မိန်းမသားတို့ ရင်ဖွင့်ရာ Group မှာ လာရောက်ရင်ဖွင့်ထားတဲ့ ရင်ဖွင့်စာ (၇)

မိန်းမသားတို့ ရင်ဖွင့်ရာ Group မှာ လာရောက်ရင်ဖွင့်ထားတဲ့ သမီးလေးတစ်ယောက်ရဲ့ ရင်ဖွင့်စာလေးတွေ မျှဝေခဲ့တာဆိုရင် အမှတ်စဉ်လေးတွေနဲ့ (၆) ထိပြီးခဲ့ပါပြီ . . .

အခု အမှတ်စဉ် (၇) အနေနဲ့ သမီးလေးတစ်ယောက် ရင်ဖွင့်ထားတာကို မျှဝေပေးလိုက်ပါတယ်နော် . . .

မင်္ဂလာပါရှင့် ညီမအကြောင်းလေးလဲရင်ဖွင့်ချင်လို့ပါနော

ညီမကညီမကောင်လေးနဲ့ချစ်သူသက်တမ်း5နှစ်ကျော်ခဲ့ပါရှိရှင့် ညီမအတွက်တော့သူကညီမပထမဆုံးချစ်ခဲ့တဲ့ယောက်ျားတစ်ယောက်ပါ ညီမတို့နှစ်ယောက်ကအရမ်းချစ်ကျပါတယ်ရှင့်

သူကလဲညီမကိုအရမ်းချစ်ပါတယ် ညီမတို့ချစ်သူသက်တမ်း5လကျော်လောက်ဆိုသူကသူ့အိမ်နဲ့မိတ်ဆက်ပေးတယ်ညီမကို 1နှစ်ကျော်လောက်ရောက်တဲ့အခါကျတော့သူ့အိမ်ကိုအလည်ခေါ်တယ်ညီမလဲလိုက်သွားတယ်ပေါ့နော

သူ့မိဘသူ့အသိုင်းအဝိုင်းကလဲညီမကိုဆိုအရမ်းချစ်ကျတယ်ရှင့် သူ့မိဘတွေကလဲညီမကိုဆိုသမီးအရင်းလိုကိုချစ်ပေးဂရုစိုက်ကျတယ် သူနဲ့ညီမနဲ့ကလက်ထပ်ဖို့ထိလဲရည်ရွယ်ထားကျတယ် ညီမလဲညီမအိမ်ကိုခေါ်ပီးညီမမိဘတွေနဲ့မိတ်ဆက်ပေးခဲ့တယ်

သူနဲ့ညီမနဲ့ကခနခနစကားများကျတယ်ဆိုပေမဲ့ဘယ်တော့မှမပြတ်နိုင်ခဲ့ကျဘူးး စချစ်တုန်းကသူဘဲချော့အလျော့ပေးတယ်နောက်ကြာလာတော့ညီမဖက်ကဘဲမှားမှားမှန်မှန်တောင်းပန်ပီးအဆင်ပြေသွားကျတယ်

ညီမတို့ချစ်သူသက်တမ်း2နှစ်ကျော်လောက်မှာပေါ့နောညီမကသူ့အိမ်ကိုအလည်လိုက်သွားတယ် အဲမှာရောက်တော့သူကသူ့ငယ်ချင်းတေနဲ့သောက်ကျတယ်ပေါ့နော ညီမကလဲသူ့သူငယ်ချင်းတေနဲ့အရမ်းရင်းနှီးတော့သူတို့နားမှာနေပီးဇာတ်ကားကျိနေတာပေါ့

အဲမှာသူ့သူယ်ချင်းတေကသူ့အရင်ကောင်မ‌လေးနဲ့ပတ်သက်ပီစကျတာပေါ့နော ညီမကအရမ်းသဝန်တိုတတ်တဲ့သူဆိုတော့စိတိကောက်သွားတာပေါ့နော

အဲဒါကိုသူကစိတ်ဆိုးပီသူ့သူယ်ချင်းတေရှေ့မှာညီမကိုရိုက်တယ် ညီမလဲအရမ်းအံ့ဩသွားတာပေါ့နောငါ့ကိုအဲလိုလုပ်ရက်တယ်ဆိုပီးး နောက်တော့သူပြန်ချော့တောင်းပန်တာနဲ့ခွင့်လွတ်ပေးပီပြန်အဆင်ပြေသွားကျတယ်

တွဲလာတဲ့သက်တမ်းတစ်လျှောက်ညီမသူ့အပေါ်ဘာအမှားမှကြီးကြီးမားမားမလုပ်ခဲ့ဖူးဘူး ညီမလဲသူအဲလိုလုပ်မိတာနောင်တရောက်လောက်တယ်ထင်တာပေါ့နော

နောက်နဲနဲကြာတော့ညီမထပ်ပီးအလည်သွားတယ်အဲမှသူမူးပီးတော့ညီမကိုထပ်လုပ်တယ်အရမ်းကိုဆိုးဆိုးဝါးဝါးဘဲဓါးနဲ့လဲရွယ်ခဲ့တယ် အဆိုးဆုံးကသူမတောင်းပန်တာဘဲသူမသိချင်ယောင်ဆောင်တယ်

သူရိုက်ပီးနောက်နေ့မတောင်းပန်တဲ့အပြင်သူ့သူငယ်ချင်းတေနဲ့တစ်နေကုန်သောက်စားပျော်ပါးနေကျတယ် ညီမမှာတော့သူ့မိဘအသိုင်းအဝိုင်းကြားမှာအရှက်တေကွဲမျက်နှာတွေငယ်ပီးတော့တစ်နေကုန်ငိုခဲ့ရတာ

သူ့မိတွေကတော့အားပေးဂရုစိုက်ကျပါတယ်သူအဲလိုလုပ်တော့ရဲတိုင်မယ်ဘာညာနဲ့သူ့အဖေက ညီမကိုအရမ်းချစ်ကျပါတယ် ညီမကိုလဲအိမ်ပြန်ဆိုပီးတော့သူကလိုက်ပို့တယ်ကားဂိတ်ကို ပြန်တဲ့လမ်းမှာသူကအမှားလုပ်မထားသလိုဘဲညီမကိုအရင်လိုဂရုစိုက်ပြနေတယ်

ညီမကသူတောင်းပန်မလားလို့စောင့်နေတာနောက်တော့သီးမခံနိုင်တော့တာနဲ့လမ်းခွဲရအောက်ပြောတော့ သူကရတယ်တဲ့ ညီမလေသေမလိုဘဲခံစားရတာာ သူလုံးဝသူမှားပါတယ်ဝန်မခံသလိုနောင်တလဲရပုံမပေါ်ဘူး

ညီမလဲအရမ်းကြောက်သွားတယ်နောက်တော့ညီမကဘဲမပြတ်နိုင်‌တော့သူ့ကိုအရင်စဆက်သွယ်တောင်းပန်ပီးပြန်အဆင်ပြေခဲ့ကျတယ် သူလဲညီမအပေါ်ကောင်းပေးခဲ့တာတေအများကြီးပါ အာ့ကြောင့်လဲမပြတ်နိုင်လို့သူ့ကိုတောင်းပန်ခဲ့တာာ

စော်ကားတယ်ညီမလဲချစ်တဲ့စိတ်နဲ့အကုန်ရှင်းပြပီးတောင်းပန်ခဲ့တယ်မပြတ်ချင်လို့
မမှားဘဲတောင်တောင်းပန်ခဲ့တယ် နောက်တော့သူကလက်ထပ်ရအောင်တော့သူ့မိဘတေကရောအိမ်ကိုလာတောင်းမယ်တယ်

အဲအချိန်ကညီမစင်ကာပူမှာကျောင်းသွားတက်ဖို့ပြင်ဆင်ပီးသားသူလဲသိတာပေါ့နော ညီမသူ့ကိုမေးတယ်ငါမသွားဘဲနေရမလားနင်အရက်ဖြတ်မလားဆိုတော့သူကအရက်မဖြတ်နိုင်ဘူးတဲ့

သူကအရက်မူးရင်သွေးဆိုးတော့ညီမကြောက်တယ်လေညီမဆိုးဆ်ုးဝါးဝါးအရိုက်ခံခဲ့ရတာကိုတွေးမိရင်ပိုကြောက်တယ်သူနဲ့အတူနေရမှာ အဲ‌ကြောင့်ညီမကသူ့ကိုသူ့မိဘတေကိုရောလက်ထပ်ဖ်ု့ကိုနောက်ဆုတ်မယ်ပေါ့သူ့မိဘတေကတော့ကြညါကြည်ဖြူဖြူဘဲခွင့်ပေးပါတယ်

ညီမသွားရတဲ့အဓိကကပေါ့နောညီမသူ့အနားမရှိရင်သူညီမတန်ဖိုးကိုနားလည်လာမှာဆိုပီး ခနထွက်သွားချင်ခဲ့တာ အဲဒါနဲ့ညီမထွက်လာခဲ့တယ်

ဒါပေမဲ့လဲညီမသွားဖို့ကိုတော့သူအစစအရာရာ‌‌ကြော်လှော်ချက်ပီးထည့်ပေးတယ်အထုပ်အပိုးတေပြင်ပေးတယ်ညီမအိမ်ကလဲညီမကိုသူ့အပ်ထားဆိုတော့သူကအစစအရာရာလုပ်ပေးတယ်

ညီမထွက်လာပီးစင်ကာပူရောက်တော့တစ်ပတ်လောက်ကအဆင်ပြေသေးတယ် နောက်တော့ကျောင်းဖွင့်တယ် ကျောင်းသွားရတယ်အလုပ်လဲလုပ်တော့ညီမလဲအရင်လိုအချိန်ပေးမရတော့ဘူးသူ့ကိုဒါမဲ့ညီမကမိုးလင်းတာနဲ့အိပ်ယာနိုးပီဘယ်သွားပီဘာလုပ်တယ်ကစအကုန်စာပို့ပြောပြVCခေါ်ပီးတော့ပြအဲလိုလုပ်တယ်ဒါပေမဲ့သူလုံးဝနားလည်မပေးခဲ့ဘူးအရမ်းစော်ကားခဲ့တယ် ညီမကျောင်းကလူတေအလုပ်ကလူတေနဲ့အကုန်ပေးစားတယ်

အလုပ်ကမောမောပင်ပင်ပန်းပန်းနဲ့ပြန်လာရတိုင်းဘယ်တော့မှစိတ်မချမ်းသာရဘူးမျက်ရည်နဲ့မျက်ခွက်အချိန်တိုင်းဘဲနေ့တိုင်းဘဲ နှစ်လကျော်ကျော်လောက်ထိညီမသီးခံခဲ့တယ် အရမ်းပင်ပန်းပီးတော့လိုင်းပေါ်မှာတခြားလူနဲ့ကြူမိသွားတယ် အဲဒါကိုလဲသူသိသွားတယ်

အဲမှပြသနာတေတက် ပြတ်လိုက်ဆက်လိုက်ပြတ်လိုက်ဆက်လိုက်နဲ့ အဆင်ပြေသွားရင်အဲကိစ္စကိုအစဖော်ပီးပြသနာဘဲရှာတယ် သူညီမကိုလုံးဝမပြတ်နိုင်ဘူးဆိုတာညီမသိတယ် ညီမလဲမပြတ်နိုင်ဘူး

ညီမလိုကောင်းတဲ့သူသူရှာမတွေ့နိုင်ဘူးသူသိတယ် ချစ်သူသက်တမ်းတစ်လျှောက်ညီမအားလုံးကောင်းပေးခဲ့တယ်သူနဲ့ပတ်သက်တဲ့သူ့အသိုင်းအဝိုင်းပေါ်အရမ်ကောင်းပေးတယ်

ညီမတတ်နိုင်တာအားလုံးလုပ်ပေးတယ် သူအမှားတေအများကြီးရှိတာတောင်ညီမကအပြစ်မမြင်ဘဲခွင့်လွတ်ပေးနိုင်တယ် သူကတော့အဲ့အကြောင်းကိုဘဲ ခနခနပြသနာရှာပီးညီမကိုဆဲဆိုစော်ကားတယ်

အခုညီမပြန်တော့မလို့ သူကပြန်လာရင်လက်ထပ်ဖို့ပြောတယ်လက်ထပ်ရမှာလားမသိတော့ဘူးရှင် ညိမသူ့အကြောင်းသိတယ်

သူမူးလာရင်အဲကိစ္စကိုဘဲပြန်ပြန်ပြောပီးညီမကိုနှိပ်စက်နိုင်လားမသိဘူးး ညီမဘယ်လိုလုပ်သင့်လဲအကြံပေးကျပါအူးရှင့်

ညီမလဲမလုပ်သင့်တာကိုလုပ်ခဲ့မိတာမှားမှန်သိတာတခြားလူနဲ့မကြူခဲ့သင့်တာကို အကြံပေးကျပါအူးရှင့်

မိန်းမသားတို့၏ အဖြေမှတ်ချက်များ

A : သေချာစဉ်းစားဆုံးဖြတ်နော် မိဘတွေနဲ့လည်းတိုင်ပင်ပါ sis လေးရေ

B : ကြောက်ဖို့တော့ကောင်းတယ် သူကရောတကယ်ချစ်တယ်လို့်ထင်လား

C : ညီမလေးရေ မရခင်ထဲကလက်ပါတယ်ပီးရင်သူမှားနေတဲ့အမှားတွေကျမမြင်ဘူးညီမမှားတဲ့တစ်ချက်ကိုပဲပြန်အစဖော်ပီးတော့မူးရင်လဲသွေးဆိုးတက်တဲ့သူကို ညီမလေးတစ်သက်လုံးဘယ်လိုရင်ဆိုင်မလဲစိတ်ချမ်းသာစရာကောရှိပါ့မလား မယူခင်ထဲကသေချာစဉ်းစားပါသံယောဇဉ်ကတော့ဖြတ်ရခက်ပေမဲ့တစ်သက်စာအတွက်သေချာစဉ်းစားစေချင်ပါတယ်

D : ဗီဇဆိုတာဖျောက်မရဘူးလေကိုယ့်ကိုဘယ်လောက်ချစ်ချစ်ပြောင်းလဲလာမယ်မထင်နဲ့သေချာစဉ်းစားပါ

E : မယူပါနဲ့ ချစ်သူဘဝတောင်လက်ပါနေတာ ဗီဇကဖျောက်လို့မရပါဘူး မူးတိုင်းလက်ပါပြီး အရင်ကိစ္စကိုပဲပြသနာရှာနေမှာ

Post တင်ပြီး မိနစ် ၃၀ မှာ Comment (အကြံပေးမှု)ပေါင်း ၅၀ နီးပါးရှိပြီး အဲ့ထဲကမှ အနည်းစုကို ဖော်ပြပေးလိုက်ခြင်းဖြစ်ပါတယ် . . .

မိန်းမသားတို့ရင်ဖွင့်ရာ Group သို့ အဖွဲ့ဝင်ချင်တဲ့မိန်းမသားများ Comment မှာ Group ဆိုပြီးရေးခဲ့ပေးပါ ။




































