“ညောင်ရေသွန်း ပွဲတော် ဖြစ်ပေါ်လာရခြင်း နှင့် ညောင်ရေသွန်း ပူဇော်ရကျိုး”

“ညောင်ရေသွန်းပွဲတော် ဖြစ်ပေါ်လာရခြင်း”

ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည် ညောင်ရေသွန်းပွဲတော်ကိုနှစ်စဉ်နှစ်တိုင်း “ကဆုန်လပြည့်နေ့”၌ ကျင်းပပူဇော်လေ့ရှိကြသည်။ ထိုသို့ ကျင်းပပူဇော်ရခြင်းမှာ-

မြတ်ဗုဒ္ဓသည်

ကဆုန်လပြည့်၊ “သောကြာနေ့”၌ ဖွားမြင်တော်မူ၍ ၊

ကဆုန်လပြည့်၊ “ဗုဒ္ဓဟူးနေ့”၌ ဘုရားအဖြစ်ကိုရောက်တော်မူပြီး၊ ကဆုန်လပြည့်၊ “အင်္ဂါနေ့” ၌ ပရိနိဗ္ဗာန် စံတော်မူခဲ့သည်။

ထို့ကြောင့် ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့အတွက်အလေးအမြတ်ထားအပ်သော နေ့ထူးနေ့မြတ်ဖြစ်ခဲ့သည်။

ထို့ပြင် မြတ်ဗုဒ္ဓသည်မဟာဗောဓိညောင်ပင်အောက်၌မဟာသက္ကရာဇ် ၁၀၃ခု၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့နေမဝင်မီ မာရ်နတ်မင်းနှင့် စစ်သည်အပေါင်းကိုသစ္စာပါရမီအဓိဋ္ဌာန်ဖြင့် အောင်တော်မူ၍ မိုးသောက်ယံ၌ဘုရားအဖြစ်သို့ရောက်တော်မူခဲ့သည်။

ထို့ကြောင့် ဗောဓိညောင်ပင်သည်လည်းဗုဒ္ဓဘာသာဝင်တို့အတွက် အလေးအမြတ် ပူဇော်ရာဋ္ဌာနတစ်ခုဖြစ်ခဲ့ပေသည်။

ထို့ကြောင့် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည်နှစ်စဉ်ကဆုန်လပြည့်နေ့သို့ရောက်တိုင်း

မြတ်ဗုဒ္ဓ၏ ရန်သူအပေါင်းကို အောင်နိုင်ရာ၊

သစ္စာ၄ပါး ကိုသိမြင်ရာ၊

ဘုရားအဖြစ်သို့ ရောက်တော်မူရာ ဋ္ဌာနဖြစ်သောမဟာဗောဓိညောင်ပင်ကို ရည်မှန်းပြီး မိမိတို့ကိုးကွယ်ဆည်းကပ်ရာ ကျောင်းကန်ဘုရားများ၌စိုက်ပျိုးပူဇော်ထားအပ်သော “ညောင်ပင်”များကိုရေသွန်းဖျန်း ပူဇော်လေ့ရှိကြသည်။

အဓိက ရည်ရွယ်ချက်မှာ ဗောဓိပင်များ မညှိုးနွမ်းမခြောက်သွေ့စေလိုရေးနှင့် မြတ်ဗုဒ္ဓကိုအမှတ်ရစေလိုရေးပင် ဖြစ်သည်။

ဤကဲ့သို့ ဗောဓိညောင်ပင်များကိုရေသွန်းဖျန်းပူဇော်ခြင်းကို “ညောင်ရေသွန်းပွဲတော်”ဟု ခေါ်တွင်ကာ မြန်မာတို့၏ ၁၂လရာသီပွဲတော်အဖြစ်

ပုဂံ၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင်ခေတ်များမှယနေ့ခေတ်အထိ စဉ်လာမပျက် ကျင်းပပူဇော်ခဲ့ကြပေသည်။

ဤသည်မှာ ညောင်ရေသွန်းပွဲတော်ဖြစ်ပေါ်လာရခြင်း ၏အခြေခံအကြောင်းပင်ဖြစ်သည်။

“ညောင်ရေသွန်း ပူဇော်ရကျိုး”

ညောင်ရေသွန်းပူဇော်ရသည့် အကျိုးကို ပိဋိကတ်သုံးပုံတို့တွင်“ခုဒ္ဒကနိကာယ်၊ သုတ္တန္တပိဋကထေရာအပဒါန် ပါဠိတော်”၌

ဘုရားရှင်လက်ထက်တော် က ရဟန္တာမထေရ်ကြီးများကိုယ်တိုင် မိမိတို့၏ ဘဝဖြစ်စဉ်များကို ပြန်လည်ဟောကြားထားသည်တို့ကို တွေ့ရှိကြည်ညိုရပေသည်။

“ဂန္ဓောဒကိယ ရဟန္တာမထရ်”

“ပဒုမုတ္တရာ မြတ်စွာဘုရား” လက်ထက်တော်၍သူကြွယ်တစ်ဦးသည် မြတ်ဗုဒ္ဓ ပွင့်တော်မူရာ

“ထင်းရှူး ဗောဓိပင်”ပူဇော်ပွဲ ပြုလုပ်သောအခါလှပဆန်းကြယ်သော အိုးဖြင့် နံ့သာရည်တို့ကိုထည့်ယူကာ သွန်းလောင်း ပူဇော်ခဲ့လေသည်။

ထိုသို့ပူဇော်နေစဉ် မိုးသည်းထန်စွာ ရွာသွန်းပြီး၊မိုးကြိုးထိမှန်ကာ သေဆုံးခဲ့လေသည်။

ထိုဘဝမှာသေလွန်ပြီးနောက် ညောင်ရေသွန်းရသောကောင်းမှုကြောင့် နတ်ပြည်သို့ ရောက်ကာ

“ဘုံအဆင့်တစ်ရာ” ရှိသော နတ်ဗိမာန်၌ နတ်သမီးတစ်သိန်းခြံရံခစားပြီး အနာရောဂါမရှိ စိုးရိမ်ပူပန်မှုမရှိဘဲနတ်သက်ကုန်သည့်တိုင်အောင် ခံစားစံစားခဲ့ရလေသည်။

နတ်ပြည်မှ စုတေပြီးနောက် ဤကမ္ဘာပေါင်းနှစ်ထောင်ရှစ်ရာအထက်၌ လူပြည်ဝယ် ရတနာခုနှစ်ပါးနှင့်ပြည့်စုံပြီး များပြားသော စစ်သည်ဗိုလ်ပါအင်အားရှိသော“သံဝသိတ” မည်သော “စကြဝတေးမင်း” ဖြစ်ခဲ့ရလေသည်။

ဂေါတမမြတ်စွာဘုရားပွင့်တော်မူသော အခါ“ဂန္ဓောဒကိယမထေရ်” အမည်ဖြင့် ပဋိသမ္ဘိဒါလေးပါး၊ဝိမောက္ခရှစ်ပါး၊ အဘိညာဉ်ခြောက်ပါးတို့ကို ရရှိပိုင်ဆိုင်ကာအာသဝေါကုန်ခမ်း ရဟန္တာဖြစ်တော်မူခဲ့လေသည်။

ဤသည်မှာ ရဟန္တာမထေရ်မြတ်ကြီးကိုယ်တိုင်ဟောတော်မူခဲ့သော ဘဝဖြစ်စဉ်ဖြစ်ပေသည်။

“ဗောဓိသိဉ္စက ရဟန္တာမထေရ်”

ဝိပဿီမြတ်စွာဘုရားလက်ထက်တော်ကရဟန်းတော်တစ်ပါးသည် မြတ်စွာဘုရားပွင့်တော်မူရာ“ဗောဓိပင်ညောင်ပင်”ပူဇော်ပွဲ ကျင်းပသောအခါဗောဓိပင်သို့ သွားရောက်ပြီး-

“ကိုယ်တော်တိုင် ဝဋ်ဆင်းရဲမှ လွတ်မြောက်တော်မူပြီးသောမြတ်စွာဘုရားသည် ငါတို့ကိုလည်း ဝဋ်ဆင်းရဲမှလွတ်မြောက်နိုင်ပါစေသတည်း၊

ကိုယ်တော်တိုင် ဆင်းရဲဒုက္ခမှ ငြိမ်းအေးတော်မူပြီးသောမြတ်စွာဘုရားသည် ငါတို့ကိုလည်း ဆင်းရဲဒုက္ခမှငြိမ်းအေးနိုင်ပါစေသတည်း”ဟု နှလုံးသွင်းဆုပန်ကာ ပန်းတို့ဖြင့် ထုံမွှမ်းထားသောရေဖြင့် ဗောဓိပင်ကို သွန်းလောင်း ပူဇော်ခဲ့လေသည်။

ထိုကောင်းမှုကြောင့် ဤကမ္ဘာမှ အထက်“ကိုးဆယ်တစ်ကမ္ဘာ” ကာလပတ်လုံး အပါယ်ငရဲသို့မကျရောက်ရဘဲ လူ့ပြည်၊ နတ်ပြည်၌ သာကျင်လည်ခဲ့ရပေသည်။

ဤ ကမ္ဘာမှ အထက် သုံးဆယ်သုံးကမ္ဘာသို့ ရောက်သောအခါလူ့ပြည်၌ “ဥဒကသေစန” မည်သော “စကြဝတေးမင်း”စည်းစိမ်ကို “ရှစ်ကြိမ်တိုင်တိုင်”ခံစားစံစားရခဲ့လေသည်။

ဂေါတမမြတ်စွာဘုရားပွင့်တော်မူသောအခါ“ဗောဓိသိဉ္ဓက မထေရ်”အမည်ဖြင့် ပဋိသမ္ဘိဒါလေးပါး၊ဝိမောက္ခရှစ်ပါး၊ အဘိညာဉ်ခြောက်ပါးတို့ကို ရရှိပိုင်ဆိုင်ကာအာသဝေါကုန်ခမ်း “ရဟန္တာ”ဖြစ်တော်မူခဲ့လေသည်။

ဤသည်မှာ “ရဟန္တာ”မထေရ်မြတ်ကြီးကိုယ်တိုင်ဟောတော်မူခဲ့သော ဘဝဖြစ်စဉ်ဖြစ်ပေသည်။

“တိုက်တွန်းလွှာ”

အထက်ပါ မထေရ်မြတ်ကြီးများနည်းတူဗောဓိပင်ကို စိုက်ပျိုးပူဇော်ခဲ့သော“အသနဗောဓိယ ရဟန္တာမထေရ်”၊

ဗောဓိပင်ကို ရှိခိုးပူဇော်ခဲ့သော“ဗောဓိဝန္ဒက ရဟန္တာမထေရ်မြတ်ကြီး”တို့သည်လည်း ထိုကဲ့သို့သော အကျိုးထူး၊အကျိုးမြတ်များကို ရရှိခဲ့ဖူးကြပေသည်။

ထို့ကြောင့် ဗောဓိညောင်ပင်ကို ရေသွန်းလောင်းသောအခါယတြာကျေရုံ၊ ဂြိုလ်ပြေ၊ နံပြေရုံ၊ အပျော်တမ်းဖြစ်ရုံသက်သက်သာ မသွန်းလောင်းဘဲ မြတ်ဗုဒ္ဓသည်

ဤနေရာဌာန၌ပင် မာရ်စစ်သည်အပါင်းကို အောင်မြင်ပြီး၊ဤနေရာဌာန၌ပင် သစ္စာလေးပါးကို သိမြင်ကာ၊ဤနေရာဌာန၌ပင် ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့လေသည်ဟု “မြတ်ဗုဒ္ဓ၏ ဂုဏ်တော်” တို့ကို လေးလေးနက်နက်အာရုံယူကာ

“သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ရန်”ဆုပန်ပြီး၊ရှေးက ရဟန္တာမထေရ်မြတ်ကြီးများကို အတုယူကာသွန်းလောင်းပူဇော်သင့်ကြပေသည်ဟု တိုက်တွန်းရင်းဤညောင်ရေသွန်းပွဲ စာစုလေးကို နိဂုံးသတ်လိုက်ပါသည်။ ။

အရှင်နာဂဝံသ – မောင်ကံကော်(ကျုံပျော်)

(သဒ္ဓမ္မသီတဂူသာသနာရိပ်သာ၊တောရကျောင်းတိုက်။)

“ေညာင္ေရသြန္း ပြဲေတာ္ ျဖစ္ေပၚလာရျခင္း ႏွင့္ ေညာင္ေရသြန္း ပူေဇာ္ရက်ိဳး”

“ေညာင္ေရသြန္းပြဲေတာ္ ျဖစ္ေပၚလာရျခင္း”

ဗုဒၶဘာသာ ျမန္မာလူမ်ိဳးတို႔သည္ ေညာင္ေရသြန္းပြဲေတာ္ကိုႏွစ္စဥ္ႏွစ္တိုင္း “ကဆုန္လျပည့္ေန႔”၌ က်င္းပပူေဇာ္ေလ့ရွိၾကသည္။ ထိုသို႔ က်င္းပပူေဇာ္ရျခင္းမွာ-

ျမတ္ဗုဒၶသည္

ကဆုန္လျပည့္၊ “ေသာၾကာေန႔”၌ ဖြားျမင္ေတာ္မူ၍ ၊

ကဆုန္လျပည့္၊ “ဗုဒၶဟူးေန႔”၌ ဘုရားအျဖစ္ကိုေရာက္ေတာ္မူၿပီး၊ ကဆုန္လျပည့္၊ “အဂၤါေန႔” ၌ ပရိနိဗၺာန္ စံေတာ္မူခဲ့သည္။

ထို႔ေၾကာင့္ ကဆုန္လျပည့္ေန႔သည္ ဗုဒၶဘာသာဝင္တို႔အတြက္အေလးအျမတ္ထားအပ္ေသာ ေန႔ထူးေန႔ျမတ္ျဖစ္ခဲ့သည္။

ထို႔ျပင္ ျမတ္ဗုဒၶသည္မဟာေဗာဓိေညာင္ပင္ေအာက္၌မဟာသကၠရာဇ္ ၁၀၃ခု၊ ကဆုန္လျပည့္၊ ဗုဒၶဟူးေန႔ေနမဝင္မီ မာရ္နတ္မင္းႏွင့္ စစ္သည္အေပါင္းကိုသစၥာပါရမီအဓိ႒ာန္ျဖင့္ ေအာင္ေတာ္မူ၍ မိုးေသာက္ယံ၌ဘုရားအျဖစ္သို႔ေရာက္ေတာ္မူခဲ့သည္။

ထို႔ေၾကာင့္ ေဗာဓိေညာင္ပင္သည္လည္းဗုဒၶဘာသာဝင္တို႔အတြက္ အေလးအျမတ္ ပူေဇာ္ရာ႒ာနတစ္ခုျဖစ္ခဲ့ေပသည္။

ထို႔ေၾကာင့္ ဗုဒၶဘာသာ ျမန္မာလူမ်ိဳးတို႔သည္ႏွစ္စဥ္ကဆုန္လျပည့္ေန႔သို႔ေရာက္တိုင္း

ျမတ္ဗုဒၶ၏ ရန္သူအေပါင္းကို ေအာင္ႏိုင္ရာ၊

သစၥာ၄ပါး ကိုသိျမင္ရာ၊

ဘုရားအျဖစ္သို႔ ေရာက္ေတာ္မူရာ ႒ာနျဖစ္ေသာမဟာေဗာဓိေညာင္ပင္ကို ရည္မွန္းၿပီး မိမိတို႔ကိုးကြယ္ဆည္းကပ္ရာ ေက်ာင္းကန္ဘုရားမ်ား၌စိုက္ပ်ိဳးပူေဇာ္ထားအပ္ေသာ “ေညာင္ပင္”မ်ားကိုေရသြန္းဖ်န္း ပူေဇာ္ေလ့ရွိၾကသည္။

အဓိက ရည္႐ြယ္ခ်က္မွာ ေဗာဓိပင္မ်ား မညႇိဳးႏြမ္းမေျခာက္ေသြ႕ေစလိုေရးႏွင့္ ျမတ္ဗုဒၶကိုအမွတ္ရေစလိုေရးပင္ ျဖစ္သည္။

ဤကဲ့သို႔ ေဗာဓိေညာင္ပင္မ်ားကိုေရသြန္းဖ်န္းပူေဇာ္ျခင္းကို “ေညာင္ေရသြန္းပြဲေတာ္”ဟု ေခၚတြင္ကာ ျမန္မာတို႔၏ ၁၂လရာသီပြဲေတာ္အျဖစ္

ပုဂံ၊ ပင္းယ၊ အင္းဝ၊ ကုန္းေဘာင္ေခတ္မ်ားမွယေန႔ေခတ္အထိ စဥ္လာမပ်က္ က်င္းပပူေဇာ္ခဲ့ၾကေပသည္။

ဤသည္မွာ ေညာင္ေရသြန္းပြဲေတာ္ျဖစ္ေပၚလာရျခင္း ၏အေျခခံအေၾကာင္းပင္ျဖစ္သည္။

“ေညာင္ေရသြန္း ပူေဇာ္ရက်ိဳး”

ေညာင္ေရသြန္းပူေဇာ္ရသည့္ အက်ိဳးကို ပိဋိကတ္သုံးပုံတို႔တြင္“ခုဒၵကနိကာယ္၊ သုတၱႏၲပိဋကေထရာအပဒါန္ ပါဠိေတာ္”၌

ဘုရားရွင္လက္ထက္ေတာ္ က ရဟႏၲာမေထရ္ႀကီးမ်ားကိုယ္တိုင္ မိမိတို႔၏ ဘဝျဖစ္စဥ္မ်ားကို ျပန္လည္ေဟာၾကားထားသည္တို႔ကို ေတြ႕ရွိၾကည္ညိဳရေပသည္။

“ဂေႏၶာဒကိယ ရဟႏၲာမထရ္”

“ပဒုမုတၱရာ ျမတ္စြာဘုရား” လက္ထက္ေတာ္၍သူႂကြယ္တစ္ဦးသည္ ျမတ္ဗုဒၶ ပြင့္ေတာ္မူရာ

“ထင္းရႉး ေဗာဓိပင္”ပူေဇာ္ပြဲ ျပဳလုပ္ေသာအခါလွပဆန္းၾကယ္ေသာ အိုးျဖင့္ နံ႔သာရည္တို႔ကိုထည့္ယူကာ သြန္းေလာင္း ပူေဇာ္ခဲ့ေလသည္။

ထိုသို႔ပူေဇာ္ေနစဥ္ မိုးသည္းထန္စြာ ႐ြာသြန္းၿပီး၊မိုးႀကိဳးထိမွန္ကာ ေသဆုံးခဲ့ေလသည္။

ထိုဘဝမွာေသလြန္ၿပီးေနာက္ ေညာင္ေရသြန္းရေသာေကာင္းမႈေၾကာင့္ နတ္ျပည္သို႔ ေရာက္ကာ

“ဘုံအဆင့္တစ္ရာ” ရွိေသာ နတ္ဗိမာန္၌ နတ္သမီးတစ္သိန္းၿခံရံခစားၿပီး အနာေရာဂါမရွိ စိုးရိမ္ပူပန္မႈမရွိဘဲနတ္သက္ကုန္သည့္တိုင္ေအာင္ ခံစားစံစားခဲ့ရေလသည္။

နတ္ျပည္မွ စုေတၿပီးေနာက္ ဤကမာၻေပါင္းႏွစ္ေထာင္ရွစ္ရာအထက္၌ လူျပည္ဝယ္ ရတနာခုႏွစ္ပါးႏွင့္ျပည့္စုံၿပီး မ်ားျပားေသာ စစ္သည္ဗိုလ္ပါအင္အားရွိေသာ“သံဝသိတ” မည္ေသာ “စၾကဝေတးမင္း” ျဖစ္ခဲ့ရေလသည္။

ေဂါတမျမတ္စြာဘုရားပြင့္ေတာ္မူေသာ အခါ“ဂေႏၶာဒကိယမေထရ္” အမည္ျဖင့္ ပဋိသမၻိဒါေလးပါး၊ဝိေမာကၡရွစ္ပါး၊ အဘိညာဥ္ေျခာက္ပါးတို႔ကို ရရွိပိုင္ဆိုင္ကာအာသေဝါကုန္ခမ္း ရဟႏၲာျဖစ္ေတာ္မူခဲ့ေလသည္။

ဤသည္မွာ ရဟႏၲာမေထရ္ျမတ္ႀကီးကိုယ္တိုင္ေဟာေတာ္မူခဲ့ေသာ ဘဝျဖစ္စဥ္ျဖစ္ေပသည္။

“ေဗာဓိသိၪၥက ရဟႏၲာမေထရ္”

ဝိပႆီျမတ္စြာဘုရားလက္ထက္ေတာ္ကရဟန္းေတာ္တစ္ပါးသည္ ျမတ္စြာဘုရားပြင့္ေတာ္မူရာ“ေဗာဓိပင္ေညာင္ပင္”ပူေဇာ္ပြဲ က်င္းပေသာအခါေဗာဓိပင္သို႔ သြားေရာက္ၿပီး-

“ကိုယ္ေတာ္တိုင္ ဝဋ္ဆင္းရဲမွ လြတ္ေျမာက္ေတာ္မူၿပီးေသာျမတ္စြာဘုရားသည္ ငါတို႔ကိုလည္း ဝဋ္ဆင္းရဲမွလြတ္ေျမာက္ႏိုင္ပါေစသတည္း၊

ကိုယ္ေတာ္တိုင္ ဆင္းရဲဒုကၡမွ ၿငိမ္းေအးေတာ္မူၿပီးေသာျမတ္စြာဘုရားသည္ ငါတို႔ကိုလည္း ဆင္းရဲဒုကၡမွၿငိမ္းေအးႏိုင္ပါေစသတည္း”ဟု ႏွလုံးသြင္းဆုပန္ကာ ပန္းတို႔ျဖင့္ ထုံမႊမ္းထားေသာေရျဖင့္ ေဗာဓိပင္ကို သြန္းေလာင္း ပူေဇာ္ခဲ့ေလသည္။

ထိုေကာင္းမႈေၾကာင့္ ဤကမာၻမွ အထက္“ကိုးဆယ္တစ္ကမာၻ” ကာလပတ္လုံး အပါယ္ငရဲသို႔မက်ေရာက္ရဘဲ လူ႔ျပည္၊ နတ္ျပည္၌ သာက်င္လည္ခဲ့ရေပသည္။

ဤ ကမာၻမွ အထက္ သုံးဆယ္သုံးကမာၻသို႔ ေရာက္ေသာအခါလူ႔ျပည္၌ “ဥဒကေသစန” မည္ေသာ “စၾကဝေတးမင္း”စည္းစိမ္ကို “ရွစ္ႀကိမ္တိုင္တိုင္”ခံစားစံစားရခဲ့ေလသည္။

ေဂါတမျမတ္စြာဘုရားပြင့္ေတာ္မူေသာအခါ“ေဗာဓိသိၪၶက မေထရ္”အမည္ျဖင့္ ပဋိသမၻိဒါေလးပါး၊ဝိေမာကၡရွစ္ပါး၊ အဘိညာဥ္ေျခာက္ပါးတို႔ကို ရရွိပိုင္ဆိုင္ကာအာသေဝါကုန္ခမ္း “ရဟႏၲာ”ျဖစ္ေတာ္မူခဲ့ေလသည္။

ဤသည္မွာ “ရဟႏၲာ”မေထရ္ျမတ္ႀကီးကိုယ္တိုင္ေဟာေတာ္မူခဲ့ေသာ ဘဝျဖစ္စဥ္ျဖစ္ေပသည္။

“တိုက္တြန္းလႊာ”

အထက္ပါ မေထရ္ျမတ္ႀကီးမ်ားနည္းတူေဗာဓိပင္ကို စိုက္ပ်ိဳးပူေဇာ္ခဲ့ေသာ“အသနေဗာဓိယ ရဟႏၲာမေထရ္”၊

ေဗာဓိပင္ကို ရွိခိုးပူေဇာ္ခဲ့ေသာ“ေဗာဓိဝႏၵက ရဟႏၲာမေထရ္ျမတ္ႀကီး”တို႔သည္လည္း ထိုကဲ့သို႔ေသာ အက်ိဳးထူး၊အက်ိဳးျမတ္မ်ားကို ရရွိခဲ့ဖူးၾကေပသည္။

ထို႔ေၾကာင့္ ေဗာဓိေညာင္ပင္ကို ေရသြန္းေလာင္းေသာအခါယၾတာေက်႐ုံ၊ ၿဂိဳလ္ေျပ၊ နံေျပ႐ုံ၊ အေပ်ာ္တမ္းျဖစ္႐ုံသက္သက္သာ မသြန္းေလာင္းဘဲ ျမတ္ဗုဒၶသည္

ဤေနရာဌာန၌ပင္ မာရ္စစ္သည္အပါင္းကို ေအာင္ျမင္ၿပီး၊ဤေနရာဌာန၌ပင္ သစၥာေလးပါးကို သိျမင္ကာ၊ဤေနရာဌာန၌ပင္ ဘုရားအျဖစ္သို႔ ေရာက္ေတာ္မူခဲ့ေလသည္ဟု “ျမတ္ဗုဒၶ၏ ဂုဏ္ေတာ္” တို႔ကို ေလးေလးနက္နက္အာ႐ုံယူကာ

“သံသရာဝဋ္ဆင္းရဲမွ ထြက္ေျမာက္ရန္”ဆုပန္ၿပီး၊ေရွးက ရဟႏၲာမေထရ္ျမတ္ႀကီးမ်ားကို အတုယူကာသြန္းေလာင္းပူေဇာ္သင့္ၾကေပသည္ဟု တိုက္တြန္းရင္းဤေညာင္ေရသြန္းပြဲ စာစုေလးကို နိဂုံးသတ္လိုက္ပါသည္။ ။

အရွင္နာဂဝံသ – ေမာင္ကံေကာ္(က်ဳံေပ်ာ္)

(သဒၶမၼသီတဂူသာသနာရိပ္သာ၊ေတာရေက်ာင္းတိုက္။)