မိန်းမသားတို့ ရင်ဖွင့်ရာ Group မှာ လာရောက်ရင်ဖွင့်ထားတဲ့ ရင်ဖွင့်စာ (၈)

မိန်းမသားတို့ ရင်ဖွင့်ရာ Group မှာ လာရောက်ရင်ဖွင့်ထားတဲ့ သမီးလေးတစ်ယောက်ရဲ့ ရင်ဖွင့်စာလေးတွေ မျှဝေခဲ့တာဆိုရင် အမှတ်စဉ်လေးတွေနဲ့ (၇) ထိပြီးခဲ့ပါပြီ . . .

အခု အမှတ်စဉ် (၈) အနေနဲ့ သမီးလေးတစ်ယောက် ရင်ဖွင့်ထားတာကို မျှဝေပေးလိုက်ပါတယ်နော် . . .

အမတေ ရင်ဖွင့်စာလေးတေ တင်တာမြင်တော့ ညီမအကြောင်းလေး ရင်ဖွင့်ချင်လို့ အဆုံးထိဖတ်ပေးပါနော် ညီမ အိမ်ထောင်သည်တော့မဟုတ်ပါဘူး အပျိုတယောက်ပါ

ညီမမှာ သိပ်ချစ်ရတဲ့ချစ်သူတယောက်ရှိတယ် လက်ထပ်ဖို့လဲ ရည်စူး ပြီးသားပါ သူက ဂျပန်မှာကျောင်းသွားတက် ရင်းအလုပ်လုပ် တယ်

ညီမက ရန်ကုန်မှာအလုပ်လုပ်ရင်းသင်တန်းတက်တယ် သူ့ဖက်က လဲချစ်ပါတယ်အလိုလဲလိုက်တယ်အမြဲအားတဲ့ချိန်တိုင်းph ပြောဖြစ်တယ်

မအားရင်တောင်စာအမြဲတမ်းပို့ဖြစ်တယ် ချစ်သူသက်တမ်း တစ်နှစ်လောက်ကြာတော့ သူ့ဖက်က အဆက်သွယ်မလုပ်တော့ဘူး ညီမစာပို့လဲစာမပြန်တော့ဘူး

ဘယ်လိုပဲစာပို့ပို့ သူ့ဖက်က လက်မချောင်း အင်းတလုံးက လွဲရင် ဘာမှ ပို့တာမရှိတော့ဘူး ညီမခံစားရတာလေ အပြစ်တေလဲရှိလဲခွင့်လွတ်ဖို့တောင်းပန်စာပို့မိတယ်

ချစ်သူသစ်ရသွားရင်လဲအကြိုးကြောင်းလေးပြောပြပါတောင်းပန်စာတေပို့မိတယ် ခဏခဏပါပဲ သူအလုပ်မအားလို့ စာမပို့အားတာလားထင်လို့လဲ ညည့်နက်ထိတောင်းမအိပ်ညတိုင်းစောင့်နေခဲ့တယ်

အချိန်တေကုန်သွားခဲ့တယ် သူ့ဖက်က ဘာစာမှ ပြန်ရောက်မလာခဲ့ပါဘူး သူ့အပေါ် သစ္စာ မပျက်စောင့်ခဲ့ပါတယ်

တသက်တာအတွက်ရည်ရွယ်ထားတဲ့ချစ်သူတယောက်အနေနဲ့. တရက်ပြီးတရက် တလပြီးတလ သူ့ ဆီက ပြန်စာမရတာ တနှစ်ပြည့်တော့မယ်အချိန် ညီမ နဲ့အလုပ်လုပ်တဲ့အကိုက ညီမကိုသဘောကျတယ် ချစ်တယ်လို့ဖွင့်ပြောပါတယ်ညီမလက်မခံခဲ့ပါဘူး တယောက်သောသူကို စောင့်ရအုံးမှာလို့ သူနားလည်ပေးပါတယ်

အစစရာရာလဲကူညီတယ် စိတ်သဘောထားလဲကောင်းတယ် တနေ့ညီမအသဲသန်နေမကောင်းဖြစ်တယ် သူ့လွမ်းလို့စာတေပို့မိတယ် ဘာစာမှပြန်မရပါဘူး

ချစ်ခွင့်ပန်တဲ့အကိုက အကုန်ပြုစု လုပ်ကိုင်ပေးတယ် အနွံတာခံပေးတယ်ညီမဆုံးဖြတ်လိုက်တယ် အလုပ်က အကိုရဲ့အချစ်ကိုလက်ခံပေးဖို့ နောက်ဆုံး ကျွန်မ ချစ်သူသစ်ထားတော့မယ့်အကြောင်းသူ့ဆီ စာရေးအသိပေးခွင့်တောင်းစာပို့ p နောက် ဘာစာမှ ထပ်မပို့ဖြစ်တော့ဘူး

ကျွန်မချစ်သူသစ်ရတယ် ကျွန်မအရမ်းချစ်ပါတယ် ကျွန်မအပေါ်ခွင့်လွတ်နားလည်ပေးတယ် အရာရာ စိတ်ချမ်းသာအောင်ထားတယ် ကျွန်မပျော်ပါတယ်

ကိုယ်ချစ်ထက် သူချစ် ကပိုကောင်းပါတယ်လို့ ကျွန်မတွေးမိတယ် ဒီလိုနဲ့ကျွန်မတို့ ချစ်သူသက်တမ်း တနှစ်လဲကာရော ကျွန်ph ထဲ စာတေအများကြီးရောက်လာခဲ့တယ်

အရင်က ကျွန်မချစ်သူ သူ ရန်ကုန်ပြန်ရောက်တော့မယ့် အကြောင်းအရာရာတောင်းပန်ချင်တဲ့အကြောင်း လေယာဉ်ကွင်းကို လာကြိုစေချင်တဲ့အကြောင်းစာတေအများကြီးရောက်လာတယ်

ကကျွန်မသူ့လဲမုန်းလဲမုန်းတယ် မသိစိတ်ကတွေ့ချင်မိတယ် ကျွန်မလက်ရှိချစ်သူကိုပြောပြမိတယ် သူကတော့သဘောပါတဲ့အရာရာခွင့်လွတ်တယ်တဲ့

ကျွန်မဝေခွဲမရခဲ့ဘူး သူ့ဖက်က လာကြိုပေးဖို့ အခါခါတောင်းပန်တယ်နောက်ဆုံတခေါက်အနေနဲ့လာကြိုပေးပါတဲ့သူရှင်းပြတာတခါလောက်နားထောင်ပေးပါတဲ့

အတန်တန်စာပို့နေတာမို့ကျွန်မသွားကြိုဖြစ်တယ် သူ့ဖြေရှင်းချက်တေသိဖို့အတွက်လေယာဉ်ကွင်းရောာက်တဲ့အချိန် ကျွန်မလဲတွေ့ရော သူဖက်ငိုတယ် တောင်းပန်တယ်

သူ အလုပ်တေရှုပ် စိတ်တေရှုပ်လို့ ပစ်ထားမိတဲ့အကြောင်း သူ့တွေ့ရတဲ့ဒုက္ခတေ မသိစေချင်လို့စာပြန်မပို့တာဖြစ်ကြောင်း ရှစ်ခိုးမတတ် တောင်းပန်ရင်းပြောပြတယ်

သူ့အဖေမေတေနဲ့ရောမိတ်ဆက်ပေးတယ် ကျွန်မလဲချစ်သူသစ်ရနေပြီလို့ရှင်းပြတယ် သူခွင့်လွတ်တဲ့အကြောင်းပြောပြတယ်

သူ့ဖက်မှားခဲ့တာတေအတွက် ပြန်ပေးဆပ်မယ်တဲ့ လက်ထပ်ချင်တယ်ဆိုလဲ သူ့ဖက်က အဆင့်သင်ဖြစ်နေpမို့ကျွန်မဘာလုပ်ရမလဲ ?

သူဆိုတာအရင်က ကျွန်မရည်ရွယ်ထားတဲ့ချစ်သူပါ ကျွန်မ အခုချစ်သူသစ်ရနေp တဖက်ကိုလဲသစ္စာမဖောက်ချင်သလို သူ့ကိုလဲချစ်တဲ့စိတ်က ပျက်ပြယ်မသွားခဲ့ပါဘူး

ညီမစာလေးဆုံးအောင်ဖတ်ပေးရင်ကျေးဇူးတင်မိမှာပါ အတူတူ စဉ်းစားကူညီပေးပါလားမတို့ရေ ညီမ ဘယ်သူ့ရွေးရမလဲဟင်?

မိန်းမသားတို့အဖြေများ

A : ညီမနဲ့ ထပ်တူကျတဲ့ ခံစားချက်နဲ့ မရေ ပထမလူသာ ကောင်းခဲ့ရင် ဒုတိယလူဆိုတာ ထပ်မရှိတော့ဘူးလေ ပထမလူထက် ဒုတိယလူမကို ပိုချစ်တာ မလည်းသိနေတာပဲ ဒုတိယလူပဲရွေးခြယ်ပါလို့ ရင်ထဲဆို့နစ်စွာနဲ့အကြံပြုပေးပါရစေ

B : ဒုတိယလူကိုရွေးချယ်ပါ သူချစ်ကပိုပီးကောင်းပါတယ်

C : ကိုယ်မချစ်တဲ့သူ သူချစ်နဲ့ ယူဖို့ထိဖြစ်ဖူးတယ် ယူခါနီးမှ ကိုယ်မချစ်တဲ့သူနဲ့ ဘယ်လိုမှအတူမနေနိုင်ဘူး ဘယ်လိုမှလည်းခံစားလို့မရဘူး ဘယ်လောက်ပဲကိုယ့်အလိုလိုက်ပေးဦးတော့ပျော်ရွှင်မှုစိတ်ချမ်းသာမှု နောက်ဆုံးရင်ခုန်ခြင်းပါမရှိဘူး ဘယ်လိုမှအဆင်မပြေနိုင်လို့ လမ်းခွဲလိုက်တယ် သူချစ်ရော ကိုယ်ချစ်ရောဆို လက်လွတ်မခံပါနဲ့ ဝေးနေရင်တောင်မှ ချစ်နေသေးတဲ့ခံစားချက်လက်ကျန်လေးတွေရှိနေတုန်းပါ ကိုယ့်ခံစားချက် ခံယူချက်ကအဓိက ကိုယ့်ကိုယ်မေးပါ

D : ကိုယ့်စိတ်ချမ်းသာချင်ရင်တော့ကိုယ်ချစ်ကိုယူပါ နှစ်ယောက်လုံးကတော့ညီမလေးကိုချစ်တာပဲလေ ညီမလေးတကယ်ချစ်တဲ့သူကိုယူပါ

E : ဒုတိယလူကိုပဲရွေးခြယ်ပါ တကယ်လို့ညမလေးက ပထမလူဆီစိတ်ရောက်ပီး ဒုတိယလူကသာ ပျော်အောင်မထားပေးခဲ့ရင် ဘဝကြီးက ဘာမဆိုဖြစ်သွားနိုင်တယ် အဲဒီချိန် ပထမလူက ပစ်ထားတာလေ အချိန်ဆိုတာ အစားထိုးမရဘူး ၁မိနစ်ထဲတောင်ပြောင်းလဲနိုင်တယ်

ဒီ Post လေးမှာတော့ Comment(အကြံပေးမှု)ပေါင်း ၂၇၀ ရှိတဲ့ထဲက တစ်ချို့ကို ဖော်ပြလိုက်ရခြင်းဖြစ်ပါတယ် ။

မိန်းမသားတို့ မိန်းမသားတို့ရင်ဖွင့်ရာ Group လေးကို အဖွဲ့ဝင်လိုပါက Comment မှာ Group လို့ ရေးခဲ့ပေးပါ






























