တရားနာ ရခြင်းအကျိုး…

အခုလို တရားပွဲကြီးတွေ ကျင်းပပြီး တရားနာ တယ် ဆိုတာ အဓိက အခြေခံအားဖြင့် ပညာရဖို့ တရားနာ တာ သာ ဖြစ်တယ်။

ဘဝမှာ ဘယ်လိုနေရမယ်၊ဘယ်လိုထိုင်ရမယ်၊ ဘယ်လိုလိုက်နာ ကျင့်သုံးရမယ် ဆိုတာဟာ အင်မတန် အရေးကြီးတဲ့အရာတစ်ခုဖြစ်တယ်။ အဲဒီပညာရှိမှ။

သာမန်အားဖြင့် ကြည့်မယ်ဆိုရင် လူ့ဘဝ ရောက်လာလို့ ရှိရင် ပညာသင်ကြရတယ်။

နိုင်ငံတော် အစိုးရက တိုင်းပြည်တိုင်းတိုင်းပြည် တိုင်း မှာ အခြေခံ မူလတန်းပညာကနေ စပြီးတော့ အဆင့်မြင့်တဲ့ တက္ကသိုလ် ပညာ သင်နိုင်သည် ထိအောင် တက္ကသိုလ်ကြီးတွေ ဖွင့်ထားတယ်။

လောကမှာ ပညာဆိုတာ ကုန်တာလည်း မဟုတ်ဘူး။

အဲဒီပညာတွေ တတ်မြောက်သည့်အတွက်ကြောင့်ဘာဖြစ်သလဲဆိုတော့ ဒီပညာတွေရဲ့ အကျိုး ကျေးဇူး ဖြစ်တဲ့ ဘဝမှာ ချမ်းချမ်းသာသာ နေနိုင် ခြင်း ဆိုတဲ့ အကျိုးတရားတွေကို ရရှိခံစား နိုင်တယ်။

ပညာ တတ်သည့် အတွက်ကြောင့် အလုပ် ကောင်းကောင်း ရမယ်။

အလုပ် ကောင်းကောင်းရသည့်အတွက်ကြောင့် ငွေကြေးဓန များများရမယ်။

ငွေကြေးဓန များများရသည့်အတွက်ကြောင့် မိသားစုဘဝမှာ မတောင့်မတ မကြောင့်မကျ နေနိုင်တယ်လို့ ဒီအကျိုးကိုရတယ်။

အဲဒီလို ဘဝတစ်ခုမှာ ကောင်းကျိုး ချမ်းသာတွေ ရဖို့ဆိုတာ ပညာဆိုတာ လိုအပ်တယ်ဆိုတာ အင်မတန်မှ ထင်ရှားတယ်ပေါ့။

ဗုဒ္ဓဘာသာတွေ ဗုဒ္ဓကို ကိုးကွယ်တယ်ဆိုတာ ပညာရဖို့ ကိုးကွယ်တာ။

မြတ်စွာဘုရား လမ်းညွှန်မှုပြုတဲ့ ပညာတွေဟာ…ဒီဘဝမှာ ကောင်းကျိုး ချမ်းသာရနိုင်တဲ့ ပညာ..

နောင်ဘဝမှာလည်း ကောင်းကျိုးချမ်းသာကို ရစေနိုင်တဲ့ပညာ…

နောက်ဆုံးမှာ သံသရာဝဋ်က လွတ်ကင်းပြီးတော့ အိုခြင်း၊ နာခြင်း၊ သေခြင်းလို့ဆိုတဲ့ ပြဿနာတွေ ရဲ့ကင်းရာ နိဗ္ဗာန်ကို ရနိုင်တဲ့ ပညာ…

ဆိုတဲ့ အဆင့်မြင့်ပညာထိအောင် မြတ်စွာဘုရားက ဟောကြား ဆုံးမ ပေးတာဖြစ်တယ်။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်

ဒေါက်တာ နန္ဒမာလာဘိဝံသ

တရားနာ ရျခင္းအက်ိဳး…

အခုလို တရားပြဲႀကီးေတြ က်င္းပၿပီး တရားနာ တယ္ ဆိုတာ အဓိက အေျခခံအားျဖင့္ ပညာရဖို႔ တရားနာ တာ သာ ျဖစ္တယ္။

ဘဝမွာ ဘယ္လိုေနရမယ္၊ဘယ္လိုထိုင္ရမယ္၊ ဘယ္လိုလိုက္နာ က်င့္သုံးရမယ္ ဆိုတာဟာ အင္မတန္ အေရးႀကီးတဲ့အရာတစ္ခုျဖစ္တယ္။ အဲဒီပညာရွိမွ။

သာမန္အားျဖင့္ ၾကည့္မယ္ဆိုရင္ လူ႔ဘဝ ေရာက္လာလို႔ ရွိရင္ ပညာသင္ၾကရတယ္။

ႏိုင္ငံေတာ္ အစိုးရက တိုင္းျပည္တိုင္းတိုင္းျပည္ တိုင္း မွာ အေျခခံ မူလတန္းပညာကေန စၿပီးေတာ့ အဆင့္ျမင့္တဲ့ တကၠသိုလ္ ပညာ သင္ႏိုင္သည္ ထိေအာင္ တကၠသိုလ္ႀကီးေတြ ဖြင့္ထားတယ္။

ေလာကမွာ ပညာဆိုတာ ကုန္တာလည္း မဟုတ္ဘူး။

အဲဒီပညာေတြ တတ္ေျမာက္သည့္အတြက္ေၾကာင့္ဘာျဖစ္သလဲဆိုေတာ့ ဒီပညာေတြရဲ႕ အက်ိဳး ေက်းဇူး ျဖစ္တဲ့ ဘဝမွာ ခ်မ္းခ်မ္းသာသာ ေနႏိုင္ ျခင္း ဆိုတဲ့ အက်ိဳးတရားေတြကို ရရွိခံစား ႏိုင္တယ္။

ပညာ တတ္သည့္ အတြက္ေၾကာင့္ အလုပ္ ေကာင္းေကာင္း ရမယ္။

အလုပ္ ေကာင္းေကာင္းရသည့္အတြက္ေၾကာင့္ ေငြေၾကးဓန မ်ားမ်ားရမယ္။

ေငြေၾကးဓန မ်ားမ်ားရသည့္အတြက္ေၾကာင့္ မိသားစုဘဝမွာ မေတာင့္မတ မေၾကာင့္မက် ေနႏိုင္တယ္လို႔ ဒီအက်ိဳးကိုရတယ္။

အဲဒီလို ဘဝတစ္ခုမွာ ေကာင္းက်ိဳး ခ်မ္းသာေတြ ရဖို႔ဆိုတာ ပညာဆိုတာ လိုအပ္တယ္ဆိုတာ အင္မတန္မွ ထင္ရွားတယ္ေပါ့။

ဗုဒၶဘာသာေတြ ဗုဒၶကို ကိုးကြယ္တယ္ဆိုတာ ပညာရဖို႔ ကိုးကြယ္တာ။

ျမတ္စြာဘုရား လမ္းၫႊန္မႈျပဳတဲ့ ပညာေတြဟာ…ဒီဘဝမွာ ေကာင္းက်ိဳး ခ်မ္းသာရႏိုင္တဲ့ ပညာ..

ေနာင္ဘဝမွာလည္း ေကာင္းက်ိဳးခ်မ္းသာကို ရေစႏိုင္တဲ့ပညာ…

ေနာက္ဆုံးမွာ သံသရာဝဋ္က လြတ္ကင္းၿပီးေတာ့ အိုျခင္း၊ နာျခင္း၊ ေသျခင္းလို႔ဆိုတဲ့ ျပႆနာေတြ ရဲ႕ကင္းရာ နိဗၺာန္ကို ရႏိုင္တဲ့ ပညာ…

ဆိုတဲ့ အဆင့္ျမင့္ပညာထိေအာင္ ျမတ္စြာဘုရားက ေဟာၾကား ဆုံးမ ေပးတာျဖစ္တယ္။

ေက်းဇူးေတာ္ရွင္ ပါေမာကၡခ်ဳပ္ဆရာေတာ္

ေဒါက္တာ နႏၵမာလာဘိဝံသ