မိန်းမသားတို့ ရင်ဖွင့်ရာ Group မှာ လာရောက်ရင်ဖွင့်ထားတဲ့ ရင်ဖွင့်စာ (၉)

မိန်းမသားတို့ ရင်ဖွင့်ရာ Group မှာ လာရောက်ရင်ဖွင့်ထားတဲ့ သမီးလေးတစ်ယောက်ရဲ့ ရင်ဖွင့်စာလေးတွေ မျှဝေခဲ့တာဆိုရင် အမှတ်စဉ်လေးတွေနဲ့ (၈) ထိပြီးခဲ့ပါပြီ . . .

အခု အမှတ်စဉ် (၉) အနေနဲ့ သမီးလေးတစ်ယောက် ရင်ဖွင့်ထားတာကို မျှဝေပေးလိုက်ပါတယ်နော် . . .

ညီမအကြောင်းရင်ဖွင့်ပါရစေနော်

ညီမချစ်သူက ညီမအပြင်နောက်ကောင်မလေးထားပါတယ် မသိအောင်ထားတာပေမယ့်မစုံစမ်းရပဲပေါ်လာတာချည်းပါပဲ

သိရတိုင်းလူမသိစေပဲ၂ယောက်ပဲကြိတ်ဖြေရှင်းခဲ့ပါတယ်

အဲ့ဒါကို သူက သူ့ကိုအပြစ်ပြောလို့ စိတ်ပျက်ပါတယ်တဲ့ညီမသိလိုက်ရတာ ၄ယောက်တောင်ရှိနေပါပီ

ညီမမှာ သူ့အရင်ကလည်း ဘယ်ယောကျ်ားလေးနဲ့မှ မရိုးမသားမပတ်သက်သလိုသူနဲ့ချစ်သူ ဖြစ်ပီးတော့လည်း သူ့အပြင်ဘယ်သူမှမရှိပါဘူး

သူနဲ့စကြိုက်ထဲက တစ်နိုင်ငံစီဖြစ်နေတာပါသူ မြန်မာပြည်ပြန်လာတော့လည်း တစ်မြို့စီနေနေရပေမယ့်

ညီမဘက်က ဒီနေ့ထိ သူ့ပေါ်သစ္စာမပျက်ပါဘူးသူ့လုပ်ရပ်က တစ်ခါနှစ်ခါ မ ကလို့ပြောမိတဲ့သူက မှားသွားလားရှင့်

ညီမဘက်က သူ့ပေါ် မဟုတ်တာလုပ်ဘူးရင် ဖြေသာပါသေးတယ်

ခုတော့ သူ အကူအညီလိုတိုင်း ကူညီဖြည့်ဆည်းပေးတဲ့သူကသူ့အတွက် ဘာမှမဟုတ်သလိုပါပဲ

ညီမလေ အပိုမပြောပါဘူး သူနဲ့အပြင်သွားရင်busကားခ ၂၀၀တောင် ညီမပဲပေးတာပါ

သူက ပဲခူးကပါ ခု သူတို့နားက မိန်းကလေးနဲ့ထပ်ကြိုက်နေပါတယ်သူတို့ ၂ယောက်ပုံတွေပို့လာတယ် ပြတ်ချင်တယ်ပေါ့

သူမိတ်ဆက်ပေးခဲ့တဲ့ သူ့အစ်မကိုပြောပြတော့လည်းကိုယ်ပဲ ငြိုငြင်ခံရတယ်ညီမက သူ့အတွက် ဘယ်လိုလူဖြစ်ခဲ့ရလဲ မသိတော့ပါဘူး

သူနဲ့ချစ်သူဖြစ်တာ ၄နှစ်ကျော်ပါပီစကြိုက်တုန်းက သူ့အစ်မအရင်း ဝမ်းကွဲတို့နဲ့ ပေးသိတယ်

ပေးသိလို့လည်း တကယ်ချစ်တယ်ထင်ခဲ့ပါတယ် နောက်တော့ အစ်မရင်းက လူမျိုးမတူလို့ အသိုင်းအဝိုင်းမတူလို့ သဘောမကျဘူးဆိုလို့ silentတွဲခဲ့တာ ဒီနေ့ထိပါပဲ

ခုတော့ ညီမကို လူရာမသွင်းတာလို့ပဲ နားလည်လိုက်ပါတယ်ညီမဆီကတော့ အကျိုးအမြတ်အကုန်ယူတာပဲ

သူ က ညီမကို အရူးလုပ်နေလည်းသူ အဆင်မပြေဘူးလို့ ငြီးတွားလာရင်မကြည့်ရက်တော့ အဆင်ပြေအောင် လုပ်ပေးမိတာချည်းပဲ

ခု ကြိုက်နေတဲ့မိန်းကလေးနဲ့ ဆိုညီမသိသွားတာတောင် ဂရုမစိုက်ပဲ rsတင်ပါတယ်

ညီမလေ အကုန် ပြောပစ်လိုက်ချင်ပေမယ့်ပြောမိရင်လည်း ကိုယ်ကပဲငြိုငြင်ခံရမှာမို့လူမသိတဲ့ကွယ်ရာမှာ အလူးအလှိမ့်ပဲ

သူ့လုပ်ရပ် ညီမအပေါ် ဆက်ဆံနေတဲ့ တင်းမာအေးစက်မှုတွေကြောင့်သူ့အတွက် ညီမက ဘာဖြစ်ခဲ့ရလဲလို့ တွေးမိပီးအရမ်းစိတ်ထိခိုက်ရပါတယ်

သူ့ကို အရမ်းချစ်ပါတယ်သူမရှိမှာလည်း အရမ်းကြောက်ပါတယ်ခုထိလည်း သူ့ ကို ဆက်သွယ်မိနေတုန်းပါပဲ

သူကတော့ အဖက်လုပ်ချင်မှ လုပ်တယ်ဒါပေမယ့်သူအကူအညီတောင်းရင် လုပ်ပေးမိတုန်းပဲ

သူကတော့ တခြားလူနဲ့ ယူမှာ လို့တောင်ထုတ်ပြောပါတယ်သူ့ကို ပြန်နာကျင်စေချင်တယ်

ညီမခံစားရတာ နစ်နာဆုံးရှုံးရတာတွေကိုသူ ကိုယ်ချင်းစာတတ်စေချင်တယ်သူကတော့ ဘာမှမခံစားရ ဘာမှမဖြစ်သလိုပဲ

ညီမ ဘာလုပ်ရမလဲအကုန်လုံးက ညီမပဲမှားနေတာလား

ကျေးဇူးပြုပြီး ညီမကို အကြံပေးကြပါဦး

မိန်းမသားတို့အဖြေ Comment များ

A : ညီမ ရေ….ညီမဘဝလေး ငြိမ်းချမ်းချင်ရင်တော့ အခုချစ်သူနဲ့အဆက်ဖြတ်လိုက်ပါတော့ ရှေ့ဆက်သွားရင် ညီမ တစ်ဘဝစာလုံးပူပင်သောကတွေများနေရမယ် စိတ်ချမ်းသာရမှာမဟုတ်တော့ဘူး….အသည်းကွဲလို့ ခံစားရရင်…ငိုကြွေးရရင် အလွန်ဆုံးမှ တစ်နှစ်ပေါ့ကွာ…အသည်းကွဲခံလိုက်ပါ…ဘဝတစ်ခုလုံးစာနာကျင်ခံစားနေရမှာနဲ့စာရင်သက်သာပါတယ်နော်…ချစ်လို့ပြောတာပါနော်

B : ညီမလေး အစ်မကတော့မိန်းကလေးဆိုတာ မာနလေးထားပေးရတယ်ထင်တယ် ကိုယ့်ကိုကိုယ်ချစ်တတ်တဲ့ မာနပေါ့ သူတောင် ညီမနာကျင်တာကြည့်နေရက်ရင် ညီမကရော ဘာလို့ စိတ်မပြတ်နိုင်ရမှာလည်း နေရာတကာ မှန်လိုကျင့်တာမကောင်းပေမယ့် ဒီလိုနေရာမှာတော့ မှန်လိုကျင့်တာအကောင်းဆုံးပဲထင်တယ်

C : လမ်းခွဲလိုက်ပါသူကလိုသုံးလုပ်နေတာလေကိုယ်ပဲနစ်နာမှာပေါ့ဖုန်းနံပါတ့ပါပြောင်းလိုက်ပါfbအကောင့်တွေဖျက်လိုက်အသစ်ဖွင့်လိုက်ကိုယ့်ကိုအကောင်းဆုံးနေကိုယ်နဲ့မှမတန်တာသူကကိုယ်ကိုအရမ်းချစ်နေရင်တော့နားလည်ပေးလို့ရသေးတယ်သူများကိုယူမယ်လို့အထိလင်းပြောနေတာဘာတွေအနစ်နာခံနေစရာလိုသေးလို့လဲအဆက်သွယ်မလုပ်တာအကောင်းဆုံးပါပဲ

D : ပြတ်သားလိုက်စေချင်တယ်။ကိုယ့်ဘက်က ကောင်းခဲ့တာကို အဲလိုလုပ်တယ်ဆိုတော့ ။ မိန်းကလေးမာနနဲ့ မေ့ပစ်စေချင်တယ်

E : အလိုသူမရှိတဲ့ဘဝမှာအဆင်ပြေပြေနေတာလေးကိုလဲနောက်ထပ်မြင်ချင်ပါသေးတယ်

ဒီ Post လေးမှာတော့ Comment (အကြံပေးသူ)ပေါင်း 230 ကျော်ရှိပြီး အဲ့ထဲကမှ အနည်းငယ်ကို ဖော်ပြပေးလိုက်ရခြင်းဖြစ်ပါတယ်







ညီမမှာ သူ့အရင်ကလည်း ဘယ်ယောက်ျားလေးနဲ့မှ မရိုးမသားမပတ်သက်သလိုသူနဲ့ချစ်သူ ဖြစ်ပီးတော့လည်း သူ့အပြင်ဘယ်သူမှမရှိပါဘူး


























