Okkar Thein facebook မှာရေးတဲ့စာလေးကို သမီးလေး မှ ပြန်လည်မျှဝေပေးလိုက်ပါတယ်
Okkar Thein
ယနေ့ ကျွန်တော်အရမ်းခံစားရ ပြီး မျက်ရည်လဲဝဲရတယ်ဗျာ 😥😥😥
ဒီနေ့ ဘုန်းဘုန်းဆီကို ညီလေးတစ်ယောက်ဖုန်းဆက်တယ်
သူက နယ်ကနေ တက်လာပြီးရန်ကုန်မှာ ကားမောင်းတဲ့အလုပ် လာလုပ်တာ COVID-19 ဖြစ်တော့ အလုပ်အကိုင်ကလဲရပ် စားဝတ်နေရေးကလဲခက် အလုပ်ရှာဖို့လဲခက်ခဲနေတော့ မိသားစုတစ်နေ့ စားရဖို့တောင် ခက်ခဲနေတယ်
သူက ပြောတယ် ခိုးချင်ဝှက်ချင်တဲ့စိတ် မရှိပါဘူးဘုရား တပည့်တော်တို့ မိသားစု စားဝတ်နေရေး ခက်ခဲနေတဲ့အတွက် ဘုန်းဘုန်းဆီက ဆန်လေးဆီလေး အလှူခံချင်ပါတယ်ဘုရား လို့ ပြောပါတယ်
ဘုန်းဘုန်းက မိန့်တယ် သူရဲ့ မခိုးချင် မဝှက်ချင်တဲ့စိတ်ကို တန်ဖိုးထားတဲ့အနေဖြင့် ယနေ့ ကျွန်တော် ကုသိုလ်ပြု လှူဒါန်းခွင့်ရခဲ့ပါတယ်
သူကဖုန်းပြန်ဆက်ပြီးတော့ ပြောပါတယ်
ဆန်တွေဆီတွေဝယ်လို့ရပြီ အကို ဆိုပြီး မိသားစုသုံးယောက်အတွက် ငိုပြောပြီး ကန်တော့နေတာကိုကြားရတဲ့အခါ
ကျွန်တော် တော်တော်စိတ်မကောင်းဖြစ်မိပါတယ်ဗျာ😥😢😢
Okkar Thein