အချစ်ရဲ့ကြေကွဲမူမူတွေက ကျွန်မကိုပိုပိုပြီးထက်မြတ်လာစေတယ်

ကျွန်မလား…?

မိန်းကလေးဖြစ်ပြီး လိုမှအသုံးချခံရတဲ့

မိန်းမတစ်ယောက်မဖြစ်အောင်အမြဲသတိရှိတယ်။

ကိုယ့်ရဲ့အရှက်,သိက္ခာ,တန်ဖိုးတွေပေးမှ

အချစ်လို့ထင်မြင်တတ်တဲ့ ရင်ခွင်မျိုးကိုလည်းရွံမုန်းတယ်။

ကျွန်မအတွတ် အချစ်ဆိုတာ

ကိုယ့်ဘဝအောင်မြင်မူတွေရဲ့ခလုပ်ကန်သင်းတစ်ခုလို့မှတ်ယူထားတယ်။

အချစ်ကြောင့် နာကျည်းစရာတွေရှိလာရင်

နူတ်ခမ်းပေါက်တဲ့အထိကိုက်ပြီး အံကြိတ်မြိုသိမ့်ရင်းနဲ့ မေ့ပြစ်လ်ုက်တယ်။

အချစ်ကြောင့် ကြေကွဲစရာတွေရှိလာရင်

အသိစိတ်နဲ့ဆင်ခြင်ပြီး ပြန်လည်ထိန်းချုပ်လိုက်တယ်။

လွမ်းစရာရှိရင်နာစရာနဲ့ဖြေနိုင်မှသာ ကိုယ့်အတွတ် (Stress)စိတ်ဖိစီးမူတွေနည်းမှာလေ..

အချစ်အတွတ် အရာရာကိုအရူံှးပေးတတ်တဲ့အထဲမှာ ကျွန်မ မပါဘူး။

အချစ် အတွတ် ရေခဲလိုအရည်ပျော်လွယ်တဲ့ ခပ်ပျော့ပျော့မိန်းမတစ်ယောက်လို့လည်း အထင်မခံနိုင်ဘူး။

ဒါပေမယ့် ကျွန်မ”အချစ်”ဆိုတာကိုချစ်တယ်။

ဘာကြောင့်ဆို အချစ်ရဲ့နာကျည်းမူတွေက ကျွန်မကိုပိုပိုပြီးတော်လာစေတယ်။

အချစ်ရဲ့ကြေကွဲမူမူတွေက ကျွန်မကိုပိုပိုပြီးထက်မြတ်လာစေတယ်။

တစ်ကယ်တော့ ဘဝမှာအချစ်ထက်အရေးကြီးတာတွေအများပါ။

ဒါကြောင့် အချစ်ဆိုတာကို ဘဝရဲ့တစ်စိတ်တစ်ပိုင်းမှာပဲထားတယ်။

ဘာလို့ဆို, ကျွန်မက အမြဲတမ်း အားလုံးရဲ့ထိပ်ဆုံးမှာနေချင်ခဲ့တာလေ…

Nan Khin May Win

အချစ်​နဲ့ဘဝ

ကျွန်​မလား…?












အချစ်​အတွတ်​​ အရာရာကိုအရှူံး​ပေးတတ်​တဲ့အထဲမှာ ကျွန်​မ မပါဘူး။








Nan Khin May Win