စိတ်အသစ်နဲ့နေပါ
နောင်တတွေနဲ့မနေပါနဲ့ပြီးခဲ့တာတွေ…..ပြီးသွားပါပြီ…။
ဒီနေ့ဟာ အသစ်ပဲအသစ်က… ပြန်စပါ။
ဒီနေ့ကို …စိတ်ကောင်းကောင်းနဲ့စိတ်ချမ်းချမ်းသာသာနေပါ…။
ဒီနေ့ကိုအကောင်းဆုံးဖြစ်ချင်ရင်မနေ့က စိတ်မကောင်းဖြစ်ခဲ့တာတွေကို
ပြီးခဲ့တာတွေက ပြီးပြီလို့သဘောထားပါ…။
နေ့သစ်ကို…စိတ်သစ်နဲ့နေမယ်လို့ ဆုံးဖြတ်ပါ…။
လူတစ်ယောက်ကို `မုန်း´မိတာသူ့ကို` ရှုံး´ သွားတာနဲ့အတူတူပဲ…။
သူတို့ထက် မသိမသာ သာနေတဲ့အခါမင်းကို မနာလိုဖြစ်လိမ့်မယ်။
အဆပေါင်းများစွာသာသွားတဲ့အခါမင်းကို အားကျလိမ့်မယ်။
လူတိုင်းမှာ လျှောက်စရာနှစ်လမ်းရှိတယ်။
တစ်လမ်းကလျှောက်ကိုလျှောက်ရမယ့်လမ်း…
နောက်တစ် လမ်းက ကိုယ်လျှောက်ချင်တဲ့လမ်း…
မလျှောက်မနေ လျှောက်ရမယ့်လမ်းကိုလှလှပပလျှောက်ပြီးမှ
ကိုယ်လျှောက်ချင်တဲ့လမ်းကိုလျှောက်လို့ရပါလိမ့်မယ်…။
ဝိုးတဝါးဖြစ်နေတဲ့ မနက်ဖြန်အတွက် စိုးရိမ်မနေပဲ
ရှင်းရှင်းလင်းလင်းဖြစ်နေတဲ့ ယခုအတွက်ပဲအစွမ်းကုန်ကြိုးစားအားထုတ်လိုက်စမ်းပါ…။
ဒါကြောင့် နေ့အသစ်မှာ“စိတ်အသစ်´´နဲ့နေပါသူငယ်ချင်း…။
တောသားရဟန်း
စိတ္အသစ္နဲ႔ေနပါ
ေနာင္တေတြနဲ႔မေနပါနဲ႔ၿပီးခဲ့တာေတြ…..ၿပီးသြားပါၿပီ…။
ဒီေန႔ဟာ အသစ္ပဲအသစ္က… ျပန္စပါ။
ဒီေန႔ကို …စိတ္ေကာင္းေကာင္းနဲ႔စိတ္ခ်မ္းခ်မ္းသာသာေနပါ…။
ဒီေန႔ကိုအေကာင္းဆုံးျဖစ္ခ်င္ရင္မေန႔က စိတ္မေကာင္းျဖစ္ခဲ့တာေတြကို
ၿပီးခဲ့တာေတြက ၿပီးၿပီလို႔သေဘာထားပါ…။
ေန႔သစ္ကို…စိတ္သစ္နဲ႔ေနမယ္လို႔ ဆုံးျဖတ္ပါ…။
လူတစ္ေယာက္ကို `မုန္း´မိတာသူ႔ကို` ရႈံး´ သြားတာနဲ႔အတူတူပဲ…။
သူတို႔ထက္ မသိမသာ သာေနတဲ့အခါမင္းကို မနာလိုျဖစ္လိမ့္မယ္။
အဆေပါင္းမ်ားစြာသာသြားတဲ့အခါမင္းကို အားက်လိမ့္မယ္။
လူတိုင္းမွာ ေလွ်ာက္စရာႏွစ္လမ္းရွိတယ္။
တစ္လမ္းကေလွ်ာက္ကိုေလွ်ာက္ရမယ့္လမ္း…
ေနာက္တစ္ လမ္းက ကိုယ္ေလွ်ာက္ခ်င္တဲ့လမ္း…
မေလွ်ာက္မေန ေလွ်ာက္ရမယ့္လမ္းကိုလွလွပပေလွ်ာက္ၿပီးမွ
ကိုယ္ေလွ်ာက္ခ်င္တဲ့လမ္းကိုေလွ်ာက္လို႔ရပါလိမ့္မယ္…။
ဝိုးတဝါးျဖစ္ေနတဲ့ မနက္ျဖန္အတြက္ စိုးရိမ္မေနပဲ
ရွင္းရွင္းလင္းလင္းျဖစ္ေနတဲ့ ယခုအတြက္ပဲအစြမ္းကုန္ႀကိဳးစားအားထုတ္လိုက္စမ္းပါ…။
ဒါေၾကာင့္ ေန႔အသစ္မွာ“စိတ္အသစ္´´နဲ႔ေနပါသူငယ္ခ်င္း…။
ေတာသားရဟန္း