သင့်ကိုသင်တကယ်ချစ်ရဲ့လား . . . ဒီစာလေးဖတ်ပြီး သုံးသပ်ကြည့်ပါဦး
လောကမှာ ကိုယ့်ကိုယ်ကိုသာအချစ်ဆုံးတဲ့ ဟုတ်မနေဘူး . . .ကိုယ့်ကိုယ်ကိုသာ မချစ်ဆုံးလို့ပြောရင် ပိုမှန်မယ်ထင်တယ် . . ဘာတွေကြောင့်လဲဆိုတော့
ဖြစ်ချင်ရာဖြစ် နေချင်သလိုနေ နေကြတယ် ။ ကိုယ့်ကိုယ်ကို တကယ်ချစ်ရင် ဒီလိုနေပါ့မလား ။ ကျန်းမာရေးအတွက် ဘာလေ့ကျင့်ခန်းလုပ်ဖြစ်လဲ . . .ဘာမှ မလုပ်ဘူး ။ အိပ်ချိန် တစ်ရက် ၈ နာရီအိပ်ရမယ်တဲ့ စောစောအိပ်စောစောထရမယ်တဲ့ . . .ဘာမလိုက်နာဘူး ညသန်းခေါင်ထိမအိပ် . . .မနက်ဆိုလည်းမထနဲ့ ။ အစားအသောက်လား ပါးစပ်ထဲအရသာရှိရင်ပြီးရော တည့်တည့်မတည့်တည့် စားနေကြတာ . . ပြောတော့ ကိုယ့်ကိုယ်ကို ချစ်တယ်တဲ့ ။ ကိုယ့်ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ရေတောင် တစ်ရက် ၅ လီတာလောက်သောက်သင့်တာကို ရေ ၅ ခွက်တောင်ထမသောက်ကြဘူး ။ သောက်ရမှာ ပျင်းလို့ ။
ကိုယ့်ကိုယ်ကိုချစ်တယ်တဲ့ ။ ကိုယ့်ဘဝတိုးတက်ဖို့ ဘာတွေများလုပ်နေလို့လဲ . . .တစ်နေ့တစ်နေ့ဖုန်းပွတ်လိုက် ဂိမ်းဆော့လိုက်နဲ့ အချိန်တွေကုန်နေတာ . . ဝူဟန်ကြောင့် အလုပ်တွေနားနေတာ တစ်လပြည့်တော့မယ် အဲ့ဒီ ၁ လမှာ အကျိုးရှိတာ ဘာလုပ်ဖြစ်လဲ . ဘာမလုပ်ဖြစ်ဘူး . . အချိန်တွေ ဒီအတိုင်းကုန်လာတာ . . .
ကိုယ့်ကိုယ်ကိုချစ်တယ်တဲ့ . . ဘုရားတရာလုပ်ဖို့အချိန်မရှိဘူး . . . တရားနာဖို့ တရားထိုင်ဖို့နေနေသာသာ ဘုရားကန်တော့ဆိုရင်တောင် ဘုရားစာကို ၅ မိနစ်ပြည့်တောင် မဆိုဘူး . . . . ဦးသုံးချိန်မြန်မြန်ချပြီး ပြီးသွားကြတာ . . .ကိုရီးယားကားတော့ နေ့စဉ်တစ်နာရီ ပုံမှန်အချိန်ပေးကြည့်ကြတယ် . . . ဒါလား ကိုယ့်ကိုယ်ကိုချစ်တာ . . . .
ဒါကြောင့် ဒီနေ့ကစပြီး ပြင်ကြရအောင် . . .ကိုယ့်ကိုယ်ကို တကယ်ချစ်ကြရအောင် . . .
ကျန်းမာရေးဂရုစိုက်ကြမယ် . . ဘဝတိုးတက်ဖို့ လေ့လာသင်ယူကြမယ် . . .ဘုရားတရားလေးပုံမှန်လုပ်ကြရအောင် . . .
တကယ်ပြင်မယ့်သူတွေ Comment မှာ ပြင်ပါ့မယ်ဆိုပြီး ရေးခဲ့ပေးပါ . . .တကယ် ပြုပြင်မယ့်သူ ဘယ်နှယောက်ရှိလဲ သိချင်လို့
Nay Lin (သမီးလေး)
Nay Lin (သမီးလေး)