အမှန်တရားဆိုတာ သေဆုံးသွားရိုး ထုံးစံမရှိပါဘူး
ဘာတွေပဲ လုပ်လုပ် လိပ်ပြာလုံပစေပေါ့
ရှင်သန်ရတဲ့ အချိန်လေးမှာ လိပ်ပြာ လုံဖို့နဲ့
သေဆုံးသွားတဲ့ အချိန်မှာ နာမည်ပါ မသေဆုံးဖို့
လိပ်ပြာလုံဖို့လိုတယ်
ကိုယ် ကစားလိုက်တဲ့ ပြိုင်ဆိုင်လိုက်တဲ့ ပွဲမှာ
အနိုင် အရှုံးရယ်ဆိုတာ မရှိပါဘူး
အရေးကြီးတာက ကိုယ့်လိပ်ပြာ ကိုယ်လုံဖို့ပဲ
ဘယ်သူက လိပ်ပြာပိုလုံခဲ့သလဲ ဆိုတဲ့ အကြောင်းအရာကသာ
အနိုင်အရှုံးဆုံးဖြတ်ပေးပြီး
လူသေဆုံးချိန်မှာ. နာမည်က ရှင်သန်ကျန်ရစ်ခဲ့ရတာပါ
ကိုယ့်နာမည် ကို မည်သည့် အက္ခရာနဲ့မှ ထွင်းစရာမလို ရေးစရာမလိုတဲ့
နာမည်လေးလှလှပပ ရှင်သန်ကျန်ရစ်ဖို့ လိပ်ပြာလုံပါစေ
သားသားမေမေ SS
သားသားမေမေ SS