လူအများစုလိမ်ခံနေရသော လိမ်နည်းများ

သမီးလေးတို့ရေ . . . အပြင်မှာ ကိုယ်နဲ့နှစ်ရှည်လများ ပေါင်းသင်းဆက်ဆံလာတဲ့သူတွေ ၊ လက်တွဲလုပ်ကိုင်လာတဲ့သူတွေတောင် အကုန်လုံးကိုအကြွင်းမဲ့ယုံကြည်လိုက်တဲ့အခါ နောက်ကျောကို ဓားနဲ့ထိုးတာမျိုး ခံရသေးတာ လိုင်းပေါ်မှာ လူချင်းလည်းမသိ ဘယ်မှာနေလည်းသေချာမသိ သူပြောသမျှသာ ယုံနေရတဲ့လူတစ်ယောက်ကို ဘယ်လိုစိတ်မျိုးနဲ့ ချက်ချင်းအကြွင်းမဲ့ယုံကြည်ရမလဲ ။

ဒီနေ့ခေတ်မှာ လူလိမ်တွေဟာလိုင်းပေါ်မှာ ပုံစံအမျိုးမျိုးနဲ့လိမ်နေကြတာ . . သမီးလေးတို့အသိပါပဲ ။ သိပေမယ့် သိသိကြီးနဲ့လိမ်ခံရတဲ့သူတွေလည်းများပြီ ။ ဒါကြောင့် ဒီစာလေးကိုရေးလိုက်တာသမီး ။

လူလိမ်တွေဟာ ဒီလိုလူတွေကို ပစ်မှတ်ထားကြတယ် ။ လူလိမ်အများကြီးထဲမှာမှ ခွဲလိုက်ရင် ဒီ ၂ မျိုးတွေ့ရတယ် ။

ပထမ လူလိမ်က အကောင့်အပ်လာမယ် …ရင်းနှီးအောင်ပြောဆိုဆက်ဆံမယ် . နည်းနည်းခင်သွားတဲ့အခါ သူဟာ သူ့ဘဝနာစရာတွေ ဝမ်းနည်းစရာတွေကို သင့်ကိုရင်ဖွင့်မယ် ။ သင်သူ့ကိုလုံးဝသနားသွားအောင် သူကပြောမှာ ။ အကယ်၍ သင့်မှာတာ သနားတတ်တဲ့စိတ် စာနာတတ်တဲ့စိတ်ရှိရင် သင်ဟာ သူပြောသမျှယုံပြီး သူလိမ်တာ သင်ခံပါတော့မယ် ။ ဒါကြောင့် ဒီလူလိမ်ဟာ သနားတတ်တဲ့သူ စာနာတတ်တဲ့သူတွေကို ပစ်မှတ်ထားပြီး လိမ်တယ် ။

နောက်တစ်မျိုးကတော့ ဒီလိုလူမျိုးပါ ။ သူ့အကောင့်မှာတင်လိုက်ရင် သန်းကြွယ်သူဌေးရှုံးတယ် ။ ဘယ်တော့မှ အဆင်မပြေတာမတင်ဘူး ။ လူတကာအထင်ကြီးမယ့်လာမျိုးပဲ တင်တယ် ။ ပြီးရင် သူ့လောက်အလုပ်များတာလဲ သူပဲရှိသလိုပေါ့ ။ ဒီလိုလူမျိုးကို သင်က အထင်ကြီးပြီး အပ်လိုက်မိပြီဆိုရင် ။ နောက်ပိုင်းစကားတွေပြော မိတ်ဆွေဖြစ်သွားပြီဆိုရင် . . . သူဟာ သင့်ကိုပြောလိမ့်မယ် ။ သူလက်ရှိ ဘာတွေလုပ်နေတာ သူ့လုပ်ငန်းက ဘယ်လိုအကျိုးအမြတ်ရတာ . . .ဘယ်လိုနေရာတွေမှာ ရင်းနှီးမြုပ်နှံထားတာ ။ ခုတောင် အခွင့်အလမ်းတစ်ခုရှိတယ် ။ ငွေက ဟိုဘက်လုပ်ငန်းထဲထည့်ထားတော့ မပေါ်သေးတော့ လက်လွတ်ရမလိုဖြစ်နေတာ . . . အကယ်၍ သင်ဟာ လောဘရှိသူတစ်ယောက်ဆို ဘာလုပ်ငန်းလဲ ဘယ်လောက်ရင်းရမှာလဲ မေးမိပြီး သူလိမ်တဲ့အကွက်ထဲ သင်ရောက်သွားပါပြီ ။ ဒီလိုလူတွေဟာ လောဘကြီးသူ ငွေရှိသူတွေကို ဦးစားပေးလိမ်ကြပါတယ် . . .

ဒါတွေဟာ လိုင်းပေါ်မှာမှမဟုတ်ပါဘူး အပြင်မှာလည်း ဒီလိုလိမ်တတ်ကြပါတယ် . . .သမီးလေးတွေ အထူးသတိပြုနိုင်ကြပါစေ

ဘယ်သူ့ကိုမှ လွယ်လွယ်နဲ့မယုံလိုက်ပါနဲ့ လို့

Nay Lin (သမီးလေး)

သမီးေလးတို႔ေရ . . . အျပင္မွာ ကိုယ္နဲ့ႏွစ္ရွည္လမ်ား ေပါင္းသင္းဆက္ဆံလာတဲ့သူေတြ ၊ လက္တြဲလုပ္ကိုင္လာတဲ့သူေတြေတာင္ အကုန္လံုးကိုအၾကြင္းမဲ့ယံုၾကည္လိုက္တဲ့အခါ ေနာက္ေက်ာကို ဓားနဲ့ထိုးတာမ်ိဳး ခံရေသးတာ လိုင္းေပၚမွာ လူခ်င္းလည္းမသိ ဘယ္မွာေနလည္းေသခ်ာမသိ သူေျပာသမွ်သာ ယံုေနရတဲ့လူတစ္ေယာက္ကို ဘယ္လိုစိတ္မ်ိဳးနဲ့ ခ်က္ခ်င္းအၾကြင္းမဲ့ယံုၾကည္ရမလဲ ။ ဒီေန႔ေခတ္မွာ လူလိမ္ေတြဟာလိုင္းေပၚမွာ ပံုစံအမ်ိဳးမ်ိဳးနဲ့လိမ္ေနၾကတာ . . သမီးေလးတို႔အသိပါပဲ ။ သိေပမယ့္ သိသိၾကီးနဲ့လိမ္ခံရတဲ့သူေတြလည္းမ်ားျပီ ။ ဒါေၾကာင့္ ဒီစာေလးကိုေရးလိုက္တာသမီး ။

လူလိမ္ေတြဟာ ဒီလိုလူေတြကို ပစ္မွတ္ထားၾကတယ္ ။ လူလိမ္အမ်ားၾကီးထဲမွာမွ ခြဲလိုက္ရင္ ဒီ ၂ မ်ိဳးေတြ႔ရတယ္ ။

ပထမ လူလိမ္က အေကာင့္အပ္လာမယ္ …ရင္းႏွီးေအာင္ေျပာဆိုဆက္ဆံမယ္ . နည္းနည္းခင္သြားတဲ့အခါ သူဟာ သူ႔ဘ၀နာစရာေတြ ၀မ္းနည္းစရာေတြကို သင့္ကိုရင္ဖြင့္မယ္ ။ သင္သူ႕ကိုလံုး၀သနားသြားေအာင္ သူကေျပာမွာ ။ အကယ္၍ သင့္မွာတာ သနားတတ္တဲ့စိတ္ စာနာတတ္တဲ့စိတ္ရွိရင္ သင္ဟာ သူေျပာသမွ်ယံုျပီး သူလိမ္တာ သင္ခံပါေတာ့မယ္ ။ ဒါေၾကာင့္ ဒီလူလိမ္ဟာ သနားတတ္တဲ့သူ စာနာတတ္တဲ့သူေတြကို ပစ္မွတ္ထားျပီး လိ္မ္တယ္ ။

ေနာက္တစ္မ်ိဳးကေတာ့ ဒီလိုလူမ်ိဳးပါ ။ သူ႕အေကာင့္မွာတင္လိုက္ရင္ သန္းၾကြယ္သူေဌးရွံဳးတယ္ ။ ဘယ္ေတာ့မွ အဆင္မေျပတာမတင္ဘူး ။ လူတကာအထင္ၾကီးမယ့္လာမ်ိဳးပဲ တင္တယ္ ။ ျပီးရင္ သူ႕ေလာက္အလုပ္မ်ားတာလဲ သူပဲရွိသလိုေပါ့ ။ ဒီလိုလူမ်ိဳးကို သင္က အထင္ၾကီးျပီး အပ္လိုက္မိျပီဆိုရင္ ။ ေနာက္ပိုင္းစကားေတြေျပာ မိတ္ေဆြျဖစ္သြားျပီဆိုရင္ . . . သူဟာ သင့္ကိုေျပာလိိမ့္မယ္ ။ သူလက္ရွိ ဘာေတြလုပ္ေနတာ သူ႕လုပ္ငန္းက ဘယ္လိုအက်ိဳးအျမတ္ရတာ . . .ဘယ္လိုေနရာေတြမွာ ရင္းႏွီးျမဳပ္ႏွံထားတာ ။ ခုေတာင္ အခြင့္အလမ္းတစ္ခုရွိတယ္ ။ ေငြက ဟိုဘက္လုပ္ငန္းထဲထည့္ထားေတာ့ မေပၚေသးေတာ့ လက္လြတ္ရမလိုျဖစ္ေနတာ . . . အကယ္၍ သင္ဟာ ေလာဘရွိသူတစ္ေယာက္ဆို ဘာလုပ္ငန္းလဲ ဘယ္ေလာက္ရင္းရမွာလဲ ေမးမိျပီး သူလိမ္တဲ့အကြက္ထဲ သင္ေရာက္သြားပါျပီ ။ ဒီလိုလူေတြဟာ ေလာဘၾကီးသူ ေငြရွိသူေတြကို ဦးစားေပးလိမ္ၾကပါတယ္ . . .

ဒါေတြဟာ လိုင္းေပၚမွာမွမဟုတ္ပါဘူး အျပင္မွာလည္း ဒီလိုလိမ္တတ္ၾကပါတယ္ . . .သမီးေလးေတြ အထူးသတိျပဳႏိုင္ၾကပါေစ

ဘယ္သူ႕ကိုမွ လြယ္လြယ္နဲ့မယံုလိုက္ပါနဲ့ လို႔

Nay Lin (သမီးေလး)