အမတို့ ညလေးတို့ အိမ်ထောင်တစ်ခုထူထောင်တော့မယ်ဆိုရင် ကျွန်တော်လိုမဖြစ်အောင် ပြောပြပါရစေ

မိန်းမသားတို့ ရင်ဖွင့်ရာ Group မှာ လာရောက်ရင်ဖွင့်ထားတဲ့ သမီးလေးတစ်ယောက်ရဲ့ ရင်ဖွင့်စာလေးတွေ မျှဝေခဲ့တာဆိုရင် အမှတ်စဉ်လေးတွေနဲ့ (၉) ထိပြီးခဲ့ပါပြီ . . .

အခု အမှတ်စဉ် (၁၀) အနေနဲ့ သမီးလေးတစ်ယောက် ရင်ဖွင့်ထားတာကို မျှဝေပေးလိုက်ပါတယ်နော် . . .

အမတို့ ညလေးတို့ အိမ်ထောင်တစ်ခုထူထောင်တော့မယ်ဆိုရင် ကျွန်တော်လိုမဖြစ်အောင် ပြောပြပါရစေ အရာရာကိုအလေးအနက်နဲ့ သေချာစဉ်စားဆုံးဖြတ်ကြးပါ

ကျွန်တော်ကမန္တလေးကပါ အသက် 17မှာခိုးရာလိုက်ပြေးခဲ့တာပါရည်စားဦးလဲဖြစ် အချစ်ဆုံးလဲဖြစ်တော့ ဘာမှလဲမစဉ်စားတက်သေးဘူးပေါ့

ကျွန်တော်တို့က တစ်ရပ်ကွတ်ထဲ့မှာနေကြတာပါသူကကျွန်တော်ထက်အသက် 5နှစ်ကြော်ကြော်လောက်ကြီးပါတယ်

ခိုးရာလိုက်ပြေးပီးတော့ ကျွန်တော်ကိုမိဘအိမ်ပြန်အပ်ခဲ့ပါတယ်1လပိုင်းမှာခိုးပြေးတယ်4လပိုင်းမှာမင်္ဂလာဆောင်ပေးမယ်ပြောသွားတာ ရပ်ကွက်လူကြီးတွေအားလုံး လက်မှတ်ထိုးပီးပြောသွားကြတာပါ

မင်္ဂလာမဆောင်ခင်ကျွန်တော်မှာကိုယ့်ဝန်ရှိနေတော့ သူ့ကိုပြောပြတယ် သူ့ကလဲပျော်လို့ပေါ့ သူ့မိဘတွေကိုပြောပြတာ သူ့အဖေကပြောတယ် ခိုးရာလိုက်ပြေးတဲ့2 ရက်မှာ ကိုယ့်ဝန်ရှိတာမဖြစ်နိုင်ဘူးတဲ့

အာ့အချိန်မှာပြသာနာစတာပဲ သူ့ကကျွန်တော်စီကိုသိပ်မလာတော့ဘူးမင်္ဂလာဆောင်ကိစ္စမေးရင်လဲ နေ့ရွှေ့ ညရွှေ့နဲ့

3လပိုင်းလောက်ကြ ရတနာပုံဓျေးကြီးမီးလောင်တော့ သူ့အဖေကပြောတယ်

သူတို့အထည့်ဆိုင်တွေ5ဆိုင်လောက်အကုန်ပါသွားလို့ မင်္ဂလာပွဲအတွက်အချိန်မပေးနိုင်သေးဘူးတဲ့

သူတို့ကပိုက်ဆံချမ်းသာတဲ့မိသားစုကပေါက်ဖွားလာတဲ့သူတွေပါ အထည်ဆိုင်လေး5ဆိုင်လာက်မီးထဲ့ပါတာနဲ့မင်္ဂလာမဆောင်ပေးနိုင်စရာအကြောင်းမရှိပါဘူး

သူတို့အထည်ဆိုင်တွေဆိုတာကလဲမန္တလေးမြို့မှာနံမည်ကြီးပါတယ် ဆိုင်နံမည်ပြောတာနဲ့မသိတဲ့မရှိပါဘူး အနယ်နယ်အရပ်ရပ်ကသိကြပါတယ်

သူ့တို့မိဘ ဦးလေးတွေဆိုတာလဲကျောက်မျက်ရတနာကုမ္ပဏီပိုင်ရှင်တွေပါသူတို့ဘက်ကမင်္ဂလာမဆောင်ပေးချင်တာမဟုတ်ဘူး သူသားနဲ့သဘောမတူတာ

သူ့သားကိုဘယ်ကိုပို့လိုက်မှန်းမသိဘူးကျွန်တော်မှာကိုယ့်ဝန်က လရင့်လာတော့ လူတွေက ကဲ့ရဲ့ကြယောကျာ်းကိုလိုက်ရှာတော့လဲရှာမတွေ့

သူ့မိဘတွေအိမ်သွားမေးတော့လဲ သူအဖေကကိုယ့်ဝန်ကြီးနဲ့ ကျွန်တော်ကို မသနားတဲ့အပြင် ပြောဆိုလွတ်လိုက်တယ် ငါသားကညည်းကိုမလိုချင်လို့ ထွက်သွားတာလေ ညည်းကဘာလို့လိုက်ရှာနေတာလဲ အရှက်မရှိဘူးလားတဲ့

ကျွန်တော်လဲအမျိုးသမီးရေးရာကိုသွားတိုင်တယ် ဒါပေမဲ့သူ့မိဘတွေကငွေကျေးချမ်းသာတော့ ဘယ်လိုလုပ်လိုက်လဲမသိပါဘူး အမှုရှုံးလာတယ်

အမျိုးသမီးရေးရာလဲဘာမှမတက်နိုင်တာနဲ့ တရားရုံးမှာဦးတိုက်လျောက်ပီး အမှုဖွင့်ခဲ့တယ်

အာ့ကြမှသူ့မျက်နှာကိုမြင်ရတော့တယ် သူ့အဖေ သူ့ဦးလေး အကုန်လုံးအိမ်ကိုလာပီး ရှစ်ခိုးမတက်လာတောင်းပန် အမှုကိုရုတ်သိမ်းပေးပါတဲ့

နေရော ညရောလာပီးတောင်းပန်ကြတာနဲ့ အမှုကိုကြေအေးပေးလိုက်တာ

အာ့အချိန်ကြမှကျွန်တော်မှာ ကိုယ့်ဝန်ကြီနဲ့ဘုန်းကြီးကျောင်းမှာမင်္ဂလာဆွမ်းကပ်ရတယ် ကိုယ့်ဝန်က7လရှိပီလေ အမေကကျွန်တော်ကိုသူ့နဲ့ထည့်မပေးဘူး

သူနဲ့ပြန်လဲမပေါင်းဘူး သူလဲသူမိဘအိမ်သူနေ ကျွန်တော်လဲကျွန်တော်မိဘအိမ်မှာနေပေါ့

ကျွန်တော်ခလေးမွေးတော့ သူကိုသွားပြောတယ် ခလေးမွေးပီဆိုတဲ့အကြောင်း သူကလာမတွေ့ခဲ့ဘူး

အာ့အချိန်မှာ ခလေးမွေးထားတဲ့မိန်းမတစ်ယောက်အနေနဲ့ ကိုယ့်အမျိုးသားက နေကောင်းလာဆိုတဲ့အသံအရမ်းကြာချင်ခဲ့တာ ဒါပေမဲ့သူမလာခဲ့ပါဘူး

ခလေး5ရက်ရတော့ ဆေးရုံကဆင်းပီး တရားရုံးမှာကွာရှင်းခွင့်တောင်းပီး ကွာရှင်ခဲ့တယ် ခလေးထောက်ပံကြေးပေးမယ်ပြောတယ် သူတို့မိသားစုကိုရွံလို့ ကြောက်လို့ လက်မခံဘူးဆိုပီး ဒီတိုင်းပဲကွာရှင်းခဲ့တယ်

အခုတော့ကျွန်တော့ဘဝမှာပျော်စရာတွေကြည့်ပဲ

သားလေးကိုသူ့လိုသားမျိုးမဖြစ်အောင်စောင့်ရှောက်နိုင်ခဲ့တယ်အခုဆို သားအသက်က 12နှစ် ကိုယ့်ပိုင်အထက်တန်းကျောင်းမှာထားခဲ့တယ်

ကျွန်တော်ကပညာတက်မဟုတ်ခဲ့ပါဘူး သားကိုတော့ကျွန်တော်လိုဘဝမျိုးမှာမထားနိုင်တာ မိခင်တိုင်းရဲ့စေတနာတွေ ကျွန်တော်သားကိုသူတို့ထက်မသာတောင်မှ သူ့တို့ထက်တော့အောက့်မကြအောင်ထားနိုင်ခဲ့တယ်

အခုဆိုရင်လေ အပြင်သွားလို့သားလက်လေးကိုတွဲပီးသွားရတာကိုကျွန်တော်ဂုဏ်ယူနေမီပီ

မိန်းမသားတို့၏ Comment များ

A : တော်လိုက်တဲ့မေမေအစစအရာရာမှာ အောင်နိုင်သူသာဖြစ်ပါစေ

B : တော်လိုက်တာ သားရဲ့မေမေ fightingပါ

C : တော်လိုက်တာ စာတွေဖက်ရင်းနဲ့တောင်မျက်ရည်တွေဝဲမိတယ်

D : စိတ်ဓာတ်ကြံခိုင်တဲ့သူအတွက် ဂုဏ်ယူပါတယ်

E : ဘာပြောရမှန်းမသိအောင်စိတ်ဓာတ်လေးကိုလေးစားတယ်ညီမလေးရေ

ဒီ Post လေးမှာ Comment ပေးသူပေါင်း 110 ကျော်ရှိတဲ့အထဲကနေ အချို့ကိုရွေးချယ်ဖော်ပြလိုက်ရခြင်းဖြစ်ပါတယ် . . .

မိန်းမသားတို့ ရင်ဖွင့်ရာ Group လေးမှာ မိန်းမသားတို့ ရင်ဖွင့်သံလေးတွေက တခြားသူတွေအတွက် အကျိုးရှိလွန်းလှလို့ မျှဝေပေးလိုက်ရခြင်းဖြစ်ပါတယ်

မိန္းမသားတို႔ ရင္ဖြင့္ရာ Group မွာ လာေရာက္ရင္ဖြင့္ထားတဲ့ သမီးေလးတစ္ေယာက္ရဲ႕ ရင္ဖြင့္စာေလးေတြ မွ်ေဝခဲ့တာဆိုရင္ အမွတ္စဥ္ေလးေတြနဲ႔ (၉) ထိၿပီးခဲ့ပါၿပီ . . .

အခု အမွတ္စဥ္ (၁၀) အေနနဲ႔ သမီးေလးတစ္ေယာက္ ရင္ဖြင့္ထားတာကို မွ်ေဝေပးလိုက္ပါတယ္ေနာ္ . . .

အမတို႔ ညေလးတို႔ အိမ္ေထာင္တစ္ခုထူေထာင္ေတာ့မယ္ဆိုရင္ က်ြန္ေတာ္လိုမျဖစ္ေအာင္ ေျပာျပပါရေစ အရာရာကိုအေလးအနက္နဲ႔ ေသခ်ာစဥ္စားဆံုးျဖတ္ျကးပါ

က်ြန္ေတာ္ကမႏၱေလးကပါ အသက္ 17မွာခိုးရာလိုက္ေျပးခဲ႔တာပါရည္စားဦးလဲျဖစ္ အခ်စ္ဆံုးလဲျဖစ္ေတာ့ ဘာမွလဲမစဥ္စားတက္ေသးဘူးေပါ့

က်ြန္ေတာ္တို႔က တစ္ရပ္ကြတ္ထဲ႔မွာေနျကတာပါသူကက်ြန္ေတာ္ထက္အသက္္ 5နွစ္ေျကာ္ေျကာ္ေလာက္ျကီးပါတယ္

ခိုးရာလိုက္ေျပးပီးေတာ့ က်ြန္ေတာ္ကိုမိဘအိမ္ျပန္အပ္ခဲ႔ပါတယ္1လပိုင္းမွာခိုးေျပးတယ္4လပိုင္းမွာမဂၤလာေဆာင္ေပးမယ္ေျပာသြားတာ ရပ္ကြက္လူျကီးေတြအားလံုး လက္မွတ္ထိုးပီးေျပာသြားျကတာပါ

မဂၤလာမေဆာင္ခင္က်ြန္ေတာ္မွာကိုယ့္ဝန္ရွိေနေတာ့ သူ႔ကိုေျပာျပတယ္ သူ႔ကလဲေပ်ာ္လ္ို႔ေပါ့ သူ႔မိဘေတြကိုေျပာျပတာ သူ႔အေဖကေျပာတယ္ ခိုးရာလိုက္ေျပးတဲ႔2 ရက္မွာ ကိုယ့္ဝန္ရွိတာမျဖစ္နိုင္ဘူးတဲ႔

အာ့အခ်ိန္မွာျပသာနာစတာပဲ သူ႔ကက်ြန္ေတာ္စီကိုသိပ္မလာေတာ့ဘူးမဂၤလာေဆာင္ကိစၥေမးရင္လဲ ေန႔ေရႊ႔ ညေရႊ႕နဲ႔

3လပိုင္းေလာက္ျက ရတနာပံုေဓ်းျကီးမီးေလာင္ေတာ့ သူ႔အေဖကေျပာတယ္

သူတို႔အထည့္ဆိုင္ေတြ5ဆိုင္ေလာက္အကုန္ပါသြားလို႔ မဂၤလာပြဲအတြက္အခ်ိန္မေပးနိုင္ေသးဘူးတဲ႔

သူတို႔ကပိုက္ဆံခ်မ္းသာတဲ႔မိသားစုကေပါက္ဖြားလာတဲ႔သူေတြပါ အထည္ဆိုင္ေလး5ဆိုင္လာက္မီးထဲ႔ပါတာနဲ႔မဂၤလာမေဆာင္ေပးနိုင္စရာအေျကာင္းမရွိပါဘူး

သူတို႕အထည္ဆိုင္ေတြဆိုတာကလဲမႏၲေလးျမိဳ႕မွာနံမည္ျကီးပါတယ္ ဆိုင္နံမည္ေျပာတာနဲ႔မသိတဲ႔မရွိပါဘူး အနယ္နယ္အရပ္ရပ္ကသိျကပါတယ္

သူ႔တို႔မိဘ ဦးေလးေတြဆိုတာလဲေက်ာက္မ်က္ရတနာကုမၸဏီပိုင္ရွင္ေတြပါသူတို႔ဘက္ကမဂၤလာမေဆာင္ေပးခ်င္တာမဟုတ္ဘူး သူသားနဲ႔သေဘာမတူတာ

သူ႔သားကိုဘယ္ကိုပို႔လိုက္မွန္းမသိဘူးက်ြန္ေတာ္မွာကိုယ့္ဝန္က လရင့္လာေတာ့ လူေတြက ကဲ႔ရဲ့ျကေယာက်ာ္းကိုလိုက္ရွာေတာ့လဲရွာမေတြ႔

သူ႔မိဘေတြအိမ္သြားေမးေတာ့လဲ သူအေဖကကိုယ့္ဝန္ျကီးနဲ႔ က်ြန္ေတာ္ကို မသနားတဲ႔အျပင္ ေျပာဆိုလြတ္လိုက္တယ္ ငါသားကညည္းကိုမလိုခ်င္လို႔ ထြက္သြားတာေလ ညည္းကဘာလို႔လိုက္ရွာေနတာလဲ အရွက္မရွိဘူးလားတဲ႔

က်ြန္ေတာ္လဲအမ်ိဳးသမီးေရးရာကိုသြားတိုင္တယ္ ဒါေပမဲ႔သူ႔မိဘေတြကေငြေက်းခ်မ္းသာေတာ့ ဘယ္လိုလုပ္လိုက္လဲမသိပါဘူး အမႈရႈံးလာတယ္

အမ်ိဳးသမီးေရးရာလဲဘာမွမတက္နိုင္တာနဲ႔ တရားရံုးမွာဦးတိုက္ေလ်ာက္ပီး အမႈဖြင့္ခဲ႔တယ္

အာ့ျကမွသူ႔မ်က္နွာကိုျမင္ရေတာ့တယ္ သူ႔အေဖ သူ႔ဦးေလး အကုန္လံုးအိမ္ကိုလာပီး ရွစ္ခိုးမတက္လာေတာင္းပန္ အမႈကိုရုတ္သိမ္းေပးပါတဲ႔

ေနေရာ ညေရာလာပီးေတာင္းပန္ျကတာနဲ႔ အမႈကိုေျကေအးေပးလိုက္တာ

အာ့အခ်ိန္ျကမွက်ြန္ေတာ္မွာ ကိုယ့္ဝန္ျကီနဲ႔ဘုန္းျကီးေက်ာင္းမွာမဂၤလာဆြမ္းကပ္ရတယ္ ကိုယ့္ဝန္က7လရွိပီေလ အေမကက်ြန္ေတာ္ကိုသူ႔နဲ႔ထည့္မေပးဘူး

သူနဲ႔ျပန္လဲမေပါင္းဘူး သူလဲသူမိဘအိမ္သူေန က်ြန္ေတာ္လဲက်ြန္ေတာ္မိဘအိမ္မွာေနေပါ့

က်ြန္ေတာ္ခေလးေမြးေတာ့ သူကိုသြားေျပာတယ္ ခေလးေမြးပီဆိုတဲ႔အေျကာင္း သူကလာမေတြ႔ခဲ႔ဘူး

အာ့အခ်ိန္မွာ ခေလးေမြးထားတဲ႔မိန္းမတစ္ေယာက္အေနနဲ႔ ကိုယ့္အမ်ိဳးသားက ေနေကာင္းလာဆိုတဲ႔အသံအရမ္းျကာခ်င္ခဲ႔တာ ဒါေပမဲ႔သူမလာခဲ႔ပါဘူး

ခေလး5ရက္ရေတာ့ ေဆးရံုကဆင္းပီး တရားရံုးမွာကြာရွင္းခြင့္ေတာင္းပီး ကြာရွင္ခဲ႔တယ္ ခေလးေထာက္ပံေျကးေပးမယ္ေျပာတယ္ သူတို႔မိသားစုကိုရြံလို႔ ေျကာက္လို႔ လက္မခံဘူးဆိုပီး ဒီတိုင္းပဲကြာရွင္းခဲ႔တယ္

အခုေတာ့က်ြန္ေတာ႔ဘဝမွာေပ်ာ္စရာေတြျကည့္ပဲ

သားေလးကိုသူ႔လိုသားမ်ိဳးမျဖစ္ေအာင္ေစာင့္ေရွာက္နိုင္ခဲ႔တယ္အခုဆို သားအသက္က 12နွစ္ ကိုယ့္ပိုင္အထက္တန္းေက်ာင္းမွာထားခဲ႔တယ္

က်ြန္ေတာ္ကပညာတက္မဟုတ္ခဲ႔ပါဘူး သားကိုေတာ့က်ြန္ေတာ္လိုဘဝမ်ိဳးမွာမထားနိုင္တာ မိခင္တိုင္းရဲ့ေစတနာေတြ က်ြန္ေတာ္သားကိုသူတို႔ထက္မသာေတာင္မွ သူ႔တို႔ထက္ေတာ့ေအာက့္မျကေအာင္ထားနိုင္ခဲ႔တယ္

အခုဆိုရင္ေလ အျပင္သြားလို႔သားလက္ေလးကိုတြဲပီးသြားရတာကိုက်ြန္ေတာ္ဂုဏ္ယူေနမီပီ

မိန္းမသားတို႔၏ Comment မ်ား

A : ေတာ္လိုက္တ့ဲေမေမအစစအရာရာမွာ ေအာင္နိုင္သူသာျဖစ္ပါေစ

B : ေတာ္လိုက္တာ သားရဲ႕ေမေမ fightingပါ

C : ေတာ္လိုက္တာ စာေတြဖက္ရင္းနဲ႔ေတာင္မ်က္ရည္ေတြဝဲမိတယ္

D : စိတ္ဓာတ္ႀကံခိုင္တဲ့သူအတြက္ ဂုဏ္ယူပါတယ္

E : ဘာေျပာရမွန္းမသိေအာင္စိတ္ဓာတ္ေလးကိုေလးစားတယ္ညီမေလးေရ

ဒီ Post ေလးမွာ Comment ေပးသူေပါင္း 110 ေက်ာ္ရွိတဲ့အထဲကေန အခ်ိဳ႕ကိုေရြးခ်ယ္ေဖာ္ျပလိုက္ရျခင္းျဖစ္ပါတယ္ . . .

မိန္းမသားတို႔ ရင္ဖြင့္ရာ Group ေလးမွာ မိန္းမသားတို႔ ရင္ဖြင့္သံေလးေတြက တျခားသူေတြအတြက္ အက်ိဳးရွိလြန္းလွလို႔ မွ်ေ၀ေပးလိုက္ရျခင္းျဖစ္ပါတယ္