ္တိုင္ အိမ္ကဆင္းသြားၿပီး ျပန္လာခ်င္တဲ့အခ်ိန္ျပန္လာပါတယ္(အၾက္ိမ္ႀကိမ္)။ အဲ့တာေၾကာင့္ ရပ္ကြက္ရံုးမွာကြာရွင္းလိုက္ပါတယ္။
သူက ပိုင္ဆိုင္မႈ ဘာမွမယူပါပဲ အသံုးစရိတ္ (၂)သိန္းပဲယူပါတယ္။ သူအဆင္မွေျပပါ့မလားဆိုၿပီး မိန္းမသားျဖစ္တဲ့ကြၽန္မ စိတ္မေကာင္းျဖစ္မိပါတယ္။
ကြၽန္မရဲ႕သနားတတ္တဲ့အားနည္းခ်က္ကို အခြင့္ေကာင္းယူၿပီး ျပန္ေရာက္လာျပန္ပါတယ္။ ကြၽန္မတို႔ ျပန္ေပါင္းၾကျပန္ပါတယ္။
မေန႔ကေတာ့ ကြၽန္မတို႔ တရားရံုးမွာကြာရွင္းဖို႔ ဆံုးျဖတ္လိုက္ပါတယ္။ သူက ပိုင္ဆိုင္မႈ တစ္ဝက္တိတိလိုခ်င္ပါတယ္တဲ့။
ဆိုင္ဖြင့္ထားတာ (၁)ႏွစ္ပဲရွိေသးေပမဲ့ ကြၽန္မသံေယာဇဥ္ျဖစ္ေနပါတယ္။
နင္ကြၽမ္းက်င္လို႔ နင္ဖြင့္ထားတာ နင္ပါသာလုပ္ ငါမွနားမလည္တာဆိုတဲ့ ဆင္ျခင္ေအာက္မွာ ကြၽန္မအရမ္းပင္ပန္းခဲ့တာပါ။
မနက္(၈)နာရီကေန ည(၈)နာရီထိဆိုင္ဖြင့္ၿပီး အလုပ္မၿပီးရင္ အိမ္ကိုသယ္ၿပီး ညသန္းေခါင္ထိ လုပ္ရပါတယ္ သူကေတာ့ Game ေဆာ့ေနပါတယ္။
သူေျခရႈပ္ခဲ့တာေတြ နာက်ည္းစရာေတြကို စာရွည္သြားမွာစိုးလို႔ ရင္မဖြင့္ေတာ့ပါဘူး။ သေဘာထားမတိုက္ဆိုင္လို႔ လမ္းခြဲ ၾကပါတယ္ေပါ့။
ဘဏ္မွာစုထားတဲ့ သူ႔နာမည္နဲ႔စာအုပ္ရယ္ ကြၽန္မလက္ဝတ္ရတနာေတြ ေပးပါမယ္ဆိုေတာ့ ဆိုင္က အဲ့ေလာက္ပဲ တန္တာလားတဲ့။
ဆိုင္ရဲ႕တန္ဖိုးတစ္ဝက္ မရွိေပမဲ့ ၅ပံု ၂ပံုေတာ့ရွိပါတယ္။ သူက တစ္ဝက္တိတိလိုခ်င္တာပါတဲ့။ သူကဆိုင္ကိုပါ ဖ်က္ဆီးခ်င္တာပါ။
သူသာ ေျခရႈပ္ခ်င္တာ ကြၽန္မကိုေတာ့ အျပင္မွာမသိတဲ့ သူကို facebook မွာ friend ျဖစ္တာေတာင္ လက္မခံပါဘူး။
သူနဲ႔ကြာရွင္းၿပီး ေနာက္အိမ္ေထာင္ျပဳရဲရင္ျပဳ ၾကည့္ဆိုၿပီးလည္း ၿခိမ္းေျခာက္ထားပါတယ္။
ဘယ္ေလာက္ထပ္လိုခ်င္တာလဲ ဆိုင္ကို ကြၽန္မယူၿပီး ေငြအမ္းမယ္ဆိုတာ လက္မခံဘဲ ဆိုင္ကိုပဲေရာင္းခိုင္းေနပါတယ္။
ဆိုင္ေလးက အဆင္ေျပေနေတာ့ ကြၽန္မအဆင္ေျပေနမွာ သူမလိုလားဘူးထင္ပါတယ္။
The World of Married ဇာတ္ကားထဲကေယာက်္ားအတိုင္း အျပင္မွာ တကယ္ရွိတာပါေနာ္။
အေမသိရင္စိတ္ဆင္းရဲမွာစိုးလို႔ မ်ိဳသိပ္ထားရတာ ခုမွရင္ထဲေပါ့သြာတယ္။ ဒီ Group ထဲမွာ ရင္ဖြင့္ခြင့္ရတဲ့အတြက္ ေက်းဇူးတင္ပါတယ္ရွင့္။
ေအာက္ကပံုေလးက မေန႔ကညက ရန္ျဖစ္တာ ကြၽန္မကို လည္ပင္းညႇစ္လို႔ ရုန္းလိုက္တဲ့ဒဏ္ရာေလးပါ။
အရင္တုန္းက ပါးစပ္ကို ဖိနပ္နဲ႔ရိုက္လို႔ ေသြးေတြ တစက္စက္က်ေနတဲ့ပံုသာျပလိုက္ရင္ group ထဲက fri ေတြ ကြၽန္မကို အထင္ေသးမုန္းတီးသြားမယ္ထင္တယ္။
နင္ဒီေလာက္မိုက္မဲတဲ့မိန္းမဆိုၿပီးေတာ့ေလ…..
စာရွည္သြားတာ ခြင့္လႊတ္ပါ
မိန္းမသားမ်ား၏ အေျဖမ်ား
A : ဘယ္ေလာက္ေတာင္နာက်င္ေနလိုက္မလဲမမရယ္ ကိုယ့္ဆုံးျဖတ္ခ်က္မွန္ကန္ဖို႔လိုpမမ အားတင္းထားပါ အဆိုးေတြpရင္အေကာင္းဆုံးေတြျဖစ္လာမွာပါမမ
B : ညီမေရလဒေလာက္ေတာ့ဌက္တိုင္းလွတယ္လက္ပါလာတဲ့လူဟာသူ႔ရင္ထဲမွာညီမလုံးဝမရွိေတာ့ပါဘူးလြမ္းစရာရွိရင္နာစရာနဲ႔ေျဖပါ
C : ကြာရွင္းလိုက္တာပိုေကာင္းမယ္ထင္တယ္အက်င့္ဆိုတာမေျပာင္းပါဘူးညမေလး
D : ကြာ႐ွင္းဖို႔အခ်ိန္မဆြဲနဲ႔ ဒင္းကိုတျပားမွေပးဖို႔မတန္တဲ့ေကာင္ကို အမ်ိဳးသီးေရးရာတိုင္လိုက္ မယားငယ္ေရာ ဒင္းကိုပါေထာင္ထဲထည့္လိုက္
E : အစ္မေရ တစ္ခုေတာ့ေျပာခ်င္ပါတယ္ သူျပန္လာလဲလက္မခံပါေတာ့နဲ႔ ကို႔အေပၚကိုအဲ့ေလာက္ႏွိပ္စက္ေနတာ စိတ္ကိုဖ်က္ခ်ပစ္လိုက္ပါေတာ့ ေရရွည္လဲ လက္ပါေနမွာပဲေလ အစ္မသည္းခံႏိုင္လို႔လား ဆရာလုပ္တာမဟုတ္ပင္မဲ့ ျပန္မေပါင္းတာအေကာင္းဆုံးပါ
ဒီ Post ေလးမွာ အားေပးစကား Comment ေပါင္း ၅၀၀ ေက်ာ္ရွိျပီး အဲ့ထဲကမွ အနည္းငယ္ကို ေဖာ္ျပလိုက္ရျခင္းျဖစ္ပါတယ္ . . .
မိန္းမသားမ်ား မိန္းမသားမ်ားရင္ဖြင့္ရာ Group သို႔ ၀င္ေရာက္လိုပါက Comment မွာ Group လို႔ ေရးခဲ့ေပးပါ