ဘုရားရှင် လက်ထက်တော်မှာ ကောသလမင်းကြီးက အိပ်မက် ၁၆ချက် မက်တော့ ဘုရားရှင်ထံ မေးမြန်းရာ

ဘုရားရှင် လက်ထက်တော်မှာ ကောသလမင်းကြီးက အိပ်မက် ၁၆ချက် မက်တော့ ဘုရားရှင်ထံ မေးမြန်းရာ

ဘုရားရှင်က ပြန်လည်ဖြေကြားတော်မူခဲ့ပါတယ်။

အဆိုပါ အချက် ၁၆ချက်က နောင်အနာဂတ်မှာ ဖြစ်ပေါ်လာမယ်လို့ ဆိုပါတယ်။ အခုဆိုရင် အချို့ အချက်တွေ ဖြစ်ပေါ်နေပြီလို့ ဆိုနိုင်နေပါတယ်။

အဆိုပါ ၁၆ ချက်ကတော့ . . .

(၁) အရပ်လေးမျက်နှာမှ လေးခုသော နွားလား ဥသဘတို့သည် လာလတ်၍ မင်းရင်ပြင်၌ ဝှေ့မည်ဟု တွန်မြည် ကြုံးဝါးလျက် မဝှေ့ပဲသာလျှင် ဖဲလေကုန်၏။

နောင်အခါ တရားမစောင့်သော မင်းတို့ လက်ထက်၌ အရပ်လေးမျက်နှာမှ မိုးတို့သည် ရွာအံသကဲ့သို့ ထစ်ကြိုးလျက် မရွာပဲသာလျှင် ပျောက်ပျက် ကုန်လတ္တံ့။

ထိုအခါ ကာက်ပဲသီးနှံတို့ ပျက်ဆီး၍ လူတို့၌ အစာရေစာ ရှားပါး ငတ်မွတ်ခြင်း ဖြစ်လတ္တံ့။

(၂) နုနယ်သေးငယ်စွာသော အပင်တို့သည် ပွင့်ကြ သီးကြကုန်၏။

နောင်အခါ ဆုတ်ယုတ်သောကာလ လူတို့ အသက်တန်း တိုသော ကာလ၌ ယောင်္ကျား မိန်းမတို့သည် ထက်သန် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ငယ်ရွယ်စဉ် အခါ၌ပင် အိမ်ထောင်ပြုခြင်း၊ သားမွေးခြင်း တို့ကို ပြုကုန်လတ္တံ့။

(၃) နွားမကြီးတို့သည် မိမိတို့ မွေးစဖြစ်သော နွားမငယ်တို့၏ နို့ကို စို့သည်ဟု မြင်မက်ပါသည်။

နောင်အခါ ကြီးသောသူတို့အား အရိုအသေပြုခြင်း ပျောက်ကွယ်သော ကာလ၌ အမိအဖ၊ ယောက္ခမ စသူတို့သည် ကိုးကွယ်ရာ မရှိကုန်သည် ဖြစ်သဖြင့် မိမိတို့၏ သားသမီး သားမက် ချွေးမ စသူတို့ထံ၌ ကပ်ရပ်၍ ငြိုငြင် ညှိုးငယ်စွာ အသက်မွေးရကုန်လတ္တံ့။

(၄) လှည်းတို့၌ ဝန်ကို ဆောင်နိုင်သော နွားကြီးတို့ကို မကမူ၍ နွားငယ်တို့ကိုသာ ကစေကုန်၏။

နွားငယ်တို့လည်း ဝန်ကို မနိုင်၍လှည်းတို့ကိုလည်း ဆွဲခြင်းငှာ မတတ်နိုင်ကုန်၏။

နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အသက်ကြီး ဝါကြီး ပညာရှိကုန်သော သူတို့အား အမတ်၊ တရားသူကြီး စသော ရာထူးစည်းစိမ်တို့၌ မခန့်ထားမူ၍ အသက်၊ ဝါ၊ ပညာ ငယ်ကုန်သော လူငယ်တို့အားသာ ခန့်ထားကြလတ္တံ့။

ထိုအခါအခွင့်အရေးမသိ၊ မတော် မမှန်ဖြစ်၍ အမှု မပြီး၊ အကျိုးမပြီး ရှိသောအခါ လူငယ်တို့သည် မိမိတို့၏ ရာထူး စည်းစိမ်ကို စွန့်ကြလတ္တံ့။

လူကြီးတို့သည်လည်း ငါတို့မှာ ပြင်ပကသာ ဖြစ်၏ဟု လျစ်လျှုပြု၍ နေကြလကုန်လတ္တံ့။ သို့ဖြစ်၍ တရားမစောင့် အမှုမပြီးကြသည်နှင့် မင်းနှင့်တကွ တိုင်းပြည်ပါ ဆုတ်ယုတ် ပျက်ဆီးကြလတ္တံ့။

(၅) ခံတွင်း နှစ်ခုရှိသော မြင်းသည် ကျွေးလာသော မုယောစပါး စသည်တို့ကို ခံတွင်းနှစ်ခုဖြင့်ပင် စားကုန်၏။

နောင် တရားမစောင့်သော မင်းတို့လက်ထက်၌ တရားမစောင့်သော တရားသူကြီးတို့သည် နှစ်ဖက်သော အမှုသည်တို့မှ ပေးသော တံစိုးလက်ဆောင်တို့ကို စား၍ အမှုတို့ကို မှန်မကန် ဆုံးဖြတ်ကြကုန်လတ္တံ့။

(၆) အဖိုးတသိန်း ထိုက်သော ရွှေခွက်ကို မြေခွေးဖိုအား ကျင်ငယ်စွန့်ရန် ပေး၏။ မြေခွေးလည်း ထိုရွှေခွက်၌ ကျင်ငယ်စွန့်၏။

နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အမျိုးမြတ်သော သူတို့သည် အချီးအမြှောက် မခံရ၊ ဆင်းရဲကြ၍ အမျိုးယုတ်သော သူတို့ အစိုးတရ ကြွယ်ဝ ချမ်းသာကြလတ္တံ့။

ထိုအခါ အမျိုးမြတ်တို့ အသက် မွေးခြင်းငှာမတတ်နိုင်ကုန်သည် ဖြစ်၍ မိမိတို့ သမီးတို့ကို အမျိုးယုတ်တို့အား ပေး၍ အသက်မွေး ကြကုန်လတ္တံ့။

(၇) တယောက်သော ယောင်္ကျားသည် အင်းပျဉ်၌ ထိုင်လျက် လွန်ကို ကျစ်၍ ခြေရင်း၌ ထား၏။ ထို အင်းပျဉ်အောက်၌ရှိသော ဆာလောင်သော မြေခွေးမသည် ထိုယောင်္ကျား မသိစဉ်လျှင် ထိုလွန်ကို စား၏။

နောင်အခါ မိန်းမတို့သည် အစားအသောက်၊ အဝတ်၊ အနေအထိုင် စသည်တို့၌ လော်လည်ခြင်း ရှိ၍ မိမိတို့ လင်ယောင်္ကျားသည် ဆင်းရဲငြိုငြင်စွာ ရှာဖွေ စုဆောင်းအပ်သော ဥစ္စာ ပစ္စည်းတို့ကို အဝတ်အစား၊ အစားအသောက် တို့၌ လည်းကောင်း၊ သောက်စားကစားခြင်းတို့၌ လည်းကောင်း၊ အပျော်အပါးတို့၌ လည်းကောင်း၊ သဘောက် လင်ငယ်ထားခြင်း တို့၌ လည်းကောင်း အရမ်းမဲ့လျှင် ဖြုန်းတီးလေလတ္တံ့။ ခွေးမသည် မသိ စဉ်းစား သကဲ့သို့ အိမ်သူ မိန်းမတို့သည် ဤသို့ တိတ်တဆိတ် ဖြုန်းတီး ခိုးစားကြလတ္တံ့။

(၈) ရေမရှိသော အိုးတို့ဖြင့် ခြံရံအပ်သော ရေပြည့်အိုးကြီး တလုံးကို မြင်ရ၏။ လူတို့သည် အရပ် ၈ မျက်နှာမှ ရေကို ယူလာကြ၍ ထိုရေပြည့်အိုးကြီး အတွင်းသို့သာလျှင် လောင်းထည့် ကြ၏။ လောင်းထည့်သော ရေတို့သည် ပြည့်လျှံ၍ ကျကုန်၏။ ဤသို့လျှင် အဖန် တလဲလဲ ရေပြည့်အိုးသို့သာ လောင်းလျှက် ရေမရှိသော အခြံအရံ အိုးတို့ အတွင်းသို့ကား မည်သူမျှ မလောင်း မထည့်ပဲ နေ၏။

နောင်အခါ မကောင်းသော မင်းတို့ လက်ထက်၌ မင်းနှင့်တကွ လူတို့ တရားပျက်ကွက်၊ သြဇာညံ့ဖျင်း၊ ဆင်းရဲခြင်းသို့ ရောက်ကြကုန်လတ္တံ့။ ထိုအခါ မင်းအစိုးရတို့သည် ဆင်းရဲသားတို့အား မင်း၏ အကျိုးစီးပွား အတွက်ကိုသာ လုပ်ကိုင်စေအံ။ ဆောင်ရွက် စေအံ။ ထမ်းရွက်စေအံ။ သို့ဖြစ်ရကား မင်းတို့၌သာ ပြည့်စုံ အကျိုးခံစားကြရ၍ ဆင်းရဲသားတို့မှာ ရေမရှိသော အိုးတို့ပမာ တစုံတရာ မရှိ ငတ်မွတ် ခေါင်းပါးခြင်းသို့ ရောက်ကုန်လတ္တံ့။

(၉) နက်ရှိုင်း ကျယ်ဝန်းသော ရေကန်ကြီး တခုတွင် သတ္တဝါတို့ ဆင်း၍ ရေသောက်ကြ၏။ ကန်၏ အလယ် ရေနက်ရာ၌ ရေသည် နောက်၍ ကန်နားဝန်းကျင် ရေတိမ်ရာ သတ္တဝါတို့ နင်းရာ၌ ရေသည် ကြည်လင်၏။

နောင်အခါ တရားမစောင့်သော မင်းတို့သည် မတရား အုပ်စိုးခြင်း၊ တံစိုးစားခြင်း၊ လော်လည်ခြင်း၊ သနားညှာတာ ဂရုဏာ မဲ့ခြင်း၊ ကြမ်းကြုတ်ရက်စက်ခြင်းတို့ ရှိလျှက် လူတို့အပေါ်၌ အထူးထူး အပြားပြားသော အချင်းအရာဖြင့် အခွန်အတုတ်တို့ကို ခွဲခန့် ကောက်ယူလတ္တံ့။

ထိုအခါ လူတို့မှာ တစ်စုံတစ်ရာ မပေးဆောင်နိုင် ပင်ပန်းဆင်းရဲလျက် မြို့ကြီးရပ်ကြီးတို့၌ မနေနိုင်ပဲ ရပ်စွန် ပြည်နားသို့ သွားရောက်နေကြရသည် ဖြစ်လတ္တံ့။

ကန်အလယ်တွင်နောက်၍ ကန်ဘေးတွင် ကြည်သကဲ့သို့ မြို့လယ်ရွာလယ်၌တိတ်ဆိတ်၍ ရပ်စွန်ပြည်နား၌ လူစည်ကားလတ္တံ့။

(၁၀) တစ်လုံးတည်းသော အိုးဖြင့် တချိန်တည်းချက်သော ထမင်းသည် အချို့ပျော့၏၊ အချို့ မနပ်၊ အချို့နပ်၏။

နောင် တရား မစောင့်သော မင်းတို့ လက်ထက်၌ မိုးကွက်ကြား ရွာလတ္တံ့။ ထိုအခါ အချို့နေရာ၌ မိုးရွာလွန်း၍ ကောက်ပဲသီးနှံ ပျက်အံ။ အချို့နေရာ၌ မရွာ၍ ပျက်အံ။

အချို့နေရာ တွင်ကား မိုးမှန်၍ ကောင်းအံ။ ဤသို့လျှင် ထမင်းအိုးတွင် မြင်သော ထမင်းကဲ့သို့ ကောက်ပဲသီးနှံ သုံးထွေ ပြားလတ္တံ့။

(၁၁) အဖိုးတသိန်းထက်သော စန္ဒကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့် ရောင်းစားကုန်၏။

နောင်အခါ ငါဘုရား၏ သာသနာတော် ဆုတ်ယုတ်သော ကာလတွင် လော်လည်၍ လာဘ်လာဘကို မက်မော ကုန်သော ရဟန်းအလဇ္ဇီ လူအလဇ္ဇီတို့သည် ဆွမ်း၊ ဆေး၊ ကျောင်း၊ သင်္ကန်း ဥစ္စာပစ္စည်း စသည် တို့ကို အလိုရှိကုန်သည် ဖြစ်၍ လမ်းခရီးဆုံ၊ အိမ်ဝ၊ အိမ်ကြို အိမ်ကြားတို့၌ ငါဘုရား၏ တရားတော်ကို ဟောကြားလတ္တံ့။ နိဗ္ဗာန် အလို့ငှာ ဟောတော် မူအပ်သော အလွန် မွန်မြတ်သော တရားတော်ကို တစ်ပဲ၊ တစ်မူး၊ တစ်ကျပ် စသည်တို့ အကျိုးငှာ ရောင်းစား ဟောပြော ကြသည် ဖြစ်၍ တသိန်းထိုက်သော စန္ဒာကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့် ရောင်းစား သကဲ့သို့ ဖြစ်ကုန်လတ္တံ့။

(၁၂) ဘူးတောင်းတို့သည် ရေ၌ နစ်ကုန်၏။

နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ကိုသာ ရာထူး စည်းစိမ် ပေးသည် ဖြစ်၍ အမျိုးယုတ်တို့ တန်ခိုး အာဏာ ကြီးမား ထင်ပေါ် အရာရာတွင် တွင်ကျယ်လျက် ၎င်းတို့ စကားသာလျှင် ဘုူးတောင်း နစ်သကဲသို့ နစ်၍ တည်ကုန်လတ္တံ့။

(၁၃) ကျောက်ဖျာကြီး ရေတွင်ပေါ်၏။

နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ တော်မှန် လိမ္မာ ပညာရှိသော သူတို့၏ စကားသည် မည်သည့် အရာ၌ မဆို လေးသော ကျောက်ဖျာ ရေတွင် ပေါ်သကဲ့သို့ နစ်တည် ခြင်းမရှိ၊ မခိုင်မမြဲ ရှိကြကုန် လတ္တံ့။

(၁၄) ဖားငယ်မ တို့သည် ကြီးစွာသော မြွေဟောက်ကြီးများကို စားမြိုကုန်၏။

နောင်အခါ လူတို့သည် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ကိလေသာ အလိုသို့ လိုက်လျက် ငယ်ရွယ်ကုန်သော မယားတို့၏ အလိုသို့ လုံးဝ လိုက်ကြကုန် လတ္တံ့။ အလုပ်အကိုင်မှု၊ ဥစ္စာ ပစ္စည်းမှု၊ ကျေးကျွန်မှု၊ စီမံခန့်ခွဲမှု စသော အရပ်ရပ်တို့၌ လင်ပေါ်တွင် လွှမ်းမိုး အုပ်စိုးခြင်းကို ပြုကြမည် ဖြစ်ရကား ဖားငယ်မသည် အဆိပ်လျင်သော မြွေကို စားမျိုသကဲ့သို့ ဖြစ်ကုန်လတ္တံ့။

(၁၅) မည်းနက် ရုပ်သွင်၊ အဆင်း ဆိုးဝါးသော ကျီးတို့ကို ရွှေ၏ အဆင်းနှင့် တူသော ရွှေဟင်္သာ တို့က ခြံရံ နေကြကုန်၏။

နောင်အခါ အားနည်းသော မင်းတို့ လက်ထက်၌ ထိုမင်းတို့သည် ဆင်စီး မြင်းစီးစသော အတတ်တို့၌ မလိမ္မာ၍ စစ်ထိုးခြင်း၌ မရဲရင့်ဘဲ ဖြစ်ကြကုန်လတ္တံ့။ ထိုအခါ တိုင်းပြည် နိုင်ငံ ဆုံးရှုံးမည်ကို စိုး၍ တူသော ဇာတ်ရှိသော သူကောင်းသားတို့အား အစိုးရခြင်းကို မပေးမူ၍ မိမိတို့ထံ၌ ခစား ကြကုန်သော အမျိုးယုတ်သော ကျေးကျွန်တို့အားသာ ပေးကုန်လတ္တံ့။

သို့ဖြစ်၍ အမျိုးကောင်းသားတို့ ကိုးကွယ်ရာ မရှိပဲ အစိုးရခြင်း၌ တည်ကုန်သော အမျိုးယုတ်တို့ထံ၌ ခစားကြကုန်လတ္တံ့။

(၁၆) ဆိတ်တို့သည် သစ်ကို သတ်စားကြသဖြင့် သစ်တို့သည် ကြောက်လန့်လျက် ဆိတ်တို့ကို အဝေးမှ မြင်လျှင်ပင် တောချုံရှိရာသို့ ပြေးကြကုန်၏။

နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ အစိုးရ ကုန်သည် ဖြစ်၍ အမျိုးမြတ်သူတို့ မထင်ရှား ဖြစ်လတ္တံ့။ အမျိုးယုတ်သူတို့မှာ မင်းကျွမ်းဝင်သည် ဖြစ်၍ တရားရုံးတို့၌ သြဇာအာဏာ လွှမ်းမိုးလျက် အမျိုးမြတ်သူတို့၏ ဘိုးဘပိုင် လယ်မြေ ဥစ္စာ အရပ်ရပ်တို့ကို ငါတို့ လယ်မြေဥစ္စာ ဖြစ်သည်ဟု သိမ်းယူကြ၍ တရားတဘောင် ဖြစ်လျှင် တန်ခိုးမဲ့သူတို့အား ဖိနှိပ်ပုတ်ခတ် ခြိမ်းခြောက် နှင်ထုတ်လျက် အနိုင်ကျင့် ကြကုန်လတ္တံ့။ ထိုအခါ အမျိုးမြတ်သူတို့ ကြောက်လန့် စက်ဆုတ်ကုန်သည် ဖြစ်၍ လယ်ယာ ဥစ္စာတို့ကို ပေးအပ်ကုန်လျက် အိမ်သို့ပြန်၍ အိပ်နေကြကုန်အံ။

ထိုမှ တပါးလည်း အကျင့်သီလရှိသော ရဟန်းတို့သည် အကျင့်သီလမဲ့သော ရဟန်းတို့က ချုပ်ချယ် ဖိနှိပ်ကြလေသဖြင့် တောသို့ ပြေးဝင် ပုန်းအောင်း ကြကုန်လတ္တံ့။ ဤသို့လျှင် အမျိုးကောင်း၊ သူတော်ကောင်း တို့လည်း လွတ်ရာ ကျွတ်ရာ တောတောတောင်တောင် တို့ကို ပြေးပုန်းကြကုန်လတ္တံ့။

ကိုးကား

အမျိုးသား ပညာဝန် ဦးဖိုးကျား၏ ငါးရာ့ငါးဆယ် ကောက်နုတ်ချက်များ (ပထမတွဲ)

ဘုရားရွင္ လက္ထက္ေတာ္မွာ ေကာသလမင္းၾကီးက အိပ္မက္ ၁၆ခ်က္ မက္ေတာ့ ဘုရားရွင္ထံ ေမးျမန္းရာ

ဘုရားရွင္က ျပန္လည္ေျဖၾကားေတာ္မူခဲ့ပါတယ္။

အဆိုပါ အခ်က္ ၁၆ခ်က္က ေနာင္အနာဂတ္မွာ ျဖစ္ေပၚလာမယ္လို႕ ဆိုပါတယ္။ အခုဆိုရင္ အခ်ဳိ႕ အခ်က္ေတြ ျဖစ္ေပၚေနၿပီလို႕ ဆိုႏိုင္ေနပါတယ္။

အဆိုပါ ၁၆ ခ်က္ကေတာ့ . . .

(၁) အရပ္ေလးမ်က္ႏွာမွ ေလးခုေသာ ႏြားလား ဥသဘတို႔သည္ လာလတ္၍ မင္းရင္ျပင္၌ ေဝွ႔မည္ဟု တြန္ျမည္ ၾကံဳးဝါးလ်က္ မေဝွ႔ပဲသာလွ်င္ ဖဲေလကုန္၏။

ေနာင္အခါ တရားမေစာင့္ေသာ မင္းတို႔ လက္ထက္၌ အရပ္ေလးမ်က္ႏွာမွ မိုးတို႔သည္ ရြာအံသကဲ့သို႔ ထစ္ႀကိဳးလ်က္ မရြာပဲသာလွ်င္ ေပ်ာက္ပ်က္ ကုန္လတၱံ႔။

ထိုအခါ ကာက္ပဲသီးႏွံတို႔ ပ်က္ဆီး၍ လူတို႔၌ အစာေရစာ ရွားပါး ငတ္မြတ္ျခင္း ျဖစ္လတၱံ႔။

(၂) ႏုနယ္ေသးငယ္စြာေသာ အပင္တို႔သည္ ပြင့္ၾက သီးၾကကုန္၏။

ေနာင္အခါ ဆုတ္ယုတ္ေသာကာလ လူတို႔ အသက္တန္း တိုေသာ ကာလ၌ ေယာကၤ်ား မိန္းမတို႔သည္ ထက္သန္ ျပင္းေသာ ရာဂ ရိွကုန္သည္ ျဖစ္၍ ငယ္ရြယ္စဥ္ အခါ၌ပင္ အိမ္ေထာင္ျပဳျခင္း၊ သားေမြးျခင္း တို႔ကို ျပဳကုန္လတၱံ႔။

(၃) ႏြားမႀကီးတို႔သည္ မိမိတို႔ ေမြးစျဖစ္ေသာ ႏြားမငယ္တို႔၏ ႏို႔ကို စို႔သည္ဟု ျမင္မက္ပါသည္။

ေနာင္အခါ ႀကီးေသာသူတို႔အား အ႐ိုအေသျပဳျခင္း ေပ်ာက္ကြယ္ေသာ ကာလ၌ အမိအဖ၊ ေယာကၡမ စသူတို႔သည္ ကိုးကြယ္ရာ မရိွကုန္သည္ ျဖစ္သျဖင့္ မိမိတို႔၏ သားသမီး သားမက္ ေခၽြးမ စသူတို႔ထံ၌ ကပ္ရပ္၍ ၿငိဳျငင္ ညိႇဳးငယ္စြာ အသက္ေမြးရကုန္လတၱံ႔။

(၄) လွည္းတို႔၌ ဝန္ကို ေဆာင္ႏိုင္ေသာ ႏြားႀကီးတို႔ကို မကမူ၍ ႏြားငယ္တုိ႔ကိုသာ ကေစကုန္၏။

ႏြားငယ္တို႔လည္း ဝန္ကို မႏိုင္၍လွည္းတို႔ကိုလည္း ဆြဲျခင္းငွာ မတတ္ႏိုင္ကုန္၏။

ေနာင္ တရားမေစာင့္ေသာ မင္းတို႔ လက္ထက္၌ အသက္ႀကီး ဝါႀကီး ပညာရိွကုန္ေသာ သူတို႔အား အမတ္၊ တရားသူႀကီး စေသာ ရာထူးစည္းစိမ္တို႔၌ မခန္႔ထားမူ၍ အသက္၊ ၀ါ၊ ပညာ ငယ္ကုန္ေသာ လူငယ္တို႔အားသာ ခန္႔ထားၾကလတၱံ႔။

ထိုအခါအခြင့္အေရးမသိ၊ မေတာ္ မမွန္ျဖစ္၍ အမႈ မၿပီး၊ အက်ဳိးမၿပီး ရိွေသာအခါ လူငယ္တို႔သည္ မိမိတို႔၏ ရာထူး စည္းစိမ္ကို စြန္႔ၾကလတၱံ႔။

လူႀကီးတို႔သည္လည္း ငါတို႔မွာ ျပင္ပကသာ ျဖစ္၏ဟု လ်စ္လွ်ဳျပဳ၍ ေနၾကလကုန္လတၱံ႔။ သို႔ျဖစ္၍ တရားမေစာင့္ အမႈမၿပီးၾကသည္ႏွင့္ မင္းႏွင့္တကြ တိုင္းျပည္ပါ ဆုတ္ယုတ္ ပ်က္ဆီးၾကလတၱံ႔။

(၅) ခံတြင္း ႏွစ္ခုရွိေသာ ျမင္းသည္ ေကၽြးလာေသာ မုေယာစပါး စသည္တို႔ကို ခံတြင္းႏွစ္ခုျဖင့္ပင္ စားကုန္၏။

ေနာင္ တရားမေစာင့္ေသာ မင္းတို႔လက္ထက္၌ တရားမေစာင့္ေသာ တရားသူႀကီးတို႔သည္ ႏွစ္ဖက္ေသာ အမႈသည္တို႔မွ ေပးေသာ တံစိုးလက္ေဆာင္တို႔ကို စား၍ အမႈတို႔ကို မွန္မကန္ ဆံုးျဖတ္ၾကကုန္လတၱံ႔။

(၆) အဖိုးတသိန္း ထိုက္ေသာ ေရႊခြက္ကို ေျမေခြးဖိုအား က်င္ငယ္စြန္႔ရန္ ေပး၏။ ေျမေခြးလည္း ထိုေရႊခြက္၌ က်င္ငယ္စြန္႔၏။

ေနာင္ တရားမေစာင့္ေသာ မင္းတို႔ လက္ထက္၌ အမ်ဳိးျမတ္ေသာ သူတို႔သည္ အခ်ီးအေျမႇာက္ မခံရ၊ ဆင္းရဲၾက၍ အမ်ဳိးယုတ္ေသာ သူတို႔ အစိုးတရ ႂကြယ္ဝ ခ်မ္းသာၾကလတၱံ႔။

ထိုအခါ အမ်ဳိးျမတ္တို႔ အသက္ ေမြးျခင္းငွာမတတ္ႏုိင္ကုန္သည္ ျဖစ္၍ မိမိတို႔ သမီးတို႔ကို အမ်ဳိးယုတ္တို႔အား ေပး၍ အသက္ေမြး ၾကကုန္လတၱံ႔။

(၇) တေယာက္ေသာ ေယာကၤ်ားသည္ အင္းပ်ဥ္၌ ထိုင္လ်က္ လြန္ကို က်စ္၍ ေျခရင္း၌ ထား၏။ ထုိ အင္းပ်ဥ္ေအာက္၌ရိွေသာ ဆာေလာင္ေသာ ေျမေခြးမသည္ ထိုေယာကၤ်ား မသိစဥ္လွ်င္ ထိုလြန္ကို စား၏။

ေနာင္အခါ မိန္းမတို႔သည္ အစားအေသာက္၊ အဝတ္၊ အေနအထို္င္ စသည္တို႔၌ ေလာ္လည္ျခင္း ရိွ၍ မိမိတို႔ လင္ေယာကၤ်ားသည္ ဆင္းရဲၿငိဳျငင္စြာ ရွာေဖြ စုေဆာင္းအပ္ေသာ ဥစၥာ ပစၥည္းတို႔ကို အဝတ္အစား၊ အစားအေသာက္ တို႔၌ လည္းေကာင္း၊ ေသာက္စားကစားျခင္းတို႔၌ လည္းေကာင္း၊ အေပ်ာ္အပါးတို႔၌ လည္းေကာင္း၊ သေဘာက္ လင္ငယ္ထားျခင္း တို႔၌ လည္းေကာင္း အရမ္းမဲ့လွ်င္ ျဖဳန္းတီးေလလတၱံ႔။ ေခြးမသည္ မသိ စဥ္းစား သကဲ့သို႔ အိမ္သူ မိန္းမတို႔သည္ ဤသို႔ တိတ္တဆိတ္ ျဖဳန္းတီး ခိုးစားၾကလတၱံ႔။

(၈) ေရမရိွေသာ အိုးတို႔ျဖင့္ ျခံရံအပ္ေသာ ေရျပည့္အိုးႀကီး တလံုးကို ျမင္ရ၏။ လူတို႔သည္ အရပ္ ၈ မ်က္ႏွာမွ ေရကို ယူလာၾက၍ ထိုေရျပည့္အိုးႀကီး အတြင္းသို႔သာလွ်င္ ေလာင္းထည့္ ၾက၏။ ေလာင္းထည့္ေသာ ေရတို႔သည္ ျပည့္လွ်ံ၍ က်ကုန္၏။ ဤသို႔လွ်င္ အဖန္ တလဲလဲ ေရျပည့္အိုးသို႔သာ ေလာင္းလွ်က္ ေရမရိွေသာ အျခံအရံ အိုးတို႔ အတြင္းသို႔ကား မည္သူမွ် မေလာင္း မထည့္ပဲ ေန၏။

ေနာင္အခါ မေကာင္းေသာ မင္းတို႔ လက္ထက္၌ မင္းႏွင့္တကြ လူတို႔ တရားပ်က္ကြက္၊ ၾသဇာညံ့ဖ်င္း၊ ဆင္းရဲျခင္းသို႔ ေရာက္ၾကကုန္လတၱံ႔။ ထိုအခါ မင္းအစိုးရတို႔သည္ ဆင္းရဲသားတို႔အား မင္း၏ အက်ဳိးစီးပြား အတြက္ကိုသာ လုပ္ကိုင္ေစအံ။ ေဆာင္ရြက္ ေစအံ။ ထမ္းရြက္ေစအံ။ သို႔ျဖစ္ရကား မင္းတို႔၌သာ ျပည့္စံု အက်ဳိးခံစားၾကရ၍ ဆင္းရဲသားတို႔မွာ ေရမရိွေသာ အိုးတို႔ပမာ တစံုတရာ မရိွ ငတ္မြတ္ ေခါင္းပါးျခင္းသို႔ ေရာက္ကုန္လတၱံ႔။

(၉) နက္႐ႈိင္း က်ယ္ဝန္းေသာ ေရကန္ႀကီး တခုတြင္ သတၱဝါတို႔ ဆင္း၍ ေရေသာက္ၾက၏။ ကန္၏ အလယ္ ေရနက္ရာ၌ ေရသည္ ေနာက္၍ ကန္နားဝန္းက်င္ ေရတိမ္ရာ သတၱဝါတို႔ နင္းရာ၌ ေရသည္ ၾကည္လင္၏။

ေနာင္အခါ တရားမေစာင့္ေသာ မင္းတို႔သည္ မတရား အုပ္စိုးျခင္း၊ တံစိုးစားျခင္း၊ ေလာ္လည္ျခင္း၊ သနားညႇာတာ ဂ႐ုဏာ မဲ့ျခင္း၊ ၾကမ္းၾကဳတ္ရက္စက္ျခင္းတို႔ ရိွလွ်က္ လူတို႔အေပၚ၌ အထူးထူး အျပားျပားေသာ အခ်င္းအရာျဖင့္ အခြန္အတုတ္တို႔ကို ခဲြခန္႔ ေကာက္ယူလတၱံ႔။

ထုိအခါ လူတို႔မွာ တစ္စံုတစ္ရာ မေပးေဆာင္ႏိုင္ ပင္ပန္းဆင္းရဲလ်က္ ၿမိဳ႕ႀကီးရပ္ႀကီးတို႔၌ မေနႏိုင္ပဲ ရပ္စြန္ ျပည္နားသို႔ သြားေရာက္ေနၾကရသည္ ျဖစ္လတၱံ႔။

ကန္အလယ္တြင္ေနာက္၍ ကန္ေဘးတြင္ ၾကည္သကဲ့သို႔ ၿမိဳ႕လယ္ရြာလယ္၌တိတ္ဆိတ္၍ ရပ္စြန္ျပည္နား၌ လူစည္ကားလတၱံ႔။

(၁၀) တစ္လံုးတည္းေသာ အိုးျဖင့္ တခ်ိန္တည္းခ်က္ေသာ ထမင္းသည္ အခ်ဳိ႕ေပ်ာ့၏၊ အခ်ဳိ႕ မနပ္၊ အခ်ဳိ႕နပ္၏။

ေနာင္ တရား မေစာင့္ေသာ မင္းတို႔ လက္ထက္၌ မိုးကြက္ၾကား ရြာလတၱံ႔။ ထိုအခါ အခ်ဳိ႕ေနရာ၌ မိုးရြာလြန္း၍ ေကာက္ပဲသီးႏွံ ပ်က္အံ။ အခ်ဳိ႕ေနရာ၌ မရြာ၍ ပ်က္အံ။

အခ်ဳိ႕ေနရာ တြင္ကား မိုးမွန္၍ ေကာင္းအံ။ ဤသို႔လွ်င္ ထမင္းအိုးတြင္ ျမင္ေသာ ထမင္းကဲ့သို႔ ေကာက္ပဲသီးႏွံ သံုးေထြ ျပားလတၱံ႔။

(၁၁) အဖိုးတသိန္းထက္ေသာ စႏၵကူးႏွစ္ကို ယက္တက္ပုပ္ရည္ျဖင့္ ေရာင္းစားကုန္၏။

ေနာင္အခါ ငါဘုရား၏ သာသနာေတာ္ ဆုတ္ယုတ္ေသာ ကာလတြင္ ေလာ္လည္၍ လာဘ္လာဘကို မက္ေမာ ကုန္ေသာ ရဟန္းအလဇၨီ လူအလဇၨီတို႔သည္ ဆြမ္း၊ ေဆး၊ ေက်ာင္း၊ သကၤန္း ဥစၥာပစၥည္း စသည္ တို႔ကို အလိုရိွကုန္သည္ ျဖစ္၍ လမ္းခရီးဆံု၊ အိမ္ဝ၊ အိမ္ႀကိဳ အိမ္ၾကားတို႔၌ ငါဘုရား၏ တရားေတာ္ကို ေဟာၾကားလတၱံ႔။ နိဗၺာန္ အလို႔ငွာ ေဟာေတာ္ မူအပ္ေသာ အလြန္ မြန္ျမတ္ေသာ တရားေတာ္ကို တစ္ပဲ၊ တစ္မူး၊ တစ္က်ပ္ စသည္တို႔ အက်ဳိးငွာ ေရာင္းစား ေဟာေျပာ ၾကသည္ ျဖစ္၍ တသိန္းထိုက္ေသာ စႏၵာကူးႏွစ္ကို ယက္တက္ပုပ္ရည္ျဖင့္ ေရာင္းစား သကဲ့သို႔ ျဖစ္ကုန္လတၱံ႔။

(၁၂) ဘူးေတာင္းတို႔သည္ ေရ၌ နစ္ကုန္၏။

ေနာင္အခါ တရား မေစာင့္ေသာ မင္းတို႔ လက္ထက္၌ အမ်ဳိးယုတ္ေသာ သူတိို႔ကိုသာ ရာထူး စည္းစိမ္ ေပးသည္ ျဖစ္၍ အမ်ဳိးယုတ္တို႔ တန္ခိုး အာဏာ ႀကီးမား ထင္ေပၚ အရာရာတြင္ တြင္က်ယ္လ်က္ ၄င္းတို႔ စကားသာလွ်င္ ဘုူးေတာင္း နစ္သကဲသို႔ နစ္၍ တည္ကုန္လတၱံ႔။

(၁၃) ေက်ာက္ဖ်ာႀကီး ေရတြင္ေပၚ၏။

ေနာင္အခါ တရား မေစာင့္ေသာ မင္းတို႔ လက္ထက္၌ ေတာ္မွန္ လိမၼာ ပညာရိွေသာ သူတို႔၏ စကားသည္ မည္သည့္ အရာ၌ မဆို ေလးေသာ ေက်ာက္ဖ်ာ ေရတြင္ ေပၚသကဲ့သို႔ နစ္တည္ ျခင္းမရိွ၊ မခို္င္မျမဲ ရိွၾကကုန္ လတၱံ႔။

(၁၄) ဖားငယ္မ တို႔သည္ ႀကီးစြာေသာ ေႁမြေဟာက္ႀကီးမ်ားကို စားၿမိဳကုန္၏။

ေနာင္အခါ လူတို႔သည္ ျပင္းေသာ ရာဂ ရိွကုန္သည္ ျဖစ္၍ ကိေလသာ အလိုသို႔ လိုက္လ်က္ ငယ္ရြယ္ကုန္ေသာ မယားတို႔၏ အလိုသို႔ လံုးဝ လိုက္ၾကကုန္ လတၱံ႔။ အလုပ္အကိုင္မႈ၊ ဥစၥာ ပစၥည္းမႈ၊ ေက်းကၽြန္မႈ၊ စီမံခန္႔ခြဲမႈ စေသာ အရပ္ရပ္တို႔၌ လင္ေပၚတြင္ လႊမ္းမိုး အုပ္စိုးျခင္းကို ျပဳၾကမည္ ျဖစ္ရကား ဖားငယ္မသည္ အဆိပ္လ်င္ေသာ ေႁမြကို စားမ်ဳိသကဲ့သို႔ ျဖစ္ကုန္လတၱံ႔။

(၁၅) မည္းနက္ ႐ုပ္သြင္၊ အဆင္း ဆိုးဝါးေသာ က်ီးတို႔ကို ေရႊ၏ အဆင္းႏွင့္ တူေသာ ေရႊဟသၤာ တို႔က ျခံရံ ေနၾကကုန္၏။

ေနာင္အခါ အားနည္းေသာ မင္းတို႔ လက္ထက္၌ ထုိမင္းတို႔သည္ ဆင္စီး ျမင္းစီးစေသာ အတတ္တို႔၌ မလိမၼာ၍ စစ္ထိုးျခင္း၌ မရဲရင့္ဘဲ ျဖစ္ၾကကုန္လတၱံ႔။ ထိုအခါ တုိင္းျပည္ ႏုိင္ငံ ဆံုး႐ႈံးမည္ကို စိုး၍ တူေသာ ဇာတ္ရိွေသာ သူေကာင္းသားတို႔အား အစိုးရျခင္းကို မေပးမူ၍ မိမိတို႔ထံ၌ ခစား ၾကကုန္ေသာ အမ်ဳိးယုတ္ေသာ ေက်းကၽြန္တို႔အားသာ ေပးကုန္လတၱံ႔။

သို႔ျဖစ္၍ အမ်ဳိးေကာင္းသားတို႔ ကိုးကြယ္ရာ မရိွပဲ အစိုးရျခင္း၌ တည္ကုန္ေသာ အမ်ဳိးယုတ္တို႔ထံ၌ ခစားၾကကုန္လတၱံ႔။

(၁၆) ဆိတ္တို႔သည္ သစ္ကို သတ္စားၾကသျဖင့္ သစ္တို႔သည္ ေၾကာက္လန္႔လ်က္ ဆိတ္တို႔ကို အေဝးမွ ျမင္လွ်င္ပင္ ေတာခ်ဳံရိွရာသို႔ ေျပးၾကကုန္၏။

ေနာင္အခါ တရား မေစာင့္ေသာ မင္းတို႔ လက္ထက္၌ အမ်ဳိးယုတ္ေသာ သူတို႔ အစိုးရ ကုန္သည္ ျဖစ္၍ အမ်ဳိးျမတ္သူတို႔ မထင္ရွား ျဖစ္လတၱံ႔။ အမ်ဳိးယုတ္သူတို႔မွာ မင္းကၽြမ္းဝင္သည္ ျဖစ္၍ တရား႐ံုးတို႔၌ ၾသဇာအာဏာ လႊမ္းမိုးလ်က္ အမ်ဳိးျမတ္သူတို႔၏ ဘိုးဘပိုင္ လယ္ေျမ ဥစၥာ အရပ္ရပ္တို႔ကို ငါတို႔ လယ္ေျမဥစၥာ ျဖစ္သည္ဟု သိမ္းယူၾက၍ တရားတေဘာင္ ျဖစ္လွ်င္ တန္ခိုးမဲ့သူတို႔အား ဖိႏွိပ္ပုတ္ခတ္ ၿခိမ္းေျခာက္ ႏွင္ထုတ္လ်က္ အႏိုင္က်င့္ ၾကကုန္လတၱံ႔။ ထိုအခါ အမ်ဳိးျမတ္သူတို႔ ေၾကာက္လန္႔ စက္ဆုတ္ကုန္သည္ ျဖစ္၍ လယ္ယာ ဥစၥာတို႔ကို ေပးအပ္ကုန္လ်က္ အိမ္သို႔ျပန္၍ အိပ္ေနၾကကုန္အံ။

ထိုမွ တပါးလည္း အက်င့္သီလရိွေသာ ရဟန္းတို႔သည္ အက်င့္သီလမဲ့ေသာ ရဟန္းတို႔က ခ်ဳပ္ခ်ယ္ ဖိႏွိပ္ၾကေလသျဖင့္ ေတာသို႔ ေျပးဝင္ ပုန္းေအာင္း ၾကကုန္လတၱံ႔။ ဤသို႔လွ်င္ အမ်ဳိးေကာင္း၊ သူေတာ္ေကာင္း တို႔လည္း လြတ္ရာ ကၽြတ္ရာ ေတာေတာေတာင္ေတာင္ တို႔ကို ေျပးပုန္းၾကကုန္လတၱံ႔။

ကိုးကား

အမ်ဳိးသား ပညာဝန္ ဦးဖိုးက်ား၏ ငါးရာ့ငါးဆယ္ ေကာက္ႏုတ္ခ်က္မ်ား (ပထမတဲြ)