အနေနီးလို့ ငြိစွန်းသွားတယ်ဆိုတာ…..ကိုယ့်ကျင့်တရားမြဲတဲ့သူနဲ့မမြဲတဲ့သူနဲ့ပဲဆိုင်တာပါ
ဒီ Post လေးကတော့ Daw Maw Maw account က တင်ထားတာကို သမီးလေးတို့အတွက် အကျိုးရှိမယ်ထင်လို့ ပြန်လည်မျှဝေလိုက်ခြင်းဖြစ်ပါတယ်
အနေနီးလို့ ငြိစွန်းသွားတယ်ဆိုတာ…..ကိုယ့်ကျင့်တရားမြဲတဲ့သူနဲ့မမြဲတဲ့သူနဲ့ပဲဆိုင်တာပါ။
ကိုယ်ကျင့်တရားမမြဲတဲ့သူတွေ….လင်မယား ဝေးကွာတဲ့ ဒဏ်မခံနိုင်ဘူးဆိတ်ကွယ်ရာ အရပ်ရောက်တာနဲ့ဖောက်ပြန်ချင်စိတ်ဖြစ်တယ်။
ဖိုနဲ့မ ခင်မင်ရင်းနှီးတဲ့ဒဏ် မခံနိုင်ဘူး။ရင်းနှီးလိုက်တာနဲ့ စိတ်ယိမ်းယိုင်သွားတယ်။
ကိုယ့်ကျင့်တရားမမြဲတဲ့မိန်ကလေးတွေ….ယောကျ်ားသားတွေနဲ့အပေါင်းအသင်းလုပ်ပြီး ရင်းရင်းနှီးနှီးဆက်ဆံလို့မရပါ။
သူ့ကို ယောကျ်ားတစ်ယောက်က ဗူးချင်လို့မဟုတ်ပဲ သဘောရိုးနဲ့သူငယ်ချင်းထက်မကပိုတဲ့ခင်မင်မူ့မျိုးမောင်နှမတွေလိုသဘောထားပြီး တရင်းတနှီး ဆက်ဆံတဲ့အခါ…သူကိုကြိုက်နေသည်ဟုထင်သွားတတ်တယ်။
လူတိုင်းကို စနောက်တတ်တဲ့အရမ်းအစအနှောက်သန်တဲ့ယောကျ်ားတစ်ယောက်က သူ့ကိုလည်း တခြားသူတွေလိုပဲသဘောထားပြီးသွားစနောက်မိတဲ့အခါ…..သူ့ကိုစိတ်ဝင်စားနေသည်ဟုထင်တတ်တယ်
ကိုယ့်ကျင့်တရားမမြဲတဲ့ယောကျ်ားလေးတွလည်းထိုနည်းတူပဲ ….
မိန်းကလေးသူငယ်ချင်းများများရှိလို့မရဘူး။
ရှိရင်သူငယ်ချင်းတွေလို မောင်နှမတွေ လိုသဘောထားလို့မရတော့ပဲ…ရင်းနှီးတာနဲ့ဗူးထချင်စိတ်ဖြစ်သွားတယ်။
သူ့ကို သူငယ်ချင်းအရင်းခြာလို မောင်နှမတွေလိုသဘောထားပြီး တရင်းတနှီးစကားပြောမိလို့ကတော့…ဒီကောင်မ ငါလိုက်စရင်ရနိုင်တယ်လို့ ထင်သွားပါလိမ့်မယ်။
ဒါကြောင့် ကိုယ်ကျင့်တရားမမြဲတဲ့သူတွေဟာ…ဆန့်ကျင်ဘက်ဖြစ်တဲ့ဖိုနဲ့မ…ရင်နှီးကျွမ်းဝင်လိုက်တာနဲ့ …..
အိမ်ထောင်ရှိနေပါလျှက်နဲ့လည်းကိုယ့်ကိုယ်လင်ရှိမှန်းမယားရှိမှန်း မသိကြတော့ပဲ…
အဖေ/အမေရွယ် မရှောင်….၊သား/ သမီးအရွယ်မရှောင် ၊ဦး/ဒေါ်ရွယ်မရှောင်၊
အစ်မ/အစ်ကို မောင်/ ညီမအရွယ်ကို မောင်နှမတွေလို သူငယ်ချင်းတွေလို သဘောမထားနိုင်ကြတော့ပဲလင်လုပ်တမ်းကစားချင်တဲ့စိတ်တွေဖြစ်လာကြတာမျိုးပါ။
နှစ်အကြာကြီး အလုပ်အတူလုပ်လာရလို့ …ရင်းနှီးလွန်းလို့ သံယောဇဉ်ရှိသွားတယ်ဆိုတာ လင်မယားလို သံယောဇဉ်မျိုးတစ်ခုထဲပဲထားလို့ရ တာမျိုး မဟုတ်ပါ။၅၂၈ဖြစ်တဲ့အဖြူရောင်သံယောဇဉ်မျိုးလည်း ထားလို့ရပါတယ်။
ကိုယ်တိုင်ကသာ ကိုယ်ကျင့်တရားမြဲတဲ့ယောကျ်ားကောင်း မိန်းမကောင်းတွေသာ ဖြစ်ခဲ့မယ်ဆိုရင်…..
အဖေ/အမေရွယ်က သားလို သမီးလိုသဘောထားပြီး ဂရုစိုက်ကြင်နာတာမျိုးပဲဖြစ်ဖြစ်…
အဲဒီအဖေ /အမေအရွယ်ကြီးတွေက တဏှားရူးပြီး ဂရုစိုက်ကြင်နာပြတာမျိုးပဲဖြစ်ဖြစ်…
အဖေ၊အမေရွယ်ကို မိဘလိုချစ်တဲ့ချစ်ခြင်းမေတ္တာမျိုး….သားရွယ် သမီးအရွယ်ကို ကိုယ့်သားသမီးအရင်းခြာလိုမျိုး
ဦးလေး အဒေါ်အရွယ်ကို ဦး၊ ဒေါ် လို မျိုးအစ်ကို၊ မောင် /ညီမ ၊အစ်မရွယ်ဆိုရင်….မောင်နှမရင်းခြာ မိသားစုဝင်တွေလိုမျိူး.
ရွယ်တူဆိုရင်သူငယ်ချင်းမိတ်ဆွေးရင်းခြာလိုမျိုး…
ဖြူစင်တဲ့ချစ်ခြင်းမေတ္တာတွေနဲ့ သံယောဇဉ်ထားလို့ရပါတယ်
ဘယ်နှယ့်…လင်ရှိ/ မယားရှိတဲ့သူတွေကရင်နှီးကျွမ်းဝင်လိုက်တာနဲ့ပဲ အတန်းစား အရွယ်မရွေး လင်နဲ့မယားလို သံယောဇဉ်မျိုးပဲ ထားလို့ရတယ်ဆိုတော့……
လူလား တိရစ္ဆာန်လား ကိုယ့်ကို ဆန်းစစ် ကြပေါ့နော်….
အနေနီးလို့သာ ငြိကြရကြေးဆိုရင် သူသူငှာငှာ လူတိုင်း ငြိနိုင်တာပဲလေ
လူတိုင်း နေ့စဉ် ဝမ်းရေးအတွက် အရွယ်အတန်းစားမရွေး လူတန်းစားအလွှာပေါင်းစုံနဲ့နေ့စဉ်သွားလာလှုပ်ရှားရုန်းကန်နေကြရသူတွေချည်းပဲဘာကြောင့် လူတိုင်းမငြိစွန်းကြလဲ…??
ကိုယ်ကျင့်တရားကောင်းတဲ့သူနဲ့မကောင်းတဲ့သူနဲ့ကွာတယ်။
ကိုယ်တွေအသက်ငယ်ငယ်နဲ့အိမ်ထောင်ကျခဲ့ပေမယ့် အိမ်ထောင်သက်တမ်း၁၂နှစ်….ဒီနေ့ဒီချိန်ထိ ခြံခုန်နေတာတောင်တည်ဆောက်ပြီးတဲ့အိမ်ထောင်တစ်ခု မပြိုပျက်အောင်ထိန်းသိမ်းနေခဲ့တယ်။
ကိုယ့်မှာ ဒီထက်သာလွန်တဲ့ ယောကျ်ားကောင်းတစ်ယောက်ကိုမရနိုင်တော့လို့ ဒီလင်တစ်ယောက်တည်းကိုပဲ သက်ဆုံးတိုင်ပေါင်းဖို့ရည်ရွယ်ခြင်းမဟုတ်ဘူး။
ကိုယ့်ရဲ့သားသမီးအတွက် မိခင် ဖခင်ဆိုတဲ့ပြီးပြည့်စုံတဲ့ ဘုံဗိမာန်လေးတစ်ခုတည်ဆောက်ပေးချင်လို့။
ကိုယ့်ကျင့်တရားကောင်းမွန်တဲ့မိန်းမကောင်းတစ်ယောက်ဖြစ်လို့…
ကိုယ့်လင်မဟုတ်တဲ့အငွေ့အသက်အငြီအဟောက်နံ့ကို မခံနိုင်လို့
ကိုယ့်လင်နဲ့ကိုယ်တောင်အိမ်ထောင်သက်၁၂လင်စိတ်သားစိတ်ကုန်လွန်းလို့ သီလရှင်ဝတ်ချင်စိတ်တောင်ပေါက်တယ်။
သူများးလင်ဆိုရင် တွေးကြည့်တာနဲ့ကို ရွံလွန်းလို့ မတတီဘူး
သူများလင်တွေလု သူများလင်ရဲ့အငွေ့အသက်အငြီအဟောက်နံ့ကြိုက်တဲ့စနိုက်ကြော်တွေကိုလည်း အံသြမိပါရဲ့..
ဘယ်လိုစိတ်တွေနဲ့ခံစားလို့ရနေကြသလဲဆိုတာ.
ကိုယ်တွေလည်းအသက်ငယ်ရွယ်ချိန်မှာပဲ ကိုယ့်လင်သူငယ်ချင်းတွေနဲ့နှစ်ရှည်လများ အတူလက်တွဲအလုပ်လုပ်ခဲ့တာပဲ ရင်းနှီးလွန်းလို့ ငြိရကြေးဆိုရင် ကိုယ့်မှာ လင်ငယ်တွေ လက်ချိုးရေတွက်လို့ ကုန်တော့မှာကိုမဟုတ်ဘူး😃
ဘာလို့လဲဆိုရင် ..ကိုယ့်လင်မှာလည်း မိန်းကလေးသူငယ်ချင်းအပေါင်းအသင်းမရှိသလောက် ယောကျ်ားလေးအပေါင်းသင်းသူငယ်ချင်းတွေက အများကြီးရှိနေလို့ပါပဲ။
ကိုယ်အိမ်ထောင်မကျခင်မှာတော့ ကိုယ်လင်က အထက်တန်းကျောင်းသားဘဝရောက်မှကိုယ့်နယ်ဘက်ကိုစရောက်လာတာဖြစ်လို့ ကိုယ့်ရဲ့ငယ်သူငယ်ချင်းမှန်သမျှ ကိုယ့်ရဲ့အပေါင်းသင်းမှန်သမျှက သူရဲ့အတန်းဖော်သူငယ်ချင်းတွေပါပဲ
ကိုယ် သူနဲ့ညားပြီးချိန်မှာတော့သူ့ငယ်ပေါင်းသူငယ်ချင်းတွေနဲ့ပဲပေါင်းသင်းဆက်ဆံ အလုပ်အတူလုပ်ကြရတာပါ။
တကယ်လို့ကိုယ့်လင်ရဲ့ သူငယ်ချင်းတွေထဲမှာ တဏှာရူးတွေရှိနေတယ်ထားအုံးးး
ကိုယ်ကသာ ကိုယ်ကျင့်တရား ကောင်းတဲ့မိန်းမတစ်ယောက်ဖြစ်ခဲ့ရင် ဘယ်လောက်ပဲတဏှာရူးပြီး ဗူးချင်နေပါစေ ကိုယ့်အပြုအမူအနေထိုင်ကိုကြည့်ပြီးလာမစရဲပါ။ကိုယ်ကသာ မပါခဲ့ရင်ငြိစွန်းစရာအကြောင်း လုံးဝမရှိပါ။
ကိုယ်တိုင်က ကိုယ်ကျင့်တရားမကောင်းတဲ့သူဆိုရင်…
ကိုယ့်လင်ရဲ့ သူငယ်ချင်းတွေထဲမှာ တဏှာရူးတဲ့သူရှိမနေရင်တောင်…ကိုယ်က မငြိငြိအောင် သွားကလိရင် ငြိလာနိုင်တဲ့ သေးတယ်။အာမခံလို့မရဘူး။
ယောကျ်ားဆိုတဲ့အမျိုးက မိန်းမတွေဘက်ကသာ အကြိမ်ကြိမ်အခါခါ ရေလာမြောင်းပေး သွားသွားကလိနေရင် ….တကယ်ကိုယ့်ကို ချစ်နေမှမဟုတ်ဘူး ။
အသားစားသတ္တဝါ အလကားရရင် အိပ်ယာပေါ်တော့အနည်းနဲ့ အများလာတက်မှာပဲ
အဓိက ကျ်ားတွေက စည်းဘယ်လောက်ပဲဖောက်ချင်နေပါစေ မိန်းမတွေ ကိုယ်တိုင်က စည်းစောင့်နိုင်ရင် ဘယ်လိုအကြောင်းကြောင့်မှ အိမ်ထောင်သည်တွေအနေနဲ့ငြိစွန်းစရာအကြောင်းမရှိဘူးဆိုတာပါပဲ။
Daw Maw maw
ကိုယ့်ကျင့်တရားမမြဲတဲ့မိန်ကလေးတွေ….ယောက်ျားသားတွေနဲ့အပေါင်းအသင်းလုပ်ပြီး ရင်းရင်းနှီးနှီးဆက်ဆံလို့မရပါ။
သူ့ကို ယောက်ျားတစ်ယောက်က ဗူးချင်လို့မဟုတ်ပဲ သဘောရိုးနဲ့သူငယ်ချင်းထက်မကပိုတဲ့ခင်မင်မူ့မျိုးမောင်နှမတွေလိုသဘောထားပြီး တရင်းတနှီး ဆက်ဆံတဲ့အခါ…သူကိုကြိုက်နေသည်ဟုထင်သွားတတ်တယ်။
လူတိုင်းကို စနောက်တတ်တဲ့အရမ်းအစအနှောက်သန်တဲ့ယောက်ျားတစ်ယောက်က သူ့ကိုလည်း တခြားသူတွေလိုပဲ​သဘောထားပြီးသွားစနောက်မိတဲ့အခါ…..သူ့ကိုစိတ်ဝင်စားနေသည်ဟုထင်တတ်တယ်
ကိုယ့်ကျင့်တရားမမြဲတဲ့ယောက်ျား​လေးတွလည်းထိုနည်းတူပဲ ….
ကိုယ်တိုင်ကသာ ကိုယ်ကျင့်တရားမြဲတဲ့ယောက်ျားကောင်း မိန်းမကောင်းတွေသာ ဖြစ်ခဲ့မယ်ဆိုရင်…..
ဦးလေး အဒေါ်အရွယ်ကို ဦး၊ ဒေါ် လို မျိုးအစ်ကို၊ မောင် /ညီမ ၊အစ်မရွယ်ဆိုရင်….မောင်နှမရင်းခြာ မိသားစုဝင်တွေလိုမျိုး.
ကိုယ့်မှာ ဒီထက်သာလွန်တဲ့ ယောက်ျားကောင်းတစ်ယောက်ကိုမရနိုင်တော့လို့ ဒီလင်တစ်ယောက်တည်းကိုပဲ သက်ဆုံးတိုင်ပေါင်းဖို့ရည်ရွယ်ခြင်းမဟုတ်ဘူး။
ဘာလို့လဲဆိုရင် ..ကိုယ့်လင်မှာလည်း မိန်းကလေးသူငယ်ချင်းအပေါင်းအသင်းမရှိသလောက် ယောက်ျားလေးအပေါင်းသင်းသူငယ်ချင်းတွေက အများကြီးရှိနေလို့ပါပဲ။
ယောက်ျားဆိုတဲ့အမျိုးက မိန်းမတွေဘက်ကသာ အကြိမ်ကြိမ်အခါခါ ရေလာမြောင်းပေး သွားသွားကလိနေရင် ….တကယ်ကိုယ့်ကို ချစ်နေမှမဟုတ်ဘူး ။
အဓိက က်ျားတွေက စည်းဘယ်လောက်ပဲဖောက်ချင်နေပါစေ မိန်းမတွေ ကိုယ်တိုင်က စည်းစောင့်နိုင်ရင် ဘယ်လိုအကြောင်းကြောင့်မှ အိမ်ထောင်သည်တွေအနေနဲ့ငြိစွန်းစရာအကြောင်းမရှိဘူးဆိုတာပါပဲ။
Daw Maw maw