ကိုယ့်အပေါ်မကောင်းဘူးထင်ရင် လမ်းခွဲလိုက်တာအကောင်းဆုံးပါနော် နာကျင်လဲ ခဏပါ

မိန်းမသားတို့ ရင်ဖွင့်ရာ Group မှာ လာရောက်ရင်ဖွင့်ထားတဲ့ သမီးလေးတစ်ယောက်ရဲ့ ရင်ဖွင့်စာလေးတွေ မျှဝေခဲ့တာဆိုရင် အမှတ်စဉ်လေးတွေနဲ့ (၅) ထိပြီးခဲ့ပါပြီ . . .

အခု အမှတ်စဉ် (၆) အနေနဲ့ သမီးလေးတစ်ယောက် ရင်ဖွင့်ထားတာကို မျှဝေပေးလိုက်ပါတယ်နော် . . .

အချစ်ရေး အိမ်ထောင်ရေးကိစ္စတွေအဆင်မပြေတဲ့ ညီမတွေ မမတွေကို အားပေးချင်ပါတယ်

ကိုယ့်အပေါ်မကောင်းဘူးထင်ရင် လမ်းခွဲလိုက်တာအကောင်းဆုံးပါနော် နာကျင်လဲ ခဏပါ

ညီမအကြောင်း နဲနဲပြောပြမယ်နော်

ညီမ အခုအသက် ၂၉ နှစ်ပါ ညီမအသက် ၂၁ မှာအိမ်ကသဘောမတူတဲ့သူနဲ့ခိုးပြေးခဲ့ပါတယ်

ခိုးပြေးပီး ၁ ပါတ်လောက်နေတော့ သူတခြားကောင်မလေးတစ်ယောက်နဲ့ပါတ်သက်ခဲ့တယ်တဲ့ ကိုယ်ကသူ့နောက်လိုက်ခဲ့ပီးမှတော့ ခွင့်လွှတ်ခဲ့တယ်

အိမ်ကသဘောမတူပေမယ့် မင်္ဂဆောင်ဆွမ်းကျွေးပြုလုပ်ဖို့ ပြန်လာခိုင်းတယ် ဖိတ်စာတွေလဲဝေပီးပါပီ

မနက်ဖြန် မင်္ဂလာဆောင်ဆို ဒီနေ့လိုညမှ အဲ့ကောင်မလေးနဲ့ ကိုယ်ဝန် ၃လရှိနေပြီတဲ့ ညီမမှာကမ္ဘာပျက်မတတ်ဘဲ ငိုခဲ့ရတယ်

နောက်ဆုံးကိုယ့်အတွက်မစဉ်းစားတော့ဘဲ မိဘမျက်နှာပျက် အရှက်ကွဲမှာစိုးလို့ မျက်စိမှိတ်မင်္ဂလာဆောင်ခဲ့ပါတယ်

မင်္ဂလာဆောင်ပီး ရန်ကုန်မှာ အိမ်ငှားနေပါတယ် သူ့အလုပ်ကရန်ကုန်မှာမို့ပါ

၁လလောက်နေတော့ အခြေအနေပျက်လာပါပီ အိမ်မပြန်ရဘူး ကုမ္ပဏီမှာ ညအလုပ်လုပ်ရမှာမို့ဆိုပီးမပြန်လာပါဘူး နောက်ပိုင်းကုမ္ပဏီက ခရီးထွက်ခိုင်းတာမို့ဆိုပီး ပြန်မလာပါဘူး သူ့ကုမ္ပဏီကိုကျွန်မကိုတခါမှမခေါ်တော့ ဘယ်နားလဲ ကျွန်မမသိပါဘူး

ခရီးကပြန်လာတော့ ကျွန်မကို ကွာရှင်းစာချုပ်မှာလက်မှတ်ထိုးဖို့ပြောတယ် မထိုးပေးပါဘူး ကျွန်မမှာကိုယ်ဝန်ရှိနေတာကို ဖျက်ချခိုင်းတယ် မဖျက်ဘူးဆိုတော့ ခြေထောက်နဲ့ကန် နရင်းတွေရိုက်တယ် ပါးတွေလက်သီးနဲ့ထိုးတယ် ပါးစပ်ကသွေးထွက်တဲ့အထိပါ

ကိုယ်ဝန်ဖျက်ချဖို့ သူ့အမကိုယ်တိုင်ပို့တာပါ

အဲ့နောက်ပိုင်းမှာ စိတ်နာပီးကွာရှင်းစာချုပ်ကို ၉မိုင်ကတရာရုံးမှာကွာရှင်းခဲ့တာပါ

အဲ့နောက်ပိုင်း အရှက်မရှိကျွန်မကို ပြန်ပေါင်းချင်ပါတယ်ဆိုပီး ဆက်သွယ်လာပါတယ် ကျွန်မလုံးဝအဆက်အသွယ်ဖြတ်လိုက်ပါတယ်

အခုက ညီမနောက်အိမ်ထောင်ပါ ညီမကိုအရမ်းချစ်ပီး အရမ်းဂရုစိုက်ပါတယ် မယူခင်ကတည်းကပွင့်ပွင့်လင်းလင်းပြောခဲ့တယ် ညီမကို အရမ်းသနားပီးချစ်သွားတာ ထင်ပါတယ်

ပြောချင်တာက ကိုယ့်အပေါ်မကောင်းရင် စွန့်လွှတ်လိုက်ပါ ကိုယ့်ကိုကိုယ်ပျော်ရွှင်အောင် နေကြပါလို့ဘဲ ညီမအကြံပေးပါတယ်နော်

မိန်းမသားတို့ကို မိန်းမသားတို့ ရင်ဖွင့်ရာ Group မှ ကြိုဆိုပါတယ် . . .

မိန်းမသားတို့ရင်ဖွင့်ရာ Group ကို အဖွဲ့ဝင်လိုပါက Comment မှာ Group လို့ ရေးခဲ့ပေးပါ



















